Tags: News-LOL-Championship-Iceland-JobsInYangon
League of Legends ကမ္ဘာ့ Championship ပွဲစဉ်များကို Iceland တွင် ကျင်းပသွားမည်
League of Legends ကမ္ဘာ့ Championship ပွဲရဲ့ ပွဲစဉ်များကို ယခုအခါတွင် Reykjavík, Iceland ရှိ indoor sporting arena တစ်ခုတွင် ကျင်းပသွားမှာဖြစ်ကြောင်း Riot Games မှ စက်တင်ဘာလ ၉ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။
အဆိုပါ Event ကို အောက်တိုဘာလ ၅ ရက်နေ့တွင် စတင်ကျင်းပသွားမှာဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့တွင် အဆုံးသတ်မှာဖြစ်ကာ Fan များအနေနဲ့ ၎င်းပွဲသို့ တက်ရောက်၍တော့ ရနိုင်တော့မှာမဟုတ်ပါဘူး။ Reykjavík ဟာ ယခုနှစ်အတွင်း League ရဲ့ အခြားသော အပြည်ပြည်ဆိုင်ရာပြိုင်ပွဲတစ်ခုဖြစ်တဲ့ Mid-Season Invitational ပွဲစဉ်များကိုလည်း မေလအတွင်းက လက်ခံကျင်းပခဲ့ရပြီး Riot မှ “အဆိုပါ Mid-Season Invitational ပွဲကို မေလအတွင်း ကစားသမားများ၊ ဝန်ထမ်းများနဲ့ လုပ်ငန်းလက်တွဲဖော်များအကြား COVID-19 ဖြစ်ပွားမှု (လုံးဝ) မရှိပဲ ကျင်းပပေးနိုင်ခဲ့ကြောင်းကိုလည်း ထိုနေ့ကပြုလုပ်ခဲ့တဲ့ကြေငြာချက်အတွင်းတွင် ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
“ယခု Event ကို လက်ခံကျင်းပပေးသူများ၊ Producing ပြုလုပ်သူများ၊ ယှဉ်ပြိုင်မှုပြုလုပ်မည့်ကစားသမားများ အစရှိသူများအားလုံးရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် စိတ်ချရစေရန် Worlds 2021 ပွဲသို့ တက်ရောက်မည့်သူများကို လက်ခံသွားမှာမဟုတ်ပါဘူး။ ကျွန်ုပ်တို့အနေနဲ့ ကမ္ဘာတစ်ဝှမ်းရှိ ကျန်းမာရေးအဖွဲ့အစည်းများရဲ့ လမ်းညွှန်ချက်များနှင့် ဒေသခံအာဏာပိုင်များရဲ့လမ်းညွှန်ချက်များအတိုင်းလိုက်နာ၍ အားလုံးရဲ့လုံခြုံရေးကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟူ၍ Riot မှ ပြောကြားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.