Jobs In Myanmar
Load...

How To Evaluate Hard Skills Versus Soft Skills When Recruiting For A Job

by www.jobsinyangon.com


Tags: Knowledge-Soft-Skills-Hard-Skills-Recruitment-JobsInYangon



အလုပ်တစ်ခုအတွက် ဝန်ထမ်းခေါ်ယူမှုပြုရာတွင် Hard Skill များနဲ့ Soft Skill များကိုမည်ကဲ့သို့ နှိုင်းယှဉ်အကဲဖြတ်နိုင်မလဲ? 

 

Soft Skill များကို တိုင်းတာအကဲဖြတ်နိုင်ရန်မှာ ပေါင်းသင်းဆက်ဆံကြည့်ခြင်းကအကောင်းဆုံးပဲဖြစ်ပါတယ်။ 

Recruiter တစ်ဦးအနေနဲ့ အမြဲတမ်းအမေးအခံရဆုံးမေးခွန်းကတော့ “ကျွန်တော်/ မ တို့ရဲ့ resume ပေါ်က ဘယ်လို Hard Skill (သို့) Soft Skill တွေက ကျွန်တော်/ မ တို့ကိုအလုပ်ခေါ်ယူခြင်းခံရနိုင်စေမှာလဲ?” ဆိုတာပဲဖြစ်ပါတယ်။ 

ဆုံးဖြတ်ချက်ပြုလုပ်ပေးရသူတစ်ဦးအနေနဲ့ ကျွန်ုပ်တို့ဘက်မှ လုပ်ငန်းရှင်များထံ ပို့ဆောင်ပေးလိုက်တဲ့ candidate များဟာ ထိုအလုပ်ရာထူးတစ်ခုကိုထမ်းဆောင်နိုင်ရန်အတွက် လိုအပ်တဲ့ကျွမ်းကျင်မှုများရှိနေဖို့ လိုအပ်ပါလိမ့်မယ်။ အများအားဖြင့်တော့ ကျွန်ုပ်တို့ဟာ ပထမဦးဆုံးအနေနဲ့ Hard Skill များအပေါ်အာရုံစိုက်၍ ဆုံးဖြတ်မှုများကို ပြုလုပ်ကြရမှာဖြစ်ပြီး Soft Skill များကိုတော့ Candidate များနဲ့ တဖြည်းဖြည်း သိကျွမ်းဝင်မှုရှိလာမှသာလျှင် အကဲဖြတ်နိုင်မှာဖြစ်ပါတယ်။ 

 

Hard Skill များဟာ သင့်ရဲ့ မှတ်ကျောက်ဖြစ်ပါတယ်

Job description အများစုတွင် လူတစ်ဦးတစ်ယောက်အနေနဲ့ အလုပ်နေရာတစ်ခုအတွက် ထည့်သွင်းစဉ်းစားခြင်း ခံရနိုင်ရန်အတွက် မည်သို့သော Hard Skill များ (လုပ်ငန်းနှင့်ဆိုင်သော အသိပညာများ) လိုအပ်သလဲဆိုတာကို တိတိကျကျဖော်ပြထားလေ့ရှိကြပါတယ်။ 
 
 Hard skill များဟာ သင်ကြား၍ရနိုင်သောကျွမ်းကျင်မှုများဖြစ်ပြီး ဒါကိုရေတွက်၍ရနိုင်ပါတယ်။ အများအားဖြင့် ကျောင်းများ၊ အသိအမှတ်ပြုလက်မှတ်များ၊ ဒါမှမဟုတ် ယခင်လုပ်ခဲ့ဖူးတဲ့ အလုပ်အတွေ့အကြုံများ အစရှိသည်တို့အားဖြင့် ရရှိလာနိုင်ပါတယ်။ Hard Skill များဟာ အလုပ်တစ်ခုစီတိုင်းအတွက်တူညီမှုမရှိကြပဲ အများအားဖြင့် အလုပ်နေရာတစ်ခုတွင်တာဝန်ထမ်းဆောင်နိုင်ရန်အတွက် အခြေခံ၊ မရှိမဖြစ်လိုအပ်သောအရာများလည်း ဖြစ်ကြပါတယ်။ 

ဥပမာအားဖြင့် Marketing ကုမ္ပဏီတစ်ခုက ဝန်ထမ်းရှာဖွေနေတယ်ဆိုကြပါစို့ သူတို့အနေနဲ့ လျှောက်ထားလာမယ့် Candidate ထံတွင် customer များနဲ့ဆက်ဆံပြောဆိုမှုများကို စီမံခန့်ခွဲရသော system တစ်ခု (CRM) နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိထားစေဖို့ လိုအပ်မှာဖြစ်ပါတယ်။ အခြားတစ်ဖက်တွင်တော့ Engineering ကုမ္ပဏီတစ်ခုမှ လုပ်ငန်းခေါ်ယူရာတွင် သူတို့သတ်မှတ်ထားတဲ့ CAD software ကိုကျွမ်းကျင်စွာအသုံးပြုတတ်ပြီး သက်ဆိုင်ရာအထူးပြုဘာသာရပ်ဘွဲ့ရထားတဲ့ အင်ဂျင်နီယာတစ်ဦးကိုသာ လိုအပ်မှာပဲဖြစ်ပါတယ်။ 

Recruiter များအနေနဲ့ ကျွန်ုပ်တို့ဟာ Candidate များရဲ့အလုပ်လျှောက်လွှာဖောင် (resume) ပေါ်ရှိ Hard Skill များကို ရှာဖွေ၍ ထိုသူတို့အနေနဲ့ အလုပ်တာဝန်များကို မည်မျှအထိကောင်းမွန်စွာဆောင်ရွက်နိုင်မလဲဆိုတာကို အကဲဖြတ်ကြရမှာပဲဖြစ်ပါတယ်။ ဒီအရာများဟာ Applicant Tracking System (ATS) များပေါ်တွင် Recruiter တိုင်းအသုံးပြုနေတဲ့ “resume keyword” များလည်း ဖြစ်နေကြပါတယ်။ 

အကယ်၍ အလုပ်လျှောက်ထားလာသူ candidate များရဲ့ Hard skill များဟာ သတ်မှတ်ချက်များနဲ့ကိုက်ညီမှု ရှိမနေပါက သူတို့လျှောက်ထားတဲ့အလုပ်နေရာမှာ ကောင်းစွာစွမ်းဆောင်နိုင်ခြင်းမရှိဖို့ ရာခိုင်နှုန်းများနေပြီပဲဖြစ်ပါတယ်။ အကယ်၍ မှန်ကန်သော Hard skill များကိုသာ အလုပ်လျှောက်လွှာဖောင်ပေါ်တွင် တွေ့ရှိခဲ့ရမည်ဆိုပါကနှင့် သင့်ရဲ့အကဲဖြတ်မှုအရ သူတို့ထံတွင်လိုအပ်သော ကျွမ်းကျင်မှုရှိနေခဲ့တယ်ဆိုရင်တော့ အဆိုပါ candidate ကို နောက်ထပ်တစ်ဆင့်သို့တက်လှမ်းနိုင်စေဖို့ ပေးပို့ရမှာဖြစ်ပါတယ်။ ဒီလိုစစ်ထုတ်မှုမျိုးကို ပြုလုပ်ခြင်းမရှိထားရင်တော့ သင်နဲ့ သင့်ရဲ့ Hiring manager တို့ရဲ့ အချိန်များကို အလဟသတ်ဖြုန်းတီးပစ်နေသလိုဖြစ်သွားပါလိမ့်မယ်။ 

 

ဒီလိုဆိုရင် Soft Skill များကရော? 

Soft skill များဆိုတာကတော့ အများအားဖြင့် လူအများနဲ့ပေါင်းသင်းဆက်ဆံမှုဆိုင်ရာကျွမ်းကျင်မှု (သို့) ရှိထားသင့်တဲ့ personality လက္ခဏာရပ်များဖြစ်ကြပြီး လူတစ်ဦးရဲ့ character ကို အဆုံးအဖြတ်ပေးနေတဲ့အရာများပဲဖြစ်ပါတယ်။ Teamwork (အဖွဲ့လိုက်လုပ်ကိုင်နိုင်စွမ်း), communication (ပေါင်းသင်းဆက်ဆံရေးများ), time management (အချိန်ကိုစီမံခန့်ခွဲနိုင်စွမ်း), နဲ့ work ethic (လုပ်ငန်းခွင်ကျင့်ဝတ်များ) အစရှိသည်တို့ဟာ Soft Skill များဖြစ်ကြပါတယ်။ Recruiter များအနေနဲ့ ဒီလို skill များကိုကြည့်ရှုပြီး တစ်စုံတစ်ယောက်ဟာ ကုမ္ပဏီရဲ့အစဉ်အလာယဉ်ကျေးမှုများ (သို့) Team တစ်ခုရဲ့ ဖွဲ့စည်းပုံတို့နဲ့ ကိုက်ညီမှုရှိနိုင်မလားဆိုတာကို ကျွန်ုပ်တို့က အကဲဖြတ်ပေးနေရတာပဲဖြစ်ပါတယ်။ 

ဒီနေရာမှာ ပြောလိုတာကတော့ Soft skill များဟာ resume တစ်ခုကိုဖတ်ရှုရာမှာချောမွေ့မှုရှိစေမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရာများဟာ စာဖတ်သူတို့အနေနဲ့ candidate များကို အင်တာဗျူးကြည့်လိုက်တဲ့အခါတွင်မှ သိရှိလာရမှာပဲဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံကြည့်ခြင်းဟာ Soft skill များကို အကဲဖြတ်နိုင်ရန်အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ 
 
အလုပ်လျှောက်လွှာဖောင်ပေါ်တွင် တစ်စုံတစ်ယောက်ကို ကောင်းမွန်စွာပြောဆိုဆက်ဆံမှုပြုလုပ်နိုင်စွမ်းရှိသူတစ်ဦးအနေနဲ့ ဖော်ပြထားသော်လည်း ကနဦးအင်တာဗျူးပြုလုပ်စဉ်အတွင်းမှာ Candidate က ပြည့်စုံကောင်းမွန်တဲ့ဝါကျများ၊ စကားလုံးများကို ပြောဆိုနိုင်ခြင်းမရှိဘူးဆိုပါက ဒါဟာ recruiter ဖြစ်တဲ့ သင့်အနေနဲ့ သတိကြီးစွာထားရတော့မယ့်အချက်ပဲ ဖြစ်ပါတယ်။ 
                             
အလုပ်တိုင်းဟာတော့ candidate တစ်ဦးအနေနဲ့ ကောင်းမွန်စွာပြောဆိုဆက်ဆံမှုများပြုလုပ်နိုင်ဖို့ လိုအပ်မှာမဟုတ်ပါဘူး။ ဥပမာအားဖြင့် - Engineering ပညာရပ်ဖြင့် အလုပ်လျှောက်ထားလာသူများဟာ ကျွန်ုပ်တို့ဆက်ဆံလာခဲ့ရတဲ့အတွေ့အကြုံအရ ပြောဆိုဆက်ဆံမှုတိုင်းဟာ တိုတောင်းပြီး၊ လိုရင်းကိုသာ ပြောဆိုလေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့အခြားသော Hard skill များဟာ လုပ်ငန်းရှင်များဖက်က လိုအပ်တဲ့ ကျွမ်းကျင်မှုများဖြစ်နေတဲ့အတွက်ကြောင့် ခေါ်ယူဌားရမ်းခြင်းကိုခံရမှာပဲဖြစ်ပါတယ်။ 
 
မည်သို့ပင်ဆိုစေကာမူ၊ Recruiter များအနေနဲ့ အလုပ်လျှောက်လွှာဖောင်များကိုစီစစ်ရာတွင် လုပ်ငန်းနဲ့မသက်ဆိုင်တဲ့ Soft skill များကို တိုင်းတာ၍ရနိုင်တဲ့အောင်မြင်မှုများနဲ့ နှိုင်းယှဉ်၍ စီစစ်မှုများ ပြုလုပ်သင့်ပါတယ်။ Soft skill များဟာ အောင်မြင်မှုများနဲ့ တိုင်းတာ၍ရနိုင်သော ရလာဒ်များနဲ့ ပေါင်းစည်းလိုက်တဲ့အခါမှာ ပိုမို၍တွက်ဆရနိုင်ပြီး ယုံကြည်နိုင်စရာလည်းရှိလာမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ resume တစ်ခုပေါ်တွင် မည်သို့ပါဝင်လာနိုင်သလဲဆိုတာကိုသိရှိလိုပါက အောက်ပါစာပိုဒ်အား လေ့လာကြည့်လိုက်နိုင်ပါတယ်။ 

“Product manager, problem-solver နဲ့ Product strategy အပေါ်တွင် ၁၅ နှစ်ကြာအတွေ့အကြုံရှိပြီး လွန်စွာ ပြောဆိုဆက်ဆံရေးချိုသာချောမွေ့သူတစ်ဦးဖြစ်ပါတယ်။ ကျွန်မဟာ Product ပေါင်း ၂၀ ခန့်ကို အစမှ အဆုံးအထိ တာဝန်ယူ၍ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။” 

အထက်ဖော်ပြပါ “အကျဉ်းချုံးဖော်ပြချက်တစ်ခုတွင် Soft skill များဖြစ်တဲ့ “Problem solver” နဲ့ “Super communicator” တို့ကို သုံးစွဲထားသော်လည်း နှိုင်းယှဉ်တိုင်းတာ၍ရနိုင်သော အောင်မြင်မှုတစ်ခုကိုလည်း သက်သေအဖြစ်ထည့်သွင်းပေးထားပါတယ်။ Recruiter တစ်ဦးအနေနဲ့ ကျွန်ုပ်တို့ဟာ Candidate ထံတွင် Product strategy နဲ့ ပတ်သက်၍ ၁၅ နှစ်တာအတွေ့အကြုံရှိတာကို အဓိကကြည့်ရှုသင့်ပြီး၊ စုစုပေါင်း Product ၂၀ ခန့်ကို အလုံးစုံ၊ အစမှ အဆုံးထိ တာဝန်ယူပေးနိုင်ခဲ့တာကိုလည်း အဓိကကြည့်ရှုသင့်ပါတယ်။ 
 
ဒီအရာက ကျွန်ုပ်တို့ကို အင်တာဗျူးပြုလုပ်ရမည့်အချိန်တွင် နောက်ဆက်တွဲမေးခွန်းများကို မေးမြန်းနိုင်စေဖို့အတွက် လိုအပ်တဲ့အချက်များကိုပေးစွမ်းနိုင်မှာဖြစ်ပြီး Candidate ရဲ့ကျွမ်းကျင်မှုနဲ့ပတ်သက်ပြီး ပိုမိုရှင်းလင်းတဲ့နားလည်သဘောပေါက်မှုကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးခြင်းအားဖြင့် job seeker များကို သူတို့လိုချင်တဲ့အလုပ်များနဲ့ ပိုမိုနီးစပ်မှုရှိလာစေဖို့ ကူညီပေးနိုင်မှာဖြစ်သလို၊ Recruiter များဖြစ်ကြတဲ့ ကျွန်ုပ်တို့အနေနဲ့လည်း လစ်ဟာနေတဲ့အလုပ်နေရာတစ်ခုကို အောင်မြင်စွာဖြည့်တင်းနိုင်စေမှာပဲဖြစ်ပါတယ်။ 

Hard skill များနဲ့ Soft skill များကို နှိုင်းယှဉ်ကြည့်လိုက်ပါက Hard skill များဟာ Candidate တစ်ဦးရဲ့ resume ကို လေ့လာအကဲဖြတ်ရာတွင် ATS algorithm များမှတဆင့် ရှာဖွေပေးနိုင်တဲ့အရာများဖြစ်ကြတဲ့အတွက် အသာစီးရနေသလိုရှိနေပါတယ်။ ဒါပေမယ့် candidate များကို အလုပ်နေရာတစ်ခုအတွက်လိုအပ်တဲ့ကျွမ်းကျင်မှုများရှိ၊ မရှိ သေချာစေရန်အတွက် အင်တာဗျူးမေးမြန်းမှုများ ပြုလုပ်ရမည်မှာ ကျွန်ုပ်တို့ recruiter များရဲ့တာဝန်ပင်ဖြစ်ပြီး Candidate များအနေနဲ့ အင်တာဗျူးလုပ်ငန်းစဉ်အတွင်းသို့ စတင်ဝင်ရောက်လာပြီဆိုတာနဲ့ နှစ်ခုစလုံးမျှတမှုရှိနေဖို့ဟာ လိုအပ်လာပါပြီ။ 

Hard skill များဟာ candidate များကို အခန်းအတွင်းသို့ပို့ပေးနိုင်သော်လည်း သူတို့ရဲ့ Soft skill များကို အကဲဖြတ်လေ့လာမှုများကို အင်တာဗျူးစဉ်အတွင်းပြုလုပ်ပေးရန်မှာ recruiter များရဲ့တာဝန်ပဲဖြစ်ပါတယ်။ ဒါမှသာ သူတို့အနေနဲ့ resume ပေါ်တွင် ကတိပြုထားတဲ့အတိုင်း လက်တွေ့မှာလုပ်ဆောင်နိုင်ခြင်း ရှိ၊ မရှိကို သိရှိနိုင်မှာပဲဖြစ်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)
Yangon Academy International School

Yangon Academy International School

Vision Yangon Academy empowers each student to reach their full potential. Mission Yangon Academy is a dynamic international school that provides a challenging K-12, American-based education ...
Show the postings (14)
Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah is a group of companies doing a variety of businesses and managing each unit underneath the breath of a strategic sustainability.Ayer Shwe Wah is one of the largest conglomerates in Myan...
Show the postings (26)
Digital Dots

Digital Dots

.DigitalDots specialises in building quality business websites that people are proud of by using our expertise in all areas of website design, development and Internet marketing. Our passion for se...
Show the postings (7)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS