Jobs In Myanmar
Load...

Keys of communication within the organization

by www.jobsinyangon.com


Tags: Knowledge-Keys-of-communication-JobsInYangon



Organization တစ်ခုအတွင်းတွင် အပြန်အလှန်ဆက်သွယ်ပြောဆိုမှုပြုလုပ်ရန်အတွက် အဓိကအချက်များ


Communication ဆိုသည်မှာ အဘယ်နည်း?


Communication ဆိုသည်ကို အဓိပ္ပါယ်ဖွင့်ဆိုထားသော အဓိပ္ပါယ်ဖွင့်ဆိုချက်များစွာရှိနေပါတယ်။ ဥပမာ - 

- Google definition: “ပြောကြားခြင်း၊ ရေးသားခြင်း (သို့) အခြားသော ကြားခံအရာများကို အသုံးပြု၍ သတင်းအချက်အလက်များကို ပေးအပ်ခြင်း (သို့) ဖလှယ်ခြင်း”နှင့် “တယ်လီဖုန်းလိုင်းများ (သို့) ကွန်ပြူတာများကဲ့သို့သော သတင်းအချက်အလက်များကို ပေးပို့ (သို့) လက်ခံနိုင်စေမည့် နည်းလမ်းများ။” 

- Merriam-Webster Dictionary definition: “စာလုံးများ၊ အသံ၊ အမူအယာ (သို့) အပြုအမူများဖြင့် သတင်းအချက်အလက်များကို ဖော်ပြ (သို့) ဖလှယ်ခြင်း လုပ်ဆောင်ချက် (သို့) လုပ်ငန်းစဉ်၊ သို့မဟုတ် သင့်ရဲ့အကြံအစည်များ၊ အထင်အမြင်များ၊ ခံစားချက်များ၊ အစရှိသည်တို့ကို အခြားသူတစ်ဦးသိရှိနိုင်ရန် အတွက် ဖော်ပြခြင်း။” 

 

ထိရောက်စွာပြောဆိုဆက်သွယ်ခြင်း (effective communication) ဆိုသည်မှာ အဘယ်နည်း? ဘာကြောင့် ဒီအရာကို လိုအပ်ပါသလဲ? 

Communication ပြုလုပ်ခြင်းဟာ လုပ်ငန်းတိုင်းအတွက် အခြေခံအုတ်မြစ်တစ်ခုအဖြစ်ဆောင်ရွက်ပေးနေပါ တယ်။ ထိရောက်စွာပြောဆိုဆက်သွယ်ခြင်းဆိုသည်မှာ ၂ဦး သို့မဟုတ် ၂ဦးထက်ပိုသောသူများအကြား ပေးလိုသော message ကို အောင်မြင်စွာပေးပို့နိုင်ရန်၊ လက်ခံရရှိနိုင်ရန်နှင့် နားလည်နိုင်ရန်ရည်ရွယ်ပြီး ဆက်သွယ်ပြောဆိုခြင်း ဖြစ်ပါသည်။ ဒီအရာဟာ အဖွဲ့ဝင်များအကြား သင်ဘာကိုပြောဆိုလိုသလဲ၊ သင်အမှန်တကယ်ပြောနေတာကဘာလဲဆိုတာနဲ့ သင့်ကိုနားထောင်နေတဲ့သူတွေကရော သင်ပြောလိုက်တဲ့ အရာကို ဘယ်လိုသဘောပေါက်သွားနိုင်သလဲဆိုတာတွေကို ထည့်သွင်းစဉ်းစားပြီး အချက်အလက်များကို မျှဝေသော လုပ်ငန်းစဉ်ဖြစ်ပါသည်။ 

 

လုပ်ငန်းခွင်အတွင်း ပြောဆိုဆက်ဆံမှုစွမ်းရည်များ တိုးတက်မှုရှိစေရန် လုပ်ဆောင်ခြင်း 

 

ပထမဦးဆုံးအနေနဲ့ ကျွန်ုပ်တို့ရဲ့ အမှန်တကယ်နားထောင်နိုင်မှုစွမ်းရည်ကို တိုးတက်မှုရှိစေရန်နှင့် အခြားသောသူပေးလိုတဲ့ message ကို ရှင်းလင်းစွာ နားလည်သဘောပေါက်စေဖို့အတွက်ကို ပြုလုပ်ရမှာဖြစ်ပါတယ်။ ထိရောက်စွာနားထောင်မှု ရှိစေရန်ပြုလုပ်ရာ၌ အခက်အခဲများစွာရှိနေနိုင်ပါတယ်။ မြင့်မားသောစွမ်းဆောင်ရည်ရှိတဲ့ သူများဟာ ပြဿနာရပ်များကိုဖြေရှင်းနိုင်မယ့်နည်းလမ်းများကို ရှာဖွေဖော်ထုတ်ပေးနိုင်တဲ့အတွက် မကြာခဏဆိုသလို ဆုချီးမြှင့်ခြင်းခံရနိုင်သော်လည်း ပြဿနာတစ်ရပ်ကို သေချာစွာနားလည်သဘောပေါက်မှုမရှိသေးမှီတွင် ထိုအရာကို ပြင်ဆင်ပြောင်းလဲဖို့ စိတ်အားထက်သန်နေခြင်းဟာ နားလည်မှုအလွဲများကို ပေါ်ပေါက်လာစေနိုင်ပါတယ်။


ထို့အပြင်၊ ဆွေးနွေးမှုပြုလုပ်နေတဲ့အကြောင်းအရာတစ်ခုအပေါ် ကျွန်ုပ်တို့အားလုံးတွင် ကိုယ်ပိုင်ကျွမ်းကျင်မှု (ထင်မြင်ယူဆချက်) များရှိနေတတ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ နောက်ခံ background နှင့် ဆွေးနွေးနေသည့် အကြောင်းအရာအပေါ် နားလည်သော အသိပညာတို့အကြောင်းကို အလွန်အမင်းပြောဆိုခြင်းက စကားဝိုင်း တစ်ခုကို လျှင်မြန်စွာရပ်နားသွားစေပြီး အခြားသူများကိုလည်း အချက်အလက်များမျှဝေပြောဆိုဖို့အတွက် နောက်တွန့်သွားစေတတ်ပါတယ်။ နောက်ပြီး အခြားသောသူများထံက ထင်မြင်ယူဆချက်များမရှိပါက ကျွန်ုပ်တို့ဟာ မှားယွင်းတဲ့ဆုံးဖြတ်ချက်များကို ချမှတ်မိနိုင်ပါတယ်။ 

 

ကျွန်ုပ်တို့ကိုယ်ပိုင် အမူအကျင့်များနဲ့ တူညီမှုမရှိတဲ့သူများအနေနဲ့ ကျွန်ုပ်တို့ပြောကြားတဲ့ အကြောင်းအရာများ ကို ပိုမို၍လက်ခံလာနိုင်စေရန်အတွက် ကျွန်ုပ်တို့ပေးလိုသော message ဟာ လိုက်လျောညီထွေရှိနေစေဖို့ကိုလည်း လုပ်ဆောင်ထားရပါမယ်။ အချို့သောသူများက ပြဿနာတစ်ရပ်ကိုထုတ်ဖော်ပြောဆိုရာတွင် သက်တောင့်သက်သာရှိကြသော်လည်း အချို့ကတော့ ဆုံးဖြတ်ချက်မချမှီတွင် ပြန်လည်စဉ်းစား၍ အခြေအနေများကို ခွဲခြမ်းစိတ်ဖြာရန်အချိန်လိုအပ်ကာ ဖြေရှင်းနည်းများကိုစဉ်းစားလိုတတ်ကြပါတယ်။ 

 

ခေါင်းဆောင်များတွင်ရှိသင့်သော အပြန်အလှန်ဆက်သွယ်ပြောဆိုမှုဆိုင်ရာ စွမ်းရည်များ 

 

ခေါင်းဆောင်သူများဟာ အလွှာပေါင်းစုံနှင့်ပြောဆိုဆက်ဆံနိုင်ရမှာဖြစ်ပါတယ်။ သူတို့ဟာ အခြားသူများနဲ့ တစ်ဦးခြင်းတွေ့ဆုံမှုများပြုလုပ်၍ လမ်းညွှန်သင်ကြားပေးနိုင်ဖို့လိုအပ်တဲ့အတွက် သေးငယ်သောအဖွဲ့အစည်း များမှ လွန်စွာကြီးမားသော formal meeting များအထိ အခြေအနေအရပ်ရပ်တွင် ပြောဆိုဆက်ဆံမှု ပြုလုပ် နိုင်ရမှာဖြစ်ပါတယ်။ 

 

သင်ဟာ ခေါင်းဆောင်တစ်ဦးဖြစ်စေ၊ individual contributor တစ်ဦးဖြစ်စေ၊ ကောင်းမွန်ပြီး အကျိုးဖြစ်ထွန်း စေသော ဆက်ဆံရေးများရှိစေဖို့အတွက် အခြားသူများကို နားလည်သဘောပေါက်နိုင်ခြင်းနှင့် ဆက်ဆံပြောဆို နိုင်ခြင်းစွမ်းရည်ဟာ အရေးပါ ပါတယ်။ သင့်အနေနဲ့ ထိရောက်စွာဆက်သွယ်ပြောဆိုဆက်ဆံမှုပြုလုပ်ရန် လိုအပ်တဲ့ အခြေအနေ အမျိုးမျိုးရှိနေပါတယ်။ သင်က သင့်အထက်က အလုပ်အမှုဆောင် (executive) များကို သင့်ရဲ့မျှော်မှန်းချက် (vision) များအကြောင်း ပြောဆိုလိုသည်ဖြစ်စေ၊ အဖွဲ့တစ်ခုအတွင်း ပြဿနာဖြေရှင်းပုံနည်းလမ်းများကို ရှာဖွေနေစဉ်ဖြစ်စေ သင့်အနေနဲ့ များစွာသော မတူကွဲပြားတဲ့သူများနဲ့ ချိတ်ဆက်ပြောဆိုမှု ပြုလုပ်နိုင်ရမှာဖြစ်ပါတယ်။ 

 

ထိရောက်စွာ ပြောဆိုဆက်ဆံမှု ပြုလုပ်ခြင်းတွင် လိုအပ်သော “C” (၇) လုံး 

သင့်အနေနဲ့ အထိရောက်ဆုံးပုံစံနဲ့ ပြောဆိုဆက်ဆံမှုပြုနိုင်ဖို့ကို သေချာစေရန်အတွက် ပြောဆိုဆက်ဆံမှု (Communication) ပြုလုပ်ရာတွင် လိုက်နာရမည့် စည်းမျဉ်း (၇) ခုကို သိရှိထားဖို့ လိုအပ်ပါလိမ့်မယ်။ 

အောက်ပါအချက်များကတော့ Communication ပြုလုပ်ရာတွင် လိုက်နာရမည့် စည်းမျဉ်း (၇) ခုဟူ၍လည်း ခေါ်တွင်သော “C” (၇) လုံးပဲ ဖြစ်ပါတယ်။ ဒီအချက်များကိုလိုက်နာခြင်းအားဖြင့် သင့်လုပ်ငန်းခွင်အတွင်းတွင် ကောင်းမွန် စွာဆက်သွယ်ပြောဆိုမှုစွမ်းရည်များကို တည်ဆောက်နိုင်စေမှာဖြစ်ပါတယ်။ 

 

Concrete (ခိုင်မာမှုရှိခြင်း) 

သင်ပေးလိုတဲ့ message ဟာ ခိုင်မာမှုရှိနေသည့်အခါတွင် - မှားယွင်းမှုမရှိနိုင်ဘူးဆိုပါက သင့်ကိုနားထောင်နေတဲ့သူများ (team or clients) က သင်သူတို့ကို ဘာအကြောင်း ပြောကြားနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။ 

သင်ပြောဆိုလိုက်တဲ့အရာကို ထောက်ခံပေးနိုင်မယ့် သင့်တော်တဲ့ အချက်အလက်များရှိနေ မှသာ ထိုအရာဟာ ခိုင်ခံ့မှုရှိမှာလည်းဖြစ်ပါတယ်။ သင့်ရဲ့ပြောကြားချက်တစ်ခုကို ဓမ္မဓိဌာန် ကျကျ စုစည်းထားသော ဒေတာအချက်အလက်များ ကိန်းဂဏ္ဍန်းများဖြင့် ထောက်ပံ့ပေးနိုင် ရမှာဖြစ်ပြီး နားထောင်သူများအနေနဲ့ ကိစ္စရပ်များကို စိတ်ကူးပုံဖော်ကြည့်စရာမလိုပဲ ရှင်းလင်းစွာနားလည်နိုင်စေရန်အတွက် ပြုလုပ်ထားရပါမယ်။ 


Coherent (တသမတ်တည်းရှိခြင်း) 

သင်ပြောကြားနေတဲ့ အကြောင်းအရာက တသမတ်တည်းမရှိပါက သင်ပေးလိုတဲ့ message ရဲ့ အဓိက point ဟာ အသုံးမဝင်ဖြစ်သွားပါလိမ့်မယ်။ သင့်အနေနဲ့ ဘယ်နေရာကဘယ်ကိုသွားပြီး ဘယ်အရာက ဘယ်အချိန်တွင်ရောက်ရှိလာတယ်ဆိုတာ များကို ကောင်းစွာသိရှိထားဖို့ လိုအပ်ပါမယ်။ Coherent communication ဟာ ယုတ္တိရှိနေရမှာဖြစ်ပါတယ်။ ထိုအရာက ကောင်းမွန်စွာ စီစဉ်ထားသော ယုတ္တိရှိပြီး၊ အစဉ်အတိုင်းပြောဆိုဆက်ဆံခြင်း ပုံစံတစ်ရပ်ပဲဖြစ်ပါတယ်။ အဓိကပြောဆိုနေတဲ့ အကြောင်းအရာနဲ့ ကျိုးကြောင်းဆီလျော်စွာ ဆက်စပ်မှုရှိနေရမှာဖြစ်ပြီး စီးဆင်းပုံဟာ တသမတ်တည်းဖြစ်နေရပါမယ်။ 


Clarity (ရှင်းလင်းမှု) 

ဖတ်ရှုသူအနေနဲ့ သင်ဘာကိုဆိုလို လိုသလဲဆိုတာကို သဘောမပေါက်ပဲဖြစ်မနေစေရန် အတွက် သင်ပေးလိုတဲ့ message ရဲ့ ရည်ရွယ်ချက်ဟာ ရှင်းလင်းမှုရှိနေရမှာဖြစ်ပါတယ်။ သင်ဘယ်လိုပုံစံ format နဲ ထိုအရာကိုပြောကြားလိုသလဲဆိုတာကို ရှင်းရှင်းလင်းလင်းနား လည်ပါ၊ သင့်ရဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက်များအပေါ်တွင်လည်း ရှင်းလင်းစွာသဘော ပေါက်ထားပါ။ သင့်ရေးလိုက်တဲ့စာကို ဖတ်နေတဲ့သူများအနေနဲ့ သင်ပြောဆိုလိုတဲ့ အရာအပေါ် ခန့်မှန်းမှုများပြုလုပ်စရာမလိုပဲ နားလည်သဘောပေါက်နေသင့်ပါတယ်။ ဥပမာအားဖြင့် - ဝါကျများဟာ တိုတောင်းနေသင့်ပါတယ်၊ တက်ကြွသောအသံဖြစ်နေသင့်ပြီး ပြောဆိုလိုသည့် အချက်များကို သီးခြား bulleted points များအဖြစ် ဖော်ပြပေးသင့်ပါတယ်။ 


Commitment (ဆုံးဖြတ်ချက်ခိုင်မာမှု) 

workplace communication skills များတွင် ဆုံးဖြတ်ချက်ခိုင်မာမှုရှိခြင်းဟာ အဓိကကျသော အရာတစ်ခုဖြစ်ပါတယ်။ ဒီအရာက တစ်ဦးတစ်ယောက်ရဲ့ စိတ်အားထက် သန်မှုနှင့် ပြောဆိုနေသော အကြောင်းအရာအပေါ် သေချာမှုတို့ရဲ့ ပမာဏကို တိုင်းတာနိုင်မှာ ဖြစ်ပါတယ်။ ထိုအရာက မိမိတို့ရဲ့ဖောက်သည်ဖြစ်လာနိုင်သူများကိုလဲ ယုံကြည်မှုရှိလာစေမှာ ဖြစ်ပါတယ်။ ကောင်းမွန်စွာ committed ဖြစ်နေသော message တစ်ခုသည် ပိုမိုကြီးမားသော အကျိုးသက်ရောက်မှုကိုဖြစ်စေပြီး သင့်ရဲ့စိတ်ဓါတ်အင်အားကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်. 


Consistency (တည်ငြိမ်ညီညွှတ်မှု) 

သင်ဟာ အလုပ်ခွင်အတွင်း ပြောဆိုဆက်ဆံမှုပြုလုပ်နေစဉ်တွင် ရွေးချယ်လိုက်သော စကားလုံးများဟာ အရေးကြီးပါတယ်။ သင်ရွေးချယ်ပြောကြားလိုက်တဲ့ စကားလုံးများဟာ သင့်ရဲ့ team ကို စိတ်ရှုပ်ထွေးမသွားစေသင့်ပါဘူး။ သင့်အနေနဲ့ အသံအနိမ့်အမြင့်၊ အသံအနေအထားနှင့် ပါဝင်သော content များ အားလုံးတည်ငြိမ်ညီညွှတ်မှုရှိနေပြီး အချိန်ကုန်သက်သာစေရန်အတွက် သင်ပေးလိုတဲ့ message ကို တတ်နိုင်သမျှ အနည်းဆုံး စကားလုံးများကို အသုံးပြုပြီး ပြောဆိုပေးသင့်ပါတယ်။ ဒီနေရာတွင် ပြန်လည်ပြောဆိုပေးဖို့ အချိန်မရှိတဲ့အတွက် တိုတောင်းသော ဝါကျများ၊ တိုတောင်းသော စကားလုံးများကိုသာ ကြိုးစား၍ အသုံးပြုသင့်ပါတယ်။ 


Completeness (ပြည့်စုံမှုရှိခြင်း) 

သင်ပြောလိုက်တဲ့ ဝါကျများကို မပြည့်မစုံနဲ့ ချန်မထားခဲ့ပါနဲ့ ပေးလိုတဲ့ message တိုင်းတွင် ယုတ္တိရှိသော အဆုံးသတ်များရှိသင့်ပါတယ်။ လူများအနေနဲ့ သင်ပြောသည်ကို နားထောင်ပြီးနောက် ဆက်ရန်ရှိသေးသလားဟူ၍ မျှော်လင့်စောင့်စားနေခြင်းကို မဖြစ်စေသင့်ပါ။ သင်ပြောဆိုရာတွင် အသိပေးရန်နှင့် လုပ်ဆောင်ရန်လိုအပ်သောအရာများ ကို အပြည့်အဝထည့်သွင်းပြောဆိုပေးဖို့ သေချာစွာလုပ်ဆောင်ပါ။ 


Courteous (ယဉ်ကျေးမှုရှိခြင်း) 

သင်ပြောလိုက်တဲ့အရာကြောင့် အခြားသောသူက သင့်အားလေးစားလာစေသင့်ပါတယ်။ သင့်ရဲ့ပြောဆိုမှုတိုင်းတွင် ရိုးသားပြီး၊ လေးစားမှုရှိကာ၊ ပွင့်လင်း၍ ယဉ်ကျေးမှုရှိ နေစေရန်အတွက် သင့်အနေနဲ့ အကောင်းဆုံးကြိုးစားလုပ်ဆောင်ရပါမယ်။ သင်ပြောဆိုလိုတဲ့ အရာများကို ဂရုတစိုက် ပြောကြားပေးခြင်းအားဖြင့် ထိုအရာဟာ ကောင်းမွန်စွာ ထိရောက်မှုရှိစေမှာဖြစ်ပြီး အရေးပါမှုရှိလာမှာဖြစ်ပါတယ်။ တိုက်ခိုက်သည့် သဘောကိုဆောင်သော စကားလုံးများကို ပြောဆိုခြင်းကြောင့် လူများက သင့်ကို ဝေးဝေးမှ ရှောင်ကြဉ်သွားစေနိင်ပါတယ်။ 

ထိရောက်စွာပြောဆိုဆက်ဆံနိုင်သူများဟာ လုပ်ငန်းများတွေ့ကြုံနေရတဲ့ အရေးကြီးတဲ့ပြဿနာများကို ဆွေးနွေးနိုင်ပြီး လူများ (ဝန်ထမ်းများ) ကို သူတို့ရဲ့ တာဝန်များကို ပြည့်မှီစွာဆောင်ရွက်နိုင်ဖို့အတွက် စိတ်အားထက်သန်လာကြစေပါတယ်။ ခက်ခဲသောအခြေအနေများဟာ တစ်ခါတစ်ရံတွင် စိတ်ခံစားချက်များကို ပြင်းထန်လာစေ တတ်ပါတယ်။ ရှေ့သို့ဆက်လက်၍ တက်လှမ်းနိုင်စေရန်အတွက် ပြောဆိုဆက်သွယ်မှုများ ပြုလုပ်ရာတွင် ကျွန်ုပ်တို့ရဲ့ စိတ်ခံစားချက်များကို သိရှိကာ ထိန်းချုပ်နိုင်ရမှာဖြစ်ပြီး အခြားသူများက ပြသလာတဲ့ ဒေါသထွက်မှု၊ စိတ်ရှုပ်မှု အစရှိတဲ့အခြေအနေများကိုလည်း ထိရောက်စွာ တုန့်ပြန်နိုင်ဖို့ လိုအပ်ပါတယ်။ 

ကျွန်ုပ်တို့အနေနဲ့ အခြားသောသူများနဲ့ နေ့စဉ်စကားဝိုင်းများတွင် ထိတွေ့ဆက်ဆံပြောဆိုရာတွင် အချို့သောသူများဟာ ထိရောက်စွာ ပြောဆိုဆက်ဆံနိုင်ရန် လိုအပ်သော ကျွမ်းကျင်မှုများကို တစ်ခါမှ သင်ယူလေ့လာဖူးခြင်း မရှိတာကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်ဟူ၍ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ 


ဒီ article လေးဟာ စာဖတ်သူ ပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


IMYANMARHOUSE CO.,LTD.

IMYANMARHOUSE CO.,LTD.

.We publish monthly property magazines since May 2015 and 13 property related books so far.iMyanmarHouse.com is the market leader of Myanmar Real Estate online platform that connects buyers, real esta...
Show the postings (11)
Lan Thit Innovation Co., Ltd

Lan Thit Innovation Co., Ltd

..We, as Lan Thit Innovation Technology, provide services like recruiting, outsourcing and brand marketing to our clients. We also assist the jobseekers in finding the right opportunity for them. We ...
Show the postings (37)
Creative Fox Co.,Ltd

Creative Fox Co.,Ltd

FORUM8 YANGON Co.,Ltd.

FORUM8 YANGON Co.,Ltd.

Sales/Office work, Engineering workFORUM8 exerts its force primarily on the development/marketing of software that support civil engineering design, analysis, architectural design, etc. and lately the...
Show the postings (1)
Mega Marine Frozen Seafood Company Limited

Mega Marine Frozen Seafood Company Limited

.We are exporting fresh water fish, sea water fish to UK, Kuwiat, Dubai, Saudi Arabia, Bangladesh, Pakistan, Taiwan, China Thailand, India and worldwide markets.We are one of the major import and expo...
Show the postings (27)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS