Tags: News-Google-Pay-Banking-Service-JobsInYangon
Google မှ ၎င်းတို့ရဲ့ Google Pay ကိုအခြေခံထားသည့် Banking ဝန်ဆောင်မှုကို ထုတ်လွှင့်ရန်အစီအစဉ်ကို ရပ်ဆိုင်းခဲ့
Google မှ ၎င်းတို့ရဲ့ Plex ဝန်ဆောင်မှုဆိုတဲ့ Google Pay app မှတဆင့် အသုံးပြုသူများရဲ့ ဘဏ်စနစ်များကို စီမံခန့်ခွဲနိုင်စေမယ့် Online banking စီမံခန့်ခွဲမှု app ကိုဖန်တီးနေခြင်းအား ရပ်ဆိုင်းလိုက်ပြီပဲဖြစ်ပါတယ်။
ဒီဝန်ဆောင်မှုဟာ အသုံးပြုသူများအနေနဲ့ သမားရိုးကျဘဏ်များမှ ပေးအပ်ထားတဲ့ saving account များကို စစ်ဆေးခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို Google Pay app မှတဆင့် ပြုလုပ်၍ရနိုင်စေမယ့် app တစ်မျိုးဖြစ်ပါတယ်။
The Wall Street Journal မှ ရေးသားခဲ့တဲ့သတင်းတစ်ပုဒ်အရ အဆိုပါလုပ်ငန်းပရောဂျက်ကိုပြုလုပ်ရာတွင် နောက်ဆုံးထားသတ်မှတ်ရက်အမှီ ပြီးစီးအောင်မဆောင်ရွက်နိုင်ခြင်းများနှင့် အဆိုပါပရောဂျက်ကိုဦးစီးခဲ့တဲ့ ကုမ္ပဏီအလုပ်အမှုဆောင်တစ်ဦး အလုပ်ထွက်သွားခြင်း အစရှိတဲ့အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရတာဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.