Tags: News-Google-Maps-NewLook-JobsInYangon
Google Maps ဟာ ဒီဇိုင်းအသစ်ဖြစ်သွားတာကို သင်သိပြီးပြီလား?
မကြာသေးမှီကပဲ Google Maps ဟာ ပုံစံအသစ်သို့ ပြောင်းလဲလိုက်ပြီဖြစ်ပါတယ် - အဆိုပါ ပုံစံ (အမြင်) အသစ်သို့ပြောင်းလဲလိုက်ခြင်းကြောင့် ပိုမိုကာ အသေးစိတ်ကျပြီး အရောင်အသွေးစုံလင် တဲ့ မြေပုံတစ်ခုဖြစ်လို့လာပါတယ်။
အသုံးပြုသူများစွာက Google Maps ပေါ်က မြေပုံများဟာ အရောင်ဖျော့လွန်းနေပြီး အရောင်များ ဟာ ရောထွေးနေတယ်လို့ ကွန်ပလိန်းတက်ခဲ့ကြပါတယ်။ ဒါကြောင့် Google က ဒီပုံစံအသစ် (အမြင်အသစ်) ကိုပြောင်းလဲလိုက်ခြင်းပဲဖြစ်ပါတယ်။
နောက်ဆုံးတစ်ခေါက်ပြောင်းလဲလိုက်တဲ့ မြေပုံရဲ့ ဒီဇိုင်းပုံစံကို Google Maps က နှစ်အနည်းငယ် အကြာက ရေးဆွဲခဲ့တာဖြစ်ပြီး တိုက်တာအဆောက်အဦးများရှိတဲ့ ဧရိယာများရှိ ဈေးဝယ်နိုင်တဲ့ နေရာများကို highlight ပြုလုပ်ထားပြီး လမ်းများကိုဖော်ပြပေးထားတဲ့လိုင်းကြောင်းများကိုတော့ ဖယ်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပြောင်းလဲမှုက အခြေအနေတွေကို ပိုမိုဆိုးရွားသွားစေခဲ့ပါတယ် - အရောင်များဟာလည်း ကွဲပြားမှုရှိမလာသေးတဲ့အပြင် သီးသန့်နေရာများဟာလည်း တစ်ခုနဲ့တစ်ခု ရောထွေးသွားပါတယ်။
အခုအချိန်မှာတော့ Google Maps ဟာ သူတို့ရဲ့ဝန်ဆောင်မှုကိုအသုံးပြုနေတဲ့သူများထံမှ အကြံပေးချက်များကို လက်ခံကြားနာခဲ့ပြီးနောက် အသွင်သစ်နဲ့ အခြေခံမြေပုံတစ်ခုကိုချပြလိုက်ပြီ ပဲဖြစ်ပါတယ်။ ယခုအခါ Google Maps ဟာ ပိုပြီး အရောင်အသွေးစုံလင်လာမှာဖြစ်တဲ့အတွက် ပိုပြီးထင်ထင်ရှားရှားတွေ့မြင်နိုင်တော့မှာဖြစ်သလို ပါဝင်ဖွဲ့စည်းထားတဲ့ အချက်အလက်တွေဟာ လည်း တစ်ခုနဲ့တစ်ခုရောထွေးမနေတော့ပဲ ပိုပြီး လက်တွေ့ဆန်လာမှာဖြစ်ပါတယ်။ Google ဟာ ဒီမြေနေရာအနေအထားများကို satellite ဓါတ်ပုံများအား အခြေခံ၍ အရောင်သွင်းခဲ့တာဖြစ်ကာ ထို့ နောက်တွင်မှ ကွန်ပြူတာတွက်ချက်မှုများကိုအသုံးပြုပြီး မြေပုံတစ်ခုအဖြစ်ပြောင်းလဲပေးခဲ့တာဖြစ် ပါတယ်။
ဒါဟာဘာကိုဆိုလိုလဲဆိုရင် - အကယ်၍ နေရာတစ်ခုဟာ အမှန်တကယ်စိမ်းလန်းတဲ့နေရာတစ်ခု ဖြစ်ပါက ယခင်မြေပုံမှာမီးခိုးရောင်သာဖြစ်နေမှာဖြစ်သော်လည်း ယခုအခါမှာတော့ မြေပုံအတွင်း မှာလဲ အစိမ်းရောင်အနေနဲ့ တွေ့မြင်နိုင်တော့မှာပဲဖြစ်ပါတယ်။
မြို့ပြနေရာများဟာလည်းပိုမိုပြီး အသေးစိတ်ကျလာမှာဖြစ်ကာ သင့်အနေနဲ့ ပလက်ဖောင်းများ၊ လူကူးမျဉ်းကြားများနဲ့ အခြားသောအရာများကို မြေပုံပေါ်တွင် လွယ်ကူစွာခွဲခြားသိမြင်နိုင်မှာဖြစ်ပါ တယ်။
ဒါပေမယ့်လည်း ဒီပြောင်းလဲမှုဟာ တဖြည်းဖြည်းခြင်းလုပ်ဆောင်သွားရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ လန်ဒန်၊ နယူးယောက် နဲ့ ဆန်ဖရန်စစ်စကိုမြို့များတွင်သာ အရင်ပြောင်းလဲမှုတွေ ရှိလာ မှာဖြစ်ပြီး ကျန်မြို့များရဲ့မြေပုံများကိုတော့ အနာဂါတ်တွင်တဖြည်းဖြည်းပြောင်းလဲနိုင်ဖို့လုပ်ဆောင် သွားမှာဖြစ်ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.