Jobs In Myanmar
Load...

Crayta ရဲ့နောက်ကွယ်မှ Developer ကုမ္ပဏီတစ်ခုဖြစ်တဲ့ Unit 2 Games အား Facebook Gaming မှ ၀ယ်ယူခဲ့

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-Facebook-Gaming-Crayta-JobsInYangon



Crayta ရဲ့နောက်ကွယ်မှ Developer ကုမ္ပဏီတစ်ခုဖြစ်တဲ့ Unit 2 Games အား Facebook Gaming မှ ၀ယ်ယူခဲ့

 

Facebook ရဲ့ gaming platform တစ်ခုဖြစ်တဲ့ Facebook Gaming ဟာ ယမန်နှစ်က Stadia exclusive အနေနဲ့ ထွက်ရှိခဲ့တဲ့ Crayta ဟုအမည်ရသော Unreal Engine 4 အပေါ်တွင် အခြေခံထားသော Collaborative Game Creation Platform တစ်ခုရဲ့ နောက်ကွယ်မှ developer ဖြစ်သည့် Unit 2 Games ကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်း Engadget မှ သတင်းတစ်ပုဒ်အရသိရှိရပါတယ်။

ယခုအခါတွင် Facebook ဟာ Unit 2 ရဲ့ နည်းပညာများကို တရားဝင်ပိုင်ဆိုင်ခွင့်ရရှိသွားပြီဖြစ်သော်လည်း Crayta ကို အသုံးပြုနေသူများကတော့ စိတ်ပူစရာလိုဦးမှာမဟုတ်ပါဘူး။ Unit 2 မှ အဆိုပါဝယ်ယူမှုအကြောင်း FAQs များတွင်ဖြေဆိုထားသည်များအရ သူတို့ Team ဟာ Crayta ကိုပိုမိုတိုးတက်မှုရှိစေရန်ပြုလုပ်ခြင်းကို ရပ်တန့်သွားမှာမဟုတ်ပဲ သူတို့ website ပေါ်ရှိ ဂိမ်းများကို ဆက်လက်၍ ရယူဆော့ကစားနိုင်ဦးမှာဖြစ်ပါတယ်။

Crayta ဟာ Coding ပညာရပ်ကို သင်ကြားထားခြင်းမရှိရင်တောင်မှ မိမိတို့ရဲ့ ကိုယ်ပိုင်ဂိမ်းများကို မိမိကိုယ်တိုင် (သို့) အခြားသူများနှင့်အတူပူးပေါင်း၍ ဖန်တီးနိုင်စေမည့် platform တစ်ခုဖြစ်ပြီး ထို့နောက်တွင် အခြားသူများမှ အဆိုပါဂိမ်းကို ဆော့ကစားနိုင်စေရန်အတွက် လွှင့်တင်ပေးကာ သင့်ရဲ့ကြိုးစားအားထုတ်မှုများမှ ငွေကြေးရှာဖွေနိုင်စေမည့် platform တစ်ခုလည်းဖြစ်ပါတယ်။ ယခုအခါ Facebook မှ အဆိုပါဝယ်ယူမှုကို ပြုလုပ်ခဲ့ခြင်းဟာ “Game များဖန်တီးခြင်းကို ပိုမိုလွယ်ကူစွာပြုလုပ်နိုင်ပြီး အသုံးပြုရလွယ်ကူလာစေရန် ရည်ရွယ်ထားတာဖြစ်သလို Crayta ရဲ့ creation toolset ကို Facebook Gaming ရဲ့ cloud platform ပေါ်သို့ပေါင်းစပ်၍ သူတို့ရဲ့ website ပေါ်တွင် အတွေ့အကြုံအသစ်များကို လျှင်မြန်စွာပေးစွမ်းနိုင်စေဖို့အတွက်လည်း ရည်ရွယ်ထားလျှက်ရှိနေပါတယ်။”

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


W.H.K Co., Ltd.

W.H.K Co., Ltd.

..Since established in 1997, W.H.K Company Limited has built a credible reputation as Myanmar’s leading distributor of automotive spare parts. W.H.K became the touchstone of quality and trustworthi...
Show the postings (5)
Young Investment Group

Young Investment Group

.WE ARE WELL ESTABLISH AND WORKING TOGETHER WITH MANY DIFFERENT NATIONALS THAT WILL LET YOU FEEL AS YOUR HOMEOUR COMPANY IS A LEADING INTERNATIONAL PRIVATE COMPANY IN MYANMAR. DOING 9 BIG SECTORS OF B...
Show the postings (65)
Camusat Myanmar Co., Ltd

Camusat Myanmar Co., Ltd

OUR MISSION: In an extremely dynamic technological environment, we help telecom actors to efficiently build and optimize their networks development by integrating traditional telecom technologies with...
Show the postings (4)
World Trading Co.,Ltd

World Trading Co.,Ltd

..Exporters Importers and Distributors We Import Laboratory Chemicals, Perfume Body Spray,European & Turkish Premium Food Products Yonca Sunflower Oil, Rio Santo Sauce Sole Distributor in Myanmar. ...
Show the postings (3)
MalarMyaing Public Company Limited

MalarMyaing Public Company Limited

To become a total solution provider in Myanmar Agribusiness and ultimately uplifting the well-being of every stakeholder in the whole industry. တောင်သူလယ်သမားများ...
Show the postings (18)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS