Jobs In Myanmar
Load...

How to Prepare for an Interview

by www.jobsinyangon.com


Tags: Knowledge-Employee-Interview-HR-JobsinYangon



အင်တာဗျူးတစ်ခုအတွက် ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ထားရမလဲ

 

အင်တာဗျူးတစ်ခုအတွက် ပြင်ဆင်ပုံ

အင်တာဗျူးတစ်ခုအတွက် ပြင်ဆင်ရတာက ထိတ်လန့်စရာကောင်းတယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် အောင်မြင်တဲ့ အင်တာဗျူးတစ်ခုဖြစ်ဖို့အတွက် သင်ကြိုတင်ပြင်ဆင် လို့ ရနိုင်တဲ့ အချက်တွေအများကြီးရှိနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်ထားနိုင်မယ့်အချက်များကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 


အင်တာဗျူးတစ်ခုအတွက် ပြင်ဆင်ခြင်း

အင်တာဗျူးတစ်ခုအတွက် ပြင်ဆင်တယ်ဆိုတာက သင်လျှောက်မယ့်အလုပ်ရာထူးနဲ့ အလုပ်ရှင်တို့နဲ့ ဆက်စပ်နေတဲ့ သင့်ရဲ့ ရည်မှန်းချက်တွေ ပညာအရည်အချင်းတွေကို အချိန်ယူပြီး သေချာစဉ်းစားတာဘဲ ဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်ဖို့အတွက်ဆိုရင် သင့် အနေနဲ့ ကုမ္ပဏီအကြောင်းကို လေ့လာသင့်ပြီး ခန့်အပ်ထားရှိမယ့်ရာထူးအတွက်  ဘာကြောင့် သင်က သင့်တော်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကို နားလည်ဖို့အတွက် အလုပ်ဆိုင်ရာဖော်ပြချက်တွေကို သေသေချာချာ လေ့လာသုံးသပ်သင့်ပါတယ်။ အင်တာဗျူးတစ်ခုအတွက် ပြင်ဆင်တဲ့ အချက်တွေကို ကြည့်လိုက်ကြရအောင်။

 

၁။ အလုပ်ဆိုင်ရာသတ်မှတ်ဖော်ပြချက် (Job Description) တွေကို ကောင်းစွာလေ့လာ ပါ။

ကြိုတင်ပြင်ဆင်တဲ့အခါမှာ သင့်အနေနဲ့အလုပ်ရှင်ရဲ့ ခန့်အပ်ထားရှိမယ့် အလုပ်ဆိုင်ရာ သတ်မှတ်ဖော်ပြချက်တွေကို လမ်းညွှန်အဖြစ်အသုံးချသင့်ပါတယ်။ အလုပ်ဆိုင်ရာ သတ်မှတ်ဖော်ပြချက်ဆိုတာကတော့ အလုပ်ရှင်ရှာဖွေနေတဲ့ ဝန်ထမ်းမှာရှိသင့်တဲ့ ပညာအရည်အချင်း၊ စွမ်းဆောင်ရည်နှင့် နောက်ကြောင်းရာဇဝင်တွေဘဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ အဆိုပါသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိလေလေ၊ အလုပ်ရှင်က သင်ဟာ သူလိုချင်တဲ့အရည်အသွေးပြည့်ဝတဲ့ ဝန်ထမ်းတစ်ယောက်လို့ ထင်လေလေဘဲ ဖြစ်ပါတယ်။ အလုပ်ဆိုင်ရာသတ်မှတ်ဖော်ပြချက်တွေဟာ အင်တာဗျူးမှာ သင့်အလုပ် ရှင် မေးလာနိုင်တဲ့ မေးခွန်းတွေကို ကြိုတင်ခန့်မှန်းတဲ့နေရာမှာလည်း အထောက်အကူ ပြုနိုင်ပါတယ်။

 

၂။ သင့်ရဲ့ ပညာအရည်အချင်းနဲ့ သင့်အနေနဲ့ဘာကြောင့် ဒီအင်တာဗျူးကို ဖြေဆိုချင် ရတာလည်း ဆိုတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

သင့်ရဲ့ အင်တာဗျူးမတိုင်ခင်မှာ သင့်အနေနဲ့ ဘာ့ကြောင့်ဒီအလုပ်ကို လုပ်ချင်ရတယ် ဆိုတာရယ် သင့်ဟာဘာကြောင့် ဒီအလုပ်နဲ့ထိုက်တန်တယ်လို့ ထင်ရတဲ့အကြောင်း တွေကို ကောင်းကောင်းနားလည်ထားဖို့လိုအပ်ပါတယ်။ သင် ဒီအလုပ်အကိုင်အခွင့် အရေးကိုဘာကြောင့်စိတ်ဝင်စားရတယ်ဆိုတာနဲ့ သင်ဟာ ဘာကြောင့်ဒီရာထူးအတွက် အသင့်တော်ဆုံးသူဖြစ်တယ်ဆိုတာတွေကို ရှင်းပြဖို့ပြင်ဆင်လာခဲ့သင့်ပါတယ်။

 

၃။ ကုမ္ပဏီနှင့် ရာထူးကို လေ့လာမှုပြုလုပ်ပါ။

သင်လျှောက်မယ့် ကုမ္ပဏီအကြောင်း ကို ရှာဖွေလေ့လာခြင်းက အင်တာဗျူး တစ်ခုအတွက် ပြင်ဆင်တဲ့နေရာမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အဲ့ဒီလို ပြုလုပ်ခြင်းဟာ သင့်ရဲ့ အင်တာဗျူးစကားပြောခန်းမှာ ပြောစရာအကြောင်းအ ရာတွေ ထောက်ပံ့ပေးနိုင်ယုံသာမကဘဲ သင့်ကို အင်တာဗျူးသူတွေကို မေးခွန်းကောင်း တွေမေးဖို့အတွက် ပြင်ဆင်တဲ့နေရာမှာလည်း အကူအညီပေးနိုင်ပါတယ်။

ကုမ္ပဏီနဲ့ ခန့်အပ်မယ့်အလုပ်ရာထူးအတွက် ကြိုတင်လေ့လာမှုတွေပြုလုပ်ခြင်းဟာ အလုပ်ရရှိဖို့ ယှဉ်ပြိုင်တဲ့နေရာမှာလည်း  အားသာချက်တွေရရှိစေနိုင်ပါတယ်။  ဒါတင်မကသေးဘဲ အင်တာဗျူးတစ်ခုအတွက် ကောင်းစွာပြင်ဆင်ခြင်းဟာ သင့်ကို အင်တာဗျူးချိန်မှာ တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံးဖြေဆိုနိုင်ဖို့အတွက် အကူအညီ ပေးနိုင်ပါတယ်။  အင်တာဗျူးမဖြေခင်မှာ သင်သိထားသင့်တဲ့ အရာတစ်ချို့ကတော့ အောက်ပါအတိုင်းဘဲ ဖြစ်ပါတယ်။


၎။ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုကိုလေ့လာပါ။

အကယ်၍ သင်လျှောက်မယ့်ရာထူးဟာ ကုမ္ပဏီရဲ့ ထုတ်ကုန် သို့ ဝန်ဆောင်မှု နဲ့ တိုက်ရိုက်မသက်ဆိုင်ဘူး ဆိုရင်တောင်မှ သင်ဟာ အဲ့ဒီအဖွဲ့ရဲ့အစိတ်အပိုင်း တစ်ခုဖြစ်လာဖို့ ကြိုးစားနေတာဘဲဖြစ်ပါတယ်။  ဒါကြောင့် ကုမ္ပဏီရဲ့ ထုတ်ကုန် သို့ ကုမ္ပဏီရဲ့ ဝန်ဆောင်မှုကို သင်တတ်နိုင်သလောက်လေ့လာ ထားဖို့ လိုအပ် ပါတယ်။ အကယ်ဤ ထုတ်ကုန်က နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတစ်ခုဖြစ် နေပြီး သင်က နည်းပညာပိုင်းနဲ့ မသက်ဆိုင်တဲ့ ရာထူးတစ်ခုကို လျှောက်ထား နေတာမျိုးဆိုရင်တော့ ထုတ်ကုန်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက် အလက်တွေ အားလုံးကို သိရှိနားလည်ထားဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ ကုမ္ပဏီရဲ့ အဓိက ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေအကြောင်းကိုတော့ အခြေခံလောက်ဖြစ်ဖြစ် သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။

ဖြစ်နိုင်ပါက သုံးစွဲသူရဲ့ ရှု့ထောင့်နဲ့ ရင်းနှီးမှုရှိစေဖို့အတွက် ထုန်ကုန်နမူနာ တစ်ခုကို တောင်းဆိုကြည့်ရှု့ပါ။ သင့်အနေနဲ့ ထုတ်ကုန်ရဲ့ အကြောင်းကို ကုမ္ပဏီကော ၊ သုံးစွဲသူရဲ့ ရှု့ထောင့်ကနေပါ ကောင်းကောင်းပြောပြနိုင်လေလေ အင်တာဗျူးမှာာ သင်ကောင်းကောင်းဖြေဆိုနိုင်လေ ဘဲဖြစ်ပါတယ်။

အလုပ်ဆိုင်ရာ သတ်မှတ်ဖော်ပြချက်တွေကို ကောင်းစွာဖတ်ရှု့ပြီး အလုပ်နဲ့ ပတ်သက်နေတဲ့ လိုအပ်ချက်တွေ နဲ့ တာဝန်ဝတ္တရားအားလုံးကို သေချာ နားလည်အောင်ပြုလုပ်ထားပါ။ အဲ့ဒီလို လုပ်ခြင်းအားဖြင့် အင်တာဗျူးအတွင်းမှာ ရာထူးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေဆိုနိုင်ရုံသာမကဘဲ သင့်အနေနဲ့ အလုပ်ကို ရရှိခဲ့မယ်ဆိုပါက သက်ဆိုင်တဲ့ တာဝန်ဝတ္တရား အားလုံးကို လုပ်ဆောင်ဖို့အတွက် အရည်အချင်းပြည့်မီကြောင်း သေချာစေပါလိမ့်မယ်။

ဖြစ်နိုင်ပါက အလားတူလုပ်ငန်းရာထူးတွေကို လေ့လာပြီး အဲ့ဒီရာထူးတွေမှာ လုပ်ကိုင်နေကြသူတွေရဲ့ သုံးသပ်ချက်တွေကို ဖတ်ရှု့ပါ။ အဲ့ဒီလို လုပ်ခြင်းအား ဖြင့် ရာထူးနဲ့ပတ်သက်တဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး နားလည် လာနိုင်ပါတယ်။ အင်တာဗျူးအတွင်းမှာလည်း ရာထူးနဲ့ပတ်သက်ပြီး ရှင်းလင်းချက်တွေ ၊ အသေးစိတ်အချက်အလက်တွေကို မေးမြန်းပါ။ သင့်အနေနဲ့ ရာထူးကို ရရှိခဲ့ပါက အလုပ်လုပ်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီ ဆိုတာကို သေချာ စေဖို့အတွက်ပါ။ အင်တာဗျူးမတိုင်ခင်မှာ အလုပ်ရာထူးနဲ့ ပတ်သက်ပြီး လေ့လာခြင်းက ဒီရာထူးအတွက် သင်နဲ့ ကိုက်ညီမှု ရှိ၊မရှိဆုံးဖြတ်တဲ့ နေရာမှာ ကူညီပေးနိုင်ပါတယ်။

ယနေ့ခေတ် ကုမ္ပဏီတွေမှာ များသောအားဖြင့် ကုမ္ပဏီရဲ့ အစဉ်အလာနဲ့ လုပ်ငန်းအကြောင်းကို ဆွေးနွေးဖော်ပြတဲ့ လူမှုမီဒီယာအကောင့်တွေရှိ တတ်ကြပါတယ်။ ဒီအချက်အလက်က သင့်ကို ကုမ္ပဏီရဲ့ ဘဘောလက္ခဏာ နဲ့ စရိုက်ကိုသာ မကဘဲ သူတို့ဘာကို တန်ဖိုးထားတယ်ဆိုတာကိုပါ သိရှိစေနိုင် ပါတယ်။ အလုပ်ရာထူးတစ်ခုက ဘယ်လောက်ဘဲ ကောင်းပါတယ်လို့ ထင်ရပါစေ သင့်အနေနဲ့ ကုမ္ပဏီရဲ့ အစဉ်အလာနဲ့ သဟဇာတဖြစ်ပြီး တူညီတဲ့ စရိုက်လက္ခဏာ နဲ့ စံနှုန်းတန်ဖိုးတွေ ရှိနေဖို့ကလည်း အရေးကြီးပါတယ်။

သင့်အနေနဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းခွင်၊ အစဉ်အလာ၊ သဘောလက္ခဏာ သို့ စံနှုန်းတွေနဲ့ ပတ်သက်ပြီး မေးစရာတွေ ရှိနေတယ်ဆိုရင် အင်တာဗျူးအတွင်းမှာ သေချာပေါက်မေးပါ။ ဒီမေးခွန်းတွေမှာ ကုမ္ပဏီကအသုံးပြုတဲ့ Softwares တွေ၊ Tools တွေအကြောင်းမှ အားလပ်ရက်တွေ ၊ဖျားနာချိန်တွေနဲ့ ပတ်သက်တဲ့ ကုမ္ပဏီရဲ့ မူဝါဒတွေ အကြောင်းတွေအထိ ပါဝင်နိုင်ပါတယ်။  အင်တာဗျူးဆိုတာဟာ သင့်အနေနဲ့ သင့်ရဲ့ ကိုယ်ပိုင်လုပ်ငန်းခွင် နဲ့ကိုက်ညီတဲ့ ရာထူးတစ်ခုကိုရှာဖွေနေတာသာ မကဘဲ ကုမ္ပဏီ အနေနဲ့လည်း ရာထူးနဲ့ထိုက်တန် ကိုက်ညီသူတစ်ယောက်ကိုရှာဖွေ နေတယ်ဆိုတာကို သတိရပါ။ သင့်ရဲ့ တန်ဖိုးတွေ၊စံနှုန်းတွေဟာ ကုမ္ပဏီရဲ့ တန်ဖိုးတွေ ၊ စံနှုန်းတွေနဲ့ ကိုက်ညီနေတယ်ဆိုတာကို သိရှိထားခြင်းက ပျော်ရွှင်တဲ့ ပရော်ဖက်ရှင် နယ် ဘဝတစ်ခုကိုပိုင်ဆိုင်ဖို့ သေချာစေနိုင်ပါတယ်။ ဒါ့အပြင် အင်တာဗျုးတွေဟာ သင့်အတွက် ကုမ္ပဏီရဲ့ အကြောင်းကိုပိုမိုသိရှိဖို့ရန်အတွက်သာမကဘဲ အင်တာဗျုးမေးမြန်းသူတွေကိုလည်း သင်ဟာ အလုပ်ရာထူးနဲ့ ဘယ်လောက်ကိုက်ညီ ထိုက်တန်မှုရှိတယ်ဆိုတာကို ပြသဖို့အတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


RHENUS LOGISTICS

RHENUS LOGISTICS

..Rhenus Myanmar Limited is located in the heart of Yangon (formerly known as Rangoon). Prior to the relatively recent foundation of the new capital city Naypyidaw, Yangon was the seat of government. ...
Show the postings (2)
URC (Myanmar) Co., Ltd.

URC (Myanmar) Co., Ltd.

URC is engaged in a wide range of food-related businesses, including the manufacture and distribution of branded consumer foods and is also in commodities. URC is the leading branded snackfoods and be...
Show the postings (5)
Myanmar Unilink Co., Ltd

Myanmar Unilink Co., Ltd

Our Company aspires to achieve the largest broadband access network and integrated content services provider. Promoting physical, mental, and spiritual satisfaction of all employees, while promoting a...
Show the postings (4)
Trust Venture Partners Co., Ltd

Trust Venture Partners Co., Ltd

To contribute to the development of the Myanmar economy by helping Myanmar companies access the capital markets to achieve their growth objectives To provide one-stop service to international compani...
Show the postings (45)
Sea Rain Co.,Ltd

Sea Rain Co.,Ltd


Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS