Jobs In Myanmar
Load...

How to Evaluate, Accept, Reject, or Negotiate a Job Offer (Part-1)

by www.jobsinyangon.com


Tags: Knowledge-Career-Job-Offers-JobsInYangon



Job Offer တစ်ခုကို ဘယ်လို အကဲဖြတ်မလဲ? လက်ခံမှာလား၊ ငြင်းမှာလား (သို့) ညှိနှိုင်းမှုတွေလုပ်ရမှာလား? (အပိုင်း - ၁) 

Congratulations! ပါ။ သင်အလုပ်ရသွားပါပြီ။ အခုအချိန်မှာ ခက်ခဲတဲ့အပိုင်းကတော့ သင့်အနေနဲ့ ဒီအလုပ်ကို လက်ခံမှာလား၊ ငြင်းပယ်မှာလားဆိုတာပါပဲ။ သင့်အနေနဲ့ လစာအပါအဝင် အခြားသောခံစားခွင့်တွေကို ဘယ်လို အကဲဖြတ်မလဲ? လူတွေကြားမှာရရှိနိုင်တဲ့ ဘယ်သတင်းအချက်အလက်တွေကို သင်အားထားယုံကြည်လို့ရနိုင် မလဲ? သင့်အနေနဲ့ ပိုမိုကောင်းမွန်တဲ့သဘောတူညီမှုတစ်ခုရရှိနိုင်အောင် ဘယ်လိုကြိုးစားလုပ်ဆောင်သင့်သလဲ? နောက်ပြီး ထိုအရာကသင့်အတွက်သင့်တော်တဲ့အလုပ်မဟုတ်ဘူးဆိုပါလျှင် ဘယ်လိုပုံစံနဲ့ငြင်းဆိုခြင်းက အကောင်းဆုံးဖြစ်နိုင်မလဲ? ဒီ Article လေးကို ကျွန်တော်တို့ရဲ့ JobsInYangon website နဲ့ Facebook Page ပေါ်မှာ အပိုင်း (၄) ပိုင်းခွဲပြီးဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် နေ့စဉ်စောင့်မျှော်ဖတ်ရှုပေးကြပါဦးခင်ဗျာ။ 

ကျွမ်းကျင်သူများကပြောကြားသွားတာကတော့ . . .

လုပ်ငန်းရှင်ဖက်က သင့်ကို အလုပ် offer တစ်ခုကိုကမ်းလှမ်းတဲ့အခါမှာ . . . သူက . . “သင့်ကိုချစ်ကျွမ်းဝင်သွား လို့ပဲဖြစ်ပါတယ်။” ဟူ၍ UK အခြေစိုက် career strategist တစ်ဦးနဲ့ The Success Code ဆိုတဲ့စာအုပ်ရဲ့ စာရေးသူလည်းဖြစ်သူ John Lees က ပြောကြားသွားခဲ့ပါတယ်။ Lees ရဲ့အဆိုအရ “သင့်ထံတွင် သင့်ရဲ့ Job description ကို ပုံဖော်ပြီး သင်ရရှိမယ့်လစာငွေနဲ့ အကျိုးခံစားခွင့်များကို ပိုမိုတိုးပွားအောင်လုပ်ဆောင်နိုင်ဖို့ အတွက် အလုပ်ခန့်အပ်ပြီး ပထမဆုံး ၂နှစ်အတွင်းထိုသို့ ညှိနှိုင်းခြင်းထက် အလုပ် offer စတင်ပြုလုပ်ခြင်းခံရ သည့်အချိန်မှာ သင့်ကိုပိုပြီးအားသာချက်ရှိစေပါတယ်။” ဒါပေမယ့်လည်း အလုပ် offer တစ်ခုကို အကဲဖြတ်ရ ခြင်းဟာ အမြဲတမ်းရိုးစင်းနေတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး - အထူးသဖြင့် သင့်အနေနဲ့အခြားသူများနဲ့ နှိုင်းယှဉ်/ ယှဉ်ပြိုင်ရတဲ့အခိုက်အတန့်ဟာ ရှိမနေတဲ့အတွက် “အချိန်ယူပြီး သင့်ရဲ့ရည်မှန်းချက်များအတွက် အကျယ်တဝင့်စဉ်းစားထားသင့်ပါတယ်။” ဟူ၍လည်း Lesley University ရဲ့ကျောင်းအုပ်တဖြစ်လဲ HBR Guide to Negotiating စာအုပ်ရဲ့ စာရေးဆရာလည်းဖြစ်တဲ့ Jeff Weiss က အကြံပေးခဲ့ပါတယ်။ “ထိုအလုပ် offer တစ်ခုကို သင့်ရဲ့ ကြီးပွားတိုးတက်မှုအတွက်အထောက်အကူဖြစ်စေလား၊ သင့်ရဲ့ဘဝနေထိုင်မှုအခြေအနေတွေကိုတိုးတက်လာစေ နိုင်လားဆိုတာတွေနဲ့ သင့်အနေနဲ့ အလုပ်ဘယ်လောက်များများလုပ်ကိုင်လိုသလဲဆိုတာတို့အပေါ်မူတည်ပြီး စဉ်းစားကြည့်သင့်ပါတယ်။” ဘယ်အလုပ် offer ကမှတော့ လုံးဝပြီးပြည့်စုံပြီး perfect ဖြစ်နေမှာမဟုတ်ပါဘူး ဒီ အတွက်ကြောင့် အလုပ် offer တစ်ခုကိုအကဲဖြတ်ဆုံးဖြတ်မှုပြုရာတွင် အများဆုံးစဉ်းစားရမယ့်အချက်ကတော့ သင့်အနေနဲ့ လဲလှယ်ပေးဆပ်နိုင်တဲ့အရာတွေကို စဉ်းစားထားဖို့ပါပဲ” အောက်ပါအချက်များကတော့ သင့်အနေနဲ့ အလုပ်တစ်ခုဟာသင်နဲ့ကိုက်ညီနိုင်မလားဆိုတာကို စဉ်းစားဖော်ထုတ်နိုင်စေမယ့် အကြံဉာဏ်အချို့ပဲဖြစ်ပါတယ်။

သင့်ရဲ့အတွေးအမြင်များကိုပြင်ဆင်ပါ။ 

ပထမဦးဆုံးအနေနဲ့ offer တစ်ခုကိုလက်ခံရရှိခြင်းဟာ အလုပ်ရှာဖွေခြင်းလုပ်ငန်းစဉ်ရဲ့ “မတူကွဲပြားတဲ့ အဆင့် အသစ်တစ်ခု” ကို ကိုယ်စားပြုနေတယ်ဆိုတာကို အသိအမှတ်ပြုဖို့ပဲဖြစ်တယ်လို့ Lees က ပြောဆိုခဲ့ပါတယ်။ “အလုပ်အင်တာဗျူးတစ်ခုပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဒီ offer ကို ရရှိနိုင်ဖို့ပဲဖြစ်ပါတယ်” လို့လဲ သူက ပြောဆိုသွားခဲ့ပါတယ်။ နောက်တစ်ဆင့်ကတော့ ဒီ offer ကိုချိန်ညှိကြည့်ခြင်းနဲ့ သင့်ရဲ့အလုပ်ရှင်အသစ်နဲ့ ညှိနှိုင်း ဆွေးနွေးခြင်းပဲဖြစ်ပါတယ်။ “သင်ဟာသင့်ဘဝရဲ့နောက်ထပ် chapter တစ်ခုကိုစတင်ရတော့မှာဖြစ်တဲ့အတွက် ခေတ္တမျှရပ်နားလိုက်ပါ”။ သင်သာဆန္ဒရှိမယ်ဆိုရင် ဒီအလုပ်ကသင့်အတွက်အပိုင်ပဲဖြစ်နေရင်တောင်မှ “သက် ဆိုင်ရာမန်နေဂျာနဲ့ သင့်ရဲ့ညှိနှိုင်းမှုတွေကို ဆက်လက်ပြီး စိတ်ပါဝင်စားစွာပြုလုပ်သင့်ပါတယ်” ဟူ၍ Lees က ပြောဆိုခဲ့ပါတယ်။ “သင်က ဝေဖန်ချင်သလိုလို၊ သံသယရှိသလိုလိုနဲ့ ဒါမှာမဟုတ် ထို offer အကြောင်း တစ်စုံ တရာကို မေးခွန်းထုတ်လိုတဲ့ပုံစံ ဖြစ်နေရင်တော့ သင်ဟာ အလုပ်ရှင်ဖက်ကို အနုတ်လက္ခဏာဆောင်တဲ့ နမိတ်လက္ခဏ္ဍာကို ဖော်ပြလိုက်တာပါပဲ။” “ဒါက သင်ဟာ သင့်ကိုယ်သင် အလုပ်လိုချင်သလားဆိုတာကိုတောင် သေခြာမသိတဲ့ပုံစံမျိုး ထင်မြင်သွားစေနိုင်ပါတယ်။” တစ်ကယ်တမ်းလည်းသင့်အနေနဲ့ ထိုသို့ဖြစ်ကောင်းဖြစ်နေ နိုင်ရင်တောင်မှ ဒီအရာက သင့်ရဲ့မန်နေဂျာဖြစ်လာနိုင်သူကို သင့်အနေနဲ့ပေးလိုတဲ့ message တော့ ဟုတ်မှာ မဟုတ်ပါဘူး။ “လုပ်ငန်းရှင်များအနေနဲ့ သင်ဟာ ဒီအလုပ်ကို စိတ်ပါဝင်စားမှုရှိတယ်ဆိုတာကို ခံစားသိရှိနိုင်စေဖို့ လိုအပ်ပါတယ်။” 

စနစ်တကျတွေးခေါ်ပါ။ 

နောက်တစ်ဆင့်အနေနဲ့ သင့်အတွက် သင့်ရဲ့ပရော်ဖက်ရှင်နယ်ဘဝနဲ့ တစ်ကိုယ်ရည်ဘဝမှာ ဘာတွေကအရေးကြီး သလဲဆိုတာကို သင့်အနေနဲ့စဉ်းစားကြည့်ဖို့လိုအပ်ပါလိမ့်မယ်။ ပြီးနောက်တွင်မှ “ပေးအပ်လာတဲ့ အလုပ် offer ကို ဒီအချက်အလက်တွေကိုအသုံးပြုပြီး အကဲဖြတ်ကြည့်ပါ။” ဟူ၍ Weiss ကပြောကြားခဲ့ပါတယ်။ “လူအများစု က ဒေါ်လာများအပေါ်မှာပဲ အဓိကအာရုံစိုက်နေကြပါတယ်၊ ဒါပေမယ့် “မိမိရဲ့တန်ဖိုးကဘာလဲ” ဆိုတာကိုလည်း မေးမြန်းကြည့်သင့်ပါတယ်။ အဆုံးတွင် ငွေကြေးဟာ လုပ်ငန်းခွင်အတွင်းစိတ်ကျေနပ်မှုရရှိနိုင်ဖို့အတွက်မှာ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်တဲ့အတွက်ပဲဖြစ်ပါတယ်။ “မကြာခဏဆိုသလိုပဲ သင်တို့အနေနဲ့ “ငါ ဒီ X ပမာဏ လောက်ပဲငွေရှာနိုင်ရင်တောင် မနက်နိုးလာတာနဲ့အလုပ်သွားဖို့စိတ်လှုပ်ရှားတက်ကြွနေရတာကို ဒီ X ပမာဏ + ၁၀% လောက်ပိုရပြီး မိမိရဲ့အလုပ်ကို မနှစ်မြို့ပဲဖြစ်နေရတာထက်ပိုလိုချင်မိတယ်လို့ တွေးမိလာကြတတ်ပါ တယ်။” ဟူ၍လည်း သူကပြောကြားခဲ့ပါတယ်။  မနက်ဖြန်မှာတော့ သင့်အနေနဲ့ အလုပ် offer တစ်ခုကို အကဲဖြတ်ရာမှာ ထည့်သွင်းစဉ်းစားဖို့အတွက် အရေးကြီးတဲ့အချက်များကို အပိုင်း (၂) အနေနဲ့ ဖော်ပြပေးသွားပါ ဦးမယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


RHENUS LOGISTICS

RHENUS LOGISTICS

..Rhenus Myanmar Limited is located in the heart of Yangon (formerly known as Rangoon). Prior to the relatively recent foundation of the new capital city Naypyidaw, Yangon was the seat of government. ...
Show the postings (2)
Eastern Group of Companies

Eastern Group of Companies

We are currently seeking dedicated staffs that have a desire to serve others while building a professional career.Over the years, our company has expended and diversified business in poultry farming, ...
Show the postings (8)
GMO-Z.comACE Co.,Ltd.

GMO-Z.comACE Co.,Ltd.

Our mission is to contribute to the society by enriching the Internet experiences, creating new Internet cultures and industries, and bringing smiles and inspiration to our customers..GMO-Z.comACE, jo...
Show the postings (5)
Anawmar Art Group Co., Ltd.

Anawmar Art Group Co., Ltd.

PENTA-OCEAN CONSTRUCTION CO., LTD.

PENTA-OCEAN CONSTRUCTION CO., LTD.

.“Creative company” for land and sea As a leading contractor in coastal and waterfront area, we seek to create attractive environment and pursue customer satisfaction and social contribution as a...
Show the postings (2)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS