Jobs In Myanmar
Load...

How Can I Beat Out Another Candidate in the Final Interview?

by Admin


Tags: interview jobs in yangon jobs in mandalay interview tips



အလုပ်အင်တာဗျူးတစ်ခုဖြေဆိုရတော့မယ်ဆိုရင် မလွဲမသွေကြုံတွေ့ရမယ့်အရာကတော့ သင့်နဲ့ အလားတူပဲ လာရောက်အလုပ်လျှောက်ထားတဲ့သူတွေပါပဲ။ အလုပ်လာလျှောက်သူတိုင်းဟာ အဆိုပါကုမ္ပဏီမှာ အလုပ်ရရှိနိုင်မှာမဟုတ်တဲ့အတွက်ကြောင့် အင်တာဗျူးဟာ တစ်နည်းအားဖြင့်ပြောရရင် ပြိုင်ဆိုင်တဲ့ပွဲတစ်ခုဆိုရင်လည်းမှားမယ်မထင်ပါဘူး။

ဒါဆို သင့်အနေနဲ့ အင်တာဗျူးမှာ ရွေးချယ်ခြင်းခံရအောင် ဘယ်လိုလုပ်မလဲ။ အင်တာဗျူးမှာ တခြားလာဖြေတဲ့သူတွေထက် သာလွန်အောင်၊ အလုပ်ရှင်၊ အလုပ်ခန့်ထားမယ့်သူတွေက သင့်ကို တခြားသူတွေထက်ပိုပြီးသဘောကျအောင် ဘယ်လိုလုပ်မလဲ။ သူတို့က သင့်ကို တခြားသူတွေထက်ပိုပြီးသဘောကျမှသာ သင်ဟာ အလုပ်ရနိုင်ခြေရှိတာကိုး။ ဒါဆို အဲ့ဒီ ဘယ်လိုတွေ လုပ်မလဲဆိုတာတွေကို သိရအောင် ဆက်ဖတ်ကြည့်လိုက်ရအောင်။

အရင်ဆုံး စိတ်အေးအေးထားပါ။ပြိုင်ပွဲဆိုတဲ့ စကားလုံးကိုအပေါ်မှာဖတ်လိုက်ရလို့ တကယ့်ကို ပြိုင်ပွဲကြီးတွေ တိုက်ပွဲကြီးတွေ ဆင်နွှဲလိုစိတ်တွေဖြစ်နေရင် အဲ့စိတ်ကို အရင်ထိန်းချုပ်လိုက်ပါဦး။ အရေးကြီးဆုံး အချက်ကတော့ သင့်ရဲ့စိတ်ထားပါပဲ။ တခြားသူကို ဘယ်လိုအနိုင်ယူမလဲ။ တခြားသူတွေကို ဘယ်လိုကန်ထုတ်ပလိုက်မလဲ ဆိုတာတွေကို ခဏမေ့ထားလိုက်ပါဦး။ အရေးကြီးဆုံးအရာက သင်ကိုယ်တိုင်ပါပဲ။ အဲ့ဒါကြောင့် သင့်ကိုယ်သင်အရင်ဆုံးပြန်လည်သုံးသပ်ပါ။ မိမိရဲ့တတ်ကျွမ်းမှုကဘာလဲ၊ ဘယ်အရာတွေမှာ အားသာလဲ၊ ဘယ်အရာတွေမှာ အားနည်းတတ်လေ့ရှိလဲ၊ ဘယ်အရာတွေကိုတော့ ဝါသနာပါလဲ အစရှိသဖြင့် မိမိအားသာချက်၊ အားနည်းချက်တွေကို အရင်သုံးသပ်ပါ။ ပြီးရင်ဖြင့် မိမိအလုပ်လျှောက်ထားမယ့် ကုမ္ပဏီရဲ့ အလုပ်နေရာနဲ့သင်နဲ့ ကိုက်ညီမှုရှိမရှိစဉ်းစားကြည့်ပါ။ 

ဒီအလုပ်နေရာမှာ သင့်အနေနဲ့ တကယ်အဆင်ပြေနိုင်ပါ့မလား။ ဒီအလုပ်နေရာကို သင့်အနေနဲ့ ကြိုက်နှစ်သက်မှုရှိလား အစရှိသဖြင့်စဉ်းစားပါ။ ပြီးရင် နောက်ဆုံး စဉ်းစားသင့်တာကတော့ သင်ဟာ ဒီကုမ္ပဏီမှာ အလုပ်ရရှိခဲ့ရင်ရော ဒီကုမ္ပဏီကို ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိအောင် ပြုလုပ်ပေးနိုင်မလဲ၊ ဘယ်လိုအကူအညီတွေပေးနိုင်မလဲ အစရှိသဖြင့်ကို စဉ်းစားပေးပါ။

          တခြားသူတစ်ယောက်ကို ပြိုင်ဆိုင်လိုစိတ်ထက် မိမိကိုယ်ကို အရင်ဦးဆုံး သုံးသပ်နိုင်မှုက အရေးကြီးလို့ပါပဲ။

သင့်ရဲ့အားသာချက်ကို သေချာစဉ်းစားပါ

          အပေါ်မှာ ဖတ်ခဲ့သလိုပါပဲ။ မိမိကိုယ်ကိုသုံးသပ်ဖို့ပြင်ဆင်ရာမှာ အရေးကြီးဆုံးအချက်တစ်ချက်ကတော့ မိမိရဲ့အားသာချက်ကို သိရှိခြင်းပါပဲ။ မိမိအားသာချက်၊ မိမိတတ်ကျွမ်းထားတဲ့ ပညာရပ်တွေကို သိရှိခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှုတိုးတက်စေမှာဖြစ်သလို၊ အလုပ်အင်တာဗျူးမှာ ဖြေကြားရာမှာလည်း များစွာအထောက်အကူဖြစ်စေမှာပါ။ သင့်ရဲ့ အရင်အလုပ်အကိုင် အတွေ့အကြုံတွေရှိခဲ့ရင် အဲ့ဒီအတွေ့အကြုံတွေကို ပြန်လည်သုံးသပ်ပါ။ အရင်က စီဗွီအဟောင်းတွေရှိရင်လည်း ပြန်ဖတ်ကြည့်ပါ။ သင်ဘာတွေ အရင်က ကိုယ့်ကိုကိုယ်သိတယ်ထင်ထားခဲ့လဲ။ အခုဘာတွေတိုးတက်သိရှိလာခဲ့ပြီလဲ၊ အစရှိသဖြင့် နှိုင်းယှဉ်ကြည့်ပါ။ ဥပမာ သင်အလုပ်ခွင်ကို စတင်ဝင်ရောက်ကာစက သိခဲ့တဲ့ အတိုင်းအတာနဲ့ အခုအချိန်မှာ ရရှိလာတဲ့ အတိုင်းအတာတွေကို ချိန်ထိုးသုံးသပ်ကြည့်ပါ။ ဒါဆို သင်ဘယ်အရာတွေမှာ အားသာချက်ရှိလာလဲ၊ ဘယ်အပိုင်းတွေကို ပိုမိုတတ်ကျွမ်းလာလဲ အစရှိသဖြင့် သိရှိလာနိုင်မှာပါ။ အဲ့ဒီအချက်တွေကို အင်တာဗျူးမှာ ပြန်လည်ပြောပြမယ်ဆိုရင် သင့်အတွက် အလုပ်ရရှိဖို့အခွင့်အလမ်းများစွာရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့ လုပ်ငန်းသဘာဝနဲ့ ကိုက်ညီမယ့် သင့်ရဲ့ အားသာချက်အချို့ကိုလည်း စဉ်းစားပြီး အင်တာဗျူးအတွင်းမှာ ပြောပြနိုင်မယ်ဆိုရင်တော့ သင်ဟာ အလုပ်ခွင်ကို ခြေတစ်လှမ်းချပြီးသားဖြစ်နေပါပြီ။

 

သင့်ရဲ့အားနည်းချက်ကိုလည်း သိရှိပါ

          အားသာချက်တွေကို သိရှိပြီး အားသာချက်တွေကို အင်တာဗျူးအတွင်းမှာ ပြောပြပြီးသွားပြီဆိုရင်တော့ သင့်အနေနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ သင့်ရဲ့ အားနည်းချက်တွေကို ပြန်လည်သုံးသပ်ဖို့အချိန်ပါပဲ။ အင်တာဗျူးတစ်ခုမှာ များသောအားဖြင့် သင့်ရဲ့ အားသာချက်ကို မေးခွန်းထုတ်တတ်ပြီး၊ အလားတူပဲ သင့်ရဲ့ အားနည်းချက်တွေကို မေးမြန်းတဲ့ မေးခွန်းဟာလည်း ကပ်လိုက်လာတတ်ပါတယ်။ အဲ့ဒီမေးခွန်းဟာလည်း လှည့်ကွက်အနည်းငယ်ပါရှိတတ်တဲ့ မေးခွန်းမျိုးဖြစ်ပြီးတော့ သင့်အနေနဲ့ ကောင်းမွန်စွာဖြေကြားနိုင်ဖို့အတွက် ပွဲမဝင်ခင် အပြင်ကကျင်းပဆိုသလို ကြိုတင်ပြင်ဆင်မှုရှိထားဖို့လိုအပ်ပါတယ်။ သင့်ရဲ့ အားနည်းချက်ကို သိရှိအောင် ကိုယ့်ကိုကိုယ်သုံးသပ်ကြည့်ပါ။ သင့်ရဲ့ အားနည်းချက်ကို သိရှိပြီဆိုရင် ဒီနေရာမှာပဲ ရပ်မနေပါနဲ့။ အဲ့ဒီအားနည်းချက်ကို ဘယ်လိုအားသာချက်ဖြစ်အောင်လုပ်မလဲ၊ တစ်နည်းအားဖြင့် အဲ့ဒီအားနည်းချက်ကို အားနည်းချက်ဆက်ဖြစ်မနေအောင် ဘယ်လိုလုပ်သွားမလဲဆိုတဲ့ အစီအစဉ်မျိုးကို စဉ်းစားထားပါ။ အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်း ပြောပြပါ၊ သင့်ရဲ့ အစီအစဉ်ကို ပြောပြပါ။ ဒါဆိုရင် သင်ဟာ သင့်ရဲ့ အားသာတဲ့အရာတွေကို သိသူတစ်ယောက်ဖြစ်ရုံမကပဲ၊ အားနည်းတဲ့အရာတွေကိုပါသိရှိသူတစ်ယောက်ဖြစ်မှာပါ။ ဒါ့အပြင် အဲ့ဒီအားနည်းတဲ့အရာတွေကို ဘယ်လို ကျော်ဖြတ်မလဲဆိုတဲ့ အစီအစဉ်ရှိသူတစ်ယောက်ပါဖြစ်တဲ့ အတွက်ကြောင့် သင်ဟာ အင်တာဗျူးခန်းအတွင်းက မထွက်ခွာခင်မှာပဲ အလုပ်ရှင်တွေရဲ့ နှစ်ခြိုက်မှုကို ရရှိပြီးသား လူတစ်ယောက်ဖြစ်နေမှာပါ။

သင့်ကိုဘာလို့အလုပ်ခန့်သင့်သလဲ

          နောက်ဆုံးအချက်အနေနဲ့ကတော့ သင့်အနေနဲ့ သင့်ကိုယ်သင် ကြော်ငြာမှုတွေပြုလုပ်ပြီးနောက်မှာတော့ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ရမယ့်အချိန်ပါပဲ။ သင့်ကိုဘာလို့အလုပ်ခန့်ရမလဲ ဆိုတဲ့ မေးခွန်းမျိုးဟာ နောက်ဆုံးအပိတ်တွေမှာ မေးလေ့ရှိတဲ့မေးခွန်းပါပဲ။ အဆိုပါမေးခွန်းမျိုးတိုက်ရိုက်မဟုတ်တောင် သွယ်ဝှိက်မေးခွန်းမျိုးနဲ့ အင်တာဗျူးကို ပိတ်လေ့ရှိပါတယ်။ ဒါ့ကြောင့် အဲ့လိုအချိန်မှာ သင့်အနေနဲ့ သင့်အားသာချက်၊ အားနည်းချက်တွေ၊ သင်ဟာ ကုမ္ပဏီနဲ့ကိုက်ညီကြောင်းတွေ အစရှိတာတွေဟာ အပေါ်မှာလည်း အသေးစိတ်ပြောပြီးသားဖြစ်နေတော့ ဒီအချိန်မှာတော့ ပါးပါးလေးပဲ ပုတ်ပေးပါ။ သင်ပြောထားတဲ့အချက်တွေထဲက သင့်ရဲ့အားသာချက်အချို့၊ ကုမ္ပဏီနဲ့ ကိုက်ညီမယ့်အချက်အချို့၊ သင့်ရဲ့ အနာဂတ်အစီအစဉ်အချို့ကိုပြောပြပေးပါ။ ဒါ့အပြင် နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ သင့်ရဲ့ ပြိုင်ဘက်တွေကိုလည်း ချီးကျူးပေးပါ။ ဥပမာအားဖြင့် - သင်ဟာ ဒီအလုပ်ကို လိုချင်စိတ်ရှိကြောင်းပြောပြပါ။ ဒီအလုပ်ရရင် သင်ဟာ ကုမ္ပဏီကို အကျိုးပြုနိုင်အောင် အစွမ်းကုန်ကြိုးစားမှာဖြစ်ကြောင်းပြောပါ။ ဒါ့အပြင် သင်ဟာ သင့်ရဲ့ ပြိုင်ဘက်တွေကိုပါ လေးစားသူဖြစ်ကြောင်း ပြသတဲ့အနေနဲ့ သင်ဟာ ဒီအလုပ်ကို လိုချင်သိတိုင်အောင်၊ ကုမ္ပဏီအနေနဲ့ အခြားကိုက်ညီတဲ့အရည်အချင်းရှိသူတွေ့လို့ သူတို့ကို ခန့်ထားမယ်ဆိုရင်လည်း ဝမ်းသာမိမှာဖြစ်ကြောင်း၊ အစရှိသဖြင့် ဖြေကြားပေးပါ။ ဒါဟာ သင့်ရဲ့ ပြိုင်ဘက်တွေအပေါ်လေးစားမှုရှိကြောင်းပြသရာဖြစ်သလို၊ သင့်ရဲ့ စိတ်နေစိတ်ထားကောင်းမွန်ကြောင်းကိုလည်း ထင်ဟပ်ပေါ်လွင်စေမှာဖြစ်ပါတယ်။

 

အရည်အချင်းပြီးရင် နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်တဲ့ စိတ်နေစိတ်ထားကောင်းမွန်မှုကိုပါ ပြသနိုင်ခဲ့တဲ့ သင်ဟာ အဲ့ဒီအင်တာဗျူးအခန်းထဲကနေ အောင်စည်အောင်မောင်းတီးပြီး ထွက်လာနိုင်ပါပြီ။

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Anawmar Art Group Co., Ltd.

Anawmar Art Group Co., Ltd.

La Pyae Wun Co.,Ltd

La Pyae Wun Co.,Ltd

Our company vision is to develop our work efforts in real estate managements and construction. In which we solely believe that the key to success is having a goal and effectively working everyday to r...
Show the postings (11)
Camusat Myanmar Co., Ltd

Camusat Myanmar Co., Ltd

OUR MISSION: In an extremely dynamic technological environment, we help telecom actors to efficiently build and optimize their networks development by integrating traditional telecom technologies with...
Show the postings (4)
Lan Thit Innovation Co., Ltd

Lan Thit Innovation Co., Ltd

..We, as Lan Thit Innovation Technology, provide services like recruiting, outsourcing and brand marketing to our clients. We also assist the jobseekers in finding the right opportunity for them. We ...
Show the postings (37)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS