by JOBLESS
Tags: Gaining Confidence Work Project Presentation.
လုင်ငန်းအစီအမံများကို အောင်မြင်စွာ တင်ပြနည်း။
လုပ်ငန်းခွင်အတွင်း အသစ်ပြုလုပ်မည့် သို့မဟုတ် ချဲ့ထွင်မည့် လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနအလိုက် စီမံကိန်းများကို ရေးဆွဲ တင်ပြလေ့ရှိကြသည်။ ထိုသို့ တင်ပြရာတွင် အတွေ့အကြုံ ရှိသူများ အနေဖြင့် ပိုမိုကောင်းမွန်အောင် ပြင်ဆင်နိုင်မည့် နည်းလမ်းများနှင့် အတွေ့အကြုံမရှိသူများအနေဖြင့် အမှားမပါရအောင် မည်သို့ ပြင်ဆင်ထားရမည်ကို www.jobless.com.mm မှ လက်လှမ်းမီသမျှ စုစည်း ရေးသားတင်ပြ လိုက်သည်။
ယုံကြည်မှုကို မွေးဖွားပါ။
"ယုံကြည်မှုရှိက လုပ်ငန်းတစ်ဝက် ပြီးမြောက်နိုင်သည်" ဆိုသလိုပါပဲ။ ကိုယ်လုပ်မယ့် အလုပ်ကို ယုံကြည်မှုရှိစွာ လုပ်ကိုင်ခြင်းက အောင်မြင်မှုကို ရယူဖို့ နည်းလမ်းကောင်းတစ်ခုလည်းဖြစ်သည်။ အခြေခံအားဖြင့် ယုံကြည်မှုတိုင်းသည် ကျွမ်းကျင်မှုကနေ မွေးဖွားလာခြင်း ဖြစ်သည်။ ကျွမ်းကျင်မှု ရှိဖို့ဆိုရာတွင် နည်းပညာ၊ အတတ်ပညာ အကုန်လုံးပါဝင်နေသည်။
ထို့ကြောင့် လုပ်ငန်းစီမံကိန်းများကို တင်ပြရာတွင် ကိုယ်တင်ပြမည့် လုပ်ငန်း အစီအစဉ်များကို အစမှ အဆုံးတိုင် အသေးစိတ် အလွတ်ရနေသင့်သလို သိရှိနားလည်နေဖို့ လိုအပ်ပေမည်။ ထိုမှသာ ယုံကြည်မှုကို မွေးဖွားရာတွင် လွယ်ကူ အဆင်ပြေနိုင်လိမ့်မည်ဖြစ်သည်။ ယုံကြည်မှုကို မွေးဖွားနိုင်သည့် အခြားနည်လမ်းများ လည်း ရှိသေးသည်။
၁။ စိတ်လှုပ်ရှားခြင်းသည် ယုံကြည်မှုကို ပျောက်ဆုံးနိုင်သည့် အနှောက်အယှက်အဟန့်အတား ဖြစ်သည့်အတွက် ထိုစိတ်လှုပ်ရှားမှုကို မဖြစ်မနေ ထိန်းချုပ်ရမည်။ ထိုသို့ ထိန်းချုပ်ရာတွင် အထိရောက်ဆုံး နည်းလမ်းမှာ အစည်းအဝေးခန်းမအတွင်းရှိ ကိုယ်နှင့် ရင်းနှီးသူများနှင့် မိတ်ဖွဲ့၍ အစည်းအဝေးမစခင် စကားစမြည်ပြောနေပါ။
၂။ မျက်လုံခြင်းဆုံ၍ ယုံကြည်မှုကို မွေးဖွားပါ။ တစ်ယောက်ကို တစ်ယောက် မျက်လုံခြင်းဆုံ၍ ကြည့်ခြင်းသည် စိတ်ခွန်အားကို ရစေနိုင်သည့် နည်းလမ်းတစ်ခုလည်းဖြစ်သည်။
၃။ လုပ်ငန်းစီမံကိန်းများကို တင်ဆက်နေစဉ်အတွင်း ကိုယ်လက်လှုပ်ရှားမှုများ ရှိနေပါစေ။ တည်တည်ငြိမ်ငြိမ် နှင့် တစ်နေရာတည်း ရပ်တန့်နေခြင်းသည် နားထောင်သူအတွက် ရိုးအီသည့် မြင်ကွင်းတစ်ခု ဖြစ်လာနိုင်သလို ရှင်းပြနေသူအတွက်လည်း စိတ်ကျဉ်းကျပ်မှုများကို ဖြစ်ပေါ်စေနိုင်သည်။ စိတ်လွတ်လပ်မှု မရှိခြင်းသည်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးစေသည့် အကြောင်းအရင်းများထဲမှ တစ်ချက်ဖြစ်သည်။
ယခုတင်ပြသွားသော အချက်များသည် ယုံကြည်မှုကို မွေးဖွားရာတွင် အထောက်အကူဖြစ်စေမည့် အကြောင်းအရာများဖြစ်သည်။ ထိုအကြောင်းအရာများကို www.jobless.com.mm မှ လေ့လာမှတ်တမ်းပြု၍ တွေ့ရှိချက်များကို ပြန်လည်မျှဝေခြင်းဖြစ်သည်။
အခြားကျန်ရှိနေသေးသည့် အကြောင်းအရာများကိုလည်း ဆက်လက်တင်ပြသွားမည်ဖြစ်၍ စောင့်မျှော်ဖတ်ရှု ပေးကြပါရန် မေတ္တာရပ်ခံအပ်သည်။ www.jobless.com.mm
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.