Tags: Fressh Graduate- Career Choice- JobsInYangon
Fresh Graduate တွေအတွက် မိမိရဲ့ Career ရွေးချယ်တဲ့အခါမှာ ထည့်သွင်းစဉ်းစားရမည့်အရေးကြီးတဲ့ အချက်၎ချက်
ဘွဲ့ရပြီးခါစသူတွေပဲဖြစ်ဖြစ်၊ ကျောင်းသူကျောင်းသားတွေပဲဖြစ်ဖြစ် သူတို့ပညာသင်စဉ်အတွင်းမှာ career planning အတွက် အချိန်မပေးနိုင်ခဲ့ကြပါဘူးမ။ ပညာသင်ကြားရေးနဲ့ပဲ အလုပ်ရှုပ်နေကြတယ်။Career တစ်ခုကိုရွေးချယ်တဲ့အချိန်မှာ မိမိရဲ့ Skill, interest, personality, values and motivation စတာတွေကို ထည့်သွင်းစဉ်းစားပြီး career planning ကို ပြုလုပ်သင့်ပါတယ်။တက္ကသိုလ်တက်နေတဲ့ ကျောင်းသူကျောင်းသားတွေပဲဖြစ်ဖြစ်၊ ဘွဲ့ရပြီးခါစသူတွေအတက်ပဲဖြစ်ဖြစ် Career တစ်ခုကို စီစဉ်ပြုလုပ်တာက အရမ်းကို အရေးကြီးပါတယ်။ မိမိရဲ့ interest နဲ့ မိမိလုပ်ကိုင်နေတဲ့အလုပ်ကလည်း တူညီဖို့ဆိုတာ career တစ်ခုအောင်မြင်ဖို့အတွက် အရမ်းကို အရေးကြီးလို့ပါ။ ဒါဆို career planning ပြုလုပ်တဲ့အခါ ထည့်သွင်းစဉ်းစားရမည့်အချက်လေးချက်ကို ဆက်လက်တင်ဆက်ပေးသွားပါမည်။
Career တစ်ခုကို ရွေးချယ်တဲ့အခါမှာ ထည့်သွင်းစဉ်းစားရမည့်အချက်လေးချက်ကတော့
၁. Self Awareness
2. Opportunities Awareness
3. Deciscion Making
4. Taking Action တို့ဖြစ်ပါတယ်မ။
Career ရွေးချယ်မှုအတွက် ပထမအချက်ကတော့ Self Awarness ဖြစ်ပါတယ်။ Self Awarness မှာဘာ တွေပါမလဲဆိုတော မိမိရဲ့ skill, values, interest နှင့် personality တို့ပါဝင်ပြီး ဥပမာ : skill ဆိုရင် မိမိရဲ့ communication skill, team working skill တွေကောင်းရဲ့လား၊ Computer Skill ကရော ဘယ်လိုရှိလဲ၊ Problem solving skill မှာရော ဘယ်လိုလဲစသဖြင့် မိမိရဲ အားသာချက် အာနည်းချက်တွေကို ခွဲခြမ်းစိတ်ဖြာရပါမယ်။
Values and Motivation မှာဆိုရင်လည်း မိမိကို သူများကို ကူညီရတာနှစ်သက်လားစသဖြင့် မိမိကိုကိုယ် self awareness ဖြစ်ဖို့အရေးကြီးပါတယ်။ အဲ့ဒီအချက်တွေက ကိုယ်အလုပ်လျှောက်တဲ့အချိန်နဲ့ အင်တာဗျူးဖြေတဲ့အချိန်မှာလည်း အသုံးဝင်ပါတယ်။
ဒုတိယအချက်အတော့ Opportunities Awareness ဖြစ်ပါတယ်။ မိမိကိုယ်ကို Self Awareness နှင့်ပက်သက်ပြီး စိစစ်ပြီးသွားပြီဆိုရင် မိမိအတွက် opportunity ရနိုင်မည့် သတင်းအချက်အလက်တွေကို စုဆောင်းရမှာဖြစ်ပါတယ်။ အဲ့ဒီသတင်းအချက်အလက်တွေကို Linkedin တို့၊ အလုပ်ရှာနိုင်တဲ့ website တို့ Job Fair တို့စတာတွေမှာ သတင်းအချက်အလက်ရယူနိုင်ပါတယ်။ အလုပ်လျှောက်တဲ့အခါမှာလည်း မိမိdegree နှင့်ကိုက်ညီလား၊ မိမိမှာရှိတဲ့ skill တွေနဲ့ကိုက်ညီလားစတာတွေကို ကြည့်ပြီး မိမိစုဆောင်ထားတဲ့ Opportunities Awareness ဖြစ်စေမယ့် အရာတွေကို ကြည့်ပြီးတော့ မိမိနဲ့သင့်လျော်တဲ့အလုပ်ကို လျှောက်ပါ။ အဲ့ဒီလို Opportunities Awareness ဖြစ်ခြင်းကလည်း Career ရွေးချယ်မှုအတွက် အရေးကြီးပါတယ်
တတိယတစ်ချက်ကတော့ Making Deciscion ဖြစ်ပါတယ်။ Making Deciscion လုပ်ဖို့အတွက် Assessment ပုံစံမျိုးကို လိုအပ်လာပါတယ်။ ဒီလို Assessment တွေက မိမိက ဘယ်မှာ အားသာတယ်။ ဘယ်မှာအားနည်းတယ် စသဖြင့် Assessment တွေက မိမိရဲ့ ability တွေကို အကဲဖြတ်ပေးပါပြီး မိမိဆုံးဖြတ်ချက်ပြုလုပ်ရာမှာလည်း အကူအညီဖြစ်ပါတယ်။ မိမိရဲ့ career ရွေးချယ်ရာမှာ ဆုံးဖြတ်ချက်ချဖို့အတွက် မိသားစုကလည်း အရေးပါပါတယ်။ ကိုယ့်ရဲ့ career ရွေးချယ်တော့မယ်ဆိုရင်လည်း မိသားစုနဲ့တိုင်ပင်တာတို့၊Assessment လုပ်တာတို့ကို ပြုလုပ်ခြင်းဖြင့် ဆုံးဖြတ်ချက်ချပါလို့ပြောချင်ပါတယ်။
နောက်ဆုံးအချက်ကတော့ Taking action ပါ။ Taking Action က ဘာလဲဆိုတော့ အထက်ပါ ၃ ချက်ကို ပြုလုပ်ပြီးသွားပြီဆိုရင်တော့
မိမိစိတ်ဝင်စားတဲ့အလုပ်ပုံစံကို ခေါ်နေတဲ့ အလုပ်ရှင်ကိုရှာဖွေပါ။
အလုပ်အကိုင်ရှာဖွေရေး website တွေကနေ data ကို ရှာပါ။
Application တွေကို သေချာပြင်ပြီး အင်တာဗျူးခေါ်တဲ့အခါသွားခြင်းဖြင့် Action ယူပါလို့ပြောရင်း Career Planning ကို ပြုလုပ်ပြီး မိမိနဲ့ကိုက်ညီတဲ့ အကောင်းဆုံး Career ကို ပိုင်ဆိုင်နိုင်ပါစေ။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.