Jobs In Myanmar
Load...

How To Build Trust Into The Recruitment Process

by www.jobsinyangon.com


Tags: Knowledge-HRM-Building-Trust-Recruitment-JobsInYangon



ဝန်ထမ်းခေါ်ယူခြင်းလုပ်ငန်းစဉ်တစ်ခုတွင် ယုံကြည်မှုကို ဘယ်လိုတည်ဆောက်ရမလဲ 

 

လူအများစုကတော့ သူတို့ကိုမေးလိုက်ပါက ယုံကြည်မှုရှိဖို့ဟာ သူတို့အတွက် အလွန်တစ်ရာပင်အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်လို့ ဖြေကြပါလိမ့်မယ်။ ဒါက ကျွန်ုပ်တို့ကိုယ်ကို ကျွန်ုပ်တို့ဘယ်လိုထင်သလဲဆိုတာနဲ့ ကျွန်ုပ်တို့အနေနဲ့ ဘယ်လိုအပြန်အလှန်ဆက်ဆံမှုတွေလုပ်ကြသလဲဆိုတာတွင် အဓိကကျတဲ့တန်ဖိုးတစ်ခုဖြစ် ပါတယ်။ ဒီအရာက ကျွန်ုပ်တို့နေ့စဉ်ဆုံးဖြတ်မှုပြုလုပ်နေရတဲ့ ဆုံးဖြတ်ချက်များအပေါ်တွင် လည်းအကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ် - ဘယ်သူ့ဆီကဝယ်ယူရမလဲ၊ ဘယ်သူနဲ့အတူအချိန် ဖြုန်းရမလဲ အစရှိတာတွေအပြင် ကျွန်ုပ်တို့သိပ်ပြီးစဉ်းစားမှုပြုစရာမလိုတဲ့ ဆုံးဖြတ်ချက်များအပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ကျွန်ုပ်တို့ကားပေါ် တက်လိုက်တဲ့အချိန်တိုင်းတွင် ဘရိတ်များဟာကောင်းမွန်မှုရှိနေပြီး အခြားကားမောင်းသူများကလည်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ပြုမူကြလိမ့်မယ်လို့ ယုံကြည်ထားတတ်ကြပါတယ်။ သို့သော် . . . ယုံကြည်မှုဆိုတာရဲ့ တစ်ကယ့်အဓိပ္ပါယ်အမှန်ဟာ ဘာပါလဲ? ဒီအရာကို ဝန်ထမ်းခေါ်ယူမှုလုပ်ငန်းစဉ်အတွင်းတွင် တည်ဆောက်နိုင်ပါ့မလား? 

လူတွေကမကြာခဏဆိုသလို ယုံကြည်မှုကိုရရှိနိုင်ဖို့အကြောင်းအရာများကို ပြောဆိုတတ် ကြပါတယ်။ အထူးသဖြင့် သူတို့အပေါ် ယုံကြည်မှုတွေ ပျောက်ဆုံး၊ ဆုံးရှုံးလာတဲ့အခါများတွင် တစ်စုံတစ်ယောက်ရဲ့ယုံကြည်မှုကို ပြန်လည်ရယူနိုင်ဖို့အတွက်ကို ပြောဆိုတတ်ကြပါတယ်။ စာရေးသူအနေနဲ့ Rachel Botsman (ယုံကြည်မှုအကြောင်း ဟောပြောသူတစ်ဦး) ရဲ့ ဟောပြောပွဲတစ်ခုတွင် ပြောကြားခဲ့တဲ့အဆိုအမိန့်များထံမှ ဘာကိုသင်ယူရရှိခဲ့သလဲဆိုတော့ “ယုံကြည်မှုဆိုတာကိုရှာဖွေရယူ၍ မရနိုင်ပါဘူး၊ ဒီအရာကို တစ်ဖက်ကပေးလာမှပဲ ရနိုင်တာပါ။” ရိုးရှင်းစွာ ပြောရမည်ဆိုလျှင် - ကျွန်ုပ်တို့အနေနဲ့ ကျွန်ုပ်တို့ပြောထားတဲ့အရာများအတိုင်း လုပ်ပါမယ်ဆိုတာကို ပြသနိုင်ဖို့ရာမှာ အခြားတစ်ဖက်မှသူက ကျွန်ုပ်တို့ကို အရင်ဆုံး ထိုသို့ပေးလုပ်ဖို့ကို လိုအပ်ပါလိမ့်မယ်။ ဒီယုံကြည်မှုကိုရှာဖွေရယူနိုင်ခဲ့တာမဟုတ်ပါဘူး။ ဒီအရာကိုတစ်ဖက်က ပေးလာခဲ့တာဖြစ်ပါတယ်။ ဥပမာ - Organization တစ်ခုရဲ့ခေါင်းဆောင်တစ်ယောက်က သူမရဲ့ယုံကြည်မှုကို ကျွန်ုပ်အနေနဲ့ရယူနိုင်ဖို့အတွက် အချို့သောအလုပ်လျှောက်ထားသူများ ရဲ့ အင်တာဗျူးများကို သူမကိုယ်စားစီစဉ်ပေးစေလိုပါတယ်။ ဒီအရာကို သူမထံကခွင့်ပြုချက်မရပဲ ကျွန်ုပ်အနေနဲ့ လုပ်ဆောင်၍မရနိုင်ပါဘူး။ ဒါကြောင့်ဒီအခြေအနေမှာ သူမက ကျွန်ုပ်ကိုယုံကြည်ဖို့အတွက် ဆုံးဖြတ်ပြီးပြီပဲဖြစ်ပါတယ်။ 

Rachel ရဲ့ဟောပြောချက်များကို နားဆင်ခဲ့ရပြီးနောက် ကျွန်ုပ်သင်ယူရရှိခဲ့တဲ့ ဒုတိယအဓိကကျတဲ့ အချက်တစ်ခုကတော့ ပွင့်လင်းမြင်သာမှုရှိခြင်းဟာ ယုံကြည်မှုတွေကိုရရှိနိုင်တဲ့ အဖြေတစ်ခုမဟုတ်ပါဘူး။ ကျွန်ုပ်အနေနဲ့ ဝန်ထမ်းခေါ်ယူမှုလုပ်ငန်းစဉ်တစ်ခုတွင် ပိုမို၍ပွင့်လင်းမြင်သာမှုရှိအောင်ပြုလုပ်ခြင်းအားဖြင့် လျှောက်ထားလာတဲ့သူများနဲ့ ဌားရမ်းခေါ်ယူမှုပြုမည့် မန်နေဂျာများဘက်က ကျွန်ုပ်ကိုပိုမို၍ ယုံကြည်မှုရှိလာစေရန် ပြုလုပ်၍မရနိုင်ပါဘူး။ ကျွန်ုပ်အနေနဲ့ အခြားသောနည်းလမ်းတွေကိုအသုံးပြုပြီး ယုံကြည်မှုကို တည်ဆောက်ရပါမယ်။ 

 

ဝန်ထမ်းခေါ်ယူဌားရမ်းမည့်သူများအနေနဲ့ ယုံကြည်မှုကို တိုးပွားအောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲ 

ဝန်ထမ်းခေါ်ယူမည့်သူများအနေနဲ့ ယုံကြည်မှုရရှိစေဖို့ ပထမဆုံးနည်းလမ်းမှာ နားထောင်ပေးဖို့ပဲဖြစ်ပါတယ်။ အကယ်၍ကျွန်ုပ်တို့ဖက်မှ သူတို့ဘာတွေလိုအပ်သလဲဆိုတာကို နားထောင်ပေးခြင်းမရှိပါက ထိုသူများကရော သူတို့လိုချင်တဲ့အရာများကို ကျွန်ုပ်တို့ဖက်က လုပ်ပေးနိုင်တယ်လို့ ဘယ်လိုယုံကြည်ပေးနိုင်မှာလဲ? ဝန်ထမ်းခေါ်ယူမည့်သူများဟာ ‌နောက်ထပ် call တစ်ခုထံသို့ အလောတကြီးကူးပြောင်းဖို့ (သို့) သူတို့ offer ပြုလုပ်ပေးနေတဲ့ position တစ်ခုရဲ့ အကျိုးခံစားခွင့်များကိုကြေငြာဖို့အတွက်သာ စိတ်ဆောင်နေကြတဲ့အတွက် နားထောင်ပေးခြင်းဟာ ဝန်ထမ်းခေါ်ယူဌားရမ်းခြင်းပြုရာတွင် မကြာခဏမေ့လျော့ခံနေရတဲ့ ကျွမ်းကျင်မှုတစ်ခုပဲဖြစ်ပါတယ်။ နားထောင်ပေးလိုက်ခြင်းအားဖြင့် ကျွန်ုပ်အနေနဲ့ အဆိုပါအလုပ်လျှောက်ထားသူ (သို့) မန်နေဂျာကို နားလည်မှုရှိကြောင်း ဖော်ပြနိုင်မှာဖြစ်တဲ့အတွက် အဆိုပါလုပ်ငန်းစဉ်အတွင်းတွင် ကျွန်ုပ်အနေနဲ့ ယုံကြည်မှုကို ပိုမိုတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။ 

အလုပ်တစ်ခုမှတစ်ခုသို့ပြောင်းရွှေ့ခြင်းဟာ အဓိကကျတဲ့ဘဝဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ ဝန်ထမ်းခေါ်ယူမည့်သူများအနေနဲ့ ဒီဆုံးဖြတ်ချက်များကို တစ်နေ့အတွင်း ကြိမ်ဖန်များစွာ ပြုလုပ်ရလေ့ရှိသည့်အတွက် ဒီအချက်ကို မေ့လျော့နေတတ်ပါတယ်။ အလုပ်လျှောက်ထားသူတစ်ယောက်က အလုပ်အသစ်တစ်ခုအတွက်လျှောက်ထားဖို့စဉ်းစားတဲ့အချိန်မှာ သူတို့အနေနဲ့ ထိုသို့ပြုလုပ်ဖို့အတွက် လများစွာအကြာကတည်းက စဉ်းစားထားကြတာဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာဖြစ်တယ်လို့ ခံစားရလိုကြမှာဖြစ်ပြီး သူတို့အသစ်သတ်မှတ်လိုက်တဲ့ goal များကိုအောင်မြင်စေရန်အတွက် ကူညီပေးနိုင်မယ့် တစ်စုံတစ်ယောက်နဲ့သာ အလုပ်တွဲလုပ်လိုကြမှာလည်းဖြစ်ပါတယ်။ သူတို့အနေနဲ့ ရောင်းကုန်ပစ္စည်းတစ်ခုအနေနဲ့ ခံစားရတာမျိုးကို လိုလားကြမှာမဟုတ်တာဖြစ်တဲ့အတွက် အလုပ် offer များကို ဈေးရောင်းသလို ရောင်းချခြင်းမပြုတာဟာလည်း နောက်ထပ်ယုံကြည်မှုကို ဝန်ထမ်းခေါ်ယူခြင်းလုပ်ငန်းစဉ်အတွင်းတည်ဆောက်နိုင်စေဖို့ အဓိကကျတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ ထိုအစား သင်လိုအပ်နေတဲ့အလုပ်တာဝန်တစ်ခုရဲ့ အားသာချက်၊ အားနည်းချက်များကို ပြောပြပြီး ဒီအရာကသူတို့ရဲ့ ရည်မှန်းချက်များနဲ့ မည်သို့ကိုက်ညီမှု ရှိစေသလဲဆိုတာကို ပြောပြပေးခြင်းက အရေးကြီးပါတယ်။ ကျွန်ုပ်တို့ရဲ့ အတွေ့အကြုံအရ အလုပ်လျှောက်ထားသူ (သို့) client တစ်ဦးက အလုပ်ခေါ်ယူသူဟာ သူတို့ရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားခြင်းမရှိဘူးလို့ ခံစားရပါက ထိုအလုပ်ကို လက်ခံလိုက်တယ်ဆိုရင်တောင်မှ အလုပ်ခေါ်ယူသူကို မည်သည့်အခါတွင်မှ အပြည့်အဝယုံကြည်မှုရှိမှာမဟုတ်ပါဘူး။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Design Communications International Co, Ltd.

Design Communications International Co, Ltd.

..Design Communications International Co, Ltd.....
Show the postings (2)
Talent and Technology Co.,Ltd

Talent and Technology Co.,Ltd

Vision - Access to electricity is fundamental for productive lives. All people in Myanmar should have access to and affordable and reliable electricity supply. Mission - Reduce poverty and imp...
Show the postings (10)
GIORDANO MYANMAR

GIORDANO MYANMAR

..Creation Myanmar Co., Ltd (Giordano)....
Show the postings (15)
Tokyo Metropolitan Institute of Technology

Tokyo Metropolitan Institute of Technology

To recruit and develop of our country’s most promising students and most outstanding staff and be a truly global institute. To Focus on highest international standards and teaching methods. Prod...
Show the postings (5)
LOTTE MGS Beverage Co.,Ltd

LOTTE MGS Beverage Co.,Ltd

Lotte Group’s mission : “ We enrich people’s lives by providing superior products and services that our customers love and trust.”LOTTE MGS Beverage (Myanmar) Co., Ltd was incorporated in the ...
Show the postings (5)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS