Tags: News-Google-Maps-Editing-Roads-JobsInYangon
Google မှ Google Map ပေါ်တွင် မပါသော လမ်းမများကို User များမှ ထည့်သွင်းနိုင်မည့် လုပ်ဆောင်ချက်အသစ်တစ်ခုအား ထုတ်လွှင့်ရန် စီစဉ်နေ
Google မှ Google Map ပေါ်တွင် မပါသော လမ်းမများကို User များမှ ထည့်သွင်းနိုင်မည့် လုပ်ဆောင်ချက်အသစ်တစ်ခုအား ထုတ်လွှင့်နိုင်ရန်အတွက် အစီအစဉ်များရေးဆွဲလျှက်ရှိနေပြီး သူတို့ရဲ့ဝန်ဆောင်မှု အပြည့်အဝမရရှိနိုင်တဲ့ အချို့သော ဧရိယာများတွင်နှင့် Google ရဲ့ ဒေတာအချက်အလက်များ အပြည့်အဝမရရှိနိုင်တဲ့နေရာများတွင် ဝန်ဆောင်မှုများပိုမိုကောင်းမွန်စေရန်အတွက် ရည်ရွယ်ထားကြောင်း ထုတ်ဖော်ကြေငြာခဲ့ပါတယ်။
အဆိုပါလုပ်ဆောင်ချက်ကို လက်ရှိ Google Maps ရဲ့ desktop web version များတွင်သာ ရရှိနိုင်ဦးမှာဖြစ်ပြီး mobile ဖုန်းများတွင်တော့ အသုံးပြု၍ရနိုင်ဦးမှာ မဟုတ်ပါဘူး။ ထိုအရာကို ပထမဦးဆုံးအနေနဲ့ အနည်းဆုံး နိုင်ငံပေါင်း ၈၀ ကျော်ခန့်တွင် ရရှိနိုင်အောင် စီစဉ်နေပြီး ပေးပို့လာတဲ့ မြေပုံပြောင်းလဲရန် အကြံပြုချက်များကို Google မှ စစ်ဆေးပြီးနောက်တွင်မှ အခြားသောအသုံးပြုသူများ တွေ့မြင်နိုင်စေရန်အတွက် publish ပြုလုပ်ပေးသွားမှာဖြစ်ကြောင်းကိုလည်း Google မှ ပြောကြားခဲ့ပါတယ်။
Google မှ ယခုကဲ့သို့ user များအနေနဲ့ မြေပုံများကို edit ပြုလုပ်၍ပြင်ဆင်နိုင်ရန် ပြုလုပ်ပေးခဲ့တာဟာ ယခုအကြိမ်က ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ယခင်ကလည်း Map Maker ဟု ခေါ်တွင်တဲ့ Tool တစ်ခုကို ထုတ်လွှင့်ပေးခဲ့ဖူးပြီး မြေပုံများအတွက်သီးသန့် Wikipedia ကဲ့သို့သော community တစ်ခုကို တည်ဆောက်ပေးခဲ့ပါတယ်။ သို့သော်လည်း အဆိုပါ tool ကိုအသုံးပြုကြရာတွင် စည်းကမ်းကြပ်မတ်မှုမပြုလုပ်နိုင်တော့တဲ့အတွက် အဆုံးသတ်တွင် ၂၀၁၇ ခုနှစ်အတွင်း အဆိုပါ tool ကို Google မှ ပိတ်သိမ်းခဲ့ရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.