by www.jobsinyangon.com
Tags: Knowledge-HRM-Functions-JobsInYangon
HRM function များ - HRM ၏ အဓိက (Major Function) ၇ ခုအကြောင်း (ပုံနှင့်တကွ) (အပိုင်း - ၂)
၁။ အလုပ်တာဝန် သတ်မှတ်၊ ခွဲဝေမှု (Job analysis and job design)
Job analysis ဆိုသည်မှာ အလုပ်တာဝန်တစ်ခု၏ လုပ်ငန်းဆောင်ရွက်ချက် (operation) များ၊ တာဝန် (duty) များနှင့် ဝတ္တရားများ (responsibility) တို့ကို သတ်မှတ်ဖော်ပြပေးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ လက်လီအရောင်းဝန်ထမ်းများကို သိပ္ပံနည်းကျကျနှင့် ယုတ္တိကျကျခေါ်ယူခြင်းပြုလုပ်နိုင်ရန်အတွက်မှာ ထိုအလုပ်နေရာကိုစိတ်ဝင်စားမှုရှိသည့် ဝန်ထမ်းဖြစ်လာနိုင်သူ (candidate) နှင့် ပြန်လည်နှိုင်းယှဉ်ကြည့်ရှု၍ရနိုင် ရန်အတွက် ဝန်ထမ်းတစ်ဦးအနေနဲ့ ရှိနေရမည့် စံသတ်မှတ်မှုတစ်ခုကို ကြိုတင်သတ်မှတ်ထားဖို့ဟာ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ဒီစံနှုန်းသတ်မှတ်ချက်ဟာ လက်လီအရောင်းဝန်ထမ်းတစ်ဦးအနေနဲ့ အလုပ်များပြီးမြောက်နိုင်စေရန် အနည်းဆုံး ရှိနေသင့်တဲ့ အရည်အချင်းများကို သတ်မှတ်ပေးရခြင်းဖြစ်ပါတယ်။ ရိုးရှင်းစွာပြောရမည်ဆိုပါလျှင် - အထက်ဖော်ပြပါ အရည်အချင်းလိုအပ်ချက် (စံနှုန်း) များကို သတ်မှတ်ဖော်ဆောင်ရသည့် လုပ်ဆောင်ချက်ဟာ Job analysis ဖြစ်ပါတယ်။
များစွာသော ကျွမ်းကျင်သူတို့ကတော့ Job Analysis ဆိုသည်ကို အောက်ပါအတိုင်း အဓိပ္ပါယ်ဖွဲ့ဆိုခဲ့ကြပါတယ်။
Edwin B. Flippo ၏ အဆိုအရ “Job analysis ဆိုသည်မှာ အလုပ်တာဝန်တစ်ခု၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ တာဝန်များနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို စုစည်းခြင်းနှင့် လေ့လာခြင်းလုပ်ငန်းစဉ်ဖြစ်ပါတယ်။”
John A. Shbim ၏ အဆိုအရ “Job analysis ဆိုသည်မှာ သက်မွေးဝမ်းကျောင်းမှု တစ်ခုစီတိုင်းကို အဓိပ္ပါယ်ဖွဲ့ဆိုပြီး၊ လက္ခဏာရပ်များသတ်မှတ်ပေးကာ အခြားသက်မွေးမှုလုပ်ငန်းများနှင့် ကွဲပြားမှုရှိနေစေရန် အတွက် အလုပ်ဒေတာအချက်အလက်များကို စနစ်တကျစုစည်းလေ့လာခြင်းဖြစ်ပါတယ်။”
Michael J. Jucius ၏ အဆိုအရတော့ “Job analysis ဆိုသည်မှာ အလုပ်တာဝန်များ၏ လုပ်ငန်းဆောင်ရွက် ချက်များ၊ တာဝန်များနှင့် အဖွဲ့အစည်းဆိုင်ရာအမြင်များကို စုစည်းလေ့လာပြီး သတ်မှတ်ချက်များကိုဖော်ထုတ် ခြင်း (သို့) Job descriptions များကို ဖော်ထုတ်ခြင်းဖြစ်ပါတယ်။”
Scott Clothier နှင့် Spriegal တို့၏ အဆိုအရတော့ “Job analysis ဆိုသည်မှာ အလုပ်တာဝန်တစ်ခု၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ဝတ္တရားများကို ဝေဖန်အကဲဖြတ်ခြင်းလုပ်ငန်းစဉ်ဖြစ်ပါတယ်။”
Job Analysis လုပ်ငန်းစဉ် -
ဒီလုပ်ငန်းစဉ်ဟာ အလုပ်တာဝန်တစ်ခုတွင် ဘယ်လိုအရာတွေပါဝင်သလဲဆိုတာနဲ့ ဝန်ထမ်းတွေရဲ့ ဘယ်အချက် တွေက ဒီလုပ်ဆောင်ချက်တွေကိုဆောင်ရွက်ဖို့ရာတွင် အရေးပါသလဲဆိုတဲ့ သတင်းအချက်အလက်များကို ဖော်ပြပေးနိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။ ဒီသတင်းအချက်အလက်များဟာ ဘယ်လိုလူမျိုးတွေကို ရှာဖွေခေါ်ယူသင့်သလဲဆိုတာကို ဆုံးဖြတ်နိုင်ဖို့အတွက် အရေးကြီးပါတယ်။ Job analysis လုပ်ငန်းစဉ်ကနေ ရရှိလာတဲ့ ဒီအချက်အလက်များဟာ အလုပ်တာဝန်တစ်ခုစီတိုင်းအတွက် တန်ဖိုးများနဲ့ သင့်တော်တဲ့လစာငွေ များကို ခန့်မှန်းဆုံးဖြတ်ရာတွင် အထောက်အကူဖြစ်စေနိုင်ပါတယ်။
ဒါဟာ ဘာကြောင့်လဲဆိုရင် job analysis ကနေတဆင့် လေ့လာသိရှိရတဲ့ အလုပ်တာဝန်တစ်ခုတွင်လိုအပ်မည့် ကျွမ်းကျင်မှု၊ ပညာရေးအဆင့်၊ လုံခြုံရေးလုပ်ဆောင်ချက်များ၊ တာဝန်ယူရတဲ့ပမာဏနဲ့ အခြားသောအချက်များ အားလုံးအပေါ်တွင် လစာငွေများဟာ ယျေဘူယျအားဖြင့် မူတည်နေတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ထိုအရာကို လက်တွေ့အသုံးချနေမှုတို့ကြောင့်ပဲဖြစ်ပါတယ်။
ထို့ကြောင့် job analysis ဆိုသည်မှာ HR ဌာနမှဆောင်ရွက်ရတဲ့ အချက်အလက်များစုဆောင်းခြင်း လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး အောက်ပါအဆင့်များ ပါဝင်နေပါတယ်။
အထက်ပါ ပုံတွင်ဖော်ပြထားသည့်အဆင့်များကို အောက်ပါအတိုင်းဆွေးနွေးကြနိုင်ပါတယ်။
အဆင့် ၁ - အချက်အလက်များကို စုဆောင်းခြင်း
Job analysis လုပ်ငန်းစဉ်၏ ပထမဆုံးအဆင့်ကတော့ အလုပ်တာဝန်တစ်ခုနဲ့ ဆက်စပ်နေတဲ့ အချက်အလက် များကို စုဆောင်းခြင်းဖြစ်ပါတယ်။
ထိုအရာကို နည်းလမ်း (၄) ခုဖြင့် ဆောင်ရွက်နိုင်ပါတယ် -
(က) တည်ဆောက်ထားသည့် မေးခွန်းပုံစံများအကူအညီဖြင့်
(ခ) ထိုအလုပ်အကြောင်း ပြောကြားလာသည့်အရာများကို အသုံးပြု၍
(ဂ) စောင့်ကြည့်လေ့လာမှုများ
(ဃ) လူတွေ့မေးမြန်းခြင်းများ
အထက်ဖော်ပြပါနည်းလမ်း (၄) ခုကို အသုံးပြုခြင်းအားဖြင့် အချက်အလက် (၂) မျိုးကို စုဆောင်းရရှိလာနိုင်ပါတယ်။
(၁) အလုပ်ပတ်ဝန်းကျင် (အလုပ်တစ်ခု၏ physical environment) နဲ့ သက်ဆိုင်သောအရာများ - ကွန်ပြူတာအသုံးပြုခြင်း၊ ဝန်ထမ်းများအလုပ်လုပ်ကိုင်ရန်အတွက် နေရာအထားအသို၊ အလင်းရောင်၊ ကန့်သတ်တားမြစ်ချက်များ အစရှိသည့်အရာများနှင့် ငွေကြေးဆိုင်ရာ ဝတ္တရားများဖြစ်ကြတဲ့ (လစာငွေ၊ ဆုကြေးငွေ၊ ကော်မရှင်၊ DA၊ TA၊ အပိုဆောင်းအကျိုးခံစားခွင့်များ၊ လုပ်ငန်းစွမ်းဆောင်ရည်ခံစားခွင့်များ အစရှိသည့်အရာများ၊ အလုပ်တစ်ခုရဲ့ လူမှုရေး ပတ်ဝန်းကျင် (social environment) ဖြစ်သည့် (တစ်ယောက်တည်းအလုပ်လုပ်ရခြင်း၊ အဖွဲ့လိုက် အလုပ်လုပ်ရခြင်း၊ အလှည့်ကျ တာဝန်ချိန်များ၊ အလုပ်ချိန်များ၊ အဖွဲ့လိုက်ဆောင်ရွက်ခြင်းစွမ်းရည်) အစရှိသည်များ။
(၂) ဝန်ထမ်းများရဲ့ အရည်အသွေးနဲ့ သက်ဆိုင်သောအရာများ -
ဒီအရာတွင် ဝန်ထမ်းများရဲ့ လက်လီရောင်းချမှုပြုလုပ်ခြင်း အလုပ်ကိုပြုလုပ်ရာတွင်ရှိသင့်သည့် အရည်အချင်း များဖြစ်သော အောက်ပါအရာများပါဝင်နေပါသည်။
(i) ကာယဆိုင်ရာ လိုအပ်ချက်များ - အလုပ်ချိန်ပမာဏ၊ စတိုးဆိုင်အလုပ်/ အပြင်ထွက်ရသော အလုပ်၊ ခန္ဓာကိုယ် (ကာယစွမ်းအင်)။
(ii) ဉာဏဆိုင်ရာ လိုအပ်ချက်များ - ဒီဂရီ၊ ဒီပလိုမာ၊ အလုပ်အတွေ့အကြုံ၊ လူသစ်၊ ပြဿနာဖြေရှင်းမှုစွမ်းရည်။
(iii) စာရိတ္တပိုင်းဆိုင်ရာ လိုအပ်ချက်များ - ပုံပန်းသဏ္ဍာန်၊ အရပ်အမြင့်၊ ပြောဆိုနိုင်သော ဘာသာစကား၊ ရိုးသားမှု၊ နားထောင်နိုင်စွမ်းရည်၊ ဖိအားများကြား အလုပ်လုပ်နိုင်မှု၊ ဝန်ထမ်းများရဲ့ ကွန်ပလိန်းတက်မှုများကို ဖြေရှင်းနိုင်မှု။
အစရှိသည်တို့ကို စုဆောင်းရရှိလာမှာဖြစ်ပါတယ်။
အဆင့် ၂ - Job description ကို ရေးသားဖြည့်သွင်းခြင်း
သတင်းအချက်အလက်များကို စုစည်းပြီးနောက် job analysis ပြုလုပ်ခြင်းအားဖြင့် အဆိုပါ သတင်းအချက် အလက်များကို standard job description ပုံစံဖြင့်ထည့်သွင်းကာ နားလည်ရလွယ်ကူသော draft များဖြင့် လက်လီရောင်းချမှုအလုပ်တာဝန်တစ်ခု၏ အသေးစိတ်အချက်အလက်များကို ပြသပေးရမှာဖြစ်ပါတယ်။ လက်လီရောင်းချမှုပြုနေတဲ့ organization တစ်ခုရဲ့ သဘောသဘာဝနဲ့ ပုံစံအရ အလုပ်တာဝန်တစ်ခုရဲ့ များစွာသောလုပ်ဆောင်ချက်များအတွက် မတူကွဲပြားသော form များကို အသုံးပြုနိုင်ပြီး နောက်ပိုင်းတွင်မှ ထိုအရာများကို ပြန်လည်စုစည်းလိုက်နိုင်ပါတယ်။ တစ်ကယ်တမ်းတွင် job analysis လုပ်ငန်းစဉ်ရဲ့လုပ်ဆောင် ချက်တစ်ခုလုံးကို အနာဂါတ်လုပ်ငန်းစဉ်များအတွက် အစီအစဉ်ဆွဲရာတွင် အညွှန်းလမ်းညွှန်တစ်ရပ်အနေနဲ့ ပုံမှန်တိုက်ဆိုင်စစ်ဆေးကြည့်နိုင်ဖို့မှာ အဆိုပါ form များအပေါ်တွင် မူတည်လျှက်ရှိနေပါတယ်။
အဆင့် ၃ - အလုပ်ဆိုင်ရာ သတ်မှတ်ဖော်ပြချက်များအတွက် ပြင်ဆင်ခြင်း
အလုပ်ဆိုင်ရာ သတ်မှတ်ဖော်ပြချက်များကိုလည်း အချက်အလက်စုဆောင်းခြင်းနည်းစနစ်များဖြင့်ကောက်ယူ ရရှိလာသည့် အခြေခံသတင်းအချက်အလက်များအပေါ်တွင် မူတည်၍ပြင်ဆင်ထားရှိနိုင်ပါတယ်။ Job description ဆိုသည်မှာ ရွေးချယ်ခြင်းခံရရန်အတွက် အလုပ်လျှောက်လာသူ (candidate) တစ်ဦးအနေနဲ့ ရှိနေသင့်တဲ့ အနိမ့်ဆုံးလက်ခံနိုင်သော အရည်အသွေးများဖြစ်ပါတယ်။
အဆင့် ၄ - Report ကို ပြင်ဆင်ခြင်း
Report ဆိုသည်မှာ လက်လီအရောင်းဝန်ထမ်းတစ်ဦးအနေနဲ့ဆောင်ရွက်ရမည့် များစွာသောလုပ်ဆောင်ချက်များ နဲ့ ထိုသူများထံကမျှော်မှန်းထားတဲ့ မျှော်မှန်းချက်များကို ဖော်ပြနိုင်သည့်အရာတစ်ခုဖြစ်ပါသည်။ ထိုအရာကို job analyst က စုဆောင်းရရှိလာသည့် အခြေခံသတင်းအချက်အလက်များကိုအသုံးပြုပြီး ပြင်ဆင်ထားရမှာဖြစ်ပါ တယ်။ ထို့နောက်တွင်တော့ အကြံပြုချက်များနဲ့ ပြင်ဆင်ချက်များကိုရရှိနိုင်ရန်အတွက် ဒီ report ကို HR ဌာနသို့ တင်ပြပေးရမှာဖြစ်ပါတယ်။
အဆင့် ၅ - အတည်ပြုချက်
Analyst မှတင်ပြပေးလာသည့် report ကို HR ဌာနမှ ပြန်လည်စိစစ်ကြည့်ရှုပြီးနောက် ထပ်မံ၍ အကြီးတန်းအလုပ်အမှုဆောင်များမှ -
(i) ပိုမိုကောင်းမွန်သော ပေါ်လစီလမ်းညွှန်ချက်များ
(ii) HR ဌာနမှအကြံပြုချက်များရှိခဲ့ပါက ထည့်သွင်းခြင်း
(iii) ကုန်စည်ကူးသန်းရေးအဖွဲ့အစည်းများ၏ အမြင်များ (ထည့်သွင်းနိုင်ပါက)
(iv) Organization ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အစရှိသည်တို့အတွက် ပြန်လည်စိစစ်ကြည့်ရှုရမှာဖြစ် ပါတယ်။
အချို့သော organization များတွင် ထိုသို့သော ရုံးတွင်းစာများကို HR မန်နေဂျာကသာ အများအားဖြင့် အတည်ပြုပေးနိုင်သော်လည်း အချို့သော organization များတွင်တော့ အကြီးတန်းအလုပ်အမှုဆောင်များတွင် သာ ထိုအရာကို အပြီးသတ်အတည်ပြုပေးရမည့်တာဝန်ရှိနေနိုင်ပါတယ်။
မှတ်ချက်။ ။ တစ်ကယ်တန်းတွင်တော့ အလုပ်တာဝန်ဖော်ပြချက်တစ်ခုကို ရေးဆွဲရန်မှာ လက်လီအရောင်း ဆိုင်မန်နေဂျာတစ်ဦးရဲ့ အဓိကတာဝန်တစ်ခုဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် - သူ/ သူမဟာ အရောင်းဆိုင် ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ချောမွေ့မှုရှိနေစေရန်အတွက်တာဝန်ရှိသူတစ်ဦးဖြစ်နေတဲ့ အတွက်ပါ။ သို့သော်လဲ များစွာသောကိစ္စရပ်များတွင် အဆိုပါအလုပ်တာဝန်ဖော်ပြချက်ကို HR ဌာနက အရောင်းဆိုင်မန်နေဂျာနှင့်တိုင်ပင်ပြီး ရေးဆွဲပေးနေတာဖြစ်ပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
La Pyae Wun Co.,Ltd
Our company vision is to develop our work efforts in real estate managements and construction. In which we solely believe that the key to success is having a goal and effectively working everyday to r...
Show the postings (11)
Annam Myanmar Co.,Ltd.
Annam Group is continuously sourcing premium, high quality, delicious food products from around the world for distribution throughout all of Indochina, and we pride ourselves on being the go-to sourc...
Show the postings (6)
World Trading Co.,Ltd
..Exporters Importers and Distributors
We Import Laboratory Chemicals, Perfume Body Spray,European & Turkish Premium Food Products Yonca Sunflower Oil, Rio Santo Sauce
Sole Distributor in Myanmar.
...
Show the postings (3)
Myanmar Promotional Services ( Event Management )
To Promote business and enhance trades in academic ways ( Exhibitions and Trade Show )
for the country to develop and grow rapidly in many respective fields
We are promoting the business and enha...
Show the postings (4)