Jobs In Myanmar
Load...

How to Be a Leader in the Workplace (Part - 5)

by www.jobsinyangon.com


Tags: Knowledge-Career-Leadership-Skills-JobsinYangon



လုပ်ငန်းခွင်အတွင်း Leader (ခေါင်းဆောင်နိုင်သူတစ်ဦး) ဖြစ်လာစေရန်ဘယ်လိုလုပ်ဆောင်ရမလဲ (အပိုင်း - ၅)
 
သင်ဟာ Leader တစ်ဦးဖြစ်နေပြီလား၊ Leader ဖြစ်လာဖို့ကြိုးစားနေသူလား? သင်တို့ထံတွင် ဘယ်လို ခေါင်းဆောင်မှုစွမ်းရည်တွေရှိထားသင့်သလဲ? ဒီအရာတွေကိုရရှိဖို့ ဘယ်လိုမျိုးလုပ်ဆောင်ရမလဲ? အစရှိ တဲ့အရာများကို ကျွန်တော်တို့ရဲ့ ဒီအခန်းဆက်ဆောင်းပါးအတွင်းတွင် အပိုင်း (၅) ပိုင်းခွဲကာ ဖော်ပြပေး သွားမှာဖြစ်လို့ ကျန်ရှိနေသေးတဲ့အပိုင်းများကို နောက်ရက်များတွင်လည်း စောင့်မျှော်ဖတ်ရှုပေးကြပါဦး ခင်ဗျာ။ 
 

အပိုင်း - ၅၊ ပြဿများများကို ကိုင်တွယ်ဖြေရှင်းခြင်း

၁။ ဘက်လိုက်မှုမရှိပဲ နားလည်မှုရှိစေရန်အတွက် သေချာနားထောင်ပေးပါ။ လုပ်ငန်းခွင်အတွင်း အခြား သူများအကြားဖြစ်ပွားနေတဲ့ ပြဿနာရပ်များ/ အငြင်းပွားမှုများကိုဖြေရှင်းပေးရာတွင် အခြေအနေတစ် ရပ်ရဲ့ ခိုင်လုံတိကျတဲ့အကြောင်းအရာများကိုသာ အာရုံစိုက်ထားရမှာဖြစ်ပါတယ်။

လူအပေါ်လိုက်ပြီးဆုံးဖြတ်ခြင်း (သို့) မိမိရဲ့ကိုယ်ပိုင်အမြင်များကိုပြုလုပ်ခြင်းမှရှောင်ရှားပါ။ စီမံ ခန့်ခွဲသူများဟာ ဝန်ထမ်းများအကြားဖြစ်ပွားတဲ့ ပြဿနာရပ်များ/ အငြင်းပွားမှုများကို ပြန်လည် ဆန်းစစ်မှုပြုရာတွင် အစဉ်အမြဲဘက်လိုက်မှုမရှိစေရန်နှင့် ဘက်လိုက်မှုများကိုဖြစ်ပွားစေနိုင် သည့် မိမိတို့နဲ့ ဆက်စပ်ပက်သတ်နေမှုများကိုဖယ်ထုတ်ကာဆန်းစစ်ကြည့်ရှု၊ ဆုံးဖြတ်မှုပြုရမှာ ဖြစ်ပါတယ်။

ပါဝင်တဲ့လူများအကြား စကားစတင်ပြောဆိုပေးလိုက်ပါ။ ပြဿနာရပ်များဟာ မကြာခဏဆိုသ လိုပင်၊ အထင်လွဲမှုများ၊ မှန်ကန်စွာဆက်သွယ်ပြောဆိုမှုမရှိခြင်းများကြောင့် ဖြစ်ပွားလာရတာ ဖြစ်ပါတယ်။ ပြဿနာတက်နေတဲ့ဘက် ၂ဖက်တွင်ပါဝင်နေတဲ့သူများအကြား ကြားဝင်ဖြန်ဖြေ ပေးသူတစ်ဦးအနေနဲ့ဆောင်ရွက်ကာ စကားစတင်ပြောဆိုပေးပြီး ၎င်းတို့အား အဆိုပါ ပြဿနာ ရပ်အတွက် အပြုသဘောဆောင်တဲ့သဘောတူညီချက်တစ်ခုရရှိစေရန်ဆောင်ရွက်ပေးလိုက်ပါ။

ဆုံးဖြတ်ချက်များအားခိုင်မာမှုရှိစေသည့်အပြင် မျှတမှုလည်းရှိနေပါစေ။ လူများဟာ အချို့သော အပြုအမူပုံစံရှိသူများနဲ့ တည့်ကြမှာမဟုတ်ပဲ ထိပ်တိုက်တွေ့တတ်ကြပါတယ်။ ဝန်ထမ်းများ အနေနဲ့ရှိသင့်တဲ့ အခြေခံအပြုအမူများကို သတ်မှတ်ထားပါ၊ သို့သော် အထူးသဖြင့် ၎င်းဟာ ပထမဆုံးပြဿနာဖြစ်ပွားသည့်အချိန်ဖြစ်နေပါက သေသေချာချာစဉ်းစားတွေးတောခြင်းမပြုပဲ  သတ်မှတ်ခြင်းမပြုသင့်ပါဘူး။ 

၂။ သင့်လျှော်တဲ့သူများနဲ့ ပြဿနာရပ်များကိုဆွေးနွေးပါ။ အကယ်၍ ဖြစ်ပွားလာတဲ့ ပြဿနာရပ် တစ်ခုဟာ သင်နဲ့ သင့်ရဲ့ဝန်ထမ်းတို့အကြားဖြစ်နေပါက ပြဿနာများကို ၂ဦးတည်းတွေ့ဆုံကာ ဖြေရှင်းသင့်ပါတယ်။ အကယ်၍မိမိတို့ရဲ့အဖွဲ့နဲ့ စီမံခန့်ခွဲသူတို့မှ ချမှတ်ပေးလိုက်တဲ့ရည်မှန်းချက် တို့အကြား ကွဲလွဲမှု၊ အငြင်းပွားမှုများရှိနေပါက အဖွဲ့လိုက်အစည်းအဝေးတစ်ခုကိုလုပ်ဆောင်ပါ။ ထိပ်တိုက်တွေ့ခြင်းနဲ့ အဖွဲ့လိုက်စည်းဝေးမှုများတွင် ပြဿနာရှိနိုင်တဲ့ကိစ္စရပ်များကို မိမိအဖွဲ့ အတွင်းမှ အခြားသူတစ်ဦးဦးကိုခိုင်းစေခြင်းမှရှောင်ကြဉ်ပါ။

၃။ ပြဿနာများကိုဖြေရှင်းဖို့စောင့်မနေပါနဲ့။ ပြဿနာရှိတဲ့ကိစ္စရပ်များကို သင့်အနေနဲ့သိသိခြင်းဖြေရှင်း ပေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် ထိုပြဿနာရပ်ဟာ တဖြည်းဖြည်းကြီးထွားလာနိုင်ပြီး ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ကို တဖြည်းဖြည်းထိခိုက်လာနိုင်စေလို့ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ကိုင်တွယ်ဖြေရှင်းနိုင် မယ့်နည်းလမ်းတစ်ခုကိုမစဉ်းစားရသေးမှီတွင် ထိုပြဿနာရပ်တစ်ခုကို စောလျှင်စွာ မသတ်မှတ်လိုက်ဖို့ ကိုတော့သတိပြုပေးရပါမယ်။

၎။ အပြုသဘောဆောင်သော ဝေဖန်ပြောဆိုမှုများကိုပြုလုပ်ပေးပါ။ အားပေးခြင်းနဲ့ စိတ်ပါဝင်စားတက် ကြွမှုရှိလာစေရန်ပြုလုပ်ပေးခြင်းတို့ဟာ မှန်ကန်စွာအသုံးပြုနိုင်တဲ့အခါမှာ အသုံးဝင်၊ အစွမ်းထက်သော အထောက်အကူပစ္စည်းများဖြစ်ကြပါတယ်။

လူတိုင်းကို သူတို့ဟာဘာတွေကိုကောင်းမွန်မှန်ကန်စွာဆောင်ရွက်နိုင်ခဲ့သည်ကိုပြန်လည်အသိ ပေးပြောကြားပြီး၊ သူတို့ဟာ ဘယ်အရာတွေအပေါ်မှာတုန့်ပြန်မှုပြုလုပ်ရာတွင် အားနည်းသလဲ ဆိုတာကိုလည်း ဝေဖန်ထောက်ပြပေးပါ။
လူတစ်ယောက်က ဘယ်လိုအမှားတွေကိုလုပ်ခဲ့မိတယ်ဆိုတာကိုသာ အာရုံစိုက်ကာပြောဆိုနေ မယ့်အစား၊ ပြဿနာရပ်များကိုဖြေရှင်းနိုင်စေမယ့် ဝေဖန်ထောက်ပြမှုများကိုပြုလုပ်ပေးပါ။ ဒါကို ပိုမိုကောင်းမွန်အောင်၊ ပိုမိုအကျိုးရှိအောင် ဘယ်လိုချဉ်းကပ်မှုပြုလုပ်နိုင်မလဲဆိုတာကို မေးမြန်းကြည့်လိုက်ပါ။

ဆွေးနွေးမှုတစ်ရပ်ရဲ့ အဓိကအကြောင်းအရာများနဲ့ သက်ဆိုင်မှုရှိပြီး အသေးစိတ်အကြောင်း အရာများကိုဆွေးနွေးတတ်ပါစေ။ အကြောင်းအရာများကိုပြောဆိုရာတွင် ဘေးချော်သွားတတ် ပါတယ်၊ သို့သော် ပြဿနာရပ်တစ်ခုရဲ့အကြောင်းကိုဆွေးနွေးမှုပြုရာတွင် ရေရှည်အသုံးချနိုင်ပြီး ကောင်းမွန်တဲ့ရလာဒ်ကောင်းများရရှိလာစေရန်အတွက်ကို အဓိကထားလုပ်ဆောင်စေပါ။

၅။ ချီးကျူးမှုများကိုပြုလုပ်ပေးပါ။ ပြဿနာရပ်များဖြစ်ပွားပြီးနောက် ဆုံးဖြတ်ချက်များချမှတ်ပြီး သည့်အခါတွင် အသင်းအဖွဲ့လိုက်စုစည်းဆောင်ရွက်နိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိခြင်းတို့ကို ချီးမွမ်းပြောဆိုပေးကာ ထိုအရာများဖြစ်လာစေရန်အတွက် ကူညီပေးတဲ့သူများကို အသိအမှတ်ပြု ပေးပါ။

အကယ်၍ ၎င်းပြဿနာတစ်ရပ်ဖြစ်ပွားခဲ့သည်မှာ ဝန်ထမ်းနှစ်ဦးရဲ့အကြားတွင်ဖြစ်ပါက သူတို့ရဲ့ အားသာချက်များ၊ အားနည်းချက်များကို ပြန်လည်သတိပေးပြောကြားပြီး ယခုအခါတွင် ၎င်း ပြဿနာတစ်ရပ်ဟာ ပြေလည်သွားတဲ့အတွက် သင့်အနေနဲ့မည်မျှအထိဝမ်းမြောက်မှုရှိကြောင်း ကိုပြောဆိုပေးပါ။

အကယ်၍ ၎င်းပြဿနာတစ်ရပ်ဖြစ်ပွားခဲ့သည်မှာ အသင်းတစ်ခုနဲ့ စီမံခန့်ခွဲသူတို့အကြားဖြစ်ပွား ခဲ့သည်ဆိုပါက ပြေလည်အောင်ဖြေရှင်းပေးနိုင်ခဲ့တဲ့ အဓိကဖြန်ဖြေပေးသူများနဲ့ အဖွဲ့လိုက်ပူး ပေါင်းဆောင်ရွက်တတ်သူများကို အသိအမှတ်ပြုသည့် အနေနဲ့ email မှတစ်ဆင့် အဖွဲ့တစ်ခုလုံး ထံသို့ စာတိုပေးပို့ကာ အသိအမှတ်ပြုကြောင်းပြောဆိုပေးပါ။

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Blue Ribbon Trading Company Limited

Blue Ribbon Trading Company Limited

Our Mission -To provide marketing and distribution services for our principals’ brands through a dictated sales and marking team. -To offer quality health care and personal care products enhancin...
Show the postings (4)
One Two Three Express

One Two Three Express

..Door to door express delivery service last-mile delivery service.....
Show the postings (8)
Mega Marine Frozen Seafood Company Limited

Mega Marine Frozen Seafood Company Limited

.We are exporting fresh water fish, sea water fish to UK, Kuwiat, Dubai, Saudi Arabia, Bangladesh, Pakistan, Taiwan, China Thailand, India and worldwide markets.We are one of the major import and expo...
Show the postings (27)
River King Ayeyar Construction Co., Ltd.

River King Ayeyar Construction Co., Ltd.

Our Vision To develop and maintain an everlasting strong relationship with our client based on trust and the quality of services provided by us. Our Mission To deliver excellence quality in time...
Show the postings (20)
Polymer Company Limited

Polymer Company Limited

Vision - To be the leader in the market. Mission - We will provide best and services available to make a difference. - We will inspire lifestyle of people. - We will treat all individuals (stak...
Show the postings (9)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS