Tags: News-Japan-Scientists-Internet-Speed-JobsInYangon
ဂျပန်နိုင်ငံရှိ သိပ္ပံပညာရှင်များမှ အင်တာနက်မြန်နှုန်းစံချိန်ကို ချိုးဖျက်နိုင်ခဲ့
သတင်းများအရ ဂျပန်နိုင်ငံရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာ အမျိုးသားတက္ကသိုလ် - National Institute of Information and Communications Technology (NICT) ရှိ သိပ္ပံပညာရှင်များဟာ အင်တာနက်ဒေတာပို့လွှတ်မှုမြန်နှုန်းစံချိန်ကို 319 Tbps မြန်နှုန်းဖြင့် ချိုးဖျက်နိုင်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ ဒါဟာ ဩဂုတ်လ ၂၀၂၀ ခုနှစ်တွင် ဗြိတိန်နှင့် ဂျပန်သုသေသနပညာရှင်များမှ စံချိန်တင်ထားခဲ့တဲ့ 179 Tbps စံချိန်ထက် ၂ ဆခန့်ပိုသော စံချိန်တစ်ခုပဲဖြစ်ပါတယ်။
ဒီအောင်မြင်မှုကို NICT မှ fiber optic line ရဲ့ အဆင့်တိုင်းကို upgrade ပြုလုပ်ပေးလိုက်ခြင်းအားဖြင့် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပြီး ၎င်းတွင် ပုံမှန် Core ၁ ခုအစား Core ၄ ခုပါဝင်နေပါတယ်။ သုသေသနပညာရှင်များဟာ အဆိုပါ fiber optic line အတွင်းသို့ 552-channel comb laser ကို မတူညီတဲ့ လှိုင်းအလျားများစွာဖြင့် ပစ်ခတ်၍ မြေရှားဒြပ်စင်များနဲ့ ပြုလုပ်ထားတဲ့ amplifier များရဲ့ အထောက်အပံ့ပေးမှုများဖြင့်ပြုလုပ်နိုင်ခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါစမ်းသပ်မှုဟာ ဓါတ်ခွဲခန်းအတွင်းတွင်သာ ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း ဂျပန်သိပ္ပံပညာရှင်အဖွဲ့ဟာ fiber ကို အသုံးပြု၍ ဒေတာများကို ၁၈၆၄ မိုင်အကွာအဝေးသို့ signal အရည်အသွေးနှင့် မြန်နှုန်းတို့ ကျဆင်းခြင်း တစ်စုံတစ်ရာမရှိပဲ ပေးပို့နိုင်ခဲ့ကြပါတယ်။ များစွာသော စမ်းသပ်ချက်များနည်းတူ ဒီနည်းပညာကို လက်တွေ့မှာအသုံးချနိုင်ဖို့ဟာ အချိန်လိုအပ်ဦးမှာဖြစ်ပြီး ဈေးနှုန်းကြီးမြင့်မှုများရှိလာနိုင်သော်လည်း အနာဂါတ်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာရနိုင်ဖို့ရှိနေပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.