Jobs In Myanmar
Load...

Here are 10 career skills you need to learn in 2021 to land your dream job

by www.jobsinyangon.com


Tags: Knowledge-Career-Upskilling-Skills-JobsInYangon



2021 ခုနှစ်တွင် အလွန်ကောင်းမွန်တဲ့အလုပ်နေရာတစ်ခုကိုရရှိနိုင်ရန်အတွက် သင်ယူလေ့လာထားသင့်သော သက်မွေးဝမ်းကျောင်းပညာရပ် (၁၀) ခု

 

နှစ်သစ်မှာ လူသစ်၊ စိတ်သစ်နဲ့ နေထိုင်နိုင်ဖို့ဆိုတဲ့ဆောင်ပုဒ်ဟာ လက်တွေ့တွင်လိုက်ပါလုပ်ဆောင်ရန်ခက်ခဲသော်လည်း သင့်အနေနဲ့ ကျွမ်းကျင်မှုအသစ်များကို လာမယ့်နှစ်သစ်အတွင်းမှာ သင်ယူလေ့လာနိုင်ဖို့အတွက် ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ဒီအရာတွေ တစ်ကယ်ဖြစ်လာနိုင်ပါတယ်။ 

ဒီတော့ ၂၀၂၁ ခုနှစ်တွင် သင့်အားအသစ်တစ်ဖန်ပြန်လည်မွမ်းမံပေးနိုင်မယ့် ပညာရပ် (၁၀) မျိုးကို လေ့လာကြည့်လိုက်ရအောင်လားခင်ဗျာ။ 

 

၁။ အခြေခံ ကုဒ်ရေးဆွဲမှု (Basic Coding) 
IT နဲ့ နည်းပညာများထွန်းကားလာတဲ့ ကမ္ဘာကြီးမှာ software တို့ရဲ့အခန်းကဏ္ဍဟာ လွန်စွာအရေးကြီးလာပြီပဲဖြစ်ပါတယ်။ ဒီအတွက် သင်ဟာ IT နည်းပညာနယ်ပယ်ကိုဝင်ရောက်ဖို့ကြိုးစားနေသူတစ်ဦးဖြစ်ပါက အခြေခံ Basic Coding နည်းစနစ်များကို သင်ယူထားလိုက်ခြင်းက သင့်ရဲ့ Career လမ်းကြောင်းတွင် အထောက်အကူဖြစ်လာစေမှာဖြစ်ပါတယ်။ သင်ယူသင့်သော ဘာသာရပ်များကတော့ - Java, Python, HTML တို့အပြင် အခြားသော Coding ဘာသာရပ်များလည်း များစွာရှိနေတာမို့ မိမိတို့နှစ်သက်ရာကို ယခုပဲ ရွေးချယ်သင်ယူလိုက်ပါ။ 

 

၂။ လုပ်ငန်းပရောဂျက်စီမံခန့်ခွဲမှု (Project Management) 
Project Management ဟာ လျှင်မြန်စွာတိုးတက်လာနေတဲ့ Career နယ်ပယ်တစ်ခုဖြစ်ပြီး ယခုနှစ်သစ်ဟာ သင့်ရဲ့ Career လမ်းကြောင်းကိုပြောင်းလဲနိုင်ဖို့ အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်။ သင်ဟာ Project Manager တစ်ဦးဖြစ်လိုသူ (သို့မဟုတ်) မိမိတို့ရဲ့လုပ်ငန်းအတွက် နည်းဗျူဟာအသစ်များကိုရှာဖွေနေတဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်တယ်ဆိုရင်တော့ Project Management သင်တန်းများကို တက်ရောက်ဖို့တိုက်တွန်းလိုပါတယ်။ 

 

၃။ Google Analytics 
Google Analytics ဟာ လုပ်ငန်းစီးပွားရေးများအနေနဲ့ သူတို့ရဲ့ Online ပေါ်ကအောင်မြင်မှုကို တိုင်းတာနိုင်ရန် အစားထိုးမရနိုင်တဲ့ tool တစ်ခုဖြစ်ပြီး ထိုအရာထံတွင်ရှိနေတဲ့ များစွာသောလုပ်ဆောင်ချက်များကို အပြည့်အဝ အသုံးချနိုင်ဖို့ရာအတွက် လုပ်ငန်းလုပ်ကိုင်နေသူများအနေနဲ့ သီးသန့်သင်တန်းတစ်ခုကို တက်ရောက်ထားရမှာဖြစ်ပါတယ်။ သင်ဟာ Online စီးပွားရေးလုပ်ငန်းရှင်တစ်ဦး (သို့) Digital Marketing ပညာရပ်နဲ့ အသက်မွေးလိုသူတစ်ဦးဖြစ်ပါက အဆိုပါပညာရပ်ကိုလည်း သင်ကြားထားသင့်ပါတယ်။ 

 

၎။ Information Technology (IT) 
နည်းပညာခေတ်ကြီးမှာ အသစ်အသစ်သောနည်းပညာများနဲ့ ထွန်းကားမှုများကို မျက်ခြေမပြတ်သိရှိနိုင်စေရန်အတွက် အမျိုးမျိုးသော IT နည်းပညာများကို သင်ယူထားဖို့ဟာလည်း အရေးကြီးလှပါတယ်။ ထိုအရာများတွင် - ကွန်ပြူတာပရိုဂရမ်များ၊ ဆက်သွယ်ရေးနည်းပညာများ၊ စာတိုပေးပို့မှုများနဲ့ Social Media Platform များအပြင် အခြားသော နည်းပညာနှင့်စပ်ဆက်နေသော အရာများပါဝင်နေပါတယ်။ 

 

၅။ Machine Learning 
Programmer ဖြစ်လာလိုသူများအဖို့ များစွာသောဒေတာအချက်အလက်များကို သိရှိထားခြင်းနှင့် Machine Learning တို့ဟာ ရှိကိုရှိထားသင့်တဲ့ ကျွမ်းကျင်မှုတစ်ခုပဲဖြစ်ပါတယ်။ အနောက်နိုင်ငံများတွင် အဆိုပါနယ်ပယ်၌ကျွမ်းကျင်သူများအား များစွာလိုအပ်နေပြီး အမြဲတမ်းအလုပ်ခေါ်ယူခံရသော အလုပ်အကိုင်များထဲတွင် တစ်ခုအပါအဝင်အဖြစ် ရပ်တည်လျှက်ရှိနေပါတယ်။ 

 

၆။ Cloud Computing 
၂၀၂၁ ခုနှစ်အတွင်း AWS ကို ကောင်းစွာအသုံးပြုနိုင်သော professional များဟာ အလွန်လစာကောင်းလှပါတယ်။ နိုင်ငံရပ်ခြားတွင်တော့ အဆိုပါပညာရပ်ဟာ လွန်စွာခေတ်စားလျှက်ရှိနေပြီး လွန်စွာလိုအပ်လျှက်ရှိနေသော အလုပ်အကိုင်များထဲမှတစ်ခုပဲဖြစ်ပါတယ်။ 

 

၇။ သုံးစွဲသူဝန်ဆောင်မှုလုပ်ငန်းများ/ User Experience
ဟောင်းသော်လည်း ရိုးမသွားနိုင်တဲ့ဝန်ဆောင်မှုများတွင် သုံးစွဲသူဝန်ဆောင်မှုလုပ်ငန်းများဟာ ထိပ်ဆုံးနေရာမှ ရပ်တည်လျှက်ရှိနေပါတယ်။ နည်းပညာနဲ့ ရုပ်ဝတ္ထုပစ္စည်းများ မည်သို့ပင်တိုးတက်လာစေကာမူ လူတစ်ဦးကို ဝန်ဆောင်မှုပေးရာတွင် အခြားသူတစ်ဦးမှ တာဝန်ယူဖြေရှင်းပေးခြင်းဟာ စက်များကိုကြားခံထား၍ ဝန်ဆောင်မှုပေးခြင်းထက်ပို၍ သုံးစွဲသူနှင့် ရောင်းချသူအကြား ယုံကြည်မှုကို ပိုမိုတိုးတက်လာစေမှာဖြစ်ပါတယ်။ ဒီအတွက် User Experience နဲ့သက်ဆိုင်တဲ့ ပညာရပ်များဟာလည်း အလုပ်လိုချင်သူများအနေနဲ့ လေ့လာထားသင့်တဲ့ ပညာရပ်တစ်ခုအဖြစ် ကျွန်ုပ်တို့က ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။  

 

၈။ Blockchain 
Blockchain ဆိုသည်မှာ ဒေတာများကို အခြားသူများမှ Hack ၍ မရအောင်၊ ယူကြည့်၍မရနိုင်စေရန် ရည်ရွယ်၍ တည်ဆောက်ထားသော database ပုံစံတစ်မျိုးဖြစ်ပြီး အများအားဖြင့် အရေးကြီးသော စာရင်းဇယားများ မပျောက်ပျက်အောင်၊ ခိုးယူ၍မရနိုင်စေရန်အတွက် သိမ်းဆည်းလေ့ရှိကြပါတယ်။ အဆိုပါနည်းပညာရပ်ဟာလည်း လက်ရှိ နိုင်ငံရပ်ခြားတွင် တွင်ကျယ်စွာအလုပ်ခေါ်ယူနေပြီး နောင်တစ်ချိန်တွင် ပြည်တွင်းမှာပါရေပန်းစားလာနိုင်သော ပညာရပ်တစ်ခုဖြစ်တဲ့အတွက် သင်ကြားထားဖို့ကျွန်ုပ်တို့ကတိုက်တွန်းလိုပါတယ်။ 

 

၉။ Application များ ရေးဆွဲခြင်း (App Development)
သင့်ကိုယ်ပိုင် Android နဲ့ iPhone application များကို ရေးဆွဲဖို့စိတ်ဝင်စားနေသူတစ်ဦးဖြစ်ရင်တော့ ဖော်ပြပါ နည်းပညာရပ်နဲ့သက်ဆိုင်တဲ့ သင်တန်းများကို တက်ရောက်ထားသင့်ပြီပဲဖြစ်ပါတယ်။ ယခုအချိန်ဟာ လုပ်ငန်းအတော်များများလည်း ရပ်နားထားရတဲ့အချိန်ဖြစ်နေတာမို့ မိမိတို့ရဲ့ career ကို app development ပိုင်းသို့ပြောင်းလဲလိုပါက တက်ရောက်ထားသင့်တဲ့ ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။ 

 

၁၀။ ဒေတာအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း (Data Analysis) 
Data များကို စုစည်းကောက်ယူခြင်း၊ လေ့လာခြင်း အစရှိသည်တို့အတွက် သင်ကြားလိုပါသလား? Python, Advanced Excel, Excel Pivot Tables, နဲ့ Power BI ကဲ့သို့သော software များကိုအသုံးပြု၍ Data Analysis ပြုလုပ်ပုံများအကြောင်းကို Online ပေါ်တွင်ရှာဖွေ၍ အလွယ်တကူသင်ယူနေနိုင်ပြီပဲဖြစ်ပါတယ်။ 

 

အထက်တွင် ဖော်ပြသွားတဲ့ ပညာရပ်များကိုအသုံးပြု၍ မိမိတို့ရဲ့ Career လမ်းကြောင်းမှာ ကောင်းမွန်တဲ့ ရလာဒ်များကို ဆောင်ကြဉ်းနိုင်ပါစေလို့ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Digital Laboratory Co., Ltd.

Digital Laboratory Co., Ltd.

..1. MOBILE APP DEVELOPMENT State of the art iOS and Android mobile app development and UI / UX design 2. WEB DEVELOPMENT Beautiful and responsive websites built with popular CMS and eCommerce plat...
Show the postings (2)
One Cloud Co., Ltd.

One Cloud Co., Ltd.

Make us your reliable vendor and have a greatest contribution from us. With our expertise and track record, you can be assured of receiving quality infrastructure and services. Network Infrastructure...
Show the postings (1)
Eastern Group of Companies

Eastern Group of Companies

We are currently seeking dedicated staffs that have a desire to serve others while building a professional career.Over the years, our company has expended and diversified business in poultry farming, ...
Show the postings (8)
MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

Translator -Female -Chinese language (4 Skills) -Graduate UniversityMYANMAR YANG DING is Taiwanese LED manufacturing below at PARA LIGHT Group Our HQ at Taipei, Taiwan. The Myanmar factory i...
Show the postings (4)
Diebold Nixdorf Myanmar Ltd

Diebold Nixdorf Myanmar Ltd

With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS