Tags: News-Intel-CEO-Predicts-ChipShortage-JobsInYangon
၂၀၂၃ ခုနှစ်အထိ Chip ရှားပါးမှုပြဿနာဟာ ဆက်လက်ရှိနေနိုင်ကြောင်း Intel CEO မှ မှတ်ချက်ပေးခဲ့
ပြီးခဲ့တဲ့နှစ်အတွင်း Chip ရှားပါးမှုပြဿနာများကြောင့် Gaming အပါအဝင် လုပ်ငန်းနယ်ပယ်အများစုတွင် အခက်အခဲများနှင့်တွေ့ကြုံခဲ့ကြရပြီး Graphic Card များနှင့် အခြားသော နည်းပညာပစ္စည်းအသစ်များကို ဝယ်ယူနိုင်ဖို့အတွက် အဆမတန်ဈေးများတက်လျှက်ရှိနေပြီး ဝယ်ယူ၍မရနိုင်အောင် ရှားပါးလျှက်ရှိနေကြောင်း IGN ရဲ့ သတင်းတစ်ပုဒ်တွင် ဖော်ပြထားခဲ့ပါတယ်။
မကြာသေးမှီက ပြုလုပ်ခဲ့တဲ့ Intel ရဲ့ ဒုတိယ ၃လပတ် အစည်းအဝေးတွင် CEO ဖြစ်သူ Pat Gelsinger မှ အဆိုပါ Chip ရှားပါးမှုပြဿနာဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆက်လက်၍ဖြစ်ပွားနေနိုင်ပြီး ကုန်ကြမ်းပစ္စည်းရရှိနိုင်မှုနဲ့ သက်ဆိုင်တဲ့ ပြဿနာများကတော့ ၂၀၂၃ ခုနှစ်အထိ ရှိနေနိုင်တယ်လို့ မှတ်ချက်ချခဲ့ကြောင်း သိရှိရပါတယ်။
မေလအတွင်းကလည်း Nvidia ရဲ့ CEO ဖြစ်သူ Jensen Huang မှ ၎င်းတို့ရဲ့ RTX30 စီးရီး Graphic Card များကိုထုတ်လုပ်ဖို့မှာ ယခုနှစ်ရဲ့ ဒုတိယနှစ်ဝက်လောက်အထိ ကုန်ကြမ်းပစ္စည်းရှားပါးမှုများနဲ့ တွေ့ကြုံနေရနိုင်ကြောင်း ကြိုတင်ခန့်မှန်းမှုများ ပြုလုပ်ခဲ့သလို Sony ရဲ့ CFO ဖြစ်သူ Hiroki Tokoi ကလည်း ကုမ္ပဏီဟာ PS5 များကို ၂၀၂၂ ခုနှစ်အထိ အရေအတွက်အကန့်အသတ်ဖြင့်သာ ရောင်းချနိုင်ဦးမှာဖြစ်ကြောင်း အသီးသီးပြောကြားခဲ့ကြတယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.