by www.jobsinyangon.com
Tags: Knowledge-Career-Leadership-Skills-JobsinYangon
လုပ်ငန်းခွင်အတွင်း Leader (ခေါင်းဆောင်နိုင်သူတစ်ဦး) ဖြစ်လာစေရန်ဘယ်လိုလုပ်ဆောင်ရမလဲ (အပိုင်း - ၃)
သင်ဟာ Leader တစ်ဦးဖြစ်နေပြီလား၊ Leader ဖြစ်လာဖို့ကြိုးစားနေသူလား? သင်တို့ထံတွင် ဘယ်လို ခေါင်းဆောင်မှုစွမ်းရည်တွေရှိထားသင့်သလဲ? ဒီအရာတွေကိုရရှိဖို့ ဘယ်လိုမျိုးလုပ်ဆောင်ရမလဲ? အစရှိ တဲ့အရာများကို ကျွန်တော်တို့ရဲ့ ဒီအခန်းဆက်ဆောင်းပါးအတွင်းတွင် အပိုင်း (၅) ပိုင်းခွဲကာ ဖော်ပြပေး သွားမှာဖြစ်လို့ ကျန်ရှိနေသေးတဲ့အပိုင်းများကို နောက်ရက်များတွင်လည်း စောင့်မျှော်ဖတ်ရှုပေးကြပါဦး ခင်ဗျာ။
အပိုင်း ၃၊ သင့်ရဲ့ team ကို စီမံခန့်ခွဲခြင်း
၁။ အဖွဲ့အစည်း၊ လုပ်ငန်းရည်မှန်းချက်များကိုဦးတည်ချက်ထားပါ။ လုပ်ငန်း (သို့) project တစ်ခုရဲ့ ရည် မှန်းချက်အမြင်ကိုနားလည်သဘောပေါက်ပြီး ထိုအရာကိုအမြဲတမ်းထိပ်ဆုံးထားဆောင်ရွက်ရပါမယ်။ မိမိတို့ရဲ့တစ်ကိုယ်ရည်တိုးတက်ရန်စိတ်ဝင်စားမှုများထက် အဖွဲ့အစည်းတစ်ခုလုံးရဲ့အောင်မြင်မှုရရှိနိုင်ဖို့ ကိုဦးစားပေးဆောင်ရွက်ရမှာဖြစ်ပါတယ်။ အောက်ပါအချက်များကတော့ ရည်မှန်းချက်များထပ်တူကျ နိုင်စေဖို့အတွက်ဆောင်ရွက်နိုင်မယ့်အဆင့်အချို့ပဲဖြစ်ပါတယ်။
• ကုမ္ပဏီရဲ့တန်ဖိုးထားမှုများ၊ ရည်ရွယ်ချက်များနဲ့ကိုက်ညီမှုရှိတဲ့ ရည်မှန်းချက်များကိုချမှတ်ထား ရပါမယ်။ ကုမ္ပဏီတိုင်းတွင်သူတို့ရဲ့ရွက်တိုင်အဖြစ်ဆောင်ရွက်နေတဲ့ ညွှန်းဆိုချက်တစ်ခုရှိပြီး ထို အရာကကုမ္ပဏီတစ်ခုဟာသူတို့ရဲ့ဆောင်ရွက်ချက်တွေကနေတဆင့်ဘယ်အရာတွေကိုကိုယ်စား ပြုနေပြီး ဘာတွေကိုအောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့မျှော်လင့်နေလဲဆိုတာကိုဖော်ပြနေပါ တယ်။ သင်ဟာ ဒီအဓိကရည်ရွယ်ချက်များနဲ့ရင်းနှီးမှုရှိနေပြီး ဝန်ထမ်းများအနေနဲ့ သူတို့ရဲ့ကြိုး ပမ်းမှုများဟာ ကုမ္ပဏီရဲ့တန်ဖိုးထားမှုများနဲ့ဘယ်လိုအံဝင်ခွင်ကျရှိနေလဲဆိုတာကိုသိရှိနားလည် ဖို့အတွက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
• ဝန်ထမ်းများအား မျှော်မှန်းထားတဲ့အရာများကိုထုတ်ဖော်ပြောဆိုပေးခြင်း။ လမ်းညွှန်မှုများကို စာဖြင့်ရေးသားထားပြီး ဝန်ထမ်းများကို အချိန်ကာလအပိုင်းအခြားအလိုက် စစ်ဆေးခြင်းဖြင့် သူ တို့ဟာလုပ်ငန်းတာဝန်တစ်ရပ်ကိုနားလည်သဘောပေါက်မှုရှိလာစေမှာပဲဖြစ်ပါတယ်။
• စာရွက်စာတမ်းများရဲ့ရောက်ရှိနေတဲ့အခြေအနေ။ ဒီအရာကို database (သို့) tracker တစ်ခုမှ တစ်ဆင့်အလိုအလျှောက်စောင့်ကြည့်နိုင်သော်လည်း e-mail မှတ်စုများ (သို့) spreadsheet များမှတစ်ဆင့်လည်းဆောင်ရွက်နိုင်ပါတယ်။
• ပေးအပ်ရမယ့်အရာများအတွက် အကြံဉာဏ်များပေးခြင်း။ ဒီအရာကိုလုပ်ဆောင်နိုင်ရန် နည်းလမ်းများစွာရှိနေပါတယ်။ လုပ်ငန်းစဉ်ပြင်ပမှ instant messaging app များကို အသုံးပြုပြီး ဆက်သွယ်ပြောဆိုနိုင်ပါတယ်။ အကယ်၍သင်ဟာ စာရွက်စာတမ်းများကို မှတ် တမ်းမှတ်ရာများအတွက် attach ပြုလုပ်ပေးဖို့ (သို့) print ထုတ်ဖို့လိုအပ်ပါက email များက တဆင့်ဆက်သွယ်သင့်ပါတယ်။ အကယ်၍ အရာဟာ အရေးကြီးတဲ့ project တစ်ခုဖြစ်နေပါက အကြံဉာဏ်ပေးခြင်းများကို ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ကို ပြန်လည်ဆန်းစစ်ရန်အတွက် တိုက်ရိုက်တွေ့ဆုံရတဲ့အခါများတွင်အကြံပြုပေးနိုင်ပါတယ်။
၂။ လေ့ကျင့်မှုပြုလုပ်ရန်အချိန်များကိုသတ်မှတ်ထားပါ။ လေ့ကျင့်ပေးခြင်းဟာ သင်ကိုယ်တိုင်သော်၎င်း၊ အခြားအဖွဲ့ဝင်များကသော်၎င်း၊ ပြင်ပမှလေ့ကျင့်ပေးသူတစ်ဦးမှ၎င်းပြုလုပ်ပေးနိုင်ပါတယ်။ ဝန်ထမ်း များလိုအပ်နေတဲ့အချက်များကိုလေ့ကျင့်ပေးဖို့အတွက်ချိန်ညှိမှုများကိုပြုလုပ်ပေးရပါမယ်။ ဝန်ထမ်း များရဲ့ရည်မှန်းချက်များနဲ့ အဖွဲ့အစည်းရဲ့ဖက်က လိုက်လျောပေးနိုင်တဲ့အခြေအနေတို့ထပ်တူကျနေစေဖို့ လိုအပ်ပါတယ်။
၎င်းတို့အနေနဲ့ ဘာတွေကိုသင်ယူဖို့လိုအပ်နေသလဲဆိုတာကိုတိုက်ရိုက်မေးမြန်းခြင်းကလည်း ကောင်း တဲ့အချက်ပဲဖြစ်ပြီး ဒီအရာကိုအသုံးပြုပြီးလိုအပ်နေတဲ့ဘာသာရပ်များကိုလမ်းညွှန်ပေးနိုင်ပါတယ်။
၃။ အစည်းအဝေးပွဲများကိုစီစဉ်ပြုလုပ်ပါ။ အစည်းအဝေးများဟာ အဖွဲ့လိုက်အောင်မြင်မှုရရှိစေရန် အတွက်အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ ထိုအရာဟာ သတင်းအချက်အလက်များကိုမျှဝေရန်၊ ဆုံးဖြတ်ချက်များကိုချမှတ်ရန်နဲ့ ရည်မှန်းချက်များကိုက်ညီမှုရှိစေရန်ချိန်ညှိခြင်းတို့ပြုလုပ်နိုင်စေမယ့် နေ ရာပဲဖြစ်ပါတယ်။ အစည်းအဝေးများကို အမြဲပုံမှန် ကာလအပိုင်းအခြားအလိုက်ပြုလုပ်ပေးပါ။ ၆ပတ် ကြာမြင့်မည့် project တစ်ခုအတွက် ၂ပတ်လျှင်တစ်ကြိမ်၊ ဒါမှမဟုတ် တစ်နှစ်ကြာမည့် အစီအမံအသစ် တစ်ခုအတွက် ၃ လလျှင်တစ်ကြိမ် project အကြောင်းအသေးစိတ်အချက်အလက်များကိုဆွေးနွေးပြီး အဖွဲ့အစည်းဆိုင်ရာရည်မှန်းချက်များကို ပြန်လည်အတည်ပြုပေးသင့်ပါတယ်။
၎။ အစည်းအဝေးပြုလုပ်ရန်အချိန်များကိုဆွေးနွေးပါ။ အစည်းအဝေးပွဲများတွင် အားလုံးပါဝင်နိုင်မှုရှိစေ ရန်နဲ့ လက်တွေ့ဆန်တဲ့ သတ်မှတ်ချက်များချမှတ်ထားသင့်ပါတယ်။ ဥပမာ - သောကြာနေ့ရဲ့ ညနေပိုင်း တွင် အားလုံးဟာ အားလပ်နေမှာဖြစ်သော်လည်း ခက်ခဲတဲ့ပြဿနာရပ်များကိုဆွေးနွေးဖို့အတွက် အချိန် ကောင်းတစ်ခုတော့မဟုတ်ပါဘူး။
• လူတိုင်းက အစည်းအဝေးကိုတက်ရောက်နိုင်ခြင်းမရှိခဲ့ပါက project အတွက် အဓိကတာဝန်ရှိ သူများဟာဘယ်သူတွေလဲဆိုတာကိုရှာဖွေဖော်ထုတ်ပြီး သင်ပြုလုပ်လိုက်တဲ့အစည်းအဝေးဟာ သူတို့တစ်ဦးချင်းစီရဲ့ အချိန်စာရင်းမှ ကင်းလွတ်မှုရှိနေစေဖို့အတွက်လုပ်ဆောင်ထားရပါမယ်။
• မှတ်စုများကိုမှတ်သားပြီး အစည်းအဝေးပွဲမှာပြောဆိုခဲ့တဲ့ အသေးစိတ်အကြောင်းအရာများကို တက်ရောက်မှုမရှိနိုင်တဲ့သူများအားပြန်လည်အသိပေးနိုင်စေဖို့အတွက်ဆောင်ရွက်ပါ။
၅။ အစည်းအဝေးများတွင်ဆွေးနွေးရန်စာရင်း (agenda) တစ်ခုကိုပြင်ဆင်ထားပါ။ agenda တစ်ခုတွင် အနည်းဆုံး ခေါင်းစဉ်များ၊ ကိုယ်စားလှယ်များရဲ့အလုပ်တာဝန်များကိုဖော်ပြခြင်းနဲ့ agenda item တစ်ခု ခြင်းစီအတွက်ပေးနိုင်တဲ့အချိန်များကိုသတ်မှတ်ထားသင့်ပါတယ်။ ထိုအရာများကို စာရိုက်ပြီးတဲ့အခါမှာ ထိုအရာကိုရုံးအတွင်းဖြန့်ဝေပေးပြီး လိုအပ်နေတဲ့အကြောင်းအရာများထပ်မံထည့်သွင်းဖို့ရှိ၊ မရှိကို စစ် ဆေးနိုင်သလို အစည်းအဝေးအတွင်းတွင်လည်း checklist တစ်ခုအနေနဲ့အသုံးပြုနိုင်ပါတယ်။
၆။ အစည်းအဝေးပွဲများကို ဦးဆောင်ပြုလုပ်ပါ။ ဒါဟာ အစည်းအဝေးအတွင်းဆွေးနွေးပြောဆိုရမည့် လုပ်ငန်းနဲ့ဆိုင်တဲ့အရာအားလုံးကိုဖြေရှင်းပြီးမှုရှိ၊မရှိကိုစစ်ဆေးခြင်းနဲ့ အတွေးအမြင်များ၊ အကြံပြုချက် များအားလုံးကိုမှတ်သားထားနိုင်စေဖို့ အဆင့်အလိုက်ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ အောက်ပါအချက်များ ကတော့ ထိုသို့ပြုလုပ်နိုင်ရန်ကူညီပေးနိုင်တဲ့အရာများပဲဖြစ်ပါတယ်။
• အစည်းအဝေးတွင်လိုက်နာရမည့်စည်းကမ်းများကိုသတ်မှတ်ပြီး တစ်ဦးတည်းကဆွေးနွေးမှုများ အားလုံးကိုပြုလုပ်သွားခြင်းမဖြစ်စေရန်ပြုလုပ်ထားရပါမယ်။ ဥပမာ - ဆွေးနွေးမှုတစ်ရပ် အတွက် အချိန်အကန့်အသတ်များ သတ်မှတ်ထားခြင်း။
• တာဝန်သတ်မှတ်ထားတဲ့ တင်ဆက်သူများကိုလူအများမှမေးမြန်းခွင့်ပြုပေးပါ။ သတင်းအချက် အလက်များကိုတင်ပြမှုပြုလုပ်ပြီးတဲ့အခါတွင် အဖွဲ့ဝင်များအားလုံးမှ မေးမြန်းနိုင်စေရန်အတွက် ခွင့်ပြုပေးလိုက်ပါ။
• ဆွေးနွေးရန်သတ်မှတ်ထားသည့်ခေါင်းစဉ်များနဲ့သက်ဆိုင်တဲ့ ဆွေးနွေးမှုများအပြီးတွင် ရလာဒ် များကိုအကျဉ်းချုံးဖော်ပြပြီးနောက် ဆက်လက်လုပ်ဆောင်ပါ။
• ဆွေးနွေးရန်သတ်မှတ်ထားသည့်ခေါင်းစဉ်များအားလုံးကိုဆွေးနွေးပြီးတဲ့အခါတွင်အတည်ပြုပြီး နောက် အစီအမံများချမှတ်ဖို့ပြုလုပ်ပါ။
• နောက်ထပ်အစည်းအဝေးတစ်ခုကို စီမံသတ်မှတ်ပြီး ဆွေးနွေးရမည့်အကြောင်းအရာခေါင်းစဉ် များကိုစုဆောင်းပါ။
၇။ တိကျလျှင်မြန်စွာဆုံးဖြတ်လုပ်ဆောင်ပါ။ ပြတ်သားစွာဆုံးဖြတ်လုပ်ဆောင်နိုင်တဲ့ခေါင်းဆောင်ခြင်း ဟာ ရပ်တန့်နေခြင်းနဲ့ ဝေခွဲမရဖြစ်ခြင်းတို့ကိုရှောင်လွှားနိုင်ကာ ဝန်ထမ်းများကို အလုပ်ပေါ်တွင်အာရုံ စိုက်မှုရှိနေစေပြီး အမြဲမပြတ်စိတ်ပါဝင်စားမှုရှိနေစေသည့်အပြင် အပြောင်းအလဲများနဲ့ အချက်အလက် အသစ်များကိုကောင်းမွန်စွာတုန့်ပြန်နိုင်စေပါတယ်။ အောက်ပါအချက်များကတော့ ပြတ်သားစွာဆုံး ဖြတ်ပြီး ခေါင်းဆောင်မှုပြုလုပ်ခြင်းရဲ့ လက္ခဏာရပ်များပဲဖြစ်ပါတယ်။
• ရည်မှန်းချက်များကိုရှင်းလင်းစွာဖော်ပြခြင်း - အဖွဲ့အစည်းဆိုင်ရာရည်မှန်းချက်များ၊ ကျင့်ဝတ် များနဲ့ ဆုံးဖြတ်ချက်တိုင်းဟာကိုက်ညီမှုရှိနေဖို့အတွက်သေခြာစေခြင်း။
• ပါဝင်ဆောင်ရွက်မှုရှိခြင်း - ခေါင်းဆောင်များကို ဥပမာတစ်ရပ်အနေနဲ့ထားကာပါဝင်ဆောင်ရွက် မှုရှိစေခြင်းကို ကုမ္ပဏီရဲ့တန်ဖိုးထားမှုများ၊ ရပ်တည်ချက်များအရအကောင်အထည်ဖော်ပြီး ထိရောက်အကျိုးရှိသော ဆုံးဖြတ်ချက်ချမှတ်ခြင်းများဖြစ်လာရန်ဆောင်ရွက်ခြင်း။
• ထင်သာမြင်သာရှိမှု - မိမိတို့ရဲ့တစ်ကိုယ်ရေအကျိုးစီးပွားထက် ကုမ္ပဏီရဲ့အကျိုးစီးပွားအတွက် ဆုံးဖြတ်ချက်များချမှတ်ခြင်းဟာ ထိုကုမ္ပဏီတွင်လုပ်ကိုင်နေတဲ့သူအားလုံးအတွက် အကျိုးဖြစ် ထွန်းမှုရှိလာစေနိုင်ကြောင်းကိုပြသခြင်း။
• အမှားများကိုရိုးသားစွာဝန်ခံစေတဲ့အစဉ်အလာတစ်ခုကိုပြုလုပ်ခြင်း - ရိုးသားစွာအမှားများကို ဝန်ခံခြင်းဟာ လေ့လာနိုင်စေမည့်အရာများဖြစ်ပြီး ပိုမိုကောင်းမွန်စွာဆုံးဖြတ်ချက်ပြုလုပ်နိုင်စေ ရန်အတွက်အထောက်အပံ့ဖြစ်စေပါတယ်။ တိကျလျှင်မြန်စွာဆုံးဖြတ်တတ်သည့်ခေါင်းဆောင် ခြင်းဆိုသည်မှာ အမှားများကိုပြုလုပ်မိတဲ့အခါများတွင် အားပေးကူညီခြင်းပဲဖြစ်ပါတယ်။
• ပွင့်လင်းပြီးထိရောက်မှုရှိသော ပြောဆိုဆက်သွယ်မှု - ကုမ္ပဏီရဲ့တန်ဖိုးထားမှုများ၊ ရပ်တည်မှု များနဲ့ကိုက်ညီမှုရှိစေရန်ဆောင်ရွက်ခြင်းဟာ အကြီးတန်းစီမံခန့်ခွဲသူများနဲ့ဆက်သွယ်ပြောဆိုရာ တွင်၎င်း၊ အောက်လက်ငယ်သားများနဲ့ဆက်သွယ်ပြောဆိုရာတွင်၎င်း အထင်အငေါ့မရှိစေပဲ တသမတ်တည်းရှိနေစေမှာဖြစ်ပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Yangon Academy International School
Vision
Yangon Academy empowers each student to reach their full potential.
Mission
Yangon Academy is a dynamic international school that provides a challenging K-12, American-based education ...
Show the postings (14)
Mo Asia Co.,Ltd
..Mo Asia Co. Ltd is a distributor for Dumex Milk Powder in Myanmar. Dumex is an infants' and children's nutrition company. Its products span the infant, follow on and growing-up milk categories, and ...
Show the postings (1)
URC (Myanmar) Co., Ltd.
URC is engaged in a wide range of food-related businesses, including the manufacture and distribution of branded consumer foods and is also in commodities. URC is the leading branded snackfoods and be...
Show the postings (5)
Nilar Group Of Companies
VISION
Our Road-map starts with our mission, which is enduring. It declares our purpose as a company and serves as the standard against which we weigh our actions and decisions.
• To provide our b...
Show the postings (17)
Imedia International (Myanmar) Co., Ltd.