Jobs In Myanmar
Load...

How HR Leaders Can Adapt to Uncertain Times (Part – 1)

by www.jobsinyangon.com


Tags: Knowledge-HRM-Complex-Mindset-JobsInYangon



HR Leader များအနေနဲ့ မသေချာမရေရာတဲ့အခြေအနေများတွင် လိုက်လျောညီထွေမှုရှိစေရန် ဘယ်လိုလုပ်ဆောင်နိုင်မလဲ (အပိုင်း - ၁)

 

HR ဌာနများတွင်လုပ်ကိုင်ရသည်မှာ COVID-19 ကပ်ရောဂါကာလ မတိုင်မှီအချိန်များနှင့်နှိုင်းစာလျှင် ပိုမို၍ ခက်ခဲလာပါသည်။ ၂၀၁၉ ခုနှစ်တွင် HR leader များရဲ့ ၅၀% ကျော်ခန့်ဟာ ဝန်ထမ်းများတွင် ပိုမို၍ digital နည်းပညာများပါဝင်အသုံးပြုရန်လိုအပ်သည့် လုပ်ငန်းခွင်များအတွင်း အလုပ်လုပ်ကိုင်နိုင်ရန်လိုအပ်သော ကျွမ်းကျင်မှုများရှိနေစေဖို့အတွက် အပတ်တကုတ်ကြိုးပန်းခဲ့ကြရပါတယ်။ သို့သော်လည်း ဒီ “အနာဂါတ်အလုပ်ခွင်” များရောက်ရှိမလာမှီတွင် သေသေချာချာပြင်ဆင်ထားနိုင်လောက်မည့် အချိန်ရှိနေပါသေးတယ်။ 

မူရင်းစာရေးသူရဲ့ ကုမ္ပဏီဖြစ်တဲ့ HPWP Group တွင်ဆိုလျှင် သူတို့ဟာ အနာဂါတ်အလုပ်ခွင် များအကြောင်းနဲ့သက်ဆိုင်တဲ့ ဆွေးနွေးမှုများကို ဦးဆောင်ပြုလုပ်ခဲ့ကြပြီး ဒီအရာက လွန်ခဲ့တဲ့ ၁၅နှစ်တာ ကာလအတွင်း HR professional များအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိစေခဲ့သလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ ကျွန်ုပ်တို့ ပြောနိုင်တာတစ်ခုကတော့ COVID-19 ကပ်ရောဂါဟာ အလုပ်လုပ်ရမယ့်ပုံစံများကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ယနေ့ခေတ်တွင် HR leader များဟာ အချိန်နှင့်အမျှ အလုပ်လုပ်ကိုင်နေကြပြီး အရင်ကတစ်ခါမှလုပ်ကိုင်ဖူးခြင်းမရှိတဲ့ ဖြေရှင်းနည်းများကို လုပ်ဆောင်၍ သူတို့ရဲ့ဝန်ထမ်းများလုံခြုံမှုရှိစေရေးနှင့် သူတို့ရဲ့ organization များ ဆက်လက်ရှင်သန်နိုင်ရေးအတွက်ကို လုပ်ဆောင်ပေးလျှက်ရှိနေပါတယ်။ 

ဒီပြဿနာရပ်များအားလုံးကို အားလုံးရင်းနှီးပြီးသားလုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ ပြဿနာရှိတဲ့အရာများကို ရှာဖွေသတ်မှတ်ခြင်း၊ ထိုအရာကိုပိုမိုရှုပ်ထွေးသွားစေတဲ့အရာများကို ဖော်ထုတ်ခြင်းနဲ့ ရှေ့ဆက်နိုင်ရန်အတွက် အကောင်းဆုံးနည်းလမ်းကို သဘောတူခြင်းဆိုတဲ့ အဆင့်များအတိုင်း လုပ်ဆောင်ကာ ဖော်ထုတ်နေတာဖြစ်ပါတယ်။ သို့သော်လည်း ယနေ့ကြုံတွေ့နေရတဲ့ အကြီးမားဆုံးအခက်အခဲများဟာ ခေါင်းဆောင်သူများအနေနဲ့ တစ်ခါမျှရင်မဆိုင်ဖူးကြတဲ့ အခက်အခဲများ ဖြစ်နေတဲ့အချက်ကို ထည့်သွင်းစဉ်းစားကြည့်လိုက်ပါက ဒီပြဿနာများဟာ ကြိုတင်ခန့်မှန်း၍ရနိုင်သော ရှုပ်ထွေးမှုများရှိနေရုံမျှမက အလွန်တရာရှုပ်ထွေးကာ ကြိုတင်ခန့်မှန်း၍မရသော အရာများဖြစ်နေသည်ကို ထင်ရှားစွာသိရှိနိုင်မှာဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့လေ့လာချက်များမှ တွေ့ရှိခဲ့ရသည့်အတိုင်းပင် များစွာသော HR team များဟာ ပေါ်ပေါက်လာမည့် ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ပေါ်လစီအသစ်များနဲ့ လုပ်ငန်းစဉ်အသစ်များကို ဖော်ဆောင်ရန်အတွက် ရည်ရွယ်ကာကြိုးပမ်းလျှက်ရှိနေပါတယ်။ ကံမကောင်းတာတစ်ချက်က ထိုပေါ်လစီစည်းမျဉ်းများကို ဖန်တီးတည်ထောင်ပြီးသည်နှင့် ထိုအရာများကို ပြန်လည်ဆန်းစစ်မှုပြုခြင်းဟာ မရှိသလောက်နည်းပါးသည့် အတွက် အဆုံးသတ်တွင် နောက်ထပ်ပြဿနာများကို ပေါ်ပေါက်လာစေပါတယ်။ အထူးသဖြင့် ယခုကဲ့သို့သော လွန်စွာမြန်ဆန်စွာပြောင်းလဲလျှက်ရှိသော အခြေအနေမျိုးတွင် ထိုကဲ့သို့ပြဿနာအသစ်များဟာ ပေါ်ပေါက်လာ တတ်ပါတယ်။ တစ်ချိန်တည်းမှာပင် “one-size-fits-all” (ဖြေရှင်းချက်တစ်မျိုးတည်းကို နေရာအားလုံးတွင် အသုံးပြုခြင်း) ဖြေရှင်းနည်းများဟာ တစ်ဦးတစ်ယောက်ခြင်းစီရဲ့ စဉ်းစားတွေးခေါ်မှုများနဲ့ တီထွင်ဖန်တီးမှုများ ကြောင့်ရရှိလာနိုင်တဲ့ innovative ဖြစ်သော ဖြေရှင်းနည်းများကို ထွက်ပေါ်လာစေနိုင်လိမ့်မည်မဟုတ်ပါ။ 

ဒီနေရာတွင် “အသစ်ဖြစ်လာမည့် ပုံမှန်အခြေအနေ” တစ်ခုတွင် အမှန်တကယ် အကျိုးဖြစ်ထွန်းမှုရှိစေရန်အတွက်မှာ HR leader များအနေနဲ့ အဓိက စွမ်းဆောင်ရည်တစ်ခုဖြစ်တဲ့ (complexity mindset) ကို ချိန်ညှိတည်ဆောက်နိုင်ဖို့ လိုအပ်တယ်လို့ ကျွန်ုပ်တို့ကတော့ ယုံကြည်ပါတယ်။ 

 

Complicated မှ Complex သို့ ကူး​ပြောင်းခြင်း

ဒီ mindset ပြောင်းလဲမှုတွင် complicated thinking မှ ထွက်ခွာ၍ complexity consciousness သို့ ကူးပြောင်းနိုင်ရန်အတွက် လိုအပ်ပါတယ်။ ရိုးရှင်းစွာပြောရမည်ဆိုလျှင် - သာမန်ရှုပ်ထွေးသော ပြဿနာရပ်များ ကိုဖြေရှင်းရန်အတွက်မှာ ယုတ္တိကျကျစဉ်းစားတွေးခေါ်မှု (linear thinking) ကို လိုအပ်ပါတယ် - ထိုအရာများ ဟာ ကြိုတင်ခန့်မှန်း၍ (သို့) ရှောင်လွှဲ၍ရနိုင်ပြီး ကျွမ်းကျင်သူများ၏ ကြိုးပမ်းမှုများမှ အကျိုးဖြစ်ထွန်းမှုရှိလာစေနိုင်မှာ ဖြစ်ပါတယ်။ ဒီကဲ့သို့သော ပြဿနာဖြေရှင်းပုံနည်းလမ်းများကို ကျွန်ုပ်တို့ များစွာတွေ့ကြုံခဲ့ဖူးတဲ့အတွက် ဒီအရာကို ရင်းနှီးနေပြီးသား ဖြစ်မှာပါ။ 

အခြားတစ်ဖက်တွင်တော့ ဆန့်ကျင်ဘက်ဖြစ်သော အလွန်ရှုပ်ထွေးတဲ့ပြဿနာများဟာ မသိကိန်းများ ရှိနေပါတယ်။ ထိုနေရာတွင် အလွန်ရှုပ်ထွေးသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် အကောင်းဆုံးဆောင်ရွက်ပုံနည်းလမ်းများ ရှိမနေပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအရာများကို ယခင်က တစ်ခါမှတွေ့ကြုံခဲ့ဖူးခြင်း မရှိတဲ့အတွက် တင်ကြိုခန့်မှန်း၍ မရနိုင်လို့ပါပဲ။ ဒီလိုအခြေအနေအတွင်းတွင် သင့်အဖွဲ့အစည်းရဲ့ စုပေါင်းအမြင်များကိုရယူဖို့ဟာ အရေးပါပြီး ကုမ္ပဏီရဲ့ value များကို အဓိကထားကာ ဖြေရှင်းနည်းများကို ဖော်ထုတ်/ ထွက်ပေါ်လာစေဖို့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ 

ဒါက ဘာကိုဆိုလိုလဲဆိုပါလျှင် HR leader များအနေနဲ့ အလွှာပေါင်းစုံကဝန်ထမ်းများနဲ့ စတင်၍ ပူးပေါင်းဆောင်ရွက်ပေးဖို့လိုအပ်လာပြီကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအချိန်ဟာ အတွင်းပိုင်းရှိ အပြန်အလှန်ဆက်ဆံရေးများကို အာရုံစိုက်ဖို့အချိန်ဖြစ်ပြီး ထိန်းချုပ်နေဖို့၊ စံနှုန်းတွေသတ်မှတ်နေဖို့နဲ့ အထက်နဲ့ အောက် ပါဝါပြနေဖို့အချိန်မဟုတ်တော့ပါဘူး။ Complexity mindset တစ်ခုကို မွေးမြူနိုင်စေဖို့အတွက်မှာ အဆိုပါ လွန်စွာရှုပ်ထွေးသောပြဿနာများရှိနေပြီး ထိုအရာများကို ကွဲပြားစွာတာဝန်ယူရမယ်ဆိုတာကို လက်ခံလိုက်ခြင်းကနေ စတင်ရမှာဖြစ်ပါတယ်။ 

ဒီကနေ့မှာတော့ ဒီလောက်နဲ့ပဲ ရပ်နားလိုက်ပါတယ်။ မနက်ဖြန်တွင် HR leader များအနေနဲ့ ထို complexity mindset ကို ရရှိနိုင်ရန် မွေးမြူနိုင်မည့် အချက်များကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက် 
www.jobsinyangon.comg 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Definity Group of Co.,Ltd

Definity Group of Co.,Ltd

Fair Deal Co., Ltd

Fair Deal Co., Ltd

..Fair Deal Co., Ltd ....
Show the postings (1)
Flavours & Fragrances Distribution Company Limited

Flavours & Fragrances Distribution Company Limited

Our company aims to be more marketable and sustainable.Since our company is made up of a family of only a few employees, it is clear that our own skills and hard work are clearly displayed.We are a co...
Show the postings (3)
The Experts English Language Center

The Experts English Language Center

-Offering low-price, high quality language education -Ensuring the international standard Teaching Methods -Unlocking the students' potentials and opportunities - Promising the difference We off...
Show the postings (2)
KT Group

KT Group

Our Group Vision “To be a world class organisation nurturing and encouraging the talents of our people who enable us to grow a thriving business committed to building a modern and transparent Mya...
Show the postings (1)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS