Tags: KAM-Key Account Management- Key Account Manager- Sales Growth- Business Relationship
အားလုံးပဲမင်္ဂလာပါ။ ညိုလဲ့အခုတလော Sales position တွေအတွက် အင်တာဗျူးလုပ်ရင်း တစ်ချို့ Sales မှာ တကယ်တော်တာတွေကို တွေ့ရသလို တစ်ချို့ကျတော့လည်း Sales နဲ့ ကိုက်ညီမှုမရှိတာတွေတွေ့ရတယ်။ လူတော်တော်များများက Sales ဆိုတာကို လွယ်ကူတဲ့အလုပ်လို့ထင်ကြတယ်။ Product Sales နဲ့ Service Sales တောင်မတူပါဘူး ။ အထူးသဖြင့် SME တွေအတွက် Sales ဆိုတာက Market Share ကို အရယူနိုင်အောင် ကြိုးစားရတဲ့အခါ ပိုလို့တောင် ခက်ခဲနေပါသေးတယ်။ Listening, Communication, Self-Confidence, Product-Confidence, Persistence စတဲ့အရာတွေမှာ ပိုပြီးတောင် Strong ဖြစ်ဖို့လိုအပ်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ Key Account Manager ဆိုတာကို နားမလည်ကြသေးဘူး။
ညိုလဲ့တွေ့ရသလောက်ဆို Key Account Executive , Key Account Manager Position မြင်တာနဲ့ Account & Financial Job Category မှတ်ပြီး Accountant တွေအများကြီးလာလျှောက်တာလည်း တွေ့ရတယ်။ ညိုလဲ့ကိုယ်တိုင်လည်း Key Account Manager တစ်ယောက်ဖြစ်နေတော့ Key Account Management နဲ့ ပက်သက်တဲ့ အတွေ့အကြုံတွေ၊ နောက်ပြီး ညိုလဲ့ ဖတ်ထားတဲ့အရာတွေကို အတွေ့အကြုံရှိပြီးသားသူတွေရော အခုမှ Sales ကို စိတ်ဝင်စားပြီး စိတ်ဝင်စားတဲ့ သူတွေကို ရော sharing လုပ်ချင်တဲ့အတွက် ဒီ ဆောင်းပါးလေးကို အပိုင်းလေးတွေခွဲပြီး ရေးမယ်လို့စဉ်းစားခဲ့တာပါ။
အဲ့တော့ ပထမဆုံးအနေနဲ့ Key Account Management , Key Account and their roles ဆိုတာလေးကို မသိသေးတဲ့သူတွေသိသွားအောင် ဗဟုသုတရသွားအောင် sharing လုပ်ပေးချင်ပါတယ်။
Key Account Management ဆိုတာက မိမိရဲ့ Customer နဲ့ မိမိရဲ့ Business ကြားမှာရှိတဲ့ Relationship တစ်ခုဖြစ်ပါတယ်။ တနည်းပြောရရင် ရေရှည်ခိုင်မြဲတဲ့ Long everlasting business relationship တစ်ခုကို ဖန်တီးတည်ဆောက်ရန် Sales People တွေ တစ်ဦးချဉ်းဆီ မိမိ Customer ဆီ ချဉ်းကပ်ရမည့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။
The Chartered Institute of Marketing ကထုတ်ထားတဲ့ “ Key Customers” How to manage them profitably ဆိုတဲ့ စာအုပ်ထဲမှာတော့ Key Account Management နဲ့ Key Account ကို ဘယ်လိုဖော်ပြထားလဲဆိုတာကို လေ့လာလိုက်ရအောင်။
*** What is KAM?
“KAM is a management approach adopted by selling companies aimed at building a portforlio of loyal key accounts by offering them on a continuing basis, a product/service package tailored to their individual needs.” လို့ ဖော်ပြထားပြီး
*** What is Key Accounts?
Key Accounts are customers in a business to business market indentified by selling companies as being of strategic importance. ဆိုပြီး ဖော်ပြထားပါတယ်။
Summary အရပြောရရင် KAM ဆိုတာ Long Term Sales Drive တစ်ခုဖြစ်သလို မိမိ customer နဲ့ relationship ကိုလည်း ကောင်းမွန်သထက်ကောင်းမွန်အောင်ပြုလုပ်ခြင်း ဖြစ်ပြီး Future Business ကို စီမံခန့်ခွဲခြင်းဆိုလည်း မမှားပါဘူး။
KAM ဆိုတာ ရိုးရိုး sales ဆိုတာထက်ကို ပိုပါတယ်။ အဲ့ဒါမို့ Key Account Manager ဆိုလိုက်တာနဲ့ Finance နဲ့ ပက်သက်တဲ့ Accountant position လို့ မထင်မှတ်စေလိုပါဘူး။ Key Account Manager ရဲ့ တာဝန်က selling တစ်ခုထဲမဟုတ်ဘဲ Customer Needs ကို ပါ ပြည့်အောင်ပါ ဖြည့်ဆည်းပေးရတာပါ။ အဲ့ဒါမို့ Key Account Manager တစ်ဦးမှာ ရှိသင့်တဲ့ Competencies တွေက
၁. Standard Bearer ဖြစ်ရမယ်။ အဲ့ဒါကဘာကို ပြောတာလဲဆိုတော့ KAM က မိမိရဲ့ company ကို သာမက မိမိရဲ့ customer အတွက်ကိုပါ ကိုယ်စားပြုပြီး မိမိပေးလိုက်တဲ့ promise ကိုတည်အောင် customer အတွက် ဖြည့်ဆည်းပေးရသလို Organization နှစ်ခုကြားအတွက် Trust ကို ပြုလုပ်ပေးပြီး ထိန်းသိမ်းပေးရတာမို့ အဲ့ဒီ competency လည်း လိုအပ်ပါတယ်။
၂။ Value Creater ဖြစ်ရပါ့မယ်။
ဘာဖြစ်လို့လဲဆိုတော့ KAM က မိမိ organization အတွက် Potential Business ကို ခိုင်မြဲအောင် မိမိရဲ့ customer နဲ့ long term relationship ကို ဖန်တီးယူရသလို မိမိ customer ရဲ့ needs ကိုလည်း နားလည်ပြီး အဲ့ဒီ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးရတာမို့ value creater ဖြစ်ဖို့လည်း လိုပါတယ်။
၃။ Good Communicator ဖြစ်ရပါ့မယ်။ KAM တွေက clients ရဲ့ organization တွေကို မိမိရဲ့ organization ကဲ့သို့ ဆက်ဆံရမှာပါ။ ဥပမာပေးရရင် ညိုလဲ့တို့ ရဲ့ Key Customer တွေလိုနေတဲ့ လိုအပ်ချက်တွေဖြစ်တဲ့ Recruitment ဖြည့်ဆည်းဖို့အတွက် communicate လုပ်တဲ့အခါမှာ efficient, effective, accurate, honest, courteous ဖြစ်နေဖို့လိုပါတယ်။ အဲ့ဒါမို့ Good Communicator လည်း ဖြစ်ရပါ့မယ်။
၎။ Good Planning or Good Planner ဖြစ်ဖို့လည်းလိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိရဲ့ Organization profitability ဖြစ်အောင် စွမ်းဆောင်နိုင်ရမှာ ဖြစ်သလို မိမိ customer need အတွက်လည်း Good Result ကို deliver ဖြစ်အောင် ကြိုးပမ်းရမှာမို့ Good Planning လည်း ကောင်းကောင်းရှိဖို့လိုအပ်ပါတယ်။ လို့ ပြောကြားပေးချင်ပါတယ်။
အခုဆို JobsInYangon.com ရဲ့ ပရိတ်သတ်ကြီးလည်း Key Account Management ကဘာလဲ၊ Key Account ကဘာလဲ၊ Key Account Manager ရဲ့ role ကဘာလဲဆိုတာကို generally သိသွားမယ်လို့မျှော်လင့်ပါတယ်။
နောက်ပြီး မိမိသူငယ်ချင်းတွေလည်း သိသွားအောင် sharing လုပ်ဖို့ တောင်းဆိုချင်ပါတယ်။ အခု Key Account Manager က ဘာလဲဆိုတာကို သိသွားပြီဆိုတော့ အလုပ်လျှောက်တဲ့အခါမှာလည်း မှားပြီး မလျှောက်တော့ဘူး လို့လည်း ယုံကြည်မိသလို KEY ACCOUNT MANAGER ရဲ့ တာဝန်က Sales Growth အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကို သိသွားလိမ့်မယ်လို့ ယုံကြည့်ရင်း Key Account Management နဲ့ ပက်သက်တဲ့ အကြောင်းအရာကို ဒီမှာပဲ အဆုံးသတ်ချင်ပါတယ်။ Key Account Management နဲ့ ပက်သက်ပြီး သိသလောက်ကို လည်း နောက်ပိုင်းမှာ ဆက်ပြီး Sharing လုပ်သွားပါအုံးမယ်။
ရိုသေလေးစားစွာဖြင့်
Roger Quest International
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.