Tags: Knowledge-IT-Facebook-General-JobsinYangon
Facebook Messenger ဟာ Instagram Direct Messages ကိုစတင်လွှဲပြောင်းယူခဲ့
ပြီးခဲ့တဲ့နှစ်က Facebook ဟာ သူတို့ပိုင်ဆိုင်ထားတဲ့ကြီးမားတဲ့ messaging ကွန်ယက် ၃ ခုကို ပေါင်းစည်းဖို့ အစီအစဉ်တစ်ရပ်ကို ကြေငြာခဲ့ဖူးပါတယ်။ ဒါကတော့ - WhatsApp, Facebook Messenger နှင့် Instagram Direct တို့ကိုတူညီတဲ့ platform တစ်ခုဖြစ်လာစေဖို့ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်သောကြာနေ့က ပထမဦးဆုံးအဆင့်အနေနဲ့ Facebook Messenger ဟာ Instagram Messaging ကိုလွဲပြောင်းယူခဲ့ပါတယ်။
ထိုနေ့တွင် - Instagram app pop-up တစ်ခုမှ ပြောကြားခဲ့တာကတော့ “Instagram ပေါ်တွင် Message ပေးပို့ရန်နည်းလမ်းအသစ်တစ်ခုရှိနေပါပြီ” ဟူ၍ ကြေငြာပြောကြားခဲ့ပါတယ်။ Instagram နှင့် Facebook အသုံးပြုသူများအကြား အပြန်အလှန် ဆက်သွယ်နိုင်ခြင်းအပြင် အခြားလုပ်ဆောင်ချက်အသစ်များဖြစ်တဲ့ emoji reaction များ၊ swipe to reply လုပ်ဆောင်ချက်နှင့် ဒီဇိုင်းအသစ်တို့ဖြင့်လည်း ထွက်ပေါ်လာမှာဖြစ်တယ်လို့လည်းကတိပေးပြောကြားခဲ့ပါသေးတယ်။ Instagram ကို update လုပ်လိုက်တာနဲ့ messaging icon ဟာ Facebook Messenger Logo သို့ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။ ယခုအချိန်တွင်တော့ ထိုအရာသို့ ပြောင်းလဲဖို့မှာ မဖြစ်မနေပြုလုပ်ရန်မလိုသေးပါဘူး။
Facebook ဟာ messaging လုပ်ငန်းနယ်ပယ်တွင် အကြီးမားဆုံးသော အပြိုင်အဆိုင်တစ်ခုအဖြစ်ရပ်တည်နေကာ လစဉ်အသုံးပြုနေသူ ၂ ဘီလျံခန့်ရှိသော WhatsApp နှင့် ၁.၃ ဘီလျံခန့်ရှိသော ဒုတိယ အကြီးဆုံး Facebook Messenger app များကို ပိုင်ဆိုင်ထားပါတယ်။ တတိယနေရာမှ လိုက်ပါလျှက်ရှိနေတာကတော့ တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုမှပိုင်ဆိုင်ထားတဲ့ WeChat app ဖြစ်ပြီး အသုံးပြုသူပေါင်း ၁.၂ ဘီလျံခန့်ရှိပါတယ်ဟူ၍ Statista မှလေ့လာချက်များအရ သိရှိရပါတယ်။
သူတို့အနေနဲ့ ဆက်လက်ပြုလုပ်လာနိုင်တဲ့နောက်ထပ်ခြေလှမ်းကတော့ WhatsApp နှင့် Facebook Messenger တို့ကို ပေါင်းစပ်လိုက်ဖို့ဖြစ်လာနိုင်ပြီး ထိုသို့ပြုလုပ်လိုက်ပါက အသုံးပြုသူပေါင်း ၃.၃ ဘီလျံခန့် ရှိ သော ကမ္ဘာ့လူဦးရေရဲ့ ၄၃% ခန့်ဟာ တူညီတဲ့ messaging ဝန်ဆောင်မှုတစ်ခုတည်းကိုသာ အနာဂါတ်တွင် အသုံးပြုရတော့မှာပဲဖြစ်ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.