by Admin
ချိတ်ဆွဲရန်စာတန်း: work work behaviour job search work tools job in Myanmar
(၁) အလုပ်သစ်မှာသင်သိတာကို အကုန်မပြောပါနဲ့။
တစ်ခါတလေ သိတိုင်းပြောရင်အမြင်ကတ်ခံရတတ်
ပါတယ်။
(၂) မိမိကိုယ်ကိုနှိမ့်ချပါ။ အလုပ်အသစ်မှာ ကြွားကြွား
ဝါဝါနဲ့ဆိုလူတိုင်းအမြင်ကတ်ပါတယ်။
(၃) သင်ယူပါ။ မသိသေးတာကို သိချင်ယောင်ဆောင်
မနေပါနဲ့။ သင်ဘယ်တော့မှတတ်မှာ မဟုတ်ပါဘူး။
သိတဲ့သူကိုမေးမြန်းပါ။
(၄) သည်းခံပါ။ သင့်အိမ်မှာအမေခူးပေးတဲ့ထမင်းစားခဲ့
ရတဲ့အချိန်တွေကုန်သွားခဲ့ပါပြီ။ တစ်ခါတစ်လေသင်က
ပြန်ပြီးခူးခပ်ပေးရတာတွေ ရှိလာပါလိမ့်မယ်။ သင်သဘော
မကျတဲ့သူတွေလည်းရှိပါလိမ့်မယ်။ ဒါပေမယ့်ဒါဟာ ဘ၀ရဲ့
အစပဲ ရှိပါသေးတယ်။
(၅) စီနီယာများကိုလေးစားပါ။ သင်ရထားတဲ့ရာထူးထက်
ငယ်သည့်သူဖြစ်စေ၊ ကြီးသည့်သူဖြစ်စေ အလုပ်မှာ
သင့်ထက်အရင်ရောက်နှင့်နေသူများကို လေးစားပါ။
(၆) အလိုက်သိပါ။ ဖားတာနဲ့အလိုက်သိတာကွာပါတယ်။
အလိုက်သိတယ်ဆိုတာက သင့်သူဌေး လိုအပ်တဲ့
အရာတွေကို သင်သိနေတာပါ။ လိုအပ်တဲ့အရာတွေကို
လုပ်ပေးတာပါ။ ဒါဟာ သင့်ကိုအလုပ်ပေး လစာပေး
ထားတဲ့သူတစ်ယောက်အတွက်လုပ်ပေးနေတာပါ။
ဖားတာမဟုတ်ပါဘူး။
စကားပုံလေးတစ်ခုရှိပါတယ်။
“နောက်လိုက်ကောင်းတစ်ယောက်မဖြစ်ပဲ ခေါင်းဆောင်
ကောင်းတစ်ယောက် ဘယ်တော့မှမဖြစ်ပါဘူး”
ကျရာနေရာမှာအကောင်းဆုံးစွမ်းဆောင်နိုင်ပြီး
အလုပ်ခွင်မှာအားလုံးနဲ့အဆင်ပြေကြပါစေ။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။