Jobs In Myanmar
Load...

How to Handle an Employee Resignation (Part-2)

by www.jobsinyangon.com


Tags: Knowledge-Handling-Employee-Resignation-JobsinYangon



ဝန်ထမ်းတစ်ဦးရဲ့ အလုပ်မှထွက်ခွာခြင်းကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ (အပိုင်း-၂)

 

ဝန်ထမ်းတစ်ဦး အလုပ်မှနှုတ်ထွက်ခြင်းအကြောင်းကို လုပ်ဖော်ကိုင်ဖက်များနဲ့ ဖောက်သည်များကို အသိပေးခြင်း 

ဝန်ထမ်းတစ်ဦးအလုပ်မှနှုတ်ထွက်သည့်အကြောင်းကို အခြားသောဝန်ထမ်းများကိုအသိပေးရန်အတွက် ဦးစွာ အဆိုပါဝန်ထမ်းရှိနေတဲ့ဌာနကို ထိုဝန်ထမ်းအလုပ်မှထွက်ခွာမည့်အကြောင်းပြောပြပေးပါ။ ပြီးနောက် လျှင်မြန် စွာအစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး အဆိုပါဝန်ထမ်းဟာ နောက်ထပ် ၂ပတ်သာ အလုပ်မှာဆက်လက်ရှိနေတော့ မှာဖြစ်သည်ကို အခြားသောဝန်ထမ်းများအား အသိပေးလိုက်ပါ။ 

သင့်အနေနဲ့ လုပ်ဆောင်ရမည့်အရာများအားလုံးကိုပြီးပြတ်အောင်လုပ်ဆောင်နိုင်ရန်အတွက် သူတို့အနေနဲ့ ကူညီ ပေးဖို့ကိုလိုအပ်နေကြောင်းကိုပြောဆိုပြီး ဒီတာဝန်များကို ဘယ်သူတွေကို ခွဲဝေပေးသင့်သလဲဆိုတာနဲ့ပတ်သက် ပြီးအသိပေးလိုက်ပါ။ 

သင့်ရဲ့ အခြားဝန်ထမ်းများအနေနဲ့လည်း ဒီထွက်ခွာတော့မယ့်ဝန်ထမ်းတစ်ဦးရဲ့နေရာမှာအစားထိုးနိုင်ဖို့နောက်ဆုံး ထားလုပ်ဆောင်ရမည့်အချိန်ကိုသိရှိလိုမှာဖြစ်ပါတယ်။ ယျေဘူယျအားဖြင့်တော့ ဝန်ထမ်းကောင်းများဟာ တာဝန်အပိုများကိုထမ်းဆောင်ခြင်းနဲ့ အလုပ်ချိန်ပိုယူပြီး ဖြည့်တင်းနိုင်စေဖို့အတွက် ပိုလုပ်ရခြင်းကိုငြင်းဆိုမှာ မဟုတ်ပါဘူး၊ ဒါပေမယ့်သူတို့အနေနဲ့ နောက်ဆုံးထားလုပ်ဆောင်ရမယ့်အချိန်တစ်ခုနဲ့ ဒီအရာကို ဘယ်အချိန်မှာ ပြီးပြတ်တာမြင်လိုသလဲဆိုတာကိုတော့ သိလိုကြမှာပါပဲ။ 

ယုံကြည်တန်ဖိုးထားရသောဝန်ထမ်းတစ်ဦးဟာ သူတို့ရဲ့ကျန်ရှိတဲ့ ၂ပတ်တာကာလကိုအလုပ်လုပ်ပေးမည်ဆိုပါက အဆိုပါဝန်ထမ်းရဲ့နှုတ်ထွက်စာကိုရရချင်းမှာပဲအခြားသောဝန်ထမ်းများထံသို့ email တစ်စောင်ပေးပို့ပြီးချက်ချင်း အသိပေးထားရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ အောက်ပါကဲ့သို့ပြောဆိုလိုပါကလည်း ပြောဆိုလိုက်နိုင်ပါတယ်။ 

“မေရီကတော့ နောက်ထပ်အခွင့်အလမ်းအသစ်များကို x ကုမ္ပဏီအတွက် သွားရောက်လုပ်ဆောင်ပေး နိုင်ဖို့အတွက် ကျွန်ုပ်တို့နဲ့လမ်းခွဲရတော့မှာဖြစ်ပါတယ်။ သူမအနေနဲ့ ကျွန်ုပ်တို့ကုမ္ပဏီအတွင်းဆက်ရှိနေ နိုင်မယ့်နောက်ဆုံးရက်ကတော့ မတ်လ ၁၅ရက်နေ့ဖြစ်ပါတယ်။ ကျွန်ုပ်နဲ့အတူ မေရီအနေနဲ့ သူမရဲ့ အနာ ဂါတ်လုပ်ငန်းများမှာ အောင်မြင်မှုများစွာရရှိစေဖို့ကိုဆုတောင်းပေးကြရအောင်။ Tom’s Tavern မှာ မေရီနောက်ဆုံးအလုပ်လုပ်မယ့်နေ့အတွက်  နှုတ်ဆက်ပွဲတစ်ခုကို ၂၂ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါ တယ်။ ထိုနေ့မှာ ကျွန်ုပ်တို့နဲ့အတူတကွတက်ရောက်ပြီး မေရီ့အနေနဲ့ သူမရဲ့အလုပ်အသစ်မှာအောင်မြင် စေကြောင်းဆုတောင်းပေးဖို့နဲ့ နှုတ်ဆက်ဖို့အတွက် နှုတ်ဆက်ပွဲသို့တက်ရောက်ပေးနိုင်ပါတယ်။” 

သင့်အနေနဲ့ဒီသတင်းကို အပြင်သို့မပြောမှီ မေရီ့အနေနဲ့ သူမဟာ အထက်ပါအရာများအားလုံးနဲ့အဆင်ပြေရဲ့လား ဆိုတာကိုလည်း မေးမြန်းကြည့်ဖို့တော့လိုအပ်ပါလိမ့်မယ်။ သူမအနေနဲ့လည်း အားလုံးနဲ့အဆက်အသွယ်မပြတ်ရှိ နေစေရန်အတွက် သူမကိုယ်ပိုင် email လိပ်စာတစ်ခုကိုအခြားသူများအားပေးထားချင်လိုတဲ့ဆန္ဒ ရှိကောင်းရှိနေ နိုင်ပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ်သူမအနေနဲ့ သူမရဲ့လုပ်ဖော်ကိုင်ဖက်များကိုဘယ်အရာများကိုအသိပေးလိုလဲဆိုတာနဲ့ပတ်သက် ပြီးသေချာသိရှိအောင်လုပ်ထားဖို့က သင့်တာဝန်ပါပဲ။ သူမအနေနဲ့ဒီကိစ္စကိုလျှို့ဝှက်ထားလိုတယ်ဆိုရင်လည်း ထို သို့ လျှို့ဝှက်ထားပေးဖို့ကို တိုက်တွန်းလိုပါတယ်။ 

ဝန်ထမ်းတစ်ဦး အလုပ်မှနှုတ်ထွက်ပြီးနောက် 

သင့်ရဲ့ဝန်ထမ်းများအနေနဲ့ မေရီဟာအလုပ်အသစ်ကိုရှာဖွေနေကြာင်း သိရှိပြီးသားဖြစ်ကာ သူတို့ဟာလည်း ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကို သိရှိလိုကြမှာပဲဖြစ်ပါတယ်။ သူတို့တန်ဖိုးထားရတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးရဲ့ ကုမ္ပဏီနဲ့ခွဲခွာချိန်မှာ သင့်ရဲ့လုပ်ဆောင်ချက်များဟာ သဘောထားကြီးခြင်းကိုပြသရုံမက ကျန်ရှိသည့် ဝန်ထမ်းများထံသို့လည်း ခိုင်မာတဲ့သတင်းစကားကိုပေးပို့နိုင်စေရန်အတွက် အဆုံးသတ်ကိုသတ်မှတ်ပေးလိုက်ရာ လည်းကျပါတယ်။ 

ဒီဝန်ထမ်းဟာ ဘာကြောင့်ထွက်ခွာရသလဲဆိုတာနဲ့ပတ်သက်ပြီး အပိတ်အင်တာဗျူးတစ်ခုကိုလည်း သင့်အနေနဲ့ သေချာရှင်းလင်းစွာနားလည်စေဖို့အတွက် လုပ်ဆောင်သင့်ပါတယ်။ 

လုပ်ငန်းရှင်များအနေနဲ့ တန်ပြန်ကမ်းလှမ်းချက်များပြုလုပ်ဖို့နဲ့ မေရီ့ကို ဆက်လက်နေစေဖို့အတွက် ဆွဲ ဆောင်ခြင်းကို အကယ်၍သင့်အနေနဲ့ လွန်စွာတန်ဖိုးထားရတဲ့ဝန်ထမ်းတစ်ဦးကိုဆုံးရှုံးရမယ်လို့ဆိုလိုနေ ရင်တောင်မှ ထိုသို့ပြုလုပ်ဖို့ကိုမတိုက်တွန်းလိုပါဘူး။ သူမရဲ့စိတ်ထဲမှာ သူမဟာ ဒါတွေအကုန်လုံးကိုချန် ထားခဲ့ပြီးဖြစ်နေလို့ပါပဲ။ သင့်အနေနဲ့ဒီအခြေအနေကိုလည်း ထိုသို့ပဲကြည့်ရှုဖို့ လိုအပ်ပါတယ်။ စိတ်ပိုင်း ဆိုင်ရာအရ မေရီဟာ အလုပ်အသစ်ကိုစတင်ရှာဖွေတဲ့အခါမှာသော်၎င်း၊ သူမရဲ့ဘဝအခြေအနေအရ သူမအနေနဲ့ တစ်စုံတစ်ရာကိုလုပ်ဆောင်ဖို့လိုအပ်ပြီဖြစ်ကြောင်းဆုံးဖြတ်လိုက်တဲ့အချိန်မှာကတည်းက ထိုအရာများကိုချန်ထားခဲ့လိုက်ပြီပဲဖြစ်ပါတယ်။ ထိုသို့ကမ်းလှမ်းမှုတစ်စုံတရာပြုလုပ်လိုပါက မေရီကြုံ တွေ့နေရသည့်အခက်အခဲများကိုသိရှိပြီး၊ ၎င်းအလုပ်သစ်ရှာဖွေနေသည့်ကာလမတိုင်မှီကပြုလုပ်ခဲ့သင့် ပါသည်။ 

နှုတ်ထွက်စာတင်လာတဲ့ဝန်ထမ်းတစ်ဦးကို ဘယ်အချိန်မှာ ဘယ်လိုအကြောင်းပြန်မလဲ?

အကယ်၍ နှုတ်ထွက်စာတင်ထားတဲ့ဝန်ထမ်းဟာ အကျိုးမဖြစ်ထွန်းတဲ့ သင်အားမရသူဖြစ်နေခြင်း (သို့) သင့်အနေနဲ့ သူတို့ရဲ့တာဝန်များကို လာမည့် ၂ပတ်အတွင်း ကောင်းမွန်စွာဆောင်ရွက်နိုင်ခြင်းမရှိသူဟု ထင်မြင်ယူဆပါက ဒီအခြေ အနေဟာ ပြောင်းလဲသွားပါလိမ့်မယ်။ ဒီအခြေအနေမျိုးမှာတော့ ထိုဝန်ထမ်းအား သင့်အနေနဲ့ သူ့ရဲ့အချိန်အတွက် ငွေကြေးပေးအပ်သွားမှာဖြစ်သော်လည်း သူတို့ရဲ့ဝန်ဆောင်မှုများကိုတော့ လိုအပ်တော့မှာမဟုတ်ကြောင်းကို ပြောကြားလိုက်နိုင်ပါတယ်။ 

သင်ဘာကြောင့် အောက်ဖော်ပြပါအခြေအနေတစ်စုံတရာနဲ့ငြိစွန်းနေတဲ့ဝန်ထမ်းတစ်ဦးကို ဆက်လက်ပြီး လက်တွဲချင်နေရတာလဲဆိုတာကို သင့်ကိုယ်သင်ပြန်လည်မေးခွန်းထုတ်ကြည့်ပါ။ အနာဂါတ်တွင် ထိုအမှားမျိုး ကိုမဖြစ်ပါစေနဲ့။ ဝန်ထမ်းတစ်ဦးဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ၊ တရားမျှတမျှတမှုဆိုင်ရာများ တွင် လျော်ညီခြင်းရှိမနေပါက အလုပ်မှထုတ်ပယ်ပစ်သင့်ပါတယ်။  

ဒီဝန်ထမ်းရဲ့ အလုပ်မှနှုတ်ထွက်ခြင်းကို ကြေငြာရန်အတွက် ချက်ချင်းပဲကျန်ရှိသည့်ဝန်ထမ်းများအားလုံးကို ယခု ကဲ့သို့ email ပေးပို့လိုက်ပါ - မေရီဟာ နောက်ထပ်အခွင့်အလမ်းအသစ်များကိုရှာဖွေရန်အတွက် ကုမ္ပဏီမှ ယနေ့ ပဲထွက်ခွာတော့မှာဖြစ်ပါတယ်ဟူ၍ ဖော်ပြပေးလိုက်ပါ။ သူမအနေနဲ့ အခွင့်အလမ်းအသစ်များကိုရှာဖွေရင်း အောင်မြင်မှုများကိုရပါစေကြောင်း ဆုတောင်းပေးခြင်းကိုလည်း ထပ်လောင်းဖော်ပြလိုပါက ဖော်ပြနိုင်ပါသေးတယ်။

သူမရဲ့ မည်သည့်တာဝန်များကို မည်သည့်နေရာများတွင် ခွဲဝေချထားသလဲဆိုတာနဲ့ပတ်သက်၍လည်း ဆွေးနွေး ပါ။ သင့်အနေနဲ့ ထွက်ခွာသွားတဲ့ဝန်ထမ်းတစ်ဦးနေရာမှာ အစားထိုးဖို့သူတစ်ဦးကို ဘယ်လိုရှာဖွေဖို့ စီစဉ်ထား သလဲဆိုတဲ့ အသေးစိတ်အချက်များကိုလည်း ထည့်သွင်းပြောဆိုနိုင်ပါသေးတယ်။ ဒီသတင်းအချက်အလက်အချို့ ဟာ ဝန်ထမ်းတစ်ဦးအနေနဲ့ အလုပ်မှထွက်ခွာဖို့ချက်ချင်းတောင်းဆိုလာတဲ့အခါမှာလည်း လုံလောက်မှုရှိစေမှာပါ။

 

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Polyconcept Hong Kong Ltd

Polyconcept Hong Kong Ltd

Skills training related with job; 2. International working environment; 3. Career development in different domain and places; 4. Opportunities to work in different cities and countries; 5. 15 annu...
Show the postings (1)
Amazing One Trading Co., Ltd.

Amazing One Trading Co., Ltd.

.Elegant in style. Unique in designs. Serviced by professionals. Your most satisfying experience to decorate your home. All at Amazing One....
Show the postings (8)
PMJ Company Limited

PMJ Company Limited

Recyglo Co., Ltd.

Recyglo Co., Ltd.

Vision To become a leading waste management solution platform in Southeast Asia that produces zero waste and zero carbon footprint. Mission To process material in a safe, non-hazardous manner wi...
Show the postings (10)
Flavours & Fragrances Distribution Company Limited

Flavours & Fragrances Distribution Company Limited

Our company aims to be more marketable and sustainable.Since our company is made up of a family of only a few employees, it is clear that our own skills and hard work are clearly displayed.We are a co...
Show the postings (3)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS