Jobs In Myanmar
Load...

ရာထူးတိုးအောင်ဘယ်လိုလုပ်မလဲ


Tags: Jobs Vacancy Work Blog Article Yangon Myanmar Jobseeker Employee Employer Hr



ရာထူးတိုးအောင်ဘယ်လိုလုပ်မလဲ

တိုးတက်အောင်မြင်ချင် သူတွေတိုင်းဟာ မိမိတို့ရဲ့ကျွမ်းကျင်မှုအရည်အချင်းတွေ အတွက် ကျေနပ် နှစ်သိမ့်နေလေ့ မရှိပဲ အသစ်အသစ်သောအောင်မြင်မှုတွေ အတွက်ကိုယ်ပိုင်အရည်အချင်းတွေကို အမြဲတမ်းချဲ့ထွင်ဖို့အားထုတ်ကြိုးပမ်းလေ့ရှိပါတယ်။ မိမိရဲ့အောင်မြင်မှုတွေကို ကန့်သတ်ချက်နယ်နိမိတ်တွေ မရှိအောင် စွမ်းဆောင်နိုင်စေဖို့အတွက် ရာထူးတိုးအောင်ဘယ်လိုလုပ်မလဲ ဆိုတဲ့ခေါင်းစဉ်ကို တင်ပြလိုက် ပါတယ်။

သင်ဟာလက်ရှိအလုပ် မှာ တက်လမ်းမရှိ သလို ခံစားနေရပါသလား။ ဒါမှမဟုတ် ရာထူးတိုးမြှင့် ခြင်းခံယူဖို့ အတွက် အသင့်ဖြစ်နေပြီလား။ အသင်းအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ကုမ္ပဏီလိုနေရာမျိုးတွေမှာ ရာထူးတက်ဖို့ ဆိုတာက လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ စိန်ခေါ်မှုတွေနဲ့ ခံစားခွင့် တွေအတွက်တော့ သင်ဟာမဖြစ်မနေတော့ အားထုတ်ရမှာပါ။ အကယ်၍ ရာထူးတိုးမြှင့်ခြင်းအတွက် သင်ဟာ တောင့်တနေသူတစ်ဦးဆိုရင် စိတ်ရှည်ပြီးတာဝန်ကျေပွန်ဖို့အပြင် ရည်မှန်းချက်ပြင်းပြတဲ့ ကိုယ်ရည် သွေးရှိသူတစ်ဦး ဖြစ်နေဖို့အတွက် လိုအပ်ပါတယ်။ နှစ်ခုလုံးကို မျှတအောင် ကြိုးပမ်းဖို့ခက်ခဲပေမဲ့ သည်အချက် တွေဟာ သင့်ရည်မှန်းချက်အတွက် ကူညီမှာပါ။

 

တိုက်တွန်းအကြံပြုချက်များ

၁. မိမိရဲ့အရည်အချင်းတွေကို တိုးတက်လာစေမဲ့ အခွင့်အလမ်းရှိတဲ့ ကုမ္ပဏီမျိုးကိုရွေးချယ်လုပ်ကိုင်ပါ။ သင့်ရဲ့ လုပ်နိုင်စွမ်းနဲ့အရည်အချင်းကို အသိအမှတ်ပြုချင့်ချိန်ဆုံးဖြတ်ပြီး ရာထူးတိုးမြှင့်ခြင်းတွေပေးနိုင်မဲ့ကုမ္ပဏီမျိုး လည်းဖြစ်ရပါမယ်။ ကုမ္ပဏီကြီးတွေတိုင်းဟာလည်း သင့်ရဲ့တိုးတက်ခြင်းတွေအတွက်အာမခံချက် မရှိနိုင်ပါဘူး။ ဒါကြောင့် သင့်ရဲ့စွမ်းဆောင်နိုင်မှုတွေကို တိုးပွားစေပြီး လုပ်နိုင်စွမ်းတွေကို တစ်နေရာထဲမှာဘဲ ချုပ်နှောင်မှု မရှိတဲ့ နေရာမျိုးကို ရွေးချယ်မိဖို့ လိုအပ်ပါတယ်။ အလုပ်လျှောက်ထားမှုကိုပြုလုပ်ရာမှာ ၎င်းအချက်တွေကို ထည့်သွင်းစဉ်စား စေလို ပါတယ်။

၂. လက်ရှိအလုပ်မှာ မိမိရဲ့တာဝန်ယူထားတဲ့ နေရာအလိုက်အကောင်းဆုံးဖြစ်နေအောင် ကြိုးပမ်းအားထုတ်ပါ။ သင့်ရဲ့အကောင်းဆုံးလုပ်ဆောင်ချက်တွေ ကိုပဲကြည့်ပြီး ရာထူးတိုးမြှင့်ခြင်းအတွက် မဆုံးဖြတ်နိုင်ပေမဲ့ ရာထူး တိုးမြှင့်ရာမှာ ထည့်သွင်းစဉ်းစားမယ့် အချက်တစ်ချက်ဆိုတာကိုတော့ မမေ့လျော့စေချင်ပါဘူး။ ကောင်းမွန်တဲ့ အလုပ်တက်ရက် ၊ အလုပ်ချိန်မှန်ကန်မှု ၊ သတ်မှတ်ချက်တွေထက် ကျော်လွန်အောင် စွမ်းဆောင်ရည်တွေ ဟာ လည်း သင့်အတွက်ရာထူးတိုးစေဖို့ အထောက်အပံ့ဖြစ်စေမှာပါ။

၃. သင်ဟာအလုပ်ကိုကောင်းမွန်စွာလုပ်တယ်ဆိုတာ လူတွေသိပါစေ။ မိမိ၏လုပ်ဆောင်ချက်များကို လုပ်ဖော် ကိုင်ဖက်များအား သိရှိအောင် ပြောဆိုနေရန်မဟုတ်ဘဲ သင်၏အလုပ်ကြီးကြပ်သူသာ သိရှိပါစေ။ ထိုသို့ သိရှိ အောင်လည်း သင်၏အလုပ်ကြီးကြပ်သူနှင့် ခင်မင်ရင်းနှီးမှုကိုရယူပါ။ လူအများ၏ အာရုံစိုက်မှုကိုရယူရန် မလို အပ်ဘဲ သင်မည်သူဖြစ်ကြောင်းနှင့် သင်၏အောင်မြင်မှုတိုင်းကိုလက်ခံရယူပါ။

၎. လုပ်ဖော်ကိုင်ဖက်များနှင့် ရင်းနှီးကျွမ်းဝင်အောင်နေပါ။ အချင်းချင်းရိုင်းပင်းကူညီပါ။ ကြီးကြပ်သူများ ၊ လုပ်ဖော်ကိုင်ဖက်များ နှင့် လက်အောင်ငယ်သားအားလုံးတို့အားတပြေးညီရင်းနှီးစွာဆက်ဆံပါ။ ကုမ္ပဏီမှ စီမံဆုံးဖြတ်ပိုင် ခွင့်ရှိသူများနှင့် အကျွမ်းတ၀င်ရှိပါစေ။ သင်အလုပ်လုပ်ရာဌာနအပြင် အခြားဌာနများနှင့်လည်း ကျွမ်းဝင်သော ဆက်ဆံရေးရှိပါစေ။

၅. သင့်အား ရာထူးတိုးမြှင့်ပေးစေလိုခြင်းအား သက်ဆိုင်သောသူများအားသိရှိအောင်လုပ်ပါ။ သင်၏ လုပ်ငန်းပိုင်းဆိုင်ရာ ရည်မှန်းချက်များကို အလုပ်ကြီးကြပ်သူနှင့် တိုင်ပင်ဆွေးနွေးရန် စိုးရွံ့ ခြင်းမရှိစေဘဲ ၎င်းတို့၏အကြံပေးမှုများကို လက်ခံရယူပါ။ တချိန်တည်းမှာ သင်၏လက်ရှိအလုပ်အား ငြီးငွေ့ခြင်း မရှိစေဘဲ ကောင်းမွန်စွာ ဆက်လက်လုပ်ကိုင်ခြင်းဖြင့် တာဝန်ရှိသူများမှ သင်သည်အလုပ်ကိုအလေးထားသူဖြစ် ကြောင်းသိပါစေ။

၆. သင်တိုးမြှင့်ခန့်အပ်ခြင်းခံရလိုသော ရာထူးအတွက်သင်၏ကုမ္ပဏီအတွင်းပင်အလုပ် လျှောက်လွှာတင်ပါ။ ကုမ္ပဏီမှ သင့်အားအလိုအလျောက် ရာထူးတိုးမြှင့်ပေးခြင်းကိုစောင့်ဆိုင်းမနေပဲ သင်လိုအပ်သောအလုပ်ရာထူး အခွင့်အလမ်းအတွက် လျှောက်ထားပါ။ထိုသို့လျှောက်ထားရာမှာလည်းသင်ဟာ ပြင်ပ မှအလုပ်လျှောက်သော သူများနှင့်လည်း ယှဉ်ပြိုင်မှုမျိုးတွေဖြစ်နိုင်တဲ့အတွက်ပြင်ဆင်သမှုရှိပါစေ။ ခံစားခွင့်ထက် စိတ်ဝင်စားမှုအပေါ် အသားပေးလျှောက်ထားမှုမျိုးဖြစ်ဖို့လို အပ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် သင်ရဲ့ စိတ်ပါဝင်စား မှုသာလျှင် သင့်ရဲ့ အလုပ်အကိုင် ကောင်းမွန်တိုးတက်မှုအတွက်မောင်းနှင်အားဖြစ်စေတာကြောင့်ပါ။ အလုပ်ဖော်ပြချက် မှာပါဝင်တဲ့ အချက်အလက်တွေအားလုံးသင့်ဆီမှာ ရှိနေစေဖို့ လိုအပ်မှာ မဟုတ်ပဲ ယင်းလိုအပ်ချက်တွေ ကိုလျင် မြန်စွာသင်ယူ တတ်မြောက်အောင် ရှိနေစေဖို့သာ အဓိကပါ။

၇. ကျွမ်းကျင်မှုအသစ်များအတွက်ရှာဖွေစူးစမ်းပါ။ စိန်ခေါ်မှုအသစ်များ ကိုကြိုဆိုပါ။ အခါအားလျော်စွာဖြစ်ပေါ် လာသောသင်နှင့်အကျွမ်းတဝင်မရှိသည့် လုပ်ငန်းတာဝန်များအတွက် လုပ်အားပေးအနေဖြင့်သင်ယူလေ့လာပါ။ လူအများဟာ ထိုကဲ့သောကိစ္စများအတွက်လက်ခံရန် တွန့်ဆုတ်နေတတ်ကြပြီး လိုလားမှုနည်းတတ်ကြပါတယ်။ သင့်ရဲ့သင်ယူစူးစမ်းလို စိတ်ဟာသင့်ရဲ့အရည်အချင်းကို မြှင့်တင်ရာရောက်ပြီး သင့်ရဲ့ လူမှုကွန်ယက်ဟာလည်း အလုပ်သဘောဝအလိုက် ကျယ်ပြန့်လာမှာပါ။ သင်ဟာသင်ရဲ့တာဝန်ယူမှုတိုင်းမှာ လိုအပ်ချက်တွေထက်ကျော် လွန်အောင်စွမ်းဆောင်နိုင်ပြီး အခြားဘက်တွေမှာပါတတ်သိနားလည် နေမယ်ဆိုရင်အလုပ်ရှင်ဟာသင့်ရဲ့အရည် အချင်းတွေကိုဖြုန်းတီးပစ်နေမိတယ်ဆိုတဲ့အမြင်ကိုရောက်လာမှာဖြစ်ပြီးဒါဟာလည်းရားထူးတိုးမြှင့်ခံရဖို့အတွက် လမ်း စလည်းဖြစ်နေမှာပါ။

၈. စီနီယာများနှင့်မန်နေဂျာ များထံသို့ချဉ်းကပ်၍ လုပ်ငန်းနှင့်ပတ်သက်သော အကြောင်းအရာအတွေးအမြင် များအတွက် အကြံပြုချက်များလက်ခံရယူပါ။ မိမိရဲ့အထက်လူကြီးများနဲ့ကောင်းမွန်သောဆက်ဆံရေး ရှိမှုဟာ တစ်ချိန်မှာသင့်ရည်မှန်းချက် အတွက်တံခါးတစ်ချပ်ဆိုတာကိုလက်ခံနားလည်ပါ။ သင်ရဲ့ကျွမ်းဝင်မှုရှိပြီးသောအ လုပ်တာဝန် နှင့်ပတ်သက်၍ လက်အောက်ရှိမကျွမ်းကျင်သေးသော ဝန်ထမ်းများကို လက်တွဲခေါ်ပါ။ သင်ဟာ အလုပ်နှင့်ပတ်သက်၍ မိမိရဲ့ပတ်ဝန်းကျင်မှလုပ်ဖော်ကိုင်ဖက်များ ကိုလည်းသင်ကြားပြသပေးပါ။ အချို့သော ဝန်ထမ်းများဟာ မိမိတို့ရဲ့ကျွမ်းကျင်မှုများကို အခြားသူများကိုသင်ပေးလိုစိတ်မရှိတတ်ကြပဲ မိမိတို့ရဲ့နေရာကို ပျောက်သွားမှာစိုးထိတ်တတ်ကြပါတယ်။ သင်ဟာ အခြားသူများကို လက်တွဲခေါ်ယူ လိုစိတ်ရှိပြီး လုပ်ငန်းတွင် ကျယ်မှုကို စီမံခန့်ခွဲတတ်သူတစ်ဦးဖြစ်ကြောင်းကို ပြသပါ။

၉. ရာထူးအလုပ်အကိုင်နေရာအသစ်ကိုဖန်တီးပါ။ အကယ်၍သင်ဟာ လုပ်ငန်းအတွက်သင့်တော်တဲ့ရာထူး နေရာမျိုးကို ဖန်တီးပေးဖို့လို အပ်နေပြီဆိုတာသိရှိနေပြီဆိုရင် အဲသည့်လစ်လပ်ရာထူး အသစ်ကိုဖန်တီးဖို့ အတွက်တာဝန်ရှိသူတွေကိုတင်ပြပါ။ သင်ဟာ ယင်းလိုအပ်ချက်ကို ပထမဦးစွာသတိထား မိသူဖြစ်တာကြောင့် လည်း အဲသည့်လစ်လပ်ရာထူးအတွက် အသင့်တော်ဆုံးသူ သို့ တာဝန်ရှိသူတစ်ဦး ဖြစ်ကောင်း ဖြစ်နေနိုင် ပါတယ်။ ဒါ့ကြောင့်သင့်အတွက် လုပ်ပိုင် ခွင့်ကိုထပ်မံတိုးပွားလာစေမယ့်နည်းလမ်းလည်းဖြစ်တာကြောင့် လုပ်ခ လစာတိုးမြှင့်ခံစားခွင့်မရရှိသေးရင်တောင်မှနောင် အချိန်မှာသင့်ရည်မှန်းချက်အတွက် အကျိုးရှိလာမှာပါ။

၁၀.သင်၏မန်နေဂျာနှင့်တွေ့ဆုံစကားပြောပါ။ သင့်ရဲ့လုပ်ဆောင်ချက်များအပေါ်မှုတည်၍ သက်ဆိုင်ရာတာဝန် ရှိသူ၏ ထင်မြင်ယူဆချက်များကို မေးမြန်းစူးစမ်းပါ။ ထိုသူတွေဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေကို အမြဲအကဲ ဖြတ်သူတွေဖြစ်နေလို့ သင်ဟာဘယ် လိုအရည်ချင်းမျိုးမှာလိုအပ်ချက်တွေရှိနေသလဲ ၊ ဘယ်လိုအရည်အချင်း တွေနဲ့ပြည့်စုံအောင်ပြုမူသင့်တယ်ဆိုတာမျိုးကို မေးမြန်းဆွေးနွေးပါ။ အပြောအဆို ကိုယ်အမူအရာ ယဉ်ကျေးပါ စေ။ သင်ဟာသင့် ရည်မှန်းချက်အတွက် တွေ့ဆုံမေးမြန်းချက်ကိုပြုလုပ်နေတာမို့ သင့်ရဲ့စိတ်ခံစားချက်ကို ဦးစား မပေးမိစေဖို့နဲ့ စောဒကတက်ခြင်းမျိုးတွေကို ရှောင်ကျဉ်ရမှာပါ။

၁၁. အခြားနေရာမှာအလုပ်ရှာပါ။ ဒီလိုဆုံးဖြတ်ချက်မျိုးကိုချရတာ သင့်ရဲ့ ကုမ္ပဏီအဖွဲ့အစည်းပေါ်စောင့်ထိန်းမှု မရှိသူတစ်ဦးအဖြစ် အထင်ရောက်ရှိစေ ပေမဲ့ တက်လမ်းမရှိတဲ့ အလုပ်အကိုင်အပေါ်မှာသင်ဟာမကြာခင်အချိန် တွင်းမှာငြီးငွေ့လာတော့မှာပါ။ သင်စိတ်ဝင်စာပြီးစိတ်လှုပ်ရှားမှုတွေနဲ့ပြည့်စုံတဲ့ အလုပ်အကိုင်ကိုရရှိဖို့အတွက် ကြိုးစားတာဟာသဘာဝကြပါတယ်။ စစ်တမ်းတွေအရ ၇၅% ရာခိုင်နှုန်းသောဝန်ထမ်းတွေဟာ အချိန်နှင့်အမျှ အလုပ်သစ်တွေ ကို စိတ်ဝင်စားပြီး လျှောက်ထားကြလို့ အလုပ်ပြောင်းဖို့ စဉ်းစားမယ်ဆိုရင် သင်မှာအဖော်တွေရှိ နေပြီးသားလို့ဆိုရမှာပါ။

 

အလုပ်ရှာသူ ညီအစ်ကိုမောင်နှမများအဆင်ပြေချောမွေ့ကြပါစေ။

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Magnate Group Logistics Co., Ltd.

Magnate Group Logistics Co., Ltd.

Our youthful and vigorous staffs have the passion and team spirit which has driven us into being able to expand to now 16 cities and further expanding to more with many outlets station and service poi...
Show the postings (14)
Ve Ve Soft Drinks Factory

Ve Ve Soft Drinks Factory

..The Green Circle Co., Ltd,a food and beverage company was founded in 1997. Green Circle engages in manufacturing, marketing, Sale, and distribution. The company comprises beverages such as soft drin...
Show the postings (6)
Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)
Myanmar Marketing Research & Development, Ltd. (MMRD)

Myanmar Marketing Research & Development, Ltd. (MMRD)

What we do: We help businesses and organizations to connect with their audience through print and digital directories (yellow pages), and to better understand their environment through Research Servic...
Show the postings (15)
Synergy Plus Co., Ltd

Synergy Plus Co., Ltd

Vision - To be one the Leading Construction Companies Mission - To provide our High Quality Services First after SAFETY Values - Integrity, Discipline, Professionalism, Enthusiasm & Innovation .- ...
Show the postings (4)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS