Jobs In Myanmar
Load...

Key Features of a Healthy Workplace Environment

by www.jobsinyangon.com


Tags: Knowledge-Healthy-Workplace-Features-JobsInYangon



ကောင်းမွန်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုတွင် ရှိနေသင့်သော လက္ခဏာရပ်များ


လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုရဲ့ ကောင်းမွန်မှု ရှိ/ မရှိဟာ လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်။ အကယ်၍ သင့်အနေနဲ့ Positive ဖြစ်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုကို ပျိုးထောင်ပေးနိုင်ခဲ့ပါက ဝန်ထမ်းများရဲ့ အလုပ်လုပ်ချင်စိတ် (motivation)၊ ပူးပေါင်းဆောင်ရွက်လိုစိတ် (teamwork)၊ လုပ်ငန်းစွမ်းဆောင်ရည် (performance) တို့ကိုမြှင့်တင်ပေးနိုင်မှာဖြစ်ပြီး ဝန်ထမ်းများအလုပ်မှထွက်ခွာမှုနှုန်းကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ မည်သို့သောလုပ်ငန်းမျိုးကို ဦးစီးနေရသည်ဖြစ်စေ ဒီအချက်များကို ဦးစားပေး၍ ဆောင်ရွက်သင့်ပြီး ကောင်းမွန်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့လိုအပ်မှာဖြစ်ပါတယ်။ 

ဒီတော့ ကောင်းမွန်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုတွင် ရှိနေသင့်တဲ့ လက္ခဏာရပ် (၆) ချက်ကို လေ့လာကြည့်လိုက်ရအောင် - 

 

၁။ ဆက်သွယ်ပြောဆိုခြင်း (Communication) 

လုပ်ငန်းများလုပ်ကိုင်ရာတွင်နှင့် ဘဝတွင် ကောင်းမွန်စွာဆက်သွယ်ပြောဆိုနိုင်ခြင်းဟာ အောင်မြင်မှုလမ်းစများကို ပွင့်လန်းလာစေနိုင်တဲ့ အဓိကသော့ချက်တစ်ခုပဲဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုအတွင်းရှိဝန်ထမ်းများအနေနဲ့ ထိရောက်လျှင်မြန်စွာ တစ်ဦးနှင့်တစ်ဦး communicate ပြုလုပ်နိုင်ပါက အလုပ်လုပ်ချင်စိတ်ကို မြှင့်တင်ပေးနိုင်ပြီး team တစ်ခုနဲ့တစ်ခု ထိရောက်စွာပူးပေါင်းဆောင်ရွက်နိုင်စေမှာဖြစ်တဲ့အတွက် မန်နေဂျာဖြစ်သူများဟာလည်း သူတို့ရဲ့ team များမှ အကောင်းဆုံးစွမ်းဆောင်ရည်များကို ထုတ်ယူအသုံးပြု၍ ရလာစေမှာဖြစ်ပါတယ်။ 

 

၂။ ပါဝင်ဆောင်ရွက်မှုနှင့် ညီညွှတ်မျှတမှု (Inclusion & Equality) 

Inclusion & Equality လုပ်ဆောင်ချက်များဟာ ဝန်ထမ်းများကို ညီညွှတ်မျှတတဲ့ အခွင့်အလမ်းများကို ပေးအပ်နိုင်ရန်အတွက် အရေးကြီးရုံသာမက လုပ်ငန်းရဲ့ အောင်မြင်မှုအတွက်လည်း အရေးကြီးလှပါတယ်။ မတူကွဲပြားတဲ့နောက်ခံမျိုးစုံမှသူများကို ခန့်အပ်ထားပြီး Inclusion & Equality လုပ်ဆောင်ချက်များကို ဦးစားပေးဆောင်ရွက်လေ့ရှိတဲ့ ကုမ္ပဏီများဟာ သူတို့ရဲ့ဝန်ထမ်းများထံမှ မတူခြားနားတဲ့ အကြံဉာဏ်များ၊ ကျွမ်းကျင်မှုများ၊ အတွေ့အကြုံများကို ထုတ်ယူသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Inclusion & Equality လုပ်ဆောင်ချက်များဟာ သင့်ရဲ့လုပ်ငန်းကို အလုပ်လုပ်ရန်ပိုမို၍ကောင်းမွန်တဲ့နေရာတစ်ခုဖြစ်လာစေပြီး ဝန်ထမ်းများထွက်ခွာမှုနှုန်းကို လျှော့ချပေးနိုင်ကာ ကုမ္ပဏီရဲ့ဂုဏ်သတင်းကို ပိုမိုကျော်ကြားလာစေမှာဖြစ်ပါတယ်။ Inclusive ဖြစ်တဲ့ လုပ်ငန်းခွင်တစ်ခုတွင် လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်းတိုင်းအနေနဲ့ သူတို့ရဲ့ potential ကို အပြည့်အဝရရှိလာစေနိုင်ရန် အကူအညီများပေးအပ်လေ့ရှိပြီး အပြန်အလှန်အနေနဲ့ ဝန်ထမ်းများမှ လုပ်ငန်းတွင်ပိုမိုကျွမ်းကျင်မှုရှိလာသည်နှင့်အမျှ ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်ရွက်မှုစွမ်းရည်ဟာလည်း တိုးတက်လာမှာဖြစ်ပါတယ်။ 

 

၃။ လုံခြုံရေး (Safety) 

ဝန်ထမ်းများအနေနဲ့ သူတို့ရဲ့ အရည်အချင်းများကို အစွမ်းကုန်ထုတ်သုံး၍ အကောင်းဆုံးကြိုးစားလုပ်ကိုင်နိုင်စေပြီး၊ အလုပ်လုပ်ရသည်ကို သက်တောင့်သက်သာရှိစေရန်အတွက် လုံခြုံမှုရှိနေဖို့ လိုအပ်ပါတယ်။ ဒါဟာ များစွာသောမတော်တဆမှုများဖြစ်ပွားနိုင်တဲ့ လုပ်ငန်းခွင်မျိုးတွင် အထူးသဖြင့် ပို၍လိုအပ်ပါတယ်။ ဒါ့ကြောင့် သင့်တင့်လျှောက်ပတ်တဲ့ ကာကွယ်ရေးပစ္စည်းများကို ဝန်ထမ်းများအနေနဲ့ ရရှိသုံးစွဲခွင့်ရှိနေစေဖို့ဟာ အရေးကြီးလှပြီး သင့်တော်တဲ့ လုံခြုံရေးနှင့် အရေးပေါ်အခြေအနေများတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ရေးဆွဲထားဖို့လည်း လိုအပ်ပါလိမ့်မယ်။ ခိုင်မာကောင်းမွန်တဲ့ safety culture တစ်ခုဟာ လုပ်ငန်းခွင်အတွင်းဖြစ်ပွားလာနိုင်တဲ့ မတော်တဆမှုများနဲ့ ၎င်းမတော်တဆထိခိုက်မှုများရဲ့ ပြင်းထန်မှုကို လျှော့ချပေးနိုင်တဲ့အတွက် ကုမ္ပဏီမှ ပေးဆောင်ရမည့် လျော်ကြေးများ၊ ဒါဏ်ကြေးများနှင့် အမှုအခင်းများအတွက် ကုန်ကျစားရိတ်များကိုလျှော့ချပေးနိုင်ပြီး ကုန်ကျစားရိတ်များကို ပိုမိုသက်သာလာစေမှာဖြစ်ပါတယ်။ 

 

၎။ ညီညွှတ်မျှတမှုရှိခြင်း (Balance) 

ဝန်ထမ်းများအတွက် ကောင်းမွန်တဲ့ လုပ်ငန်းခွင်နှင့် ဘဝမျှခြေတစ်ခုကို ပေးအပ်နိုင်တဲ့ လုပ်ငန်းရှင်များဟာ စိတ်အားတက်ကြွမှုရှိခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်ခြင်းနှင့် အလုပ်အပေါ်သစ္စာရှိမှုတို့ကို ဝန်ထမ်းများထံမှ ပြန်လည်ရရှိလာမှာဖြစ်ပါတယ်။ သင့်ဝန်ထမ်းများအနေနဲ့ ကောင်းမွန်တဲ့ လုပ်ငန်းခွင်နှင့် ဘဝမျှခြေကို ရရှိနိုင်စေဖို့အတွက် နေ့တစ်နေ့အတွင်း အနားယူရန် အချိန်များနှင့် ပုံမှန်အားလပ်ချိန်များကို သတ်မှတ်ပေးခြင်း၊ ညှိနှိုင်းပြောင်းလဲ၍ရနိုင်သော အလုပ်ချိန်များရှိစေဖို့ စီစဉ်ပေးခြင်း၊ ရုံးဆင်းချိန်တွင် အတိအကျ ရုံးဆင်းစေခြင်း အစရှိတဲ့အရာများကို ပြုလုပ်ပေးနိုင်ပါတယ်။ ယခုအခါ COVID-19 ကပ်ရောဂါဖြစ်ပွားစဉ်တစ်လျှောက်လုံးတွင် ဝန်ထမ်းများဟာ ပိုမို၍ flexible ဖြစ်တဲ့ အလုပ်လုပ်ပုံမျိုးနဲ့ ရင်းနှီးကျွမ်းဝင်မှုများလည်းရှိလာကြပြီဖြစ်ပြီး ဒါဟာ လုပ်ငန်းများအတွက် ကုန်ကျစားရိတ်များကိုလျှော့ချနိုင်စေမယ့် နည်းလမ်းတစ်မျိုးလည်း ဖြစ်ပါတယ်။ (ဥပမာအားဖြင့် - Work from Home ပြုလုပ်၍ရနိုင်မည့် အလုပ်မျိုးကို လုပ်ကိုင်နေရတဲ့ဝန်ထမ်းများကို အိမ်မှ အလုပ်လုပ်စေခြင်းအားဖြင့် သူတို့ရဲ့လမ်းစရိတ် (သို့) ကုမ္ပဏီရဲ့ အခန်းဌားရမ်းခများကို လျှော့ချနိုင်မှာဖြစ်ပါတယ်) 

 

၅။ အခွင့်အလမ်းများ (Opportunity) 

လူအများစုထံတွင် လက်ရှိရောက်ရှိနေတဲ့အခြေအနေမှ ပိုမိုတိုးတက်အောင် ကြိုးစားလိုစိတ်များ ရှိနေကြပါတယ်။ ဒါကြောင့် သင့်ရဲ့ကုမ္ပဏီအတွင်းမှာ ဝန်ထမ်းများရဲ့ career ကို တိုးတက်မှုရှိလာစေနိုင်မယ့်အခွင့်အလမ်းများကို ပေးအပ်ထားလိုက်ပါ။ သင့်ဝန်ထမ်းတစ်ဦးချင်းစီတိုင်းတွင်ရှိနေတဲ့ ရည်မှန်းချက်များကို သိရှိလေ့လာထားပြီး ၎င်းတို့ရဲ့ အိမ်မက်များကို အကောင်အထည်ဖော်စေနိုင်ဖို့အတွက် တတ်နိုင်သမျှ အကူအညီပေးလိုက်ပါ။ ထိုကဲ့သို့ Motivation ပေးနိုင်ခြင်းဟာ ဝန်ထမ်းများရဲ့လုပ်ငန်းစွမ်းဆောင်ရည်အပေါ် အရေးကြီးတဲ့အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်လာစေနိုင်ပြီး လုပ်ငန်းတစ်ခုအနေနဲ့လည်း ဝန်ထမ်းများအလုပ်မှထွက်ခွာမှုနှုန်းကို လျှော့ချနိုင်စေမှာဖြစ်ပြီး လုပ်ငန်းစွမ်းဆောင်ရည်များကို ပိုမိုတိုးတက်လာစေပါတယ်။ 

 

၆။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးခြင်း (Healthy Physical Environment) 

ဝန်ထမ်းများအဖို့ သူတို့အလုပ်လုပ်နေရတဲ့ပတ်ဝန်းကျင်ဟာ သူတို့ရဲ့ စိတ်အားတက်ကြွမှု၊ လုပ်ငန်းစွမ်းဆောင်ရည်နှင့် အလုပ်မှထွက်ခွာမှုနှုန်းများအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်။ ဒါကြောင့် ရုံးခန်းတစ်ခုတွင် လေကောင်းလေသန့် ရရှိစေရန်၊ သင့်တော်တဲ့အခန်းအပူချိန်များရှိစေရန်၊ သင့်တော်တဲ့ ရုံးခန်းအသုံးဆောင်နှင့် ပရိဘောဂပစ္စည်းများရှိစေရန်နှင့် ရုံးခန်းကိုပုံမှန်သန့်ရှင်းပေးဖို့တို့ဟာ ကျန်းမာရေးနှင့် ညီညွှတ်ပြီး စွမ်းဆောင်ရည်ကောင်းမွန်မှုရှိတဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်လာစေရန်အတွက် မရှိမဖြစ် အရေးကြီးတဲ့အချက်များဖြစ်ပါတယ်။ Work from Home ပြုလုပ်နေတဲ့ဝန်ထမ်းများကိုလည်း လိုအပ်တဲ့ပစ္စည်းများကို ပုံမှန်စစ်ဆေး၍ ထောက်ပံ့ပေးခြင်း၊ လိုအပ်တဲ့အကြံဉာဏ်များပေးခြင်းနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်နိုင်စေရန် အသင့်ရှိနေပေးခြင်းတို့ဖြင့် ကူညီထောက်ပံ့မှုများကိုပြုလုပ်ပေးနိုင်ပါတယ်။ 

ဒီ ကောင်းမွန်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုတွင် ရှိနေသင့်သော လက္ခဏာရပ် (၆) ချက်ဟာ သင့်လုပ်ငန်းရဲ့ အောင်မြင်မှုအတွက် အရေးပါတဲ့ သော့ချက်တွေဖြစ်တဲ့အတွက် ဒီအရာများကို အာရုံစိုက်၍ တစ်ခုခြင်းစီအတွက် ထိုက်သင့်တဲ့အားထုတ်မှုများကိုပြုလုပ်သွားနိုင်ပါက သင့်ရဲ့လုပ်ငန်းကို ပိုမိုမြင့်မားတဲ့နေရာသို့ ဆောင်ကြဉ်းပေးနိုင်မှာဖြစ်တဲ့အပြင် သင့်ဝန်ထမ်းများရဲ့ ဘဝနှင့် အလုပ်လုပ်ကိုင်ရတဲ့ပုံစံများကိုလည်း မြှင့်တင်ပေးနိုင်ပြီး သင့်လုပ်ငန်းကို အလုပ်လုပ်ရန် ပိုမိုကောင်းမွန်တဲ့နေရာတစ်ခု ဖြစ်လာစေမှာဖြစ်ပါတယ် လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေခင်ဗျာ။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

Translator -Female -Chinese language (4 Skills) -Graduate UniversityMYANMAR YANG DING is Taiwanese LED manufacturing below at PARA LIGHT Group Our HQ at Taipei, Taiwan. The Myanmar factory i...
Show the postings (4)
Young Investment Group

Young Investment Group

.WE ARE WELL ESTABLISH AND WORKING TOGETHER WITH MANY DIFFERENT NATIONALS THAT WILL LET YOU FEEL AS YOUR HOMEOUR COMPANY IS A LEADING INTERNATIONAL PRIVATE COMPANY IN MYANMAR. DOING 9 BIG SECTORS OF B...
Show the postings (14)
Phyo Pyae Sone Myanmar Co.,Ltd

Phyo Pyae Sone Myanmar Co.,Ltd

With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (44)
M9 Public Co., Ltd.

M9 Public Co., Ltd.

M9 Public Co., Ltd.’s 21st Century Vision is ‘’To be the best distributor for promoting customer living standards by offering high quality and modern products, together with great customer servi...
Show the postings (11)
Creative Fox Co.,Ltd

Creative Fox Co.,Ltd


Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS