Tags: News-Facebook-DAUs-Falling-JobsInYangon
၁၈ နှစ်တာ ကာလအတွင်း Facebook ကိုနေ့စဉ်အသုံးပြုသူဦးရေများ ပထမဆုံးအကြိမ် စတင်ကျဆင်းလာ
Social media ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Facebook ဟာ ၎င်းတို့ရဲ့ app ကို နေ့စဉ်အသုံးပြုနေသူဦးရေ (Daily Active User) များ ၁၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် စတင်ကျဆင်းလာခြင်းကို တွေ့မြင်ခဲ့ရပါတယ်။
Facebook ရဲ့ ပင်ရင်းကုမ္ပဏီ Meta Networks ရဲ့ ပြောကြားမှုအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ စက်တင်ဘာလကုန် (၃) လတာ ကာလတွင် သုံးစွဲသူပေါင်း ၁.၉၃၀ ဘီလျံ ရှိခဲ့ရာမှ ဒီဇင်ဘာလကုန်တွင် ၁.၉၂၉ ဘီလျံသို့ကျဆင်းသွားခဲ့တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် အပြိုင်အဆိုင်ကုမ္ပဏီများဖြစ်တဲ့ TikTok နှင့် YouTube ကဲ့သို့သော Platform များဖွံ့ဖြိုးလာသည်နှင့်အမျှ Facebook ပေါ်တွင် ကြော်ငြာသူများဟာလည်း ကြော်ငြာမှုအတွက်သုံးစွဲမှုများကို လျှော့ချလာကြပြီဖြစ်တာကို တွေ့မြင်နေရပြီး အမြတ်ငွေရရှိမှုနှေးကွေးလာခဲ့ပါတယ်။
Meta ရဲ့ ဈေးကွက်ရှယ်ယာများဟာလည်း အဆိုပါသတင်းများအပြီးတွင် New York မြို့ trading ဈေးကွက်တွင် ၂၀% အထိ ထိုးကျသွားခဲ့ပြီး ဒီအရာက ကုမ္ပဏီရဲ့ stock market ဈေးနှုန်းကို ကန်ဒေါ်လာ ၂၀၀ ဘီလျံခန့် လျော့ကျသွားစေခဲ့ပါတယ်။ အခြားသော social media platform များဖြစ်တဲ့ Twitter, Snap နှင့် Pinterest တို့ဟာလည်း extended trading တွင် ရှယ်ယာဈေးနှုန်းများအသီးသီးကျဆင်းလာခဲ့တယ်လို့ The Verge မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.