Jobs In Myanmar
Load...

Developing Talent Through the “Future Learning Ecosystem”

by www.jobsinyangon.com


Tags: Knowledge-L&D-Learning-Development-JobsInYangon



အနာဂါတ်ရဲ့ သင်ယူလေ့လာမှုစက်ဝန်းအတွင်းတွင် အရည်အချင်းများတိုးတက်မှုရှိစေရန်ပြုလုပ်ခြင်း

 

သင်ယူလေ့လာမှုပြုလုပ်ခြင်းအတွက် အခြေအနေများဟာ မြန်ဆန်စွာပြောင်းလဲနေလျှက်ရှိနေပါတယ်။ နည်းပညာအသစ်များနဲ့ လူသားများရဲ့စွမ်းဆောင်ရည်အပေါ် ပိုမို၍နားလည်မှုရှိလာသည်နှင့်အမျှ သင်ယူလေ့လာခြင်းနှင့် တိုးတက်မှုရှိစေရန်ပြုလုပ်ခြင်း (L&D) ကို ကျွန်ုပ်တို့ကပြန်လည်၍စဉ်းစားရတော့မှာ ဖြစ်ပါတယ်။ ဒီအခွင့်အလမ်းအသစ်များကိုအသုံးချပြီး အရည်အချင်းများတိုးတက်မှုရှိစေရန်နှင့် သင်ယူလေ့လာခြင်း (အထူးသဖြင့် စံသတ်မှတ်ချက်များအရ သင်ယူလေ့လာခြင်း) ကို တိုးတက်မှုရှိစေရန်အတွက် မည်သို့လုပ်ဆောင်နိုင်ပါမလဲ? 

ADL Initiative မှ အနာဂါတ်ရဲ့သင်ကြားမှုများအတွက် နှစ်အတန်ကြာလေ့လာမှုများအပြီးတွင် အနာဂါတ်သင်ယူလေ့လာမှုစက်ဝန်းတစ်ခုကိုစတင်ခဲ့ပါတယ်။ အဆိုပါ concept ကို Modernizing Learning: Building the Future Learning Ecosystem ဟူသည့်စာအုပ်တွင် ရှင်းပြခဲ့ပါတယ်။ ဒီအတွေးအခေါ်ဟာ အပြန် အလှန်ဆက်နွယ်နေသော တစ်သက်တာသင်ယူလေ့လာမှုစနစ်များ၊ ပုံမှန်သင်ယူမှုနှင့် အလွတ်သဘောသင်ယူမှုများနဲ့ ခေတ်သစ်သင်ယူမှုသိပ္ပံအခြေခံမူများနှင့် ထွန်းသစ်စနည်းပညာများကိုပေါင်းစည်းထားတာဖြစ်ပါတယ်။ အောက်ပါအချက်များကတော့ Organization များအနေနဲ့ သင်ယူလေ့လာမှုစက်ဝန်း (ဂေဟစနစ်) တစ်ခုကို တည်ဆောက်နိုင်စေရန်အတွက် ပြုလုပ်သင့်သော အချက် ၃ ချက်ပဲဖြစ်ပါတယ်။ 

 

၁။ အဆက်မပြတ် သင်ယူလေ့လာမှုပြုခြင်းကို အားပေးပါ။ 

အနာဂါတ်ရဲ့ သင်ယူလေ့လာမှုစက်ဝန်းတစ်ခုဟာ ကျွန်ုပ်တို့ရဲ့ သင်ယူလေ့လာပုံများကို ပြောင်းလဲပစ်လိုက်မှာဖြစ် ပြီး disconnected, disjointed experiences များမှ ခွဲထွက်ကာ စဉ်ဆက်မပြတ်သင်ယူလေ့လာမှုကိုပြုလုပ်နိုင် စေမှာပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ “သင်ကြားမှုပြုလုပ်နိုင်မယ့်ကျွန်းများ (သီးသန့်နေရာများ)” ကို တည်ဆောက်လိုကြပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီအတွက် individual L&D အတွေ့အကြုံများဖြစ်ကြတဲ့ training video များ၊ e-learning courses များ၊  on-the-job mentorship (သို့) professional workshop များ အစရှိသည်တို့ကို တည်ဆောက်လိုကြပါတယ်။ ထိုအခါ ကိစ္စရပ်တစ်ခုစီတိုင်းတွင် သင်ယူလေ့လာသူများကို စာရွက်ဖြူတစ်ရွက်အနေနဲ့ယူဆပြီး သူတို့ယခင်ကသင်ကြားထားခဲ့တဲ့အရာများ၊ လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်လုပ်ကိုင်နိုင်မှု အခြေအနေများ၊ အရည်အချင်းများ၊ ရည်မှန်းချက်များနဲ့ အခြားသော ဝိသေသလက္ခဏာများဟာ ထို activity ရဲ့ တည်ဆောက်ပုံ (သို့) သင်ကြားပုံအပေါ်တွင် အကျိုးသက်ရောက်မှု မရှိသလောက် နည်းပါးမှာဖြစ်ပါတယ်။ အလားတူပင် event တစ်ခုမှ material များကိုလည်း အခြားတစ်ခုတွင် ရည်ညွှန်းခြင်း၊ မွမ်းမံဖြည့်စွက်ခြင်းတို့ကို ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ 

ထောင်ပေါင်းများစွာသော သီးသန့်ရပ်တည်နေသော learning activity များကို ဖန်တီးနေမည့်အစား ထိုအရာများကို အပြန်အလှန်ချိတ်ဆက်ပေးပြီး တစ်ခုမှတစ်ခုသို့ ပေါင်းကူးတံတားများ တည်ဆောက်ပေးလိုက်မည်ဆိုပါက ဘာတွေဖြစ်လာနိုင်ပါသလဲ? လူများရဲ့အကြောင်း အချက်အလက်များ၊ သူတို့ရဲ့ အလုပ် performance, activity တစ်ခုတွင် သူတို့သင်ကြားခဲ့သည့် topic များ၊ အစရှိသည့်အချက်အလက်များကို လက်ဆင့်ကမ်းပေးလိုက်နိုင်မှာဖြစ်ပါတယ်။ ထိုအခါကျွန်ုပ်တို့အနေနဲ့ စနစ်တစ်ခုလုံးကိုကြည့်ရှုပြီးနောက် အချို့သောတိကျတဲ့အခွင့်အလမ်းမျာ‌ကေို ရှာဖွေဖော်ထုတ်နိုင်မှာဖြစ်ပြီး သင်ကြားမှု activity များကိုလည်း စုပေါင်း၍ ပြန်လည်မွမ်းမံ၍ ဖြည့်စွက်ပေးနိုင်လာမှာဖြစ်ပါတယ်။ မျက်မှောက်ခေတ်ရှိ နည်းပညာများဟာ အပြန်အလှန်ဆက်သွယ်လုပ်ကိုင်နိုင်စွမ်းကို ဖြစ်ပေါ်လာစေပြီး organization များဟာလည်း ထိုအရာကြောင့်ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးများကြောင့် စတင်၍ ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်နေပြီပဲဖြစ်ပါတယ်။ 

 

၂။ ရလာဒ်များကိုအဓိကထားသော ဘုံငွေကြေး - ကျွမ်းကျင်မှုများနဲ့ credential (အောင်မြင်မှု) များအပေါ် ရင်းနှီးမြှုပ်နှံပါ။ 

သင်ယူလေ့လာမှုပြုလုပ်နိုင်မည့်နေရာများအကြား တစ်ခုနဲ့တစ်ခု အပြန်အလှန်ကူးလူးဆက်သွယ်နိုင်မည့် ပေါင်းကူးတံတားများကိုတည်ဆောက်ရာတွင် သူတို့ရဲ့အချက်အလက်များကိုလည်း unlock ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ အချက်အလက်များဟာ အများအားဖြင့် မတူကွဲပြားသောအသုံးအနှုန်းများ၊ စံသတ်မှတ် ချက်များနဲ့ စံနှုန်းများရှိကြပြီး အဆိုပါသင်ယူလေ့လာမှုပြုလုပ်နိုင်သောနေရာတစ်ခုစီအတွက် သီးသန့် currency များရှိကြမှာဖြစ်ပါတယ်။ ထိုနေရာများတွင် ကျွန်ုပ်တို့တင်စားခေါ်ဝေါ်ထားသည့် “ငွေကြေးလဲလှယ်ရန်နေရာများ” ရှိနေသော်လည်း ယနေ့ခေတ်၏ ဘုံငွေကြေး (common currency) ဟာ အချိန်များအပေါ်တွင် မှီခိုအားထားနေရ သည့်အတွက် အားနည်းချက်ရှိနေပါတယ်။ 

ဘွဲ့များကို ကျောင်းတက်ရောက်မှု (သင်ကြားမှု) အချိန်ယူနစ်များနဲ့ တိုင်းတာပြီး အပ်နှင်းခြင်း၊ workshop များတွင် ထိတွေ့မှုရှိသောအချိန် (contact hours) များနဲ့တိုင်းတာခြင်း အစရှိသည်တို့အပေါ်တွင် အားထားနေရပြီး လူများအနေနဲ့ အများအားဖြင့် အနည်းဆုံးအောင်မှတ်ကိုရရှိရန် လိုအပ်ပါသော်လည်း ကျွမ်းကျင်မှုကိုတော့ အမှန်တကယ်ရှိလာစေရန်အတွက် အားဖြည့်ကူညီပေးခြင်းမှာ မရှိသလောက်ရှားပါးနေသောကြောင့် အဆိုပါ learning experiences (သင်ယူလေ့လာမှု အတွေ့အကြုံ) များရဲ့ အရည်အသွေးကိုလျော့ကျလာစေပါတယ်။ ထို့အပြင် learning activity အများစုဟာ ဘွဲ့ရရှိသူများအနေနဲ့ ရရှိနိုင်မယ့် စွမ်းဆောင်ရည်များအပေါ်မူတည်၍ သတ်မှတ်ခြင်းထက်၊ သူတို့ရဲ့ input characteristics များဖြစ်ကြတဲ့ contact time နဲ့ သင်ရိုးညွှန်းတမ်းဒီဇိုင်းများအပေါ်မူတည်၍ ဆုံးဖြတ်သတ်မှတ် ထားကြတာဖြစ်တဲ့အတွက် သင်ကြားမှုပြုလုပ်ရန်နေရာတစ်ခုစီတိုင်းဟာ value များကို သတ်မှတ်အပ်နှင်းရာ တွင် သူတို့ရဲ့ကိုယ်ပိုင်နည်းလမ်းများကို ဖန်တီးလာကြနိုင်ပါတယ်။ ထို့ကြောင့်ပင် အတွေ့အကြုံများအားလုံးတွင် အဓိပ္ပါယ်ပြည့်ဝသော ဒေတာအချက်အလက်များကို ပေးပို့နိုင်စွမ်းဟာ အကန့်အသတ်များရှိလာပါတော့တယ်။ 

အနာဂါတ်ရဲ့ သင်ယူလေ့လာမှုစက်ဝန်းတစ်ခုကိုတည်ဆောက်နိုင်စေဖို့အတွက် နောက်ထပ်တစ်ဆင့်ကတော့ “common currency” အသစ်တစ်ခုကို တည်ထောင်ဖို့ဖြစ်ပါတယ် - ရလာဒ်များထက် input များအပေါ်တွင် အဓိကထားမည့် မှတ်ကျောက်တစ်ခုကို တည်ထောင်ဖို့ဖြစ်ပါတယ်။ ဒီ currency ကို ကျွမ်းကျင်မှုဆိုင်ရာ သတ်မှတ်ချက်များနဲ့ ထိုအရာနဲ့သက်ဆိုင်သော credential များတွင် တွေ့ရှိရနိုင်ပါတယ်။ 

အထက်ပါ credentials concept ဟာ လူအများရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပြီးဖြစ်ကာ ယခုအခါတွင် micro-credential များ၊ nano-degree များနဲ့ digital badges များအနေနဲ့ ပေးအပ်လျှက်ရှိနေပြီဖြစ်ပါတယ်။ ဒီ ထွက်ပေါ်လာတဲ့ format များဟာ သူတို့ရဲ့ သမားရိုးကျပုံစံဟောင်းများဖြစ်ကြတဲ့ formal degree များနဲ့ certificate များတို့နဲ့ ဆင်တူမှုရှိကြပါတယ်။ မည်သို့သောပုံစံပင်ဖြစ်စေကာမူ credential များဆိုသည်မှာ ယုံကြည်ရသောသူတစ်ဦး၊ တက္ကသိုလ်တစ်ခု (သို့) assessment center တစ်ခုက တစ်စုံတစ်ယောက်ဟာ တစ်စုံတစ်ရာသောကျွမ်းကျင်မှုများကို ရရှိပိုင်ဆိုင်ထားတယ်ဆိုတဲ့ အာမခံချက်၊ ထောက်ခံချက်ကို ကိုယ်စားပြုနေပါတယ်။ Competency များဆိုသည်မှာ လူများအနေနဲ့ အလုပ်တာဝန် (သို့) ဆောင်ရွက်ရန်အရာများကို ဆောင်ရွက်နိုင်စေရန်လိုအပ်သော အသိပညာ၊ ကျွမ်းကျင်မှု၊ စွမ်းရည်များ၊ အမူအကျင့်များနဲ့ အခြားသော ဝိသေသလက္ခဏာများကို ဆိုလိုတာဖြစ်ပါတယ်။ ထိုအရာများကို မတူကွဲပြားသော ကျွမ်းကျင်မှုများရှိတဲ့ observable behaviors (စောင့်ကြပ်ကြည့်ရှု၍ရနိုင်သော အမူအကျင့်များ) ဥပမာ - novice, intermediate, advanced အစရှိသည်ဖြင့် ခွဲခြားသတ်မှတ်နိုင်ပါသည်။ 

Compentency ကိုအခြေခံသော စနစ်သို့ပြောင်းလဲလိုက်ခြင်းသည် အရည်အသွေးကိုအဓိကထားသော၊ ရလာဒ်များအပေါ်အခြေခံထားသည့် performance စံနှုန်းများထံသို့ရွေ့လျားပြောင်းလဲခြင်းနှင့် လူတို့ရဲ့ အောင်မြင်မှုများကို Credential များဖြင့် ပြန်လည်အတည်ပြုနိုင်စေမှာဖြစ်ပါတယ်။ Competency များဟာ သာမန်ယျေဘူယျ performance ကို ဖော်ပြနိုင်တဲ့အတွက် ထိုအရာများဟာ ကိစ္စတစ်ခုတည်းနဲ့ ဆက်စပ်မှုရှိနေတာမဟုတ်ပါဘူး။ ထိုအရာများက L&D activity များ၊ တစ်ကိုယ်ရည်စွမ်းဆောင်ရည်များနဲ့ အလုပ်လိုအပ်ချက်များကို ဖော်ပြသတ်မှတ်ပေးနိုင်မည့် ဘုံနည်းလမ်းတစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ ၎င်းအရာက သင်ယူလေ့လာမှုပြုလုပ်နိုင်သည့်နေရာများတွင်အသုံးပြုသည့် island-specific-currency များမှ သင်ယူလေ့လာမှုရဲ့ ရလာဒ်များကို ခွဲထုတ်နိုင်စေရန်လည်း ကူညီပေးနိုင်ပါတယ်။ 

 

၃။ L&D စနစ်များရဲ့ အကျိုးသက်ရောက်မှုများကိုတန်ဖိုးထားခြင်းနဲ့ သူတို့ရဲ့အလုပ်သမားအင်အားထုကို ကျွမ်းကျင်မှုမြှင့်တင်ပေးခြင်းအားဖြင့် L&D စနစ်များကို professionalize ပြုလုပ်ခြင်း 

အဖွဲ့အစည်းများအနေနဲ့ L&D design နဲ့ delivery ရဲ့အရေးကြီးပုံကို သိရှိထားဖို့ လိုအပ်ပါတယ်။ Learning experience အားလုံးဟာ တူညီမှုရှိစွာ ဖန်တီးထားကြတာမဟုတ်ပါဘူး။ အရည်အသွေးဟာ အဓိကကျပြီး အရည်အသွေးမြင့်မားတဲ့ L&D စနစ်များကို ဖန်တီးခြင်းဟာ သိပ္ပံပညာဖြစ်သလို၊ အနုပညာတစ်ရပ်လည်း ဖြစ်နေပြန်ပါတယ်။ များစွာသော organization များသည် အလားတူအရာများတွင် ရင်းနှီးမြှုပ်နှံရခြင်းရဲ့ တန်ဖိုးကို သိရှိနားလည်ထားကြပြီဖြစ်သော်လည် အချို့ကတော့ L&D ကို နောက်မှထည့်သွင်းစဉ်းစားခြင်းပြုရ မည့်အရာတစ်ခု (သို့) ပိုဆိုးတာက လိုချင်တဲ့ရလာဒ်များကိုရရှိနိုင်ဖို့အတွက် training ပေးခြင်းနှင့် သင်ကြားမှုပေး ရုံနဲ့ လုံလောက်ပြီဟု တွေးနေတတ်ကြတာပါပဲ။ 

ဆင့်ကဲတိုးတက်ပြောင်းလဲမှုများဖြစ်လာဖို့အတွက် organization များအနေနဲ့ သူတို့ရဲ့ L&D စနစ်များတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပေးရန်လိုအပ်ပြီး ကျွမ်းကျင်တဲ့ talent development professional များကို သူတို့ အလုပ်လုပ်ရန်လိုအပ်တဲ့ အချိန်၊ အရင်းအမြစ်များနဲ့ လုပ်ပိုင်ခွင့်များကို ပေးနိုင်ခဲ့ပါက ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးရလာဒ်များကို သိရှိနားလည်ထားဖို့လည်း လိုအပ်ပါမယ်။ အနာဂါတ်ရဲ့ သင်ယူလေ့လာမှုစက်ဝန်းတွင် ထိုသို့သောရင်းနှီးမြှုပ်နှံမှုများဟာ အခြေခံကျသော အုတ်မြစ်တစ်ခုဖြစ်ပြီး သူတို့ချည်းသာဆိုရင်တော့ လုံလောက်မှုမရှိသေးပါဘူး။ ကျွန်ုပ်တို့အနေနဲ့ ပိုမို၍လုပ်ဆောင်ပေးဖို့ လိုအပ်ဦးမှာဖြစ်ပါတယ်။ 

တိကျစွာပြောရမည်ဆိုပါက နောက်တစ်ဆင့်အနေနဲ့ ကျွန်ုပ်တို့ဟာ L&D workforce ကို ကျွမ်းကျင်မှုများတိုးမြှင့် ပေးဖို့ပြုလုပ်ရာတွင်အာရုံစိုက်ကာ ဘက်စုံချဉ်းကပ်မှုများဖြစ်ကြတဲ့ learning experience design နဲ့ learning engineering အစရှိတဲ့အရာများကို လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်သင်ကြားမှုများဟာ ပိုမိုများပြားသောသူများအပေါ်နှင့် သင်ယူလေ့လာမှုအပေါ် အကျိုးသက်ရောက်မှုရှိနိုင်သော organizational factors များကိုပါ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် - user experience, စိတ်ခံစားမှုများ၊ စိတ်အားတက်ကြွမှု၊ data-driven analytics နဲ့ ပတ်ဝန်းကျင်အခြေအနေများ အစရှိသည်တို့ကို ထည့်သွင်း စဉ်းစားရပါမယ်။ ပိုမို၍ နည်းဗျူဟာကျသောအမြင်နှင့် behavioral economics ကဲ့သို့သော ဆက်စပ်မှုရှိနေ သော လေ့ကျင့်သင်ကြားမှုများကိုအသုံးပြုပြီး မြင့်မား၊ များပြားတဲ့ရလာဒ်များကို ထည့်သွင်းစဉ်းစားခြင်းကို လုပ်ဆောင်နိုင်ပါကလည်း အကျိုးရှိစေမှာဖြစ်ပါတယ်။ 

နိဂုံးချုပ် 

သီးသန့် သင်ယူလေ့လာရမည့်ကျွန်းများကို တည်ဆောက်ခြင်းမပြုပါနဲ့။ ထိုအစား များစွာသော L&D experience များကို ပေါင်းစည်းကာ နောက်ဆုံးပေါ် အပြန်အလှန် operate ပြုလုပ်နိုင်မည့် နည်းပညာများနဲ့ ဒေတာအချက်အလက်စံနှုန်းများကိုအသုံးပြုပါ။ Common Currency ဖြစ်တဲ့ compentency framework များကို အသုံးပြုပြီး input များအပေါ်တွင်အာရုံစိုက်နေခြင်းမှ ရလာဒ်များအပေါ်သို့ အာရုံစိုက်မှုသို့ပြောင်းလဲကာ Technical and Organizational Silo များတွင် အဆိုပါ outcome များကို နားလည်ရလွယ်ကူစေရန် ပြုလုပ်ပါ။ Credential များကို အသုံးပြုပြီး Compentency များကို အတည်ပြုခြင်းနှင့် ထိုအရာများရဲ့ ရွှေ့ပြောင်းရလွယ်ကူမှုတွင် ကူညီထောက်ပံ့ပေးပါ။ နောက်ဆုံးအနေနဲ့ ပြောကြားလိုတာကတော့ အရည်အသွေး မြင့်မားတဲ့ talent development professional များအပေါ်တွင် ရင်းနှီးမြှုပ်နှံပြီး သင့်ရဲ့ L&D enterprise ကို အဆင့်မြှင့်တင်ခြင်းနှင့် ထိုသူတို့ရဲ့စွမ်းဆောင်ရည်များကိုလည်း ဘက်စုံထောင့်စုံမှ ရလာဒ်ကောင်းများကို ဖြစ်ပေါ်လာနိုင်စေမည့် နည်းလမ်းအသစ်များ၊ data-driven learning နှင့် learning at scale တို့ကို လုပ်ဆောင်ပြီး အဆင့်မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်ဟူ၍ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Fourteen Star Network Co., Ltd.

Fourteen Star Network Co., Ltd.

“To Be The Best Service Leader for Medical Devices” .Fourteen Star Network Company (FSN) has founded in 2004 in Myanmar. FSN distributes medical devices and equipment. FSN has mostly provided ima...
Show the postings (22)
Supreme Group Of Companies

Supreme Group Of Companies

Our Mission To deliver Professional Services that meet and exceed Clients expectations. To maintain a high level of professional Standing and Integrity that is above reproach. To establish a mutual...
Show the postings (26)
Myanmar First Asia Group

Myanmar First Asia Group

The Myanmar First Asia is Group of companies focused in Marketing and Distribution of Gems & Jewellery, Lubricant, Coach and bus , Food and Beverages founded in 2008. Myanmar First Asia is striving to...
Show the postings (8)
GIORDANO MYANMAR

GIORDANO MYANMAR

..Creation Myanmar Co., Ltd (Giordano)....
Show the postings (15)
Magnate Group Logistics Co., Ltd.

Magnate Group Logistics Co., Ltd.

Our youthful and vigorous staffs have the passion and team spirit which has driven us into being able to expand to now 16 cities and further expanding to more with many outlets station and service poi...
Show the postings (14)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS