Jobs In Myanmar
Load...

CV တစ်စောင်ရေးသားခြင်း အပိုင်း (၃)

by JOBLESS


Tags: CV Resume dos and don'ts facts Typing Error Job Descriptions Quality Specific words Power words Po



စာစီ၊ စာရိုက်အမှားများကို ပြန်စစ်ဆေးပါ။

          တကယ်ကို အရေးကြီးသော အချက်တစ်ခုဖြစ်သည်။ စားလုံးပေါင်း မှားခြင်းသည် အလုပ်လျှောက်သူများ၏ လျှောက်လွှာကို ငြင်းပယ်ရန် လုပ်သားရှာဖွေသူများဘက်မှ ခိုင်လုံသည့် အကြောင်းပြချက်တစ်ခု ဖြစ်သည်။ ဒါကြောင့် CV အတွင်း အချက်အလက်များ ထည့်သွင်းပြီးသည့် အခါတိုင်း ပြန်လည်စစ်ဆေးသင့်သည်။ ကိုယ်ကိုယ်တိုင် စစ်ဆေးခြင်းအပြင် တစ်စုံတစ်ယောက်ကို အကူအညီတောင်း၍ ထပ်မံစစ်ဆေးမှုမျိုးကိုလည်း လုပ်ဆောင်သင့်သည်။

 

လုပ်ငန်းတာဝန်များကို သေချာစွာဖတ်ပါ။

အချိန်ကုန်ခံကာ ပြင်ဆင်ထားသည့် အလုပ်လျှောက်လွှာသည် မိမိလျှောက်ထားလိုသည့် ရာထူးနှင့် ကိုက်ညီမှုရှိစေရန် အလုပ်ခေါ်စာတွင်ပါရှိသည့် လုပ်ငန်းလိုအပ်ချက်နှင့် တာဝန်များကို သေချာစွာဖတ်ရှု သင့်သည်။  ဒါမှသာ ကိုယ်လျှောက်လွှာသည် ခေါ်ယူသည့် ရာထူးနှင့် ကိုက်ညီမှု ရှိကြောင်း သက်သေပြနိုင်မည်ဖြစ်သည်။

CV အဆင့်အတန်းမြင့်မားပါစေ။

          CV ကို ပုံစံအမျိုးမျိုးနှင့် ပြင်ဆင်ထားရမည်။ ထိုမှသာ ကိုယ်လျှောက်လိုသော ရာထူးနှင့် ကိုက်ညီ သည့် CV ကို အဆင်သင့် ရွေးချယ် အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုသို့ ပြင်ဆင်နိုင်ရန် အလုပ်ရှင်များ၏ အလုပ်ခေါ်ဆိုမှုများအတိုင်း လေ့လာမှု အချို့ကိုပြုလုပ်၍  CV အမျိုးမျိုးကို စမ်းသပ် လျှောက်ထား သင့်သည်။ ထိုမှသာ ဘယ်ရာထူးအတွက် ဘယ်လို CV အမျိုးအစားကို ရွေးချယ်လျှောက်ထားရမည်ကို သိရှိနိုင်မည် ဖြစ်သည်။

ထင်ရှားသည့် အဓိက စကားလုံးများကို ရွေးချယ်အသုံးပြုပါ။

လုပ်သားရှာဖွေသူအများစုသည် လုပ်သားရှာဖွေစုစောင်းခြင်းအတွက် အလုပ်အကိုင်ရှာဖွေရေး ဝဘ်ဆိုက်များကို အသုံးပြုသည့် အခါတွင် အဓိကစကားလုံးများကို အသုံးပြု၍ ရှာဖွေလေ့ရှိသည်။ (ဥပမာ။ ။ Marketing, Manager, Sales, Experiences, Certificate, Diploma, Achievement)။ ထိုကြောင့် ကိုယ် ပြင်ဆင်ထားသည့် CV တွင် ထိုသို့သော စကားလုံးများပါရှိအောင် ရေးသားထည့်သွင်းထား သင့်သည်။ ထိုစကားလုံများသည် သင်၏ CV ကို လုပ်ငန်းရှင် အကြိုက် CV တစ်စောင် အဖြစ်သို့ ပြောင်းလဲပေးမည့် သင်၏ ကြော်ညာ စကားလုံးများဖြစ်သည်။

 

 

အားကောင်းသည့် စကားလုံးများဖြင့် CV ကို ချယ်မှုန်းပါ။

အားကောင်းသော စကားလုံးများသည် သင်၏ CV ကို အောင်မြင်မှု ရစေမှာ အမှန်ဖြစ်သည်။ တစ်ချို့သော CV များသည် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အချက်အလက်များကို ထည့်သွင်းဖော်ပြခြင်းဖြင့် လုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုကို ရယူလေ့ရှိသည်။    ထိုသို့ဖော်ပြရာတွင် ထိရောက်မှုရှိသော အားကောင်းသော စကားလုံးများကို  ရွေးချယ်အသုံးပြု ရမည်။

 ဥပမာ။          ။ " ကျွန်ုပ်သည် ဝန်ထမ်းပြောင်းရွှေ့မှုနှုန်းမြင့်မားနေမှုကို ပြန်လည်ပြုပြင်ရာတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်" ဆိုသည့် စာကြောင်းအစား                 

"ကျွန်ုပ်သည် ဝန်ထမ်းပြောင်းရွှေ့မှုနှုန်းမြင့်မားမှုကို လျော့ကျစေရန် ပြန်လည်ပြုပြင်တည်ဆောက် နိုင်သည်။"  ဆိုသည့် စာကြောင်းမျိုးကို သုံးစွဲသင့်သည်။

အနှစ်ချုပ်ဆိုရလျှင် - လုပ်ငန်းတာဝန်ယူမှု အခြေအနေကို ဖော်ပြရာတွင် တာဝန်ယူခဲ့ဖူးသည် ဆိုသည့် စကားလုံးများအစား တာဝန်ယူနိုင်ခဲ့သည် ဆိုသည့် အခြေအနေသက်ရောက်သည့် စာသားများ ကို ပြောင်းလဲသုံးစွဲသင့်သည်။

အပြုသဘောဆောင်ပါ။

သင်၏ လုပ်ငန်း အတွေ့အကြုံများနှင့် တာဝန်ယူမှုအပိုင်များကို ဖော်ပြရာတွင် အပြုသဘောဆောင်သည့် စာသားများကို ရွေးချယ် ဖော်ပြရမည်။ အနှုတ် လက္ခဏာဆောင်သည့် စာသားများအစား အပြုသဘောဆောင်သည့် စာသားများကို ထည့်သွင်း အသုံးပြုတတ်စေရန် ယှဉ်တွဲဖော်ပြပေးလိုက်သည်။

အနှုတ်လက္ခဏာဆောင်သည့် စာကြောင်းများ

အပြုသဘောဆောင်သည့် စာကြောင်းများ

ကျွန်တော်သည် ဆက်ဆံရေးကောင်းမွန်သည်ဟု ထင်သည်။


တာဝန်ထမ်းဆောင်နေစဉ်အတွင်း လူ (၁၀) ဦးကို အုပ်ချုပ်ခဲ့ရသည်။

ကျွန်တော်သည် ဆက်ဆံရေး ကောင်းမွန်သည်။

 

တာဝန်ထမ်းဆောင်နေစဉ်အတွင်း လူ (၁၀) ဦးကို ကောင်းစွာ အုပ်ချုပ်နိုင်ခဲ့သည်။

ရည်မှန်းချက်ပြည့်မီအောင် မလုပ်နိုင်ခဲ့ပေမယ့် ရောင်းအားတက်အောင်မည်သို့ လုပ်ဆောင်ရမည်ကို ကောင်းကောင်းသိခဲ့ရသည်။

ယခင်လုပ်ငန်းတာဝန်များမှ အရောင်းနှင့်ပတ်သက်သော စီမံခန့်ခွဲမှုကို ကောင်းစွာ သင်ယူနိုင်ခဲ့သည်။

ကျွန်တော်သည် လုပ်ငန်းစီမံခန့်ခွဲရာတွင် ကောင်းမွန်သည်ဟု အချို့က ထောက်ခံပြောဆို ကြသည်။

ကျွန်တော်သည် လုပ်ငန်းစီမံခန့်ခွဲမှုကို အကောင်းဆုံး လုပ်နိုင်သည်။

www.jobless.com.mm


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Hospitality and Retail Systems

Hospitality and Retail Systems

We offer: • Extensive opportunities for professional growth within a fast growing company. • Being part of a multinational company which employs dedicated enthusiastic professionals. • A comp...
Show the postings (1)
Eastern Group of Companies

Eastern Group of Companies

We are currently seeking dedicated staffs that have a desire to serve others while building a professional career.Over the years, our company has expended and diversified business in poultry farming, ...
Show the postings (34)
Digital Laboratory Co., Ltd.

Digital Laboratory Co., Ltd.

..1. MOBILE APP DEVELOPMENT State of the art iOS and Android mobile app development and UI / UX design 2. WEB DEVELOPMENT Beautiful and responsive websites built with popular CMS and eCommerce plat...
Show the postings (2)
La Pyae Wun Co.,Ltd

La Pyae Wun Co.,Ltd

Our company vision is to develop our work efforts in real estate managements and construction. In which we solely believe that the key to success is having a goal and effectively working everyday to r...
Show the postings (8)
KTK Electrical Engineering Co., Ltd.

KTK Electrical Engineering Co., Ltd.

To become a leading organization in manufacturing global quality, green energy, best efficient electrical power products. Our Road-map is to create superior value for our customers, suppliers, employ...
Show the postings (24)


Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No.806, 8th floor, SOHO Bo Myat Htun Tower (street), between Mahabandoola Rd.& Merchant Rd.
Botahtaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS