Tags: Facebook-Messenger-VideoConference-News-JobsinYangon
Group Video Conferences ဝန်ဆောင်မှုတွေမှာ Facebook ပါဝင်လာ၊ Messenger Rooms တွေကို စတင်မိတ်ဆက်
Messenger အပေါ်မှာ အခြေခံထားတဲ့ Facebook ရဲ့ ဝန်ဆောင်မှုအသစ် တစ်ခုကတော့ လူအယောက် ၅၀ အထိပါဝင်နိုင်တဲ့ ဗီဒီယိုခေါ်ဆိုမှုတွေကို အချိန် အကန့်အသတ်မရှိ ပြုလုပ်နိုင်တဲ့ ဝန်ဆောင်မှုဘဲဖြစ်ပါတယ်။
Facebook အကောင့်မရှိသူတွေလည်း Video Conference တွေမှာ ပါဝင်နိုင် မှာဖြစ်ပေမယ့် Video Conference တစ်ခုကို Set Up လုပ်တဲ့ Users(အသုံးပြုသူ) တွေဘဲ အခုလို Facebook Account မရှိဘဲ ပါဝင်နိုင်မှာဖြစ်ပါတယ်။ သတင်းထုတ်ပြန် ချက်တစ်ခုမှာ Facebook Messenger Rooms အကြောင်းကို ထုတ်ဖော်ကြော်ငြာခဲ့ ပါတယ်။
Facebook newsfeeds ၊ groups တွေနဲ့ Events တွေမှာ Chat rooms တွေကို Share ထားလို့ရနိုင်မှာဖြစ်ပါတယ်။ အနာဂါတ်မှာ Instagram သို့မဟုတ် Whatsapp မှတဆင့် Video Conference တွေ Set Up လုပ်လို့ရနိုင်လိမ့်မယ်လို့ ကုမ္ပဏီမှ ကတိပေးပြော ကြားခဲ့ပါတယ်။ Messenger အသုံးပြုသူတွေအနေနဲ့ Filters အမျိုးမျိုး ၊ AR အထူးပြုလုပ်ချက် (Effects) တွေနဲ့ 360-degree Backgrounds တွေကိုလည်း အသုံးပြုလို့ရနိုင်မှာ ဖြစ်ပါတယ်။
Room ကို ဖန်တီးတဲ့ User ဟာ Video Chat ကို ထိန်းချုပ်လို့ရမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ အဲ့ဒီ User ဟာ အခြားဘယ်သူမှ Room ထဲကို ဝင်မလာဖို့အတွက် Lock လုပ်ထားလို့ရပါလိမ့်မယ်။ ဒါ့အပြင် သူဟာ Room မှာ ပါဝင်သူတွေကို ထုတ်ပစ်နိုင်သလို Room ကို ကျူးကျော်ဝင်ရောက်ဖို့ကြိုးစားသူ တွေကိုလည်း Facebookကို လှမ်းပြီး Report တင်နိုင်မှာဖြစ်ပါတယ်။
Rooms တွေဟာ Messenger လိုတော့ end-to-end encryption တွေရှိမှာ မဟုတ်ပါဘူး။ သို့သော် Facebook က Rooms မှာ ပြောထားတဲ့အကြောင်းအရာ တွေကို နောက်ယောင်ခံမကြည့်ဖို့ (Followမလုပ်ဖို့) အတွက် ကတိပေးထားပါတယ်။ ဒါပေမယ့် Fackbook ရဲ့ အခြားဝန်ဆောင်မှုတွေနည်းတူ ကြော်ငြာတွေအတွက် အသုံးပြုဖို့နဲ့ ဝန်ဆောင်မှုတွေကို အဆင့်မြှင့်တင်ဖို့အတွက် သုံးစွဲသူအမူအကျင့် (user behavior) တွေနဲ့ ပတ်သက်တဲ့ data တွေကိုတော့ သိမ်းဆည်းသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် Rooms ထဲမှာတော့ ကြော်ငြာတွေ တိုက်ရိုက်ပြသခြင်းမျိုးပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ကုမ္ပဏီမှာ ကတိပေးပြောကြားခဲ့ပါတယ်။
Facebook အနေနဲ့ Video Conference မှာပါဝင်တဲ့ Facebook Account မရှိသူတွေ ရဲ့ Data အချို့ကိုလည်း သိမ်းဆည်းသွားမှာဖြစ်ပါတယ်။(အဲဒီ Data တွေမှာ သူတို့ချိတ် ဆက်အသုံးပြုနေတဲ့ Device ၊ Browsers တွေနဲ့ အခြား Data တွေလည်းပါဝင်ပါတယ်) Facebook ဟာ ဒီအပါတ်အတွင်းမှာ ရွေးချယ်ထားတဲ့ နိုင်ငံတွေမှာ Messenger Rooms ကို စတင်မိတ်ဆက်သွားမှာဖြစ်ပြီး ကျန်ရှိနေတဲ့ နိုင်ငံတွေမှာလည်း လာမယ့် အပါတ်တွေအတွင်းမှာ ဖြည်းဖြည်းချင်း မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒီ သတင်း လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.