Jobs In Myanmar
Load...

အချိန်ဖြုန်းခြင်းအားဘယ်လိုရပ်တန့်ကြမလဲ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-TimeManagement-Career-HR-JobsinYangon



အချိန်ဖြုန်းခြင်းအားဘယ်လိုရပ်တန့်ကြမလဲ

သင့်ရဲ့ဘဝမှာ အချိန်ဟာ အကန့်အသတ်ရှိသောအရင်းအမြစ်တစ်ခုဖြစ်သောကြောင့် အကျိုး မဲ့စွာဖြုန်းတီးပြစ်နိုင်ဖို့ရာအတွက်သင်မတတ်နိုင်ပါ။ ထိုသို့ပြုလုပ်မည့်အစား သင်လုပ်ကိုင်ဖို့ လိုအပ်သောအရာများကို လက်ခံကာ လုပ်ဆောင်လိုက်ပါ။ အရေးအကြီးဆုံးကတော့ သင့် အနေနဲ့ထိုအရာကိုမြန်နိုင်သမျှမြန်ဆန်အောင် ပြုလုပ်ဖို့ပဲဖြစ်ပါတယ်။ သို့သော်သင့်အနေနဲ့အ ချိန်ဖြုန်းခြင်းမှမရပ်တန့်နိုင်မှီတွင်သင်ဟာဘာကြောင့်အချိန်ဖြုန်းမိနေသည်ကိုဦးစွာပထမအနေဖြင့် နားလည်သဘောပေါက်စေဖို့ရာအတွက် လိုအပ်ပါသည်။ 

ကျရှုံးသွားမှာကိုကြောက်လို့လား? အကယ်၍ သင်ဟာကျရှုံးသွားမှာကိုကြောက်နေတယ်လို့ သင့်ကိုယ်သင်သိပါက ဘာကြောင့် ကျရှုံးသွားမှာကိုကြောက်ရတာလဲဆိုတာကို သင့်ကိုယ် သင်မေးမြန်းကြည့်ပါ။ 
အချို့သောသူတို့ဟာ သူတို့ရဲ့ကျရှုံးမှုများကနေ ပြန်လည်ထူထောင်လာနိုင်ခြင်းမရှိမှာကို စိုးရိမ်ကြပြီး သူတို့ရဲ့ဘဝများကို အရင်အတိုင်းပဲနေထိုင်ဖြတ်သန်းကြပါတယ်။ 

အချို့သောသူများကတော့ အခြားသူများ၏ထင်မြင်ချက်များကိုကြောက်ရွံ့တတ်ကြပြီး သူတို့ ရဲ့ရည်မှန်းချက်ပန်းတိုင်နောက်ကိုလိုက်ရင်းနဲ့ ထိုရည်မှန်းချက်ပန်းတိုင်သို့မရောက်ရှိပဲကျရှုံး သွားခဲ့ပါက အခြားသူများကဘယ်လိုမျိုးတွေထင်မြင်ကြမလဲဆိုတာကို ကြောက်ရွံ့တတ်ကြ ပါတယ်။ 

အဆိုပါကြောက်ရွံ့မှုများကို အောင်မြင်စွာကျော်ဖြတ်နိုင်ဖို့ရာအတွက် ကျရှုံးခြင်းဆိုတာဟာ သင့်ရဲ့ကြိုးစားခြင်းများမှ ပုံမှန်ဖြစ်လာနိုင်တဲ့အရာနှစ်ခုထဲက တစ်ခုဖြစ်ပြီး နှစ်ခုစလုံးဟာ လည်းတူညီသောဖြစ်နိုင်ခြေရှိသည်ကို သင့်အနေနဲ့ပထမဦးစွာနားလည်သဘောပေါက်ထားဖို့ ရာအတွက် လိုအပ်ပါသည်။ များသောအားဖြင့်လည်းနှစ်မျိုးစလုံးဟာ သင်ထိန်းချုပ်နိုင်တဲ့ အရာများမဟုတ်ကြပါဘူး။ 
တစ်ခါတစ်ရံမှာ သင်ကံကောင်းနေတဲ့အတွက် သိပ်ပြီးကြိုးကြိုးစားစား မလုပ်ဆောင်ရပဲ အောင်မြင်သွားနိုင်ပါတယ်။  

တစ်ခါတစ်ရံတွင် သင့်အနေနဲ့ အကောင်းဆုံးကြိုးစားလုပ်ဆောင်သော်လည်း ကံအကြောင်း မလှတဲ့အတွက်ကြောင့် ကျရှုံးခဲ့ရသည်များလည်းရှိနိုင်ပါတယ်။ 
အဆုံးမှာတော့ သင်လုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ သင့်ရဲ့အချိန်များကို အကျိုးရှိရှိ အသုံးချပြီး အကောင်းဆုံးကြိုးစားလုပ်ဆောင်ဖို့ - အလုပ်ကြိုးစားလုပ်ဖို့၊ သင့်ရဲ့အောင်မြင်မှု များတွင် ပျော်ရွှင်စေနိုင်ဖို့နှင့် သင့်ရဲ့အမှားများမှတစ်ဆင့် သင်ယူဖို့ကိုသာ သင့်အနေနဲ့လုပ် ဆောင်နိုင်မှာဖြစ်ပါတယ်။

အခြားသောသူများကသင့်ကိုဘယ်လိုပဲမြင်မြင် သင်သိထားရမှာက သင့်အတွက်အရေးကြီး တဲ့ တစ်ခုတည်းသောအမြင်ဟာ သင့်ကိုယ်သင်ဘယ်လိုမြင်လဲဆိုတာပါပဲ။ နောက်ဆုံးတွင် သင့်ရဲ့ရွေးချယ်မှုများနှင့် သင့်ရဲ့အပြုအမူများကြောင့်ရရှိလာမည့်အကျိုးရလာဒ်များကို ခံစား ရမည့်သူမှာ သင်ကိုယ်တိုင်ပင်ဖြစ်သောကြောင့်ဖြစ်ပြီး - အကယ်၍ သင်ဟာအဆိုပါအရာများ အားကောင်းမွန်မှန်ကန်စွာဆုံးဖြတ်လုပ်ဆောင်ခဲ့မည်ဆိုပါက သင့်အနေနဲ့ပိုမိုပြီး စိတ်ကျေနပ် မှုရရှိစေမှာဖြစ်ပါတယ်။ 

သင့်ကိုယ်သင် အောင်မြင်မှု/ ကျရှုံးမှုတို့ရဲ့ဖိအားတွေနဲ့ အခြားသူတွေရဲ့အထင်အမြင်တွေ အောက်ကလွတ်မြောက်မှုပေးနိုင်ပြီဆိုပါက အချိန်ကိုအကျိုးရှိရှိအသုံးချကာ သင့်ရဲ့ဘဝကို စတင်တည်ဆောက်နိုင်ပြီဖြစ်ပါတယ်။ 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

Translator -Female -Chinese language (4 Skills) -Graduate UniversityMYANMAR YANG DING is Taiwanese LED manufacturing below at PARA LIGHT Group Our HQ at Taipei, Taiwan. The Myanmar factory i...
Show the postings (4)
Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (50)
Camusat Myanmar Co., Ltd

Camusat Myanmar Co., Ltd

OUR MISSION: In an extremely dynamic technological environment, we help telecom actors to efficiently build and optimize their networks development by integrating traditional telecom technologies with...
Show the postings (4)
Ve Ve Soft Drinks Factory

Ve Ve Soft Drinks Factory

..The Green Circle Co., Ltd,a food and beverage company was founded in 1997. Green Circle engages in manufacturing, marketing, Sale, and distribution. The company comprises beverages such as soft drin...
Show the postings (6)
KT Group

KT Group

Our Group Vision “To be a world class organisation nurturing and encouraging the talents of our people who enable us to grow a thriving business committed to building a modern and transparent Mya...
Show the postings (1)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS