Jobs In Myanmar
Load...

Examples of Good Employee Behavior

by www.jobsinyangon.com


Tags: Knowledge-Employee-Management-HR-JobsinYangon



ကောင်းမွန်သောဝန်ထမ်းများ၏ အမူအကျင့်နမူနာများ

 

ကောင်းမွန်တဲ့အမူအကျင့်များရှိတဲ့ ဝန်ထမ်းများကိုရရှိပြီး ဝန်ထမ်းများကိုစီမံခန့်ခွဲရာတွင်လွယ်ကူစေဖို့ရန်မှာ များသော အားဖြင့် လုပ်ငန်းရှင်တိုင်း၏ အိမ်မက်တစ်ခုဖြစ်ပါတယ်။ အလုပ်ခွင်အတွင်းရှိ များစွာသောကိစ္စရပ်များကြောင့် လုပ်ငန်း ရှင်များဟာ ပြဿနာများနှင့်ပြည့်မနေပဲ ရုံးခန်းအတွင်း သို့မဟုတ် အနည်းဆုံး သူတို့ကိုယ်တိုင်၏ စားပွဲများပေါ်တွင် ပြဿနာဖြစ်လုဖြစ်ခင် သို့မဟုတ် ပြဿနာဖြစ်စေရန် မပြုလုပ်တတ်သောဝန်ထမ်းများကိုရရှိတဲ့အခါတွင် စိတ်သက်သာ ရာရတတ်ကြပါသည်။ 

အပြုသဘောဆောင်သော “လုပ်နိုင်တယ်” ဆိုတဲ့ စိတ်နေစိတ်ထား
အမြဲတမ်းအသင့်ရှိနေခြင်း၊ အလုပ်ပြီးမြောက်ဖို့ရာ ဆန္ဒရှိခြင်း၊ ကောင်းမွန်စွာလုပ်ဆောင်နိုငခြင်းတို့သည် ဝန်ထမ်းများမှ ဦးစားပေးစဉ်းစားသင့်သည့်ရှိသင့်ရှိထိုက်သောအချက်များဖြစ်ပါသည်။ သင့်ကုမ္ပဏီအတွက်အလုပ်ဖြစ်စေပြီးအကျိုးဖြစ် ထွန်းစေမည့် အရည်အသွေးကောင်းမွန်တဲ့အလုပ်များကိုရှာဖွေပေးနေသည့်ဝန်ထမ်းများနှင့် သူတို့၏ပုံမှန်အလုပ်တာဝန် များထက်ကျော်လွန်ပြီး သင့်ကုမ္ပဏီအားအောင်မြင်မှုပိုမိုရရှိစေရန် စိတ်အားထက်သန်စွာနဲ့ဆောက်ရွက်ပေးနေသောဝန် ထမ်းများကိုသင့်အနေနဲ့ တန်ဖိုးထားသင့်ပါသည်။ ထိုကဲ့သို့သောဝန်ထမ်းများကို မွေးထုတ်နိုင်စေရန်အတွက် အရင်းမြစ် များကိုမြှုပ်နှံထားသောလုပ်ငန်းများဟာ ပိုမိုမြင့်မားသောကျွမ်းကျင်မှုရှိပြီး သစ္စာရှိသောလုပ်သားအင်အားကို အကျိုးရ လာဒ်အနေနှင့် ရရှိမှာဖြစ်ပါတယ်။ 

ယဉ်ကျေးပြီး ဖော်ရွေမှု
အနှောက်အယှက်ဖြစ်စေရန်ရှာဖွေပြုလုပ်သူများ၊ စိတ်ပူပင်သောက ရောက်စေရန်ပြင်ဆင်ပြုလုပ်သူများနှင့်နှိုင်းစာလျှင် သူတို့၏ လုပ်ဖော်ကိုင်ဖက်များ၊ မန်နေဂျာများနှင့် ဖောက်သည်များအပေါ်တွင် ယဉ်ကျေးဖော်ရွေမှုရှိစေရန်အကောင်း ဆုံးကြိုးစားလုပ်ဆောင်သောဝန်ထမ်းများသည် ရုံးတွင်းဘဝအားပိုမို၍ သာယာဖွယ်ရာဖြစ်စေပါသည်။ ထိုဝန်ထမ်းများ သည် ရုံးအတွင်းပိုမို၍ပျော်ရွှင်စေရန်လုပ်ဆောင်ပေးပြီး သူတို့၏မာန်မာနများနှင့် ပြင်ပပြဿနာများကို ရုံး၏အပြင်ဖက် တွင်သာထားခဲ့ကြပြီး ကောင်းမွန်သောအလုပ်သမားများအနေဖြင့် ကောင်းမွန်သောအလုပ်ပတ်ဝန်းကျင်ကို ထိန်းသိမ်း နိုင်ရန် ကြိုးပမ်းလုပ်ဆောင်ကြပါသည်။ ဘယ်သူမှပြီးပြည့်စုံမှုရှိနေတာမဟုတ်ပဲ လူတိုင်းတွင်ဆိုးရွားသောနေ့ရက်များ ကြုံတွေ့နေတတ်သော်လည်း ထိုဝန်ထမ်းများသည် ထိုပြဿနာများကို ကျော်လွှားနိုင်စွမ်းရှိကြပါသည်။ 

အမြဲတစေ နောက်ဆုံးသတ်မှတ်ရက်များအမှီဆောင်ရွက်နိုင်ခြင်း
များသောအားဖြင့် နောက်ဆုံးသတ်မှတ်ရက်များအမှီဆောင်ရွက်နိုင်သောဝန်ထမ်းများသည် ကောင်းစွာစီမံတတ်ပြီး တာဝန်ယူမှုရှိတတ်ကြပါသည်။ သင့်ဝန်ထမ်းအား နောက်ဆုံးသတ်မှတ်ရက်တစ်ခုသင်ပေးအပ်ထားပါက သင့်အနေနဲ့ သူမဟာ ထိုအရာကို သတ်မှတ်ထားသည့်အတိုင်းပြီးမြောက်အောင်ဆောင်ရွက်နိုင်ရန်မျှော်လင့်ထားတာဖြစ်ပါတယ်။ အကယ်၍ သူမဟာ သန့်ရှင်းပြီး စနစ်ကျသောအလုပ်ခွင်ကိုထိန်းသိမ်းမှုပြုလုပ်ထားပြီး အမြဲတမ်းအလုပ်တက်မည် အထူးသဖြင့် သူမ၏ စီမံကိန်းနောက်ဆုံးပြုလုပ်ရမည့်ရက်နှင့်သက်ဆိုင်သောအစည်းအဝေးပွဲများကို အမြဲတက်ရောက် ခဲ့ပါက သူမသည် အဆိုပါနောက်ဆုံးပြုလုပ်ရမည့်ရက်အတွင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ 

ဝမ်းမြောက်ဝမ်းသာ တာဝန်ယူခြင်းရှိမှု 
အမှားတစ်ခုကိုဝန်ခံရခြင်းသည် ဝန်ထမ်းများ၏ရင်ထဲတွင်အကြောက်တရားကိုဖြစ်ပေါ်စေနိုင်သော်လည်း သူတို့၏ အလုပ်အပေါ်နှင့် သူတို့၏ကတိကဝတ်၊ သူတို့၏အနာဂါတ်တို့ကို သင့်ကုမ္ပဏီနှင့်တန်းတူတန်ဖိုးထားသောသူများသည် တာဝန်ယူမှုရှိပြီး သင့်အားအမှန်အတိုင်းသာပြောလိမ့်မည်ဖြစ်ပါသည်။ အမှားများပြုလုပ်မိခြင်းသည် စီမံကိန်းတစ်ခု သို့ မဟုတ် သင့်ကုမ္ပဏီအပေါ်တွင် ယျေဘူယျအားဖြင့် အကျိုးသက်ရောက်မှုရှိချင်မှရှိပါလိမ့်မည် သို့သော် ဝန်ထမ်းတစ်ဦးမှ သူပြုလုပ်ခဲ့သောအမြင်သျှမ်းမှုသို့မဟုတ် အမှားကို ရိုးသားစွာနှင့် စိတ်အားထက်သန်စွာရှင်းပြခဲ့မည်ဆိုပါက သင့်အနေ နှင့် ထိုပြဿနာအားပိုမို၍နားလည်နိုင်မည်ဖြစ်ပြီး ပိုကောင်းသည့်အချက်ကတော့ သင့်ရဲ့ဝန်ထမ်းသည် သူ့ရဲ့ရိုးသားမှုနဲ့ သင့်အနေနဲ့သူအပေါ်တွင်ယုံကြည်မှုတို့ကို လေးစားတန်ဖိုးထားတယ်ဆိုတာကိုသင့်အနေနဲ့ နားလည်သဘောပေါက်နိုင် သည့်အတွက်ဖြစ်ပါသည်။ 

ကောင်းမွန်စွာတက်ရောက်မှုနှင့် အချိန်တိကျမှု 
ရုံးတွင်ရှိနေခြင်းနှင့် အချိန်မှီရောက်ခြင်းတို့သည် သင့်ရဲ့ဝန်ထမ်းအား သင့်အနေနဲ့ အလုပ်တွင်အမြဲလိုလိုရှိနေစေရန် ယုံကြည်၍ရနိုင်တယ်ဆိုတာကို သိရှိစေနိုင်ရန်ကူညီပေးပါသည်။ လုပ်ငန်းရှင်များဟာ အကြောင်းပြချက်မျိုးစုံနဲ့ အမြဲ တမ်းနောက်ကျတတ်ပြီး၊ မနက်ခင်းအစည်းအဝေးများကိုမမှီခြင်း သို့မဟုတ် အနည်းဆုံးနောက်ကျတတ်သောဝန်ထမ်း များ၏အကြောင်းကိုနောကြေနေပြီးဖြစ်ပါသည်။ ထို့ကြောင့် အချိန်တိကျမှုရှိပြီးအမြဲအသင့်ရှိနေတတ်သည့်ဝန်ထမ်းများ သည်စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်ပါသည်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


URC (Myanmar) Co., Ltd.

URC (Myanmar) Co., Ltd.

URC is engaged in a wide range of food-related businesses, including the manufacture and distribution of branded consumer foods and is also in commodities. URC is the leading branded snackfoods and be...
Show the postings (5)
Global Technology Co., Ltd (Global Net)

Global Technology Co., Ltd (Global Net)

Our speciality is providing complete solution and systems that work through the use of our outstanding design, unique client engagement model, procurement, project management, implementation and suppo...
Show the postings (75)
Yangon Academy International School

Yangon Academy International School

Vision Yangon Academy empowers each student to reach their full potential. Mission Yangon Academy is a dynamic international school that provides a challenging K-12, American-based education ...
Show the postings (14)
Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)
Elabram Systems CO., LTD.

Elabram Systems CO., LTD.

Our in-depth understanding of our customers' requirements allow us to deliver quality solutions and maintain long-term relationship. Elabram believes in integrity and effective management with an empo...
Show the postings (5)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS