Jobs In Myanmar
Load...

HRM Functions: 7 Major Functions of HRM (With Diagram) (Part – 1)

by www.jobsinyangon.com


Tags: Knowledge-HRM-Functions-JobsInYangon



HRM function များ - HRM ၏ အဓိက (Major Function) ၇ ခုအကြောင်း (ပုံနှင့်တကွ) (အပိုင်း - ၁) 

 

လုပ်သားများအပေါ်ဗဟိုပြုထားသည့်လုပ်ငန်းများတွင် HRM သည် organization တစ်ခုအပေါ် လူတို့၏ အမြင်များနှင့် သက်ဆိုင်နေပါတယ်။ အထက်ဖော်ပြပါရည်မှန်းချက်အား ရရှိအောင်မြင်နိုင်ဖို့ရာအတွက် HRM အနေနဲ့ အချို့သောလုပ်ဆောင်ချက်များကို လုပ်ဆောင်ထားရမှာဖြစ်ပါတယ်။ ယျေဘူယျအားဖြင့်တော့ organizational objective များကို ရရှိအောင်မြင်နိုင်ရန်အတွက်မှာ လက်လီရောင်းချသူများအနေနဲ့ ရည်ရွယ်ချက်များနှင့် လုပ်ငန်းဆောင်တာများအကြား သင့်တော်သောဆက်နွယ်မှုများကို တည်ဆောက်ထားရ မည်ဟုဆိုထားပါတယ်။ အများအားဖြင့်တော့ သတ်မှတ်ထားသည့်လုပ်ဆောင်ချက်အချို့သည် အချို့သော ရည်မှန်းချက်များကို သိရှိနားလည်နိုင်စေရန်အတွက် ကူညီပေးနိုင်ပါတယ်။ 

ဥပမာအားဖြင့် ပုဂ္ဂိုလ်ရေးရည်မှန်းချက်များကို တိုးတက်မှုများရှိလာစေရန် လေ့ကျင့်ခြင်း၊ စွမ်းဆောင်ရည်စီမံခန့် ခွဲမှုနှင့် လစာငွေများ၊ အကျိုးခံစားခွင့်တို့အတွက် ဆောင်ရွက်ခြင်းများမှတဆင့် အကောင်အထည်ဖော်လာနိုင်မည် ဟု ယူဆကြပြီး အခြားတစ်ဖက်တွင်မူ အဖွဲ့အစည်းဆိုင်ရာ ရည်မှန်းချက်များဟာတော့ လူ့စွမ်းအားအရင်းအမြစ် စီမံခြင်း၊ ဝန်ထမ်းများအကြား ဆက်ဆံရေးများ၊ ဝန်ထမ်းခေါ်ယူခြင်းနှင့် လေ့ကျင့်သင်ကြားခြင်း၊ လစာငွေများနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ဆက်ဆံရေးလုပ်ဆောင်ချက်များကို လုပ်ဆောင်ခြင်းအားဖြင့် ပုံ ၁၈.၂ တွင် ပြသထားသည့် အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်။ 

ဒီအခြေအနေမျိုးတွင် မှတ်သားထားသင့်တဲ့အချက်တစ်ခုကတော့ အာရှနဲ့ အာဖရိကနိုင်ငံများဟာ ဒေသခံ/ မိသားစုပိုင်/ စနစ်တကျမရှိသေးသော ဆိုင်များနဲ့ ပြည့်နှက်လျှက်ရှိနေတဲ့အချက်ပါပဲ။ ထို့နည်းတူစွာပင် အိန္ဒိယနိုင်ငံ၌ မိသားစုပိုင်ဆိုင်ပေါင်း ၁၂သန်းကျော်ရှိနေပြီး အဆိုပါဆိုင်များတွင်လုပ်ကိုင်နေသည့် ဝန်ထမ်းများက ပိုင်ရှင်ကိုပြန်လည်ပြီး report တင်ပြရမှာဖြစ်ပါတယ်။ နည်းဗျူဟာဆိုင်ရာ ဆုံးဖြတ်ချက်သော်၎င်း၊ အဆိုပါဆိုင် တစ်ဆိုင်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများကိုသော်၎င်း ပိုင်ရှင်ကဆုံးဖြတ်ပေးရတာဖြစ်တဲ့အတွက် ဝန်ထမ်းခေါ်ယူခြင်း၊ ရွေးချယ်ခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းနှင့် တိုးတက်မှုရှိစေရန် ဆောင်ရွက်ခြင်း၊ ဌားရမ်းခြင်း၊ အလုပ်မှထုတ်ပယ်ခြင်း အစရှိသည့်အရာများအားလုံးသည် ပိုင်ရှင်၏ ဆုံးဖြတ်ချက်အောက်တွင် ရှိနေပါတယ်။ HRM ဆိုသည်မှာ အမှန်တကယ်လိုအပ်သည့်အရာတစ်ခုဖြစ်ကြောင်း ကိုတော့ လက်လီရောင်းချသူကုမ္ပဏီကြီးများဖြစ်ကြတဲ့ Big Bazaar, Reliance Mart, Pantaloons, Shopper’s Stop, အစရှိတဲ့ ကုမ္ပဏီများကသာ သိရှိနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် HRM ကိုဆောင်ရွက်နိုင်မည့်ဧရိယာပမာဏ သည်လည်း ကုမ္ပဏီများရဲ့ သဘောသဘာဝ၊ အရွယ်အစားနှင့် ရောင်းချလျှက်ရှိနေသည့် ကုန်ပစ္စည်းအမျိုးအစား များအလျှောက် ကွဲပြားမှုများရှိလာနိုင်ပါသည်။ 

အောက်ပါလုပ်ဆောင်ချက်များဟာတော့ လက်လီရောင်းချသည့် အဖွဲ့အစည်းတိုင်းတွင် တွေ့မြင်ရလေ့ရှိသည့် HR function များဖြစ်ပါသည်။ 

၁။ အလုပ်တာဝန် သတ်မှတ်၊ ခွဲဝေမှု (Job analysis and job design)
၂။ လက်လီအရောင်းဝန်ထမ်းများ ခန့်အပ်ခြင်းနှင့် ရွေးချယ်ခြင်း (Recruitment and selection of retail employees)
၃။ ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် တိုးတက်မှုရှိလာစေရန်ဆောင်ရွက်ခြင်း (Employees’ training and development)
၎။ လုပ်ငန်းစွမ်းဆောင်ရည် စီမံခန့်ခွဲမှု (Performance management) 
၅။ လစာငွေများနှင့် အကျိုးခံစားခွင့်များပေးအပ်မှု (Compensation and benefits) 
၆။ ဝန်ထမ်းများနှင့် ကုမ္ပဏီတို့အကြား ဆက်ဆံရေးများတည်ဆောက်ခြင်း (Labor relations) 
၇။ ဆက်ဆံရေးများကို စီမံခန့်ခွဲခြင်း (Managerial relations) တို့ ဖြစ်ကြပါတယ်။

ဒီ HR နယ်ပယ် ၇ခုနှင့် သူတို့နဲ့ဆက်စပ်နေသောလုပ်ဆောင်ချက် (function) များတွင် အဖွဲ့အစည်းဆိုင်ရာ ရည်မှန်းချက်များ ပြည့်မှီအောင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်တဲ့ စွမ်းရည်၊ အတွေ့အကြုံ၊ အသိပညာနဲ့ ကျွမ်းကျင်မှုများရှိနေပြီး အလုပ်ပြီးမြောက်အောင် ဆောင်ရွက်နိုင်စွမ်းရှိတဲ့ သင့်တော်လျှောက်ပတ်သော ပမာဏ ရှိတဲ့ ဝန်ထမ်းများကိုရရှိနိုင်ရန်ဟူသည့် တူညီသောရည်ရွယ်ချက်များရှိနေပါတယ်။ HR function တစ်ခုကို အဆိုပါ ဧရိယာ ၇ ခုအတွင်း သတ်မှတ်ချထားပေးနိုင်သော်လည်း အချို့သော function များဟာ ဧရိယာမျိုးစွာ အတွက် ကိုက်ညီမှုများရှိနေနိုင်ပါသည်။ ဥပမာအားဖြင့် - performance management ဟာ လက်လီအရောင်းဝန်ထမ်းများကို စိတ်အားတက်ကြွမှုရှိစေရန်ပြုလုပ်ပေးနိုင်သည့်အပြင်၊ ဝန်ထမ်းများရဲ့တိုးတက်မှုနှင့် လစာငွေများ၊ အကျိုးခံစားခွင့်များ ရရှိနိုင်ရန်အတွက်ပါ ဖြစ်လာစေနိုင်ပါတယ်။ ထို့အတူ - လစာငွေများ၊ အကျိုးခံစားခွင့်များအတွက် လုပ်ဆောင်ချက်ဟာလည်း ဝန်ထမ်းများကို ကြာရှည်ထိန်းသိမ်းထားနိုင်မှု၊ လေ့ကျင့်သင်ကြားပေးခြင်းနှင့် တိုးတက်မှုရှိလာစေခြင်းတို့အပေါ်တွင်ပါ အကျိုး သက်ရောက်မှုရှိစေနိုင်သည့်အပြင် လုပ်ငန်းအပေါ်သစ္စာရှိသည့်ဝန်ထမ်းများကို မွေးထုတ်ပေးနိုင်ခြင်းနှင့် ဆက်ဆံရေးများကို စီမံခန့်ခွဲခြင်းတို့အတွက်ပါ အကျိုးသက်ရောက်မှု ရှိစေနိုင်မှာပဲဖြစ်ပါတယ်။ 

ဒီကနေ့မှာတော့ ဒီလောက်နဲ့ပဲ ရပ်နားလိုက်ပါတယ်။ နောက်ရက်များတွင်လည်း ဆက်လက်၍ HRM function များအကြောင်းကို အသေးစိတ်ဆွေးနွေးတင်ပြပေးသွားဦးမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Mya Kyar Khine Co., Ltd

Mya Kyar Khine Co., Ltd

..Mya Kyar Khine Company Limited was established in 1997 and started distributing Paul Mitchell Professional Hair Care Products (U.S.A) to the Myanmar market. Then, Depilève Waxing and Paraffin Produ...
Show the postings (5)
Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)
Magnate Group Logistics Co., Ltd.

Magnate Group Logistics Co., Ltd.

Our youthful and vigorous staffs have the passion and team spirit which has driven us into being able to expand to now 16 cities and further expanding to more with many outlets station and service poi...
Show the postings (14)
Yangon Academy International School

Yangon Academy International School

Vision Yangon Academy empowers each student to reach their full potential. Mission Yangon Academy is a dynamic international school that provides a challenging K-12, American-based education ...
Show the postings (14)
MalarMyaing Public Company Limited

MalarMyaing Public Company Limited

To become a total solution provider in Myanmar Agribusiness and ultimately uplifting the well-being of every stakeholder in the whole industry. တောင်သူလယ်သမားများ...
Show the postings (18)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS