Jobs In Myanmar
Load...

Five things you must not do in an interview and five things you must

by Re: LinkedIn Blog Lou Adler


Tags: Job interview cover letter Myanmar



 

How to Shoot Yourself in the Foot in the Interview

(1) Stop using generalities

ဘယ်တော့မှ ရိုးအီနေသောစကားလုံးတွေကို မသုံးမိပါစေနဲ့။ ဒါတွေကတော့ “ငါကပြဿနာ တွေကို ဖြေရှင်းနိုင်တဲ့ လူတစ်ယောက်ပါ” “ငါက တကယ်တော်တဲ့အဖွဲ့ဝင်ကောင်းတစ်ယောက်ပါ” ဆိုတာတွေပါ။ ပုံမှန်ပြောနေကျ မင်းရဲ့အားသာချက်တွေဟာ အင်တာဗျူးတဲ့သူတွေအတွက် လျစ်လျူရှု ခံရနိုင်ပါတယ်။ ပြီးတော့ ခဏလေးနဲ့မေ့နိုင်ပါတယ်။ အင်တာဗျူးသူတွေက အလုပ်လာ လျှောက်သူတွေရဲ့ အရည်အချင်းကိုသိချင်နေတဲ့အချိန်တွေဆိုရင် သူတို့တွေက ဥပမာတွေ၊ ပုံပြင်တွေ ပေးပြီး အလုပ်လာလျှောက်သူတွေကို ဘယ်လိုနည်းတွေနဲ့ ဖြေရှင်းဖူးခဲ့လည်းဆိုတာကို မေးကြပါ တယ်။ ဒီလိုအချိန်မျိုးတွေမှာ သူတို့က အလုပ်လာလျှောက်သူတွေအနေနဲ့ ဘယ်လိုဘွဲ့တွေရှိခဲ့လဲဆို တာတွေနဲ့ အဆုံးသတ်ကြပါတယ်။

(2) Never say “I don’t have any weaknesses”

လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိကြပါတယ်။ အင်တာဗျူးသူက မင်းမှာဘာအားနည်းချက်ကို တကယ်သိချင်လို့ မင်းအနေနဲ့ မင်းမှာ အားနည်းချက်မရှိဘူးလို့ ပြောခဲ့တယ်ဆိုရင် မင်းအနေနဲ့ မင်းဟာပိုပြီး တိုးတက်လာခြင်းမရှိတာတွေ၊ အသစ်အသစ်တွေကို မသင်ယူနိုင်တာတွေနဲ့ သူများတွေ ကို မသင်ပေးနိုင်တော့ဘူးလို့ထင်မိစေပါတယ်။ အားနည်းချက်ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပြရမယ် ဆိုရင် မင်းအနေနဲ့ ဘယ်လုသင်ယူနိုင်ခဲ့သလဲနဲ့ ဘယ်လိုအကောင်းဆုံးဖြစ်အောင် ဘယ်လိုကြိုးစားပြီး လုပ်ခဲ့သလဲလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။

(3) Don’t give answers that are too short or too long

အင်တာဗျူးတစ်ခုမှာ မင်းဖြေလိုက်တဲ့ အဖြေဟာ မင်းကဘယ်လိုလူမျိုးလဲဆိုတာ အဆုံး အဖြတ်ပေးခြင်းကိုခံရမှာပါ။ အင်တာဗျူးတစ်ခုအတွက် အကောင်းဆုံးအဖြေတွေက ၁ မိနစ် ၂ မိနစ် အထိ ကြာရှည်ပါတယ်။ တကယ်လို့ မင်းရဲ့အဖြေဟာ အရမ်းတိုတယ်ဆိုရင် အင်တာဗျူးတဲ့သူအနေနဲ့ မင်းဟာကိုယ်ပိုင်အရည်အချင်းနည်းပါသူ၊ ထိုးထွင်းသိမြင်နိုင်မှုနည်းသူနဲ့ စိတ်ဝင်စားမှုမရှိဘူးလို့ထင် နိုင်ပါတယ်။ ဒီထက်ပိုဆိုးရင်တော့ မင်းဟာ အင်တာဗျူးလုပ်တဲ့သူကို မေးခွန်းခက်ခက်တွေမေးစေဖို့ နိုးဆော်လိုက်တာပါပဲ။ ဒါနဲ့မတူဘဲ မင်းဟာကြာရှည်စွာ အဖြေကိုပြောနေတဲ့သူဆိုရင် သေသေချာချာ မရှိသူ၊  ဖြေတဲ့အဖြေမှာပဲ တစ်ဝဲလည်လည်ဖြစ်နေတယ်လို့ထင်ပြီး ပျင်းသွားနိုင်ပါတယ်။ မင်းအဖြေက ၂မိနစ် ထက်ပိုကျော်သွားမယ်ဆိုရင်တော့ အင်တာဗျူးလုပ်တဲ့သူဟာ မင်းအဖြေအပေါ် အာရုံ မရောက်တော့ဘဲ မင်းပြောသမျှ နားမထောင်နိုင်ဘဲ စိတ်လွင့်သွားနိုင်ပါတယ်။

(4) Don’t ask “What’s in it for me” questions

အင်တာဗျူးစစခြင်းမှာ မင်းအနေနဲ့ မင်းဟာဈေးလာရောင်းသူလို့မှတ်ယူရပါမယ်။ တကယ်လို့ မင်းဟာ အရမ်း Hot တဲ့သူဆိုရင် မင်းအနေနဲ့ Company တိုင်းက လိုချင်နေတဲ့သူတစ်ယောက်အဖြစ် မိမိကိုယ်ကို စိတ်ထဲမှာခံယူထားရပါမယ်။ ကိုယ့်ကိုယ်ကိုယ်မေးတတ်တဲ့မေးခွန်းတွေလိုပဲ ငါ့အတွက် လစာ ဘယ်လောက်ပေးနိုင်မလဲဆိုတာကို မေးရပါမယ်။ ဒါမှမဟုတ် အကျိုးခံစားခွင့်တွေ၊ တခြား ထောက်အပံ့တွေရနိုင်မလဲဆိုတာတွေကောပါ။ မင်းအနေနဲ့ ဒီလိုမေးလိုက်လို့အဆင်ပြေတယ်ဆိုရင် အင်တာဗျူးတဲ့သူအနေနဲ့ မင်းဟာဒီလိုအလုပ်ကိုအာရုံစိုက်ပြီးလုပ်ဖို့ ဆန္ဒရှိတယ်ဆိုတာသိသွား စေနိုင်တာပါပဲ။

(5) Don’t look at your resume

အင်တာဗျူးနေစဉ်အတွင်းမှာ မင်းရဲ့အလုပ်လျှောက်လွှာကို ဘယ်တော့မှမကြည့်မိအောင် ကြိုးစားပါ၊ ဒီလိုကြည့်လိုက်ခြင်းဟာ မင်းအနေနဲ့ မင်းရဲ့အလုပ်လျှောက်လွှာမှာ ဘာတွေရေးထားမှန်း မသိအောင်စိတ်ရှုပ်ထွေးနေတယ်လို့ ထင်မိစေမှာပါ။ အင်တာဗျူးသူတိုင်းဟာ မင်းအနေနဲ့ ဒါတွေကို မမှတ်မိနိုင်ဘူးထင်တယ်ဆိုရင် မင်းရဲ့အလုပ်လုပ်ခဲ့ဖူးတဲ့ ဒီလိုနောက်ကြောင်းတွေကို စာရွက် ၃၊၄ ရွက် ပေါ်ကို ရေးချပြီး အင်တာဗျူးမ၀င်ခင်ပြင်ဆင်သင့်ပါတယ်။

How to Gain an Interviewing Advantage

(1)Be prepared

အင်တာဗျူးတစ်ခုဟာ တခြားအရေးတကြီးမင်းကိုယ်မင်းတော်ကြောင်း၊ တက်ကြောင်းပြောတာ တွေထက် ပိုအရေးကြီးပါတယ်။ ဒါကြောင့်သေသေချာချာပြင်ဆင်ထားသင့်ပါတယ်။ ဒီပြင်ဆင်ခြင်းထဲက တစ်ခုကတော့ မင်းအင်တာဗျူးဝင်ရင်တွေ့ရမယ့် Company အကြောင်း၊ အလုပ်အကြောင်းနဲ့ တကယ်လို့ မင်းကိုအင်တာဗျူးမယ့်သူကို သိတယ်ဆိုရင် သူရဲ့ Linkedin profile ထဲဝင်ပြီး သူ့အကြောင်းကိုကြိုသိအောင်း လုပ်ထားသင့်ပါတယ်။ ဒါပေမဲ့ဒါကအစပဲရှိပါသေးတယ်။ မင်းအနေနဲ့မင်းကိုယ်မင်း ဘာတွေလုပ်ဖူးခဲ့လဲ၊ ပြီးတော့ မင်းရဲ့အလုပ်လျှောက်လွှာမှာ ဘာတွေရေးထားခဲ့လဲ၊ ပြီးတော့မင်းရဲ့အားနည်းချက်တွေ အားသာ ချက်တွေကို သေချာသိအောင် လုပ်ထားရပါမယ်။

(2)Ask insightful questions

အင်တာဗျူးသူတွေဟာ မင်းဆီကလာတဲ့အချက် သုံးချက်ပေါ်မူတည်ပြီး အဆုံးအဖြတ်ပေးမဲ့သူ တွေပါ။ ဒါတွေကတော့ မင်းကို ပထမဆုံးအထင်ကြီးမှု၊ မင်းဖြေတဲ့အင်တာဗျူးအဖြေတွေရဲ့ အရည်အသွေးနဲ့ မင်းသူတို့ကို မင်းသူတို့ကိုပြန်မေးတဲ့ မေးခွန်းတွေရဲ့အရည်အသွေးပါပဲ။ တကယ့်ကြီးကျယ်ခမ်းနားတဲ့ မေးခွန်း တွေဟာ အားနည်းချက်တွေကို ဖြေရှင်းပြီး ရရှိလာတဲ့ ရလဒ်တွေကိုမူတည်ပြီး မေးတာ တွေများပါတယ်။ တကယ့်အကောင်းဆုံးမေးခွန်းတွေက လုပ်ရမယ့်အလုပ်ရဲ့အကျိုးရလဒ်နဲ့ ပြိုင်ဆိုင်မှုတွေကို ဦးစားပေးပြီး မေးတာတွေပါ။

(3)Convert the interview into a past performance review

မင်းအနေနဲ့ အင်တာဗျူးသူဟာ စေ့စပ်သေချာတဲ့ သူတစ်ယောက်ဆိုရင် မင်းအနေနဲ့ လုပ်ရမယ့် အလုပ်ရဲ့ အရေးကြီးတဲ့မျှော်မှန်းချက် ( သူတို့မင်းကိုဘယ်လောက်ထိမျှော်မှန်းထားလဲ) ဆိုတာကိုမေး သင့်ပါတယ်။ ဒါကိုသိရင်မင်းအနေနဲ့ ဒီလိုအလုပ်မျိုးနည်းတူ မင်းလုပ်ခဲ့ဖူးပြီး ဘယ်လိုအောင်မြင်အောင် ဘယ်လိုအရာမျိုးတွေနဲ့ လုပ်နိုင်ခဲ့သလဲဆိုတာကို ပြောပြသင့်ပါတယ်။

(4)Prove Strengths and neutralize weaknesses

မင်းရဲ့အားနည်းချက်၊ အားသာချက်တွေကို ပြောပြသင့်ပါတယ်။ မင်းရဲ့အားသာချက်တွေကို ပြောပြတဲ့အခါ ဒီအားသာချက်တစ်ခုစီကြောင့် projects ၁ခု   ဒါမှမဟုတ် ၂ခုထိပြီးခဲ့တယ်ဆိုတာကို ရည်ညွန်းပြောဆိုလိုက်ပါ။ အားနည်းချက်ကိုပြောတော့မယ်ဆိုရင် မင်းမအောင်မြင်ခဲ့တဲ့အရာ တွေဆီက အတွေ့အကြုံကို ဘယ်လိုလေ့လာခဲ့တယ် ဒါမှမဟုတ် ဘယ်လိုအပေးအယူ တည့်စွာ ဖြေရှင်းခဲ့လဲဆိုတာကို ပြောပြသင့်ပါတယ်။

 

(5) Ask about next steps

အင်တာဗျူးအဆုံးကိုရောက်တဲ့အချိန်မှာ မင်းအနေနဲ့ အလုပ်ရခဲ့ရင် ဘယ်လိုနေရာမှာ လုပ်ရ မယ်ပြီးတော့ နောက်ထပ် ဘယ်လိုအဆင့်တွေရှိမလဲဆိုတာ မေးလိုက်ပါ။ တကယ်လို့ အင်တာဗျူးသူဟာ မင်းရဲ့မေးခွန်း၊ အဖြေတွေကို မသဲကွဲဘူးဆိုရင် ဟိုးအင်တာဗျူးအစထိ သူ့ကိုခေါ် သွားဖို့ မကြိုးစားပါနဲ့။ ဒီလိုအချိန်မျိုးမှာ မင်းအနေနဲ့ အဲဒီရာထူးရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့အရာ တစ်ခုခု မင်းဆီမှာမရှိတာလားလို့ မေးသင့်ပါတယ်။ ဟုတ်တယ်လို့ပြောလိုက်တယ်ဆိုရင် မင်းအနေနဲ့ ဒီလိုအလုပ်မျိုးနည်းတူ မင်းအရင်အလုပ်တွေမှာ အောင်မြင်ခဲ့တယ်ဆိုတာကို နည်းနည်းလျှော့ပြီး ပြောရမယ့် အခြေအနေရှိပါတယ်။ အလုပ်ခန့်မယ့် မန်နေဂျာအများစုဟာ စိစစ်တာနဲ့ မှန်မမှန်ဆုံး ဖြတ်တဲ့ အရည်အချင်းတွေဟာ သူတို့အတွေ့အကြုံတွေနဲ့ ဒီအတွေ့အကြုံကရရှိတဲ့ ပညာတွေကြောင့် ပိုများနိုင်ပါတယ်။ အလုပ်ရှာတဲ့သူတွေကလည်း ဒီလိုအခြေအနေမျိုးနဲ့ မေးခွန်းတွေကို ပိုမိုပြင်ဆင်ထား သင့်ပါတယ်။ အင်တာဗျူးဝင်ခြင်းက စာသင်ပေးခြင်းမဟုတ်သလို စက္ကန့် ၃၀စာ အမေးအဖြေလုပ် နေတဲ့ အခန်းလည်းမဟုတ်ပါဘူး။ ဒါကြောင့် သူမေးတာကို ဖြေရမယ့်အပြင် တခြားသူတို့ Business ကို ကိုယ့်အနေနဲ့ မလုပ်ခင်ကတည်းက ထိုးထွင်းသိနေတဲ့ အနေနဲ့ ပြန်မေးခြင်း၊ တခြား ဒီ Business နဲ့ ဆိုင်တဲ့ အကြောင်းအရာများကို အင်တာဗျူးဖြေရင်းနဲ့ မေးမြန်းခြင်းတို့ကိုပြုလုပ်သင့်ပါတယ်။ အမှားတစ်ခုခုကို လုပ်မိပါက ဒီအမှားကို အမှန်အဖြစ်ပြောင်းလဲပြီး အင်တာဗျူးသူရဲ့ စိတ်ကျေနပ်မှုကို ရရှိအောင် လုပ်သင့်ကြောင်း အကြံပေးလိုပါတယ်။

Translated from LinkedIn


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Polymer Company Limited

Polymer Company Limited

Vision - To be the leader in the market. Mission - We will provide best and services available to make a difference. - We will inspire lifestyle of people. - We will treat all individuals (stak...
Show the postings (9)
Ve Ve Soft Drinks Factory

Ve Ve Soft Drinks Factory

..The Green Circle Co., Ltd,a food and beverage company was founded in 1997. Green Circle engages in manufacturing, marketing, Sale, and distribution. The company comprises beverages such as soft drin...
Show the postings (9)
V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (38)
DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)
FORUM8 YANGON Co.,Ltd.

FORUM8 YANGON Co.,Ltd.

Sales/Office work, Engineering workFORUM8 exerts its force primarily on the development/marketing of software that support civil engineering design, analysis, architectural design, etc. and lately the...
Show the postings (1)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS