Jobs In Myanmar
Load...

CV တစ်စောင်ရေးသားခြင်း (အပိုင်း-၂)

by Jobless


Tags: CV Resume dos and don'ts facts How to creat



CV တွင် ပါဝင်သည့် အချက်အလက်များနှင့် Resume တွင် ပါဝင်သည့် အချက်အလက်များ ဖြစ်သည့် အလုပ်တတ်ကျွမ်းမှု၊ လုပ်ငန်းအတွေ့အကြုံ၊ ပညာအရည်အချင်းနှင့် အလုပ်အကိုင်ရည်မှန်းချက်၊ ခေါ်ယူသည့် ရာထူးနှင့် ကိုက်ညီမှု ရှိ၊ မရှိ စသည့် အချက်အလက်များမှာ တူညီသည်။

အမေရိကန်ပြည်ထောင်စုတွင် CV ကို အခြေခံအားဖြင့် ပညာရေး၊ သိပ္ပံနှင့် သုတေသနဆိုင်ရာ ရာထူများ လျှောက်ထားခြင်းအတွက် ပြင်ဆင်ရာတွင် အသုံးပြုကြသည်။ ပညာသင်ဆုနှင့် ကျောင်းဝင်ခွင့် များ လျှောက်ထားရာတွင်လည်း အသုံးပြုလေ့ ရှိတာကို တွေ့ရသည်။

သို့သော် ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကနှင့် အာရှတိုက်များရှိ အလုပ်ရှင်များနှင့် လုပ်သားရှာဖွေ စုဆောင်းသူများအနေဖြင့် "Resume" ထက် "CV" ကို ပိုလိုချင်ကြသည်။ ထိုဒေသများရှိ လုပ်ငန်းရှင်များသည် အမေရိကန်ပြည်ထောင်စုရှိ အလုပ်လျှောက်ထားမှုများတွင် သုံးသော Resume တွင် မပါသည့် အချက်များဖြစ်သည့် မွေးသက္ကရာဇ်၊ လူမျိုးနှင့် မွေးဖွားရာဇာတိ စသည့် အချက်များကို သိချင် ကြသည်။

Resume တစ်စောင်သည် CV တစ်စောင်နှင့် ကွဲပြားသည်။ Resume သည် အကျဉ်းချုပ်ဖော်ပြ သည့် ပုံစံဖြစ်သဖြင့် ရာထူးအမျိုးမျိုးအတွက် တစ်စောင်တည်းဖြင့် အဆင်ပြေနိုင်သော်လည်း CV ကမူ လျှောက်ထားသည့် ရာထူးအမျိုးအစားအလိုက် ပြင်ဆင်ရေးသားရန် လိုအပ်သည်။

မည်သို့ပင် ကွဲပြားနေစေကာမူ CV သည် ပို၍ ရှည်သည်။ ပို၍ အသေးစိတ်သည်။ ပညာ အရည်အချင်းနှင့် အလုပ်အကိုင် အရည်အချင်းတို့၏ နောက်ကြောင်း ရာဇဝင်၊ သင်ကြားမှု အတွေ့အကြုံ၊  အောင်မြင်မှုများ စသဖြင့် အပြည့်အစုံ ဖော်ပြထားသည့် ကိုယ်ရေးရာဇဝင် တစ်စောင်ဖြစ်သည်။ စာမျက်နှာ အနည်းဆုံး ၂ မျက်နှာရှိပြီး ဒီထက်လည်း ပိုနိုင်သည်။

CV တစ်စောင်တွင်

(၁) အမည်

(၂) ဆက်သွယ်ရမည့် အချက်အလက်

(၃) ပညာအရည်အချင်း

(၄) အတွေ့အကြုံ 

(၅) အရည်အချင်း

 စသည့် အချက်များအပြင်

(၆) လေ့လာမှု အတွေ့အကြုံ

(၇) သင်ကြားမှု အတွေ့အကြုံ

(၈) အောင်မြင်မှုများ

(၉) အသိအမှတ်ပြု လက်မှတ်များ

(၁၀) အသင်းအဖွဲ့များ စသည့်အချက်များကို ကိုယ်လျှောက်ထားသည့် ရာထူးအလိုက် သင့်တော်သလို ထည့်သွင်းပေးရမည်ဖြစ်သည်။

ထိုသို့ ထည့်သွင်းရာတွင် မိမိ၏ နောက်ကြောင်းရာဇဝင်များအားလုံးကို လက်ရှိအချိန်မှစ၍ ယခင် ရခဲ့ဖူးသော အတွေ့အကြုံများကို ရက်စွဲနှင့်တကွ ရေးသားထည့်သွင်းရမည်ဖြစ်သည်။

နောက်အပတ်တွေမှာလည်း CV တစ်စောင်ရေးသားခြင်းနှင့် ပတ်သက်သည့် အခြားသော ဗဟုသုတဖြစ်ဖွယ်ရာများကို ဆက်လက်တင်ဆက်ပေးသွားမည်။

www.jobless.com.mm


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Toyota Aye and Sons Co., Ltd.

Toyota Aye and Sons Co., Ltd.

Our Vision To become the most reliable and respected automotive-dealer group in Myanmar. Our Mission '' To attract and attain customers with high-valued products and services and the most satis...
Show the postings (25)
Ve Ve Soft Drinks Factory

Ve Ve Soft Drinks Factory

..The Green Circle Co., Ltd,a food and beverage company was founded in 1997. Green Circle engages in manufacturing, marketing, Sale, and distribution. The company comprises beverages such as soft drin...
Show the postings (6)
Design Communications International Co, Ltd.

Design Communications International Co, Ltd.

..Design Communications International Co, Ltd.....
Show the postings (2)
Sea Rain Co.,Ltd

Sea Rain Co.,Ltd


Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS