Tags: Knowledge-IT-Fastest-Internet-JobsinYangon
လက်ရှိဖိုင်ဘာအင်တာနက်လိုင်းများတွင် 44.2 Tbps ရရှိအောင်စွမ်းဆောင်နိုင်သော ချစ်ပ်ပြားအသစ်ကအမြန်ဆုံးအင်တာနက်မြန်နှုန်းကိုပေးနေတာလား?
လက်ရှိ fiber broadband infrastructure နဲ့ အလုပ်လုပ်နိုင်တဲ့ လက်သည်းခွံခန့်သာရှိသော အလွန်သေးငယ်သည့် optical chip ပြားတစ်ခုဟာ မယုံနိုင်ဖွယ်ရာစွမ်းဆောင်ချက်တွေကိုပြုလုပ် နိုင်ခဲ့တယ်လို့ သုသေသနပြုလုပ်သူများကဆိုပါတယ်။
ကျွန်ုပ်တို့အားလုံးဟာ မြန်ဆန်တဲ့အင်တာနက်ကိုအသုံးပြုလိုကြတဲ့သူတွေချည်းပါပဲ။ ဓါတ်ပုံ၊ ဗီဒီယို များပေါ်လာရန် စောင့်ဆိုင်းရခြင်း (buffering) (မြန်မာနိုင်ငံမှာတော့ အဝိုင်းလည်နေတယ်လို့ဆိုကြ သည်) သို့မဟုတ် ရုပ်ရှင်တစ်ခုကို streaming ပြုလုပ်ကာကြည့်ရှုစဉ်နှင့် လူမှုကွန်ယက်များပေါ်တွင် live လွှင့်ခြင်းတို့ပြုလုပ်စဉ်တွင်အင်တာနက်အရည်အသွေးကျဆင်းခြင်းတို့ကို ကျွန်တော်တို့အားလုံး နှစ်သက်ကြမှာမဟုတ်ပါဘူး။ ဒီအရာတွေဟာ တစ်စက္ကန့်လျှင် 44.2 TERA-bits per second ရရှိ အောင်စွမ်းဆောင်နိုင်ခဲ့ကြတဲ့ သုတေသနပြုလုပ်သူပညာရှင်များအတွက်တော့ အေးဆေးပါပဲ။ ဒါ့ထက်ပိုပြီး အံ့အားသင့်စရာကောင်းတဲ့အချက် ၃ချက်ကတော့ ဒီနည်းပညာပစ္စည်းအသစ်ဟာ လက်သည်းခွံတမျှသေးငယ်တဲ့ chip ပြားလေးတစ်ခုသာဖြစ်ပြီး ဩစတေးလျနိုင်ငံတွင် လက်ရှိ ဖိုင်ဘာအင်တာနက်လိုင်းနဲ့ စမ်းသပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ဒီအင်တာနက်မြန်နှုန်း ကို သုတေသနပြုတဲ့ lab ခန်းအတွင်းစမ်းသပ်ခဲ့တာမဟုတ်ပဲ သုံးစွဲသူများလက်ရှိအသုံးပြုနေတဲ့ network ပေါ်မှာစမ်းသပ်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ code ရေးဆွဲထားတဲ့ in-field tests များတွင်ပင် ဒီအမြင့်ဆုံးမြန်နှုန်းမှလျော့ကျခြင်းများဟာသိသိသာသာပြောင်းလဲသွားခြင်း မရှိတာပါပဲ။
ဒါဟာ တစ်ကယ်ပဲလား?
ဟုတ်ပါတယ်။ ဒီစမ်းသပ်မှုကို ဩစတေးလျနိုင်ငံရှိ Monash, Swinburne နှင့် RMIT တက္ကသိုလ် များက သုတေသနပညာရှင်အဖွဲ့က စမ်းသပ်အောင်မြင်ခဲ့တာဖြစ်ပြီး Nature Communications journal တွင်ဖော်ပြခြင်းခံခဲ့ရပါတယ်။ အင်တာနက်မြန်နှုန်းများဟာ အမြင့်ဆုံးအခြေအနေတွင် 44.2 Tbps အထိရရှိခဲ့ပြီး coded line အတွင်းတွင်မူ အမြင့်ဆုံးမြန်နှုန်းမှဦ 39 Tbps ရှိတဲ့အတွက် ၁၂ % ခန့်ကျဆင်းသွားခဲ့သော်လည်း ဒါဟာ အလွန်ပင်မြန်ဆန်တဲ့အင်တာနက်ဖြစ်နေပါသေးတယ်။
အမြန်ဆန်ဆုံးအင်တာနက်မြန်နှုန်းကိုရရှိနိုင်ရန်အတွက် သုတေသနပြုလုပ်သူများဟာ “soliton crystal micro-combs“ ဟုခေါ်ဆိုတဲ့အရာတစ်ခုကိုအသုံးပြုခဲ့ပါတယ်။ ရိုးရှင်းစွာပြောရလျှင် ဒီ optical chip ဟာ အလွန်သိပ်သည်းကျစ်လစ်စွာပြုလုပ်ထားတဲ့ chip တစ်ခုဖြစ်ပြီး optic fiber broadband cable တစ်ခုအတွင်းရှိ laser node ပေါင်း ၈၀ခန့်ကို အစားထိုးပေးနိုင်ပါတယ်။ ဒီ micro-comb ဟာ လိုင်းခွဲပေးတဲ့အရာတစ်ခုဖြစ်တယ်လို့လည်းဆိုနိုင်ပါတယ်။ ၎င်းကတည်ရှိနေတဲ့ optic fiber cable တစ်ခုကို မတူကွဲပြားတဲ့ channel အခု ၈၀ ဖြစ်လာစေရန် ပြုလုပ်ပေးနိုင်ပါ တယ်။ အလွန်အံ့အားသင့်ဖွယ်ကောင်းတစ်ခုက channel တစ်ခုစီတိုင်းဟာ သူတို့ရဲ့ peak bandwidth capacity (သူတို့သယ်ယူပို့ဆောင်ပေးနိုင်တဲ့အမြင့်ဆုံးဒေတာပမာဏ) ကို ထိန်းထား နိုင်တာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိ telecom cable တွေနဲ့ စက်ပစည်းအသုံးအဆောင်တွေ၊ အခြေခံအဆောက်အဦးတွေမှာ ဒီ chip ပြားကိုတပ်ဆင်လိုက်မယ်ဆိုပါက အမြင့်ဆုံးပေးအပ်နိုင် မယ့် အင်တာနက်မြန်နှုန်းတွေကို တစ်ဟုန်ထိုးမြင့်မားလာစေမှာပဲဖြစ်ပါတယ်။
ဒါဆိုရင် ... ၎င်းဟာ လက်တွေ့ဘဝမှာ ဘယ်လောက်မြန်ဆန်တဲ့မြန်နှုန်းကိုရရှိနိုင်စေမှာလဲ?
နှိုင်းယှဉ်စရာတစ်ခုအနေနဲ့ပြောရမည်ဆိုလျှင် 720p resolution ရှိပြီး မိနစ် ၉၀ကြာမယ့် ရုပ်ရှင်ဖိုင် တစ်ခုကို download ဆွဲမယ်လို့တွေးကြည့်လိုက်ပါ။ ဒီလိုဖိုင်တစ်ခုအတွက် လက်ရှိ industry ထဲက သမားရိုးကျ compression ပြုလုပ်ခြင်းနဲ့ဆိုပါလျှင် ဒီဖိုင်ရဲ့အရွယ်အစားဟာ 1GB ခန့်ရှိနေပါလိမ့် မယ်။ သင့်ထံတွင် 44.2 Tbps အင်တာနက်ကွန်နက်ရှင်ရှိတဲ့အခါ သင့်အနေနဲ့ ရုပ်ရှင်ကားပေါင်း ၅၀၀၀ ခန့်ကို တစ်စက္ကန့်အတွင်း download ဆွဲနိုင်မှာဖြစ်ပါတယ်။ အကယ်၍ သင်ဟာ တစ်ရက်ကို ရုပ်ရှင် ၂ကားပုံမှန်ကြည့်သွားရင်တောင်မှ ဒီပမာဏဟာ သင် ၈နှစ်ခန့်ရုပ်ရှင်ကြည့်နိုင်ဖို့အတွက် လုံလောက်ပါလိမ့်မယ်။
ဝိုး ... ဒါကိုဘယ်တော့လောက်ကြာမှရနိုင်မှာလဲ?
ဒါကတော့ နည်းနည်းပြောရခက်တဲ့အပိုင်းဖြစ်သွားပါပြီ။ ဒီလိုမျိုး achievement အသစ်များနဲ့ ပတ် သက်လာရင် စောင့်ရတဲ့အချိန်တော့ရှိတတ်ကြပါတယ်။ ဒီ achievement ဟာ research project တစ်ခုရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက် ဒီ optical chip နည်းပညာကို စီးပွားရေးအရရောင်းချပေးအပ်နိုင်ရန်အတွက် အချိန်အနည်းငယ်တော့လိုဦးမှာဖြစ်ပါတယ်။ ထို့နောက် သင့်အနေနဲ့ အမြန်ဆုံးအင်တာနက်မြန်နှုန်းကိုအသုံးပြုနိုင်အောင် ကမ္ဘာတစ်ဝှမ်းရှိ fiber broadband လိုင်းများကိုလဲ အဆင့်မြှင့်တင်ပေးရမှာဖြစ်ပြီး ဒီအရာတစ်ခုတည်းကပင် ကုန်စည်ပို့ ဆောင်ရေး၊ အချိန်၊ စေလွှတ်မှုနှင့် ကုန်ကျစရိတ်များ များစွာကုန်ကျနိုင်ပါတယ်။
ဒါတွေအားလုံးပြီးသွားပြီဆိုရင်တောင်မှ ဆေးပညာသုသေသနဌာနများ၊ အာကာသဆက်သွယ်ရေးကဏ္ဍများ၊ smart city များနှင့် အင်တာနက်ချိတ်ဆက်ထားတဲ့ကားများ အစရှိသည်တို့ကို ဦးစားပေးဆောင်ရွက်ရဦးမှာပါ။ ဒီ chip ပြားများဟာ ကျွန်တော်တို့ရဲ့ Dark ကို Netflix ပေါ်တွင်ကြည့်ရှုခြင်းထက်ပိုမိုအရေးကြီးတဲ့ အထက်ဖော်ပြပါကဏ္ဍများမှ အရေးတကြီး လိုအပ်နေတဲ့ bandwidth လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး ဒီကဏ္ဍများကို တိုးတက် မှုရှိလာစေမှာပဲဖြစ်ပါတယ်။
သို့သော်လည်း စိတ်အားတက်စရာအချက်တစ်ခုကတော့ လက်ရှိ fiber broadband လိုင်းများပေါ် တွင် ကမ္ဘာ့အမြန်ဆုံးအင်တာနက်မြန်နှုန်းကိုရရှိနိုင်တယ်ဆိုတဲ့ စမ်းသပ်တွေ့ရှိချက်ပဲဖြစ်ပါတယ်။ ဒီအရာကို စီးပွားရေးအရထုတ်လုပ်ရောင်းချနိုင်ပြီဆိုတဲ့အခါမှာ ကမ္ဘာတစ်လွှားတွင် အဆင်ပြေချော မွေ့မှုများရှိလာတာကိုမြင်တွေ့ရမှာဖြစ်တယ်လို့မျှော်လင့်နိုင်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ထိုသို့ဖြစ်ပေါ် လာမယ့်အချိန်ကာလတစ်ခုကို ခန့်မှန်း၍မရနိုင်သေးတဲ့အတွက် အနာဂါတ်တွင်ဖြစ်ပေါ်လာမယ့်အရာတွေကိုတော့ ပိတ်ကားပေါ်မှာဆက်လက်စောင့်ကြည့်ရမှာပါပဲ။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.