Jobs In Myanmar
Load...

What is Human Resource Planning ?

by www.jobsinyangon.com


Tags: human resource planning- HR Management-Jobsinyangon



လူသားအရင်းအမြစ်စီမံခန့်ခွဲမှုဆိုသည်မှာ အဘယ်နည်း

လူသားအရင်းအမြစ်စီမံခန့်ခွဲခြင်း (HRP) ဆိုသည်မှာ အဖွဲ့အစည်းတစ်ခု၏ လိုအပ်လာနိုင်သည့် လူသားအရင်းအမြစ်အား ကြိုတင်ခန့်မှန်းပြီး အဖွဲ့အစည်းအတွင်းရှိလက်ရှိလူသားအရင်းအမြစ်များနှင့်အဆိုပါလိုအပ်ချက်အားမည်သို့အကျိုးရှိစွာအသုံးချကာဖြည့်ဆည်းနိုင်မည်ဆိုသည်ကို ဆုံးဖြတ်ရခြင်းဖြစ်ပါသည်။ ဒါကြောင့်မို့ ထိုအရာဟာ စီးပွားရေးဆိုင်ရာ အခြေခံအတွေးအမြင်တစ်ခုဖြစ်သည့် ရောင်းလိုအားနှင့် ဝယ်လိုအားကို အဖွဲ့အစည်းတစ်ခု၏လူသားအရင်းအမြစ်အနေဖြင့် ရှုမြင်ရခြင်းဖြစ်ပါသည်။

အဖွဲ့အစည်းတစ်ခု၏ အနာဂါတ်တွင်လူသားအရင်းအမြစ်လိုအပ်လာနိုင်မှုအားပြည့်မှီစေရန်အတွက် သင့်တော်သောသူများအား သင့်တော်သည့် ပမာဏအတိုင်း သင့်တော်သည့် အချိန်နှင့်နေရာတွင် ခေါ်ယူနိုင်စေရန်အတွက် စီမံခန့်ခွဲမှု အဖွဲ့အားအကူအညီပေးသည်မှာ HRP လုပ်ငန်းစဉ်ဖြစ်ပါသည်။ HR ဌာနမှ တိကျသေချာစွာ စာရင်းပြုစုပြီးမှသာလျှင် စီမံခန့်ခွဲမှုဖက်မှ ဝန်ထမ်းခေါ်ဆိုခြင်းနှင့် ဝန်ထမ်းရွေးချယ်ခြင်းတို့အား ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အဖွဲ့အစည်းတစ်ခု၏ နည်းဗျူဟာများ နှင့် ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရန်အတွက် HRP ဟာ မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါသည်။ ယနေ့ခေတ်တွင် လူသားအရင်းအမြစ်စီမံခန့်ခွဲမှုဟာ နည်း‌ဗျူဟာများ၏မရှိမဖြစ်အချက်များနှင့် ရည်ရှည်ရည်မှန်းချက်များနှင့် ကျယ်ပြန့်စွာဆက်စပ်မှုရှိနေပြီး HR စီမံခန့်ခွဲမှုမှ ယခုအခါတွင် နည်းဗျူဟာကျကျ HR စီမံန့်ခွဲမှုသို့ပြောင်းလဲသွားပြီဖြစ်ပါသည်။

HR စီမံခန့်ခွဲမှုဟာ အဖွဲ့အစည်းတစ်ခု၏လူသားအရင်းအမြစ်လိုအပ်ချက် နံပါတ်များကိုသာ စီမံခန့်ခွဲရသည့်လုပ်ငန်းစဉ်တစ်ခု ဖြစ်သည့်အတွက် လွယ်ကူသည်ဟုထင်မြင်ရသော် လည်း အမှန်တစ်ကယ်ပြုလုပ်ရတဲ့အခါမှာ HR Manager တစ်ဦးအဖို့ လက်ရှိအဖွဲ့အစည်းအတွင်းကအလုပ်သမားထုကြောင့် အခက်အခဲများစွာနဲ့ တွေ့ကြုံရနိုင်သလို လုပ်ငန်း၏ရည်မှန်းချက်များပြည့်မှီစေရန်အတွက် ဖိအားများနှင့် လက်ရှိဖြစ်ပျက်နေတဲ့ အလုပ်သမားဈေးကွက်အခြေအနေများအရပါ အခက်အခဲများရှိနိုင်ပါသည်။ ဒါကြောင့်မို့ HR Planning ဟာ အောက်ပါနည်းလမ်းများအရ အဖွဲ့အစည်းများအား အကူအညီပြုပေးနေပါသည်။

▪    HR manager များဟာ ဖြစ်ရပ်များကြောင့် အပြောင်းအလဲများဖြစ်လာသည့်အခါ အံ့အားသင့်နေရမည်ထက် အလုပ်သမားလိုအပ်ချက်များကို အစဉ်မပျက်ခန့်မှန်းနေရပါသည်။

▪ ပြောင်းလဲနေသောအလုပ်သမားဈေးကွက်၏ထောင်ချောက်များထဲသို့ မိမိကုမ္ပဏီကျရောက်မသွားစေရန်ကာကွယ်ရပါသည်။ ဒါဟာလုပ်ငန်းများနဲ့ ကဏ္ဍများအကြားတူညီစွာ စိတ်ပူကြရတဲ့အချက်ပဲဖြစ်ပါတယ်။

▪    အလုပ်သမားဈေးကွက် ကျယ်ပြန့်လာခြင်းဟာ အဖွဲ့အစည်းများမှာလိုအပ်နေတဲ့ သက်မွေးဝမ်းကျောင်းမှု‌အတွေ့အကြုံ၊ လိုအပ်သော အရည်အချင်းများ၊ စွမ်းဆောင်ရည်များနဲ့ အမြဲကိုက်ညီနေမှာမဟုတ်သည့်အတွက် ကြိုတင်ကာကွယ်ဆောင်ရွက်မှုများပြုလုပ်ရပါသည်။

▪    အဖွဲ့အစည်းများ၏ ကြီးထွားတိုးတက်နေသောကာလများတွင် ထိုအဖွဲ့အစည်းတို့မှ လူသားအရင်းမြစ်လိုအပ်ချက်များကို ကောင်းမွန်စွာပြင်ဆင်ပြီးကြံကြံခံနိုင်စေရန်အတွက် အ‌ရေးပါသောကျွမ်းကျင်မှုရှိသူများ၊ လုပ်ငန်းပြီးမြောက်အောင်ဆောင်ရွက်နိုင်သူများနှင့် ပါရမီရှိသူများ လိုအပ်နေမှုများကိုရရှိအောင်ဆောင်ရွက်ကာ အဆိုပါအဖွဲ့အစည်းတို့၏ မဟာဗျူဟာရည်မှန်းချက်များကိုဖြစ်လာ‌စေရန်အတွက်လုပ်‌ဆောင်ဖို့ရာစိန်ခေါ်မှုများရှိလာနိုင်ပါသည်။ 

▪    လူသားအရင်းအမြစ်စီမံခန့်ခွဲရာတွင် လိုအပ်နေသော ပါရမီရှိသူ (ဝါ) အလုပ်ပြီးမြောက်အောင်ဆောင်ရွက်နိုင်သူတို့အား ဖော်ထုတ်အတည်ပြုခြင်း၊ ရွေးချယ်ခြင်းနှင့် အဖွဲ့အစည်းအတွင်း ထိုသူတို့ တိုးတက်မှုရှိလာစေရန်အတွက် အဖွဲ့အစည်းဆိုင်ရာ ရည်ရွယ်ချက်ပန်းတိုင် များကိုထည့်သွင်းစဉ်းစားပြီးဆောင်ရွက်ရခြင်းတို့ဖြစ်ပါသည်။ 

▪ အလုပ်သမားလိုအပ်ချက်ကြောင့် အခက်အခဲများဖြစ်ပေါ်စေခြင်းများမလိုအပ်ပဲဖြစ်မလာစေရန်အတွက် HRP ကို အဖွဲ့အစည်း၏ အရေးကြီးသောအခန်းကဏ္ဍအဖြစ်ရွေးချယ်သင့်ပါသည်။ HR အတိုင်ပင်ခံလုပ်ငန်းများဟာထိုအဖွဲ့အစည်းတို့ရဲ့ နောင်တွင်လိုအပ်လာနိုင်မည့် အရာများကို နားလည်ရလွယ်ကူသော HR အကဲဖြတ်မှုနှင့် အစီအမံများကို အချိန်နှင့်တစ်ပြေးညီ ချမှတ်ပေးနိုင်ပါသည်။ 

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 

 

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Yangon Academy International School

Yangon Academy International School

Vision Yangon Academy empowers each student to reach their full potential. Mission Yangon Academy is a dynamic international school that provides a challenging K-12, American-based education ...
Show the postings (14)
La Pyae Wun Co.,Ltd

La Pyae Wun Co.,Ltd

Our company vision is to develop our work efforts in real estate managements and construction. In which we solely believe that the key to success is having a goal and effectively working everyday to r...
Show the postings (11)
DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)
Tokyo Metropolitan Institute of Technology

Tokyo Metropolitan Institute of Technology

To recruit and develop of our country’s most promising students and most outstanding staff and be a truly global institute. To Focus on highest international standards and teaching methods. Prod...
Show the postings (5)
Titan Pest Management Co. Ltd.

Titan Pest Management Co. Ltd.

...Titan Pest is a full-services pest management company operating in Yangon since 2016 and specializing in urban pest management solutions. It is a subsidiary of the highly successful Killem Pest Pte...
Show the postings (1)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS