Tags: Knowledge-Google-Banning-StalkwareAds-JobsInYangon
Google ဟာ Stalkerware app များအားကြော်ငြာခြင်းကိုချွင်းချက်တစ်ရပ်မှအပ ပိတ်ပင်တားမြစ်လိုက်ပြီဖြစ်ပါတယ်။
August လမှ စတင်ကာ Google ဟာ stalkerware ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများအကြောင်း ကြော်ငြာလျှက်ရှိတဲ့ ကြော်ငြာများကို တားမြစ်သွားတော့မှာဖြစ်ပါတယ်။
Google ဟာ မကြာခင်ကာလများအတွင်း Stalkeware ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများကိုကြော်ငြာ နေတဲ့ ad များကို တားမြစ်မှုတွေပြုလုပ်သွားမှာဖြစ်သော်လည်း အချို့သောလုံခြုံရေးဆိုင်ရာကျွမ်းကျင် သူများကတော့ ဒီအရာဟာထိရောက်မှုမရှိမှာကိုစိုးရိမ်နေကြပါတယ်။
၂၀၂၀၊ ဩဂုတ်လမှစတင်ကာ Google ရဲ့ ads policy ဟာ stalkerware အကြောင်း ကြော်ငြာမှုများကို တားမြစ်နိုင်စေဖို့အတွက် အသစ်ပြင်ဆင်ရေးဆွဲသွားမှာဖြစ်ပါတယ်။ Stalkerware ဆိုသည်မှာ device များတွင်ထည့်သွင်းနိုင်သော software တစ်ခုဖြစ်ပြီး ထိုအရာမှတဆင့်သူတို့ပိုင်ရှင်များရဲ့ တည်နေရာ၊ လုပ်ဆောင်ချက်များနဲ့ အခြားအရာများကို ခြေရာခံနိုင်စေသည့် အရာတစ်ခုဖြစ်ပါတယ်။ Google က ပြောဆိုခဲ့သည်မှာ - ဒီပေါ်လစီအသစ်ကိုချိုးဖောက်သည့်သူများကို ပထမဦးစွာ ရက်ကြိုတင်ပြီးသတိ ပေးသွားမှာဖြစ်ပြီးနောက် ထိုသူများရဲ့အကောင့်များကို ပိတ်သိမ်းသွားမှာဖြစ်တယ်ဟု ဆိုပါတယ်။
“အသစ်မွမ်းမံရေးဆွဲလိုက်တဲ့ ပေါ်လစီဟာ အခြားသောသူတစ်ဦးရဲ့ခွင့်ပြုချက်မရပဲ ထိုသူကို ခြေရာခံ စောင့်ကြည့်ခြင်းများပြုလုပ်နိုင်သည့် app များရဲ့ ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများကို ကြော်ငြာမှုပြု လုပ်ခြင်းအား Google ရဲ့ Advertising Policies Page အရ တားဆီးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။“
“ဒီပေါ်လစီကို ကမ္ဘာတစ်လွှားတွင်အကျိုးသက်ရောက်မှုရှိစေမှာဖြစ်ပြီး ဒီပေါ်လစီကိုစတင်အကျိုးသက် ရောက်မှုရှိစေမယ့်အချိန်ကတော့ ဩဂုတ်လ ၁၁ရက်၊ ၂၀၂၀ခုနှစ်မှာဖြစ်တယ်လို့ သိရှိရပါတယ်။”
သို့သော်လည်း Google ရဲ့ stalkerware ads များကို တားမြစ်ပိတ်ပင်မှုဟာ သီးသန့်စုံစမ်းထောက် လှမ်းရေးဝန်ဆောင်မှုများ (သို့) မိဘများမှ သူတို့ရဲ့ အသက်မပြည့်သေးတဲ့ကလေးတွေကိုခြေရာခံနိုင်စေ ဖို့အတွက်ရေးဆွဲထားတဲ့ဝန်ဆောင်မှုများတော့ ပါဝင်မှာမဟုတ်ဘူးလို့ ဆိုပြီး ဒီအရာက စောင့်ကြည့်ရေး software ကုမ္ပဏီများအတွက် အခွင့်ကောင်းယူနိုင်မယ့် အားနည်းချက်တစ်ခုဖြစ်လာနိုင်ဖွယ်ရှိနေပါ တယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.