Jobs In Myanmar
Load...

The Importance Of Social Media Marketing for Businesses (Part-1)

by www.jobsinyangon.com


Tags: News-Importance-Of-SocialMedia-Marketing-JobsInYangon



လုပ်ငန်းများအတွက် Social Media Marketing ပြုလုပ်ခြင်း၏ အရေးပါပုံ (အပိုင်း - ၁) 

 

Digital နည်းပညာများတိုးတက်လာသည်နှင့်အမျှ လုပ်ငန်းစီးပွားရေးများဟာလည်း Virtual ကမ္ဘာသို့ ချဲ့ထွင်မှုများကို ပြုလုပ်လျှက်ရှိလာကြပြီး ဈေးကွက်ချဲ့ထွင်ရေးလုပ်ဆောင်ချက်များတွင် Digital Marketing (သို့) Social Media Marketing ရဲ့ အခန်းကဏ္ဍဟာလည်း တစ်နေ့တစ်ခြား ကြီးထွားလာလျှက်ရှိနေပါတယ်။ ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီး လုပ်ငန်းများအတွက် Social Media Marketing ပြုလုပ်ခြင်း၏ အရေးပါပုံ အပိုင်း (၁) ကို www.jobsinyangon.com ကနေ တင်ဆက်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ 

Social Networking ပြုလုပ်ခြင်းအပြင် လူကြီးမင်းတို့ရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်များနဲ့ ထုတ်ကုန်များကို ကြော်ငြာနိုင်ရန် ကောင်းမွန်တဲ့နေရာတစ်ခုဖြစ်နေတာကြောင့် Social Media များဟာ လွှမ်းမိုးမှုအရှိနိုင်ဆုံးနဲ့ အရေးအပါဆုံးသော Virtual Space တစ်ခု ဖြစ်လာခဲ့ပါတယ်။  သင့်အနေနဲ့ ကြော်ငြာတစ်ခုကို Post ပြုလုပ်၍ စက္ကန့်ပိုင်းအတွင်းမှာပင် များစွာသော အသုံးပြုသူများမှ တွေ့မြင်နိုင်မှာဖြစ်တဲ့အတွက် Social Media ရဲ့ စွမ်းပကားကို လျှော့တွက်၍တော့ မရနိုင်ပါဘူး။ ဒီအတွက် သင့်အနေနဲ့ ကြော်ငြာခအတွက်ကုန်ကျစားရိတ်များကို များစွာခြွေတာနိုင်မှာဖြစ်သလို Social Media ကြော်ငြာများရဲ့အကူအညီနဲ့ သက်ဆိုင်ရာပရိသတ်ထံသို့ သင့်ရဲ့ကြော်ငြာများကို အရောက်ပို့ဆောင်ပေးနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ 

လက်ရှိအချိန်တွင် ကမ္ဘာ့လူဦးရေရဲ့ ၅၉% ဟာ Online အသုံးပြုနေကြပြီဖြစ်တဲ့အတွက် Marketing သမားများအနေနဲ့လည်း TV များနှင့် သတင်းစာများပေါ်တွင် ကြော်ငြာမှုပြုလုပ်ခြင်းနှင့်နှိုင်းယှဉ်လိုက်ပါက ကုန်ကျစားရိတ်နည်းပါးစွာဖြင့် ပိုမိုများပြားတဲ့သုံးစွဲသူများထံသို့ မိမိတို့ရဲ့ ကြော်ငြာများကိုအရောက်ပို့ဆောင်နိုင်စေမယ့် ဒီအခွင့်အရေးကို လက်လွှတ်မခံသင့်ပါဘူး။ 

ပထမဦးဆုံးအနေနဲ့ ပြောကြားလိုတာကတော့ Social Media Marketing ပြုလုပ်ရာမှာ မိမိတို့ရဲ့ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကိုအသုံးပြုနေတဲ့ Customer များ တူညီစွာအသုံးပြုလျှက်ရှိနေတဲ့ Platform များကို အသုံးပြုပေးဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒါမှသာ သင့်အနေနဲ့ ပိုမို၍ထိရောက်မှုရှိစွာဖြင့် သုံးစွဲသူပရိသတ်ထံသို့ မိမိတို့ရဲ့ ကြော်ငြာများကို ပေးပို့နိုင်မှာဖြစ်ပါတယ်။ နေ့ရောညပါ အသုံးပြုသူများနဲ့ပြည့်နှက်နေတဲ့ Social Media ကွန်ယက်များကို ရွေးချယ်၍ မိမိတို့ရဲ့ Brand နဲ့သက်ဆိုင်သော post များကိုတင်ခြင်း၊ မိမိတို့ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများရဲ့ အရည်အသွေးနှင့် ကုန်ပစ္စည်းများရဲ့ ဓါတ်ပုံများကို တင်ခြင်းတို့ဟာ Social Media Presence တစ်ခုကို Online ပေါ်တွင်တည်ဆောက်နိုင်ရန်အတွက် စတင်လုပ်ဆောင်ဖို့ အကောင်းဆုံးအရာများပဲ ဖြစ်ပါတယ်။ 

အောက်ပါအချက်များကတော့ လုပ်ငန်းများအတွက် Social Media Marketing ပြုလုပ်ရခြင်း၏ အရေးပါပုံများပဲ ဖြစ်ပါတယ် - 

 

၁။ မိမိတို့ကုန်ပစ္စည်းရဲ့အကြောင်းကို မိမိတို့ကိုယ်တိုင် ရှင်းလင်းပြောကြားနိုင်ခြင်း 

စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ Facebook (သို့မဟုတ်) Instagram ကဲ့သို့သော social media forum များတွင် online presence ရှိထားခြင်းဟာ လူကြီးမင်းတို့ရဲ့ ကုန်ပစ္စည်းကို ဝယ်ယူအားပေးနေတဲ့ပရိသတ်များနဲ့ ဆက်သွယ်နိုင်ပြီး သူတို့တစ်ဦးချင်းစီနဲ့ ချိတ်ဆက်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒီအရာက သင့်အနေနဲ့ မိမိတို့ရဲ့အကြောင်းကို မိမိတို့ရဲ့ follower များသို့ ကိုယ်တိုင်ပြောပြနိုင်စေမှာဖြစ်ပြီး သင့်ရဲ့အောင်မြင်မှုများ၊ ကျရှုံးမှုများနဲ့ ပြုပြင်ပြောင်းလဲနေမှုများကို မြင်သာထင်သာရှိစေရန်အတွက် ချပြနိုင်မှာဖြစ်ပါတယ်။ 

ဖော်ပြပါအတိုင်းပြုလုပ်၍ Social Media ပေါ်တွင် သင့်ရဲ့သုံးစွဲသူပရိသတ်များနဲ့ အပြန်အလှန်ဆက်သွယ်ပြောဆိုပေးခြင်းဟာ ပိုမိုများပြားသောသူများမှ သင်တင်ထားတဲ့ အကြောင်းအရာကို တွေ့မြင်လာစေရန်အတွက် အကူအညီဖြစ်စေနိုင်သလို သင့်ရဲ့သုံးစွဲသူများလိုအပ်နေတဲ့အချက်များနဲ့ သင့်အနေနဲ့ ပြုပြင်ပြောင်းလဲဖို့လိုအပ်တဲ့ ကိစ္စများကို ပိုမို၍ရှင်းလင်းစွာ နားလည်သဘောပေါက်လာစေမှာလည်းဖြစ်ပါတယ်။ 

သင့်ရဲ့လုပ်ငန်းအကြောင်းကို မကြားဖူးသေးတဲ့သူများအနေနဲ့လည်း စိတ်ဝင်စားမှုမြင့်တက်လာပြီး သင့်ရဲ့ Page သို့ ဝင်ရောက်ကြည့်ရှုလာကြစေရန်အတွက်နှင့် ရှိပြီးသားပရိသတ်ကို ထိန်းသိမ်းထားနိုင်ရန်အတွက် သင့်တော်လျှောက်ပတ်မှုရှိတဲ့ content များကိုလည်း မကြာမကြာတင်ပေးခြင်းကိုပြုလုပ်ပေးရမှာဖြစ်ပါတယ်။ 

ထိုကဲ့သို့ ပုံမှန်ပြုလုပ်ပေးခြင်းအားဖြင့် သင့်ရဲ့အကြောင်း/ သင့်လုပ်ငန်းရဲ့အကြောင်း သတင်းစကားများဟာ ပိုမို၍မြန်ဆန်စွာပျံ့နှံ့လာမှာဖြစ်ပြီး ရလာဒ်အနေနဲ့ သင့်ရဲ့ Brand Awareness ကို ခိုင်မာစွာတည်ဆောင်လာနိုင်စေမှာဖြစ်ပါတယ်။ 


၂။ ကုန်ကျစားရိတ်နည်းနည်းဖြင့် သုံးစွဲသူအရေအတွက် တိုးပွားလာစေရန် လုပ်ဆောင်နိုင်ခြင်း 

Social Media များမှတဆင့် ကြော်ငြာခြင်းဟာ ဒီဂျစ်တယ်နည်းလမ်းများအရ သင့်ရဲ့လုပ်ငန်းအကြောင်းကို ကြော်ငြာမှုပြုရာတွင် ကုန်ကျစားရိတ်အသက်သာဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ Social Media Site များတွင် အခမဲ့ရယူအသုံးပြုနိုင်တဲ့ advertising tool များ များစွာရှိနေတဲ့အတွက် လူကြီးမင်းတို့ရဲ့ထုတ်ကုန်များကို ကုန်ကျစားရိတ်နည်းနည်းဖြင့် ထိရောက်မှုရှိရှိ ကြော်ငြာနိုင်မှာဖြစ်ပါတယ်။ 

ထိုသို့ဖြစ်လာစေရန်အတွက် သက်ဆိုင်ရာ Social Media Network များပေါ်တွင် Page တစ်ခုကိုတည်ထောင်၍ သင့်ရဲ့သုံးစွဲသူပရိသတ်များနဲ့ သက်ဆိုင်မည့်၊ စိတ်ဝင်စားစရာကောင်းမည့် content များကို ပုံမှန် post များတင်ပေးခြင်းအားဖြင့် သင့်လုပ်ငန်းရဲ့ Online Presence ကို ဖြည်းဖြည်းချင်း စတင်တည်ဆောက်သွားရမှာဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ရာတွင် trending ဖြစ်နေတဲ့ keyword များပါဝင်နေတဲ့ SEO content များကို ထည့်သွင်းအသုံးပြုသွားဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ Digital လောကတွင် အပြိုင်အဆိုင်များလွန်စွာပြင်းထန်နေတဲ့အတွက် သင့်ရဲ့ SEO နည်းစနစ်များဟာ အမြဲတမ်း တိကျမှုရှိနေဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

အထက်ဖော်ပြပါအတိုင်း မိမိတို့ရဲ့ Social Media Marketing လုပ်ဆောင်ချက်များကို ထိရောက်စွာနည်းဗျူဟာချမှတ်ပြီးဆောင်ရွက်နိုင်ပြီဆိုရင်တော့ သင့်ရဲ့ Social Media Page များပေါ်သို့ ဝင်ရောက်ကြည့်ရှုသူဦးရေဟာ တိုးပွားလာမှာဖြစ်ပြီး ရလာဒ်အနေနဲ့ မိမိတို့ရဲ့လုပ်ငန်းအပေါ် စိတ်ဝင်စားမှုနှုန်းများမြင့်တက်လာတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ 


၃။ သုံးစွဲသူများကို ဦးစားပေးနိုင်ခြင်း 

စီးပွားရေးလုပ်ငန်းပိုင်ရှင်များအနေနဲ့ Social Media ကွန်ယက်ပေါ်တွင် မျက်စိဖွင့်၊ နားဖွင့်ထားဖို့ လိုအပ်ပြီး သုံးစွဲသူများက ထုတ်ကုန် (သို့) ကုန်ပစ္စည်းတစ်ခုအကြောင်းကို စဉ်းစားလိုက်တာနဲ့ မိမိတို့ Brand ရဲ့ ပုံရိပ်ကို စိတ်ထဲတွင်မြင်ယောင်လာသည်အထိ ပုံဖော်ပေးရမှာဖြစ်ပါတယ်။ 

Potential buyer များကို ပစ်မှတ်ထား၍ Marketing ပြုလုပ်ရာတွင် အရေးကြီးတဲ့အချက်ကတော့ သင့်အနေနဲ့ အထက်ဖော်ပြပါ Social Media Forum များမှတဆင့် ထိုသူများနဲ့ အဆက်အသွယ်ရှိနေဖို့ပဲဖြစ်ပါတယ်။ ဒါမှလည်း သူတို့ရဲ့စိတ်ထဲတွင် သင့်လုပ်ငန်းရဲ့ပုံရိပ်ဟာ စွဲထင်နေမှာဖြစ်ပြီး သင့်လုပ်ငန်းမှထုတ်လုပ်နေတဲ့ ထုတ်ကုန်များကိုသာ ဝယ်ယူအသုံးပြုဖို့အတွက် ပိုမို၍ စိတ်အားထက်သန်မှုရှိလာမှာဖြစ်ပါတယ်။ 

လုပ်ငန်းများနဲ့ potential buyer များအကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေခြင်းဟာ ထိုသူများကို potential buyer များအဖြစ်မှ ပုံမှန်ဝယ်ယူအသုံးပြုနေတဲ့ loyal and regular buyer များအဖြစ်သို့ပြောင်းလဲနိုင်စေဖို့တွင် များစွာအကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်။ 

 

၎။ မိမိတို့ရဲ့ ပြိုင်ဖက်များအကြောင်းကို လေ့လာနိုင်ခြင်း 

Social Media Network များပေါ်တွင် အများပြည်သူမှအလွယ်တကူရှာဖွေတွေ့ရှိနိုင်တဲ့ Business Profile များရှိနေတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့သင့်အဖို့ ဒါဟာ သင့်ပြိုင်ဘက်များရဲ့အကြောင်းနှင့် သူတို့အနေနဲ့ သုံးစွဲသူပရိသတ်များကို ဆွဲဆောင်နိုင်ရန်အတွက် မည်သို့သောနည်းဗျူဟာများကို ပြုလုပ်အကောင်အထည်ဖော်လျှက်ရှိနေသလဲဆိုတာကို  လေ့လာဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ 

သင့်အနေနဲ့ သူတို့ရဲ့ Social Media Profile များပေါ်တွင်တင်ထားတဲ့ post များကို လေ့လာပြီး မည်သည့် post များကတော့ ပိုမို၍ထိရောက်မှုရှိနေသလဲဆိုတာကိုလေ့လာနိုင်သလို ပြိုင်ဖက်ကုမ္ပဏီများမှ တင်ထားတဲ့ post များအောက်တွင် ပရိသတ်မှမေးမြန်းလေ့ရှိသည့်မေးခွန်းများနဲ့ ပြန်လည်ဖြေကြားချက်များ၊ သူတို့အနေနဲ့ သူတို့ရဲ့ သုံးစွဲသူပရိသတ်များနဲ့ မည်သို့ ပြောဆိုဆက်ဆံမှုများကိုပြုလုပ်လေ့ရှိနေသလဲ အစရှိသည်တို့အားလေ့လာ၍ သင့်ရဲ့ marketing strategy တွင် ထိုအရာများကို မည်သို့ပြန်လည်အသုံးချ၍ရနိုင်လဲဆိုသည်အား အစီအစဉ်များရေးဆွဲ၍ ပိုမိုကောင်းမွန်တဲ့ marketing strategy ကို ရေးဆွဲနိုင်မှာဖြစ်တဲ့အပြင် သူတို့ရဲ့ သုံးစွဲသူများကိုဝန်ဆောင်မှုပေးနေပုံအားလေ့လာ၍ သင့်အနေနဲ့ ထိုသို့ဝန်ဆောင်မှုပေးရာတွင် မည်သို့ပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်မလဲဆိုသည်ကိုလည်း အဖြေရှာနိုင်မှာဖြစ်ပါတယ်။

 

၅။ သုံးစွဲသူပရိသတ်များရဲ့ နှစ်သက်မှုများကို လေ့လာနိုင်ခြင်း 

Social Media Marketing ပြုလုပ်ရာတွင် မိမိတို့ Customer များရဲ့ အမူအကျင့်များနဲ့ မည်သို့သော activity များကို ပြုလုပ်လေ့ရှိသည်ဆိုသည့် အချက်အလက်များအား အလွယ်တကူစုဆောင်းရယူနိုင်မှာဖြစ်တဲ့အတွက် Marketing သမားများအတွက် ပိုမို၍ အဆင်ပြေလာစေခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းများအနေနဲ့ Social Media Site များတွင် အသုံးပြုနိုင်ရန်ပေးအပ်ထားသည့် များစွာသော Tool များကို ရယူအသုံးပြု၍ သင်တင်ထားတဲ့ content များကို ဝင်ရောက်ကြည့်ရှုသူမည်မျှက စိတ်ဝင်စားမှုရှိနေသလဲ၊ ဝယ်ယူမှုနှုန်းမည်မျှရှိနေသလဲ အစရှိတဲ့အချက်များကို အလွယ်တကူတိုင်းတာ၍ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 

ဒီလိုအချက်အလက်များကို သိရှိထားခြင်းအားဖြင့် လုပ်ငန်းများအနေနဲ့ သင်တို့ရဲ့ထုတ်ကုန်ကို အမှန်တကယ်စိတ်ဝင်စားပြီး ဝယ်ယူလိုစိတ်ရှိနိုင်တဲ့ သုံးစွဲသူပရိသတ်များမှ မိမိတို့ရဲ့ ကြော်ငြာများကိုတွေ့မြင်လာကြစေရန်အတွက် ပစ်မှတ်ထား၍ ကြော်ငြာမှုများကို ပြုလုပ်လာနိုင်မှာလည်းဖြစ်ပါတယ်။ 

 

ဒီကနေ့မှာတော့ ဒီလောက်နဲ့ပဲရပ်နားလိုက်ပါတယ်ခင်ဗျာ မနက်ဖြန်မှာ ကျန်ရှိနေသေးတဲ့ “လုပ်ငန်းများအတွက် Social Media Marketing ပြုလုပ်ရခြင်းရဲ့ အရေးပါပုံများ” ကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 


ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Synergy Plus Co., Ltd

Synergy Plus Co., Ltd

Vision - To be one the Leading Construction Companies Mission - To provide our High Quality Services First after SAFETY Values - Integrity, Discipline, Professionalism, Enthusiasm & Innovation .- ...
Show the postings (4)
The Experts English Language Center

The Experts English Language Center

-Offering low-price, high quality language education -Ensuring the international standard Teaching Methods -Unlocking the students' potentials and opportunities - Promising the difference We off...
Show the postings (2)
Sea Rain Co.,Ltd

Sea Rain Co.,Ltd

Myanmar Marketing Research & Development, Ltd. (MMRD)

Myanmar Marketing Research & Development, Ltd. (MMRD)

What we do: We help businesses and organizations to connect with their audience through print and digital directories (yellow pages), and to better understand their environment through Research Servic...
Show the postings (15)
URC (Myanmar) Co., Ltd.

URC (Myanmar) Co., Ltd.

URC is engaged in a wide range of food-related businesses, including the manufacture and distribution of branded consumer foods and is also in commodities. URC is the leading branded snackfoods and be...
Show the postings (5)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS