Jobs In Myanmar
Load...

How to Evaluate, Accept, Reject, or Negotiate a Job Offer (Part-2)

by www.jobsinyangon.com


Tags: Knowledge-Career-Job-Offers-JobsInYangon



Job Offer တစ်ခုကို ဘယ်လို အကဲဖြတ်မလဲ? လက်ခံမှာလား၊ ငြင်းမှာလား (သို့) ညှိနှိုင်းမှုတွေလုပ်ရမှာလား? (အပိုင်း - ၂) 

သင့်အနေနဲ့ အလုပ် offer တစ်ခုကို အကဲဖြတ်ရာမှာ ထည့်သွင်းစဉ်းစားဖို့အတွက် အရေးကြီးတဲ့အချက်များ

လစာငွေ 

Offer ပေးအပ်လာတဲ့ ငွေကြေးပမာဏဟာ ရပ်တည်နိုင်ဖို့အတွက် လုံလောက်တဲ့ပမာဏတစ်ခုမဟုတ်ရင်တောင် မှ သင့်အနေနဲ့ ဒီပမာဏဟာသင့်ရဲ့အသိပညာ၊ အတတ်ပညာများနဲ့ထိုက်တန်တဲ့ပမာဏတစ်ခုဖြစ်ပြီး ဒီအရာက ဒေသခံဈေးကွက်အတွင်းက လစာငွေပမာဏများနဲ့ ကိုက်ညီမှုရှိပါသလားဆိုတာကို သင့်အနေနဲ့ရှာဖွေဖော်ထုတ် ကြည့်ဖို့လိုအပ်ပါလိမ့်မယ်။ ငွေကြေး package တစ်ခုလုံးကိုခြုံငုံပြီးကြည့်ရှုကြည့်ပါ။ Weiss ရဲ့အဆိုအရ အဓိက ကျတဲ့မေးခွန်းကတော့ “ငါ့လိုလုပ်ရည်ကိုင်ရည်ရှိပြီး ဒီကဏ္ဍတစ်ခုမှာငါ့လိုအတွေ့အကြုံရှိတဲ့သူတစ်ဦး ဒီမြို့ အတွင်းမှာလစာဘယ်လောက်ရနေသလဲ?” ဆိုတာပဲဖြစ်ပါတယ်။ Glassdoor, Indeed, Ladders နဲ့ Salary.com ကဲ့သို့သော အချက်အလက်စင်တာများနဲ့ အလုပ်ရှာဖွေရေး website များမှာရှာဖွေကြည့်ခြင်းဟာ ကောင်းမွန်တဲ့ starting point တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် Lees ကတော့ အဆိုပါလုပ်ငန်းနယ်ပယ်တစ်ခုအတွင်းရှိ လုပ် သားခေါ်ယူသူများ၊ လုပ်သားရှာဖွေပေးသူများ၊ အခြားသောသူများနဲ့ စကားစမြည်ပြောဆိုကြည့်ဖို့ကိုလဲ အကြံပြု ထားပါသေးတယ်။ သူ့ရဲ့ပြောကြားချက်အရ “ထိုလုပ်ငန်းနယ်ပယ်နဲ့အကျွမ်းတဝင်ရှိတဲ့သူတစ်ဦးဦးကိုရှာဖွေပါ။” သင်ရဲ့စုံစမ်းထောက်လှမ်းမှုမှာ “သင်ဟာဘာလို့ဒီလုပ်ငန်းနယ်ပယ်ရဲ့ ထိပ်ပိုင်း ၁၀ - ၁၅ % မှာရှိနေရတာလဲဆိုတာ ကို ပြောဆိုနိုင်မယ့် အကြောင်းပြချက်တစ်ခုကိုလည်းရှာဖွေထားပါ။” ဒါပေမယ့်လည်း ဒီကိစ္စမှာ ညှိနှိုင်းဖို့အတွက် အနည်းငယ်သာရှိပါလိမ့်မယ်။” အကယ်၍ငွေကြေးနဲ့ပတ်သက်ပြီး ညှိနှိုင်း၍မရနိုင်ဘူးဆိုပါက သင့်အနေနဲ့ အခြား ဘယ်နေရာတွေကတာဝန်တွေကို လျှော့ချလိုသလဲဆိုတာနဲ့ပတ်သက်ပြီး backup plan တစ်ခုကိုလည်း ထားရှိ ထားသင့်ပါတယ်။ 

အလုပ်ကိစ္စအသေးစိတ် 

ပေးအပ်လာတဲ့ offer တစ်ခုကနေ သင့်အနေနဲ့ “လုပ်ငန်းခွင်အတွင်း စိတ်ပျော်ရွှင်မှုရနိုင်မလား” ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားထားဖို့က အရေးကြီးပါတယ် ဟူ၍ Lees က ပြောဆိုခဲ့ပါတယ်။ ဒီမေးခွန်းကိုဖြေဖို့အတွက် လုပ်ငန်းပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ သင်လုပ်လိုတဲ့ activity များနဲ့ သင်အသုံးပြုလိုတဲ့ ကျွမ်းကျင်မှု အမျိုးအစားများကို သင်သိရှိထားဖို့လိုအပ်ပါလိမ့်မယ်။ “ငါဟာ အဖွဲ့ကြီးတစ်ခုလုံးကို ဦးဆောင်လိုရဲ့လား၊ လူ အချို့ကိုပဲ ကြီးကြပ်မှုပြုလိုတာလား (သို့) management တာဝန်များနဲ့ လွတ်လွတ်ကင်းကင်းပဲနေလိုတာလား? Client တွေနဲ့ထိတွေ့ဆက်ဆံလိုသလား? မိမိကိုယ်မိမိထိန်းချုပ်ပြီး ဘယ်သူ့ကြီးကြပ်မှုမှမပါပဲအလုပ်လုပ်လိုတာ လား? အပြည်ပြည်ဆိုင်ရာခရီးတွေခဏခဏသွားလိုလား (သို့) လုံးဝခရီးမသွားလိုဘူးလား? ဘယ်လို project တွေကိုတော့ ပါဝင်ဆောင်ရွက်လိုပြီး ဘယ်လိုသက်မွေးမှုလုပ်ငန်းတွေကိုတော့ လုပ်ကိုင်လိုစိတ်မရှိဘူးလဲ? အစရှိတဲ့မေးခွန်းများကို သင့်ကိုယ်သင်မေးမြန်းကြည့်ဖို့လိုအပ်ပါလိမ့်မယ်။ ထို့အပြင်”သင်ဘာတွေကိုလုပ်ဆောင် ရမလဲဆိုတာကိုလဲကြည့်ရှုကြည့်လိုက်ပါ၊ အောင်မြင်တယ်ဆိုတာ ဘယ်လိုအရာများကိုခေါ်တာလဲဆိုတာနဲ့ ဘယ် လိုစံနှုန်းတွေကိုအသုံးပြုပြီး သင့်ကိုအကဲဖြတ်နိုင်သလဲဆိုတာတွေကိုလဲ လေ့လာကြည့်လိုက်ပါ” ဟူ သူကပြော ကြားခဲ့ပါတယ်။ သင့်ထံက ဘာတွေကိုမျှော်လင့်သလဲဆိုတာအပေါ် အသေးစိတ်သိရှိနားလည်ထားခြင်းက သင့်အနေနဲ့ ဒီအလုပ်တစ်ခုကိုအမှန်တကယ်လုပ်ကိုင်လိုစိတ်ရှိရဲ့လားဆိုတာကိုဆုံးဖြတ်နိုင်ဖို့အတွက် အဓိက အရေးပါတဲ့အချက်တစ်ခုဖြစ်ပါတယ်ဟူ၍လည်း ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။ “ဒီအလုပ်တစ်ခုကို အောင်မြင်အောင်လုပ်ကိုင်နိုင်သလားဆိုတာနဲ့ သင့်အနေနဲ့ ပေးအပ်ထားတဲ့ရည်မှန်းချက်တွေကို ထိရောက်အောင် မြင်အောင်စွမ်းဆောင်နိုင်ရဲ့သလားဆိုတာကိုလည်း အလေးအနက်ထားပြီးစဉ်းစားပါ။” အကယ်၍အဖြေတွေက မဖြစ်နိုင်ဘူးဆိုပါက ဒီလုပ်ငန်းတာဝန်တစ်ခုဟာ သင့်ကိုဆိုးကျိုးတွေဖြစ်လာနိုင်စေတာသော်၎င်း၊ ဒီအလုပ်ဟာ သင်နဲ့မကိုက်ညီတာသော်၎င်းဖြစ်နေနိုင်ပါတယ်။ 

ထုံးတမ်းစဉ်လာများနဲ့ကိုက်ညီမှု 

သင့်အနေနဲ့ ထိုအဖွဲ့အစည်းနဲ့ သူတို့ထံတွင်အလုပ်လုပ်နေတဲ့သူများအပေါ်မှာလည်း သေသေချာချာလေ့လာထား ရမှာဖြစ်ပြီး ဒါမှသာသင်ထိုနေရာမှာအလုပ်လုပ်ရတာကိုနှစ်သက်ပါ့မလားဆိုတာကိုသေချာစွာအကဲဖြတ်လေ့လာ နိုင်မှာဖြစ်ပါတယ် ဟူ၍ Weiss က မှတ်သားထားဖို့အချက်တစ်ခုကိုပြောကြားသွားခဲ့ပါတယ်။ သင့်ကိုယ်သင်မေး ကြည့်လိုက်ပါ “ဒီနေရာက ငါပျော်ရွှင်ကျေနပ်မှုရနိုင်မယ့်နေရာလား? ဘယ်နေရာတွေမှာတော့ အခက်အခဲတွေ တွေ့ကြုံရနိုင်သလဲ? နောက်ပြီး ဘယ်နေရာမှာတော့ ငါအဆင်ပြေနိုင်မလဲ? ဒီမေးခွန်းတွေကိုဖြေနိုင်ဖို့အတွက် Lee ကတော့ “သင့်ရဲ့ဖုန်းများကိုအလုပ်ပေးပြီးသင့်အဆက်အသွယ်များကိုမေးမြန်းကြည့်ဖို့၊ LinkedIn network ကို အားကိုးဖို့နဲ့ မေးခွန်းများမေးမြန်းကြည့်ဖို့ကို အကြံပြုထားပါတယ်။” “ဒီအဖွဲ့အစည်းတစ်ခုဟာ ဘယ်လိုရှိလဲ? လူတွေက ဒီအဖွဲ့အစည်းမှာ ဘယ်လောက်ကြာကြာနေကြသလဲ? ဒီအလုပ်ကိုလုပ်ခဲ့တဲ့ အရင်ကလူ ဘာဖြစ်သွား သလဲ? သင့်အနေနဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ထုံးတမ်းစဉ်လာများကို ညှိနှိုင်းပြောင်းလဲ၍ရနိုင်မှာမဟုတ်ပါဘူး။ ဒါပေ မယ့် ဒီအရာတွေကို သင်အလုပ် offer အားလက်မခံမှီတွင်သိရှိထားပါက သင့်အားအကူအညီပေးနိုင်ပါလိမ့်မယ်။ “ဒီအဖွဲ့အစည်းရဲ့အကြောင်းကျွန်တော်ပိုပြီးထဲထဲဝင်ဝင်နားလည်လိုပါတယ်၊ ကျွန်တော့်အနေနဲ့ အဖွဲ့သားတွေနဲ့ အတူ ခဏလောက်အတူအချိန်ပေးပြီးတွေ့ဆုံလို့ရနိုင်မလား? ဟူ၍မေးမြန်းကြည့်လိုက်ပါ။” ဒီလိုပြုလုပ်ခြင်းအား ဖြင့် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကဘယ်လိုလူမျိုးလဲဆိုတာကို ခံစားသိရှိနိုင်မှာဖြစ်ပြီး ဒီနေရာတွင်အလုပ်လုပ်ပါ က ဘယ်လိုနေမလဲဆိုတာနဲ့ မကောင်းတဲ့အချက်တွေကိုဘယ်နေရာမှာများမြှုပ်ကွက်တွေရှိနေသလဲဆိုတာကိုပါ ခံစားနားလည်သိရှိနိုင်စေမှာဖြစ်ပါတယ်။ 

ညှိနှိုင်းရလွယ်ကူမှု (Flexibility)၊ အားလပ်ရက်များနဲ့ အခြားအကျိုးခံစားခွင့်များ 

ဝန်ထမ်းများစွာအဖို့တော့ အားလပ်ရက်ရှည်များနဲ့ ညှိနှိုင်းရလွယ်ကူတဲ့ အလုပ်ချိန်များရှိခြင်းဟာ လွန်စွာတန်ဖိုး ရှိတဲ့ အကျိုးခံစားခွင့်တစ်ရပ်အဖြစ်ပိုမိုပြီးယူဆလာကြပြီဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ အကျိုးခံစားခွင့်များ ဟာ သာမန်ရနေကျအကျိုးခံစားခွင့်တစ်ခုဖြစ်သော်လည်း လစာငွေဖြတ်တောက်ခြင်းမခံရပဲ paid time off ကို အပိုဆောင်းရနိုင်ဖို့ဟာတော့ ညှိနှိုင်းရမှာဖြစ်ပါတယ်။ အကယ်၍ ပေးအပ်လာတဲ့အလုပ် offer တစ်ခုဟာ flexibility မရှိပါက သင့်အနေနဲ့ ဒီအကြောင်းအရာကို ညှိနှိုင်းမှုပြုလုပ်စဉ်အတွင်းမှာ ထည့်သွင်းပြောဆိုနိုင်ပါ တယ်ဟူ၍ Weiss က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သင်မှတ်ထားဖို့က “သင့်ကိုယ်သင်တန်ဖိုးမဖြတ်နိုင်တဲ့ အရေးပါတဲ့သူတစ်ဦးဖြစ်နေအောင်ပြုလုပ်ထားပြီး အချိန်ကာလတစ်ခုအထိ ထိုအလုပ်ကိုလုပ်ကိုင်ခဲ့ပြီးပါက ဒီလိုကိစ္စမျိုးကိုတောင်းဆိုရတာပိုပြီးလွယ်ကူမှာပဲဖြစ်ပါတယ်။” ဒါပေမယ့်လည်း အကဲဖြတ်နေစဉ်ကာလအတွင်း မှာလက်ရှိဝန်ထမ်းတွေကိုရော ဒီလိုမျိုးအကျိုးခံစားခွင့်တွေပေးအပ်ထားသလားဆိုတာကို လေ့လာသိရှိထားဖို့က အရေးကြီးပါတယ်။ အကြီးတန်း management ရာထူးကသူတွေအနေနဲ့ ဒီလို flexibility ရှိပေးဖို့တောင်းဆိုတဲ့ အခါမှာ ဘယ်လိုရရှိအောင်တောင်းဆိုနိုင်သလဲဆိုတာကို ကြည့်ရှုကြည့်လိုက်ပါ။ “အကယ်၍ သင်ဟာဒီအလုပ် တာဝန်တစ်ခုနဲ့ လုံးဝကိုက်ညီမှုရှိနေပြီး ထိုအလုပ်ကိုလုပ်ကိုင်နိုင်တဲ့သူဟာလည်း ဈေးကွက်အတွင်းမှာ အနည်း အကျဉ်းသာရှိနေတယ်ဆိုရင်တော့ သင့်အနေနဲ့ထိုသို့ညှိနှိုင်းဖို့ရာမှာ များစွာအသာစီးရနိုင်မှာဖြစ်ပါတယ်ဟူ၍ Lees က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဈေးကွက်မှာ ထိုအလုပ်တာဝန်ကိုလုပ်ကိုင်နိုင်တဲ့သူ ပေါပေါများများရှိနေ မယ်ဆိုရင်တော့ သင့်အနေနဲ့ထိုသို့တောင်းဆိုနိုင်ဖို့မှာ အခွင့်အလမ်းအနည်းငယ်သာရှိနေနိုင်ပါတယ်။ 

အခြားသော ရွေးချယ်စရာများ 

သင့်အနေနဲ့ “ထိုအလုပ် offer ကို ငြင်းဆိုလိုက်နိုင်ဖို့အတွက် အခြားရွေးချယ်စရာအချို့ကိုလဲ လေ့လာထားဖို့ လိုအပ်ပါလိမ့်မယ်။” ဟူ၍ Weiss ကပြောဆိုထားပါတယ်။ အကယ်၍ သင့်ထံတွင်အခြားသောအလုပ်များကနေ offer ပေးအပ်ထားတာမျိုးမရှိဘူးဆိုရင်တောင်မှ သင့်အနေနဲ့ အခြားသောဖြစ်နိုင်ခြေတွေကိုစဉ်းစားထားရပါ မယ်။ “Offer တစ်ခုကို သင့်အနေနဲ့အလုပ်ရှာဖွေရေးလုပ်ငန်းစဉ်အား အစကနေပြန်လည်လုပ်ဆောင်ရတဲ့ အတွက် ရှိလာနိုင်တဲ့ကုန်ကျစားရိတ်နဲ့ အကျိုးကျေးဇူးများအပေါ်မူတည်ပြီး လက်ရှိအလုပ်ကိုပဲလက်ခံလိုက်ရ မလား (သို့) အခြားသော offer များပေါ်ထွက်လာနိုင်သေးသလားဆိုတာကိုစောင့်ကြည့်မလား ဆိုတာတွေ အပေါ် မူတည်ပြီး စဉ်းစားသင့်ပါတယ်။” ဟူ၍လည်း သူကပြောကြားခဲ့ပါသေးတယ်။ ဒီအလေ့အကျင့်ဟာ သင့်ထံတွင် အခြားသောရွေးချယ်စရာတွေရှိနိုင်သေးသလားဆိုတာကို သင်သိရှိလာနိုင်စေဖို့ရာမှာ အကူအညီအပေးနိုင်ပါလိမ့်မယ်။ 

ဒီ Article လေးကနေ စာဖတ်သူပရိသတ်များလည်း ဗဟုသုတတိုးပွားလာဖို့ကိုအထောက်အကူပြုနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ www.jobsinyangon.com အဖွဲ့သားများကမျှော်လင့်ပါတယ်။ မနက်ဖန်မှာတော့ အလုပ် Offer တစ်ခုကို လက်ခံဖို့ဆုံးဖြတ်လိုက်တဲ့အခါလုပ်ရမယ့်အရာတွေနဲ့၊ ငြင်းပယ်ဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာ လုပ်ရမယ့် အရာတွေအကြောင်းကို အပိုင်း (၃) အနေနဲ့ ဆက်လက်ဖော်ပြပေးသွားပါဦးမယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)
URC (Myanmar) Co., Ltd.

URC (Myanmar) Co., Ltd.

URC is engaged in a wide range of food-related businesses, including the manufacture and distribution of branded consumer foods and is also in commodities. URC is the leading branded snackfoods and be...
Show the postings (5)
V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (33)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS