Tags: Knowledge-IT-Android-Google-JobsinYangon
Google က Android Studio 4.0 ကို ထုတ်လွှင့်ခဲ့ပါတယ်။
Google က Android Studio 4.0 ကို ထုတ်လွှင့်ခဲ့ပါတယ်။ထိုအထဲတွင် Animation များအတွက် Motion Editor, Build time ကိုနှေးကွေးစေတဲ့ပြဿနာ များကိုရှာဖွေဖော်ထုတ်ပေးနိုင်တဲ့ Build Analyzer နှင့် Java 8 A တို့လည်းပါဝင်လာမှာဖြစ်ပါတယ်။
ယခုကဲ့သို့ ဘာဖြစ်မယ်မှန်းသေချာမသိသေးတဲ့အချိန်ကာလအတွင်း ကျွန်ုပ်တို့ဟာ Android အတွက် အလွန်ကောင်းမွန်တဲ့ အံ့အားသင့်ဖွယ် app များကိုထုတ်လုပ်ပေးဖို့ သူတို့ရဲ့နယ်ပယ်တွင် အကောင်းဆုံးလုပ်ဆောင်နိုင်ရန်အတွက် အစဉ်အမြဲနည်းလမ်းများရှာဖွေကာလုပ်ဆောင်နေသော ကမ္ဘာတစ်လွှားရှိ Developer များအားလုံးကို လေးစားပါတယ်။ သင်တို့ဟာ မီးဖိုချောင်က စားပွဲပေါ် မှာ laptop နဲ့လုပ်လုပ်နေတာပဲဖြစ်ဖြစ်၊ အိမ်မှတစ်ဆင့်ရုံးတက်နေရတာပဲဖြစ်ဖြစ် သင်တို့နဲ့အတူ လိုက်ပါလုပ်ဆောင်နိုင်မယ့် tool များကို လိုအပ်မှာပါ။ ဒီ Android Studio 4.0 ကတော့ သင်တို့ အနေနဲ့ ပိုမိုပြီးသပ်ရပ်စွာ Coding များရေးဆွဲနိုင်ဖို့၊ တည်ဆောက်မှုများကို ပိုမိုမြန်ဆန်စွာပြုလုပ်နိုင် ဖို့နဲ့ သင်တို့ရဲ့ အသုံးပြုသူ user များအားကိုးအားထားပြုရတဲ့ app များကို design ရေးဆွဲနိုင်စေဖို့ ပိုမိုအဆင့်မြှင့်တင်ထားတဲ့ tool အသစ်များကိုပြုလုပ်ပေးလိုတဲ့ ကျွန်ုပ်တို့ရဲ့ဆန္ဒကြောင့်ဖြစ်ပေါ်လာ တဲ့ရလာဒ်တစ်ခုပဲဖြစ်ပါတယ်။ ယခုအခါတွင် ဒီအရာကို Stable ဖြစ်တဲ့ Channel ပေါ်မှာရရှိနိုင်ပြီ ဖြစ်ပါတယ် ဟု Google မှ ပြောကြားခဲ့ပါတယ်။
Android Studio 4.0 နဲ့ပက်သတ်တဲ့ highlight အချို့ကတော့ သင့်ရဲ့ app များကို အသက်ဝင်စေ ရန်လုပ်ဆောင်ပေးနိုင်မယ့် Motion Editor အသစ်ပါဝင်လာခြင်း၊ နှေးကွေးတဲ့ build time များရဲ့ အရင်းအမြစ်ကို စစ်ဆေးနိုင်မယ့် Build Analyzer နှင့် သင့် app တွေရဲ့ အနိမ့်ဆုံး API level ဘယ်လောက်ပဲရှိရှိ အသုံးပြုနိုင်မယ့် Java 8 language API များပဲဖြစ်ပါတယ်။ သင်တို့ထံမှ ဝေဖန် အကြံပြုချက်များအရ CPU Profiler user interface ကို ပိုမိုပြီး intuitive workflow ကို ထောက်ပံ့ ပေးနိုင်ရန်နှင့် ပိုမိုလွယ်ကူတဲ့ thread activity ရဲ့ side-by-side analysis ကိုပေးစွမ်းနိုင်စေရန် ပြင် ဆင်မှုများပြုလုပ်ထားပါတယ်။ နောက်ပြီးတိုးတက်ပြောင်းလဲမှုများပြုလုပ်ထားတဲ့ Layout Inspector ဟာ ယခုအခါတွင် သင့် app ရဲ့ UI ကို အချိန်နဲ့တပြေးညီ ဒေတာအချက်အလက်များကို စောင့်ကြည့်နိုင်စေဖို့လုပ်ဆောင်ပေးနိုင်ပြီဖြစ်တဲ့အတွက် စက်ပစ္စည်းများပေါ်တွင် ပြသနေတဲ့ error တစ်စုံတစ်ခုကို တိကျစွာ debug ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.