Jobs In Myanmar
Load...

Laid Off Due to Coronavirus? Here’s What You Can Do Now

by www.jobsinyangon.com


Tags: Employee-Knowledge-COVID-HR-JobsinYangon



ကိုရိုနာဗိုင်းရပ်(စ်)ကြောင့် အလုပ်နားထားရပါသလား။ သင်ဒါတွေလုပ်လို့ရပါတယ်။

 

စီးပွါးကျဆင်းမှုတစ်ခု ဖြစ်တဲ့အခါမှာ ကုန်ကျစရိတ်တွေလျော့ချဖို့အတွက် ကုမ္ပဏီတွေ ပထမဆုံးလုပ်လေ့ရှိတဲ့အရာတွေထဲက တစ်ခုကတော့ ဝန်ထမ်းအင်အားလျော့ချခြင်းဘဲ ဖြစ်ပါတယ်။ဒီကိုရိုနာဗိုင်းရပ်(စ်) အသစ်တစ်မျိုးကြောင့် ကုမ္ပဏီတွေနဲ့ အသေးစားစီးပွါးရေုး လုပ်ငန်းတွေအများကြီးကို ခေတ္တ သို့မဟုတ် အပြီးတိုင် ပိတ်သိမ်းလိုက်ရတာမို့ ငွေကြေးဆိုင်ရာ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ တစ်ကမ္ဘာလုံးခံစားနေရပါတယ်။

COVID – 19 ရောဂါကပ်ဘေးကြီးကြောင့် သင့်ရဲ့ ကျန်းမာရေးအတွက်သာမကဘဲ ဝင်ငွေ မရှိတော့တဲ့အတွက် ကုန်ကျစရိတ်တွေကိုကာမိအောင် ဘယ်လိုစီစဉ်ရမလဲဆိုတဲ့ ငွေကြေးဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုတွေကိုပါ ခံစားနေရနိုင်ပါတယ်။ ဒါပေမယ့် သင့်မှာ ကုမ္ပဏီတွေအများကြီးရှိနေတယ်ဆိုတဲ့ အချက်ကတော့ အနည်းငယ်စိတ်သက်သာရာ ရစေနိုင်ပါတယ်။

အသက်ကိုပြင်းပြင်းရှုသွင်းပြီးတော့ အလုပ်လက်မဲ့ ဖောင်တင်တာနဲ့  မကြုံဖူးတဲ့ ဒီလိုကပ်ဘေးကြီးအတွင်းမှာ အလုပ်အသစ်တစ်ခုရှာဖွေတာ အပါအဝင် ရှေ့ဆက်ရမယ့် ခြေလှမ်းတွေမှာ ကူညီနိုင်ဖို့အတွက်  အောက်ပါအကြံပြုချက်တွေကို ထည့်သွင်းစဉ်းစားပါ။

 

လက်ရှိအသုံးစရိတ်တွေနဲ့ ပတ်သက်ပြီး တစ်ခုခုလုပ်ပါ။

ငွေကြေးအရ မသေချာမှုတွေဖြစ်နေတဲ့ အချိန်မှာ အသုံးစရိတ်တွေကို လျော့ချဖို့စဉ်းစားတာ ကောင်းပါတယ်။ အခြားနိုင်ငံတွေမှာလို အစိုးရရော ပုဂ္ဂလိက ကဏ္ဍကပါ အကူအညီပေးဖို့ မရှိတာမို့ အရာရာသင့်အပေါ်မှာဘဲမူတည်နေပါတယ်။ သင့်အနေနဲ့ အရေးမကြီးတဲ့ အသုံးစရိတ်တွေဖြစ်တဲ့ လစဉ်ကြေးပေးတာတွေနဲ့ အခြားဝန်ဆောင်မှုတွေအတွက် ကျသင့် တဲ့ ကုန်ကျစရိတ်တွေ ဖြတ်တောက်ပစ်လိုက်နိုင်မယ်ဆိုရင် အိမ်သုံးကုန်ပစ္စည်းတွေဝယ်ယူ ဖို့အတွက် ငွေအနည်းငယ်စုဆောင်းနိုင်မှာဖြစ်ပါတယ်။

သင့်ကိုယ်သင် ဂရုစိုက်ပါ။

ဒီအချိန်က သင့်ရဲ့အားကစားလုပ်တဲ့အချိန်ကို သတ်သတ်မှတ်မှတ်ထားဖို့ အကောင်းဆုံးအချိန်ဘဲ ဖြစ်ပါတယ်။ Netflix ကြည့်နေရင်း ထိုင်ထလေ့ကျင့်ခန်းလုပ်ပါ။ အနည်းငယ်ပြေးပါ။ အနည်းဆုံးတော့ နေရထိုင်ရစိတ်သက်သာစေရန် လှုပ်လှုပ်ရှားရှားလုပ်ပေးပါ။ သင်နှစ်သက်တဲ့ အရာတွေ လုပ်ပါ။ သင်စိတ်ဝင်စားတဲ့အရာတွေကို ပြန်လည်ဖော်ထုတ်ပါ။ ဝါသနာအသစ်တွေ ရှာပါ။

 

သင့်ရဲ့ နောက်ခြေလှမ်းကို စဉ်းစားထားပါ။

ဒီအဖြစ်အပျက်ကြီးထဲမှာ ရှင်သန်လုပ်ကိုင်ဖို့ပြင်ဆင်ပြီးတာနဲ့ သင်ဘယ်နေမှာရောက်နေလဲ သင်ဘယ်ကိုသွားချင်လဲ ဆိုတာတွေကို စဉ်းစားဖို့ Johnson က အကြံပြုထားပါတယ်။

သင့်အလုပ်နဲ့ပတ်သက်ပြီး သင်နှစ်သက်တဲ့အချက်တွေနဲ့ သင်မနှစ်သက်တဲ့အချက်တွေကို စာရင်းပြုစုပါ။ ဒီလိုပြုလုပ်ခြင်းဟာ သင့်နောက်ထပ်ဘာလုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး အကြံဥာဏ်တွေ ပေးနိုင်ပါတယ်။ သင့်ရဲ့ ရှေ့ဆက်ရမယ့် Career မှာ အပြုသဘောဆောင် တဲ့ အတွေ့အကြုံ (စိတ်ခံစားမှု) တွေကို သင်ရှာဖွေတွေ့ရှိချင်ပါလိမ့်မယ်။

လိုအပ်ချက်နောက်ကိုလိုက်ပါ။

သင်အရင်လုပ်ကိုင်နေခဲ့တဲ့ လုပ်ငန်းမှာ အချိန်ပြည့်အလုပ်တစ်နေရာ ရနိုင်ဖို့အချိန်ကြာနိုင် သေးတယ်ဆိုရင် လက်ရှိအချိန်အတွင်းမှာ အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ဖို့အ တွက် ယာယီအလုပ်တစ်ခုခုလုပ်ဖို့အတွက် သင်စဉ်းစားနေနိုင်ပါတယ်။COVID - 19ကြောင့် အချို့သော အလုပ်ခွင်တွေမှာ ဝန်ထမ်းတွေအများအပြားလိုအပ်နေပါတယ်။

သင့် အလိုချင်ဆုံးအလုပ်ကိုလည်း ဆက်လက်ရှာဖွေနေပါ။

အခုချိန်မှာ မသေချာ မရေရာဖြစ်နေတဲ့ ဘဏ္ဍာရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး နဲ့ လက်လီရောင်းချတဲ့ လုပ်ငန်းခွင်တွေမှာတောင် အလုပ်ရှင်တွေက ဝန်ထမ်းတွေဆက်လက် ရှာဖွေငှားရမ်းနေတုန်းဘဲဖြစ်ပါတယ်။

သင့်ရဲ့ စွမ်းရည်(ကျွမ်းကျင်မှု) တွေကို မြှင့်တင်ပါ။

သင့်ရဲ့ ရေတို၊ရေရှည် အစီအစဉ်တွေက ဘာဘဲဖြစ်နေနေ၊ စွမ်းရည်(ကျွမ်းကျင်မှု) အသစ်တွေ ရရှိထားခြင်းက အမြဲတမ်းအထောက်အကူပြုနိုင်ပါတယ် သင့်ရဲ့ အရင် လုပ်ငန်းခွင်မှာ အလုပ်အကိုင်တစ်ခုရှာဖွေနေတယ်ဆိုရင်လည်း အဲ့ဒီ စွမ်းရည် (ကျွမ်းကျင်မှု)တွေက သင့်ကိုပိုကောင်း၊ပိုတော်တဲ့ အလုပ်လျှောက်သူတစ်ယောက် ဖြစ်လာ စေနိုင်ပါတယ်။ သင်က လိုအပ်မှုပိုကြီးမားတဲ့ လုပ်ငန်းခွင်အသစ်တွေမှာ အလုပ်ပြောင်းလဲ ရှာဖွေဖို့ကြိုးစားနေတယ် ဆိုရင်လည်း သင့်ရဲ့စွမ်းရည်(ကျွမ်းကျင်မှု)တွေကို အွန်လိုင်းသင် ယူမှု တွေကနေတဆင့် အဆင့်မြှင့်တင်နိုင်ပါတယ်။ အဲ့ဒီအခါမှာတော့ သင်ထင်ထားတာ ထပ် မြန်မြန် အလုပ်သစ်တစ်ခုရှာဖွေနိုင်မှာဖြစ်ပါတယ်။

သင့်မှာ အလုပ်မရှိတဲ့အခါ သို့မဟုတ် သင့်ရဲ့အလုပ်ကသင်နဲ့ ထိုက်တန်မှုမရှိဘူးလို့ ခံစားရတဲ့အခိုက်အတန့်တိုင်းက မလွယ်ကူနိုင်ပါဘူး။ အခုလို ကမ္ဘာ့ကျန်းမာရေးကပ်ဆိုက် နေတဲ့ အချိန်မျိုးမှာဆို ပိုပြီးတော့ဆိုးနိုင်ပါတယ်။သင့်ရဲ့အခြေအနေသစ်ကို ကောင်းကောင်း  အသားကျ ဆောင်ရွက်ထိန်းကျောင်းနိုင်တာနဲ့ တစ်ပြိုင်နက် အထက်ဖော်ပြပါ အကြံပြုချက် တွေကိုအသုံးပြုပြီး  သင့်ရဲ့ကျွမ်းကျင်မှုတွေကို စစ်ဆေးပြီး အလုပ်အသစ်တွေကို ရှာဖွေ လိုက်ပါ။ အလုပ်နေရာသစ်တစ်ခုမှာ ခြေချနိုင်ဖို့အတွက် မျှော်လင့်ထားလိုက်ပါ။

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Pocari Sweat

Pocari Sweat

.POCARI SWEAT is similar with the composition of body fluids that containing electrolytes. Therefore, it can be absorbed by the body faster and better than ordinary drinking water. It can help to prev...
Show the postings (1)
Supreme Group Of Companies

Supreme Group Of Companies

Our Mission To deliver Professional Services that meet and exceed Clients expectations. To maintain a high level of professional Standing and Integrity that is above reproach. To establish a mutual...
Show the postings (26)
PMJ Company Limited

PMJ Company Limited

Creative Fox Co.,Ltd

Creative Fox Co.,Ltd

A4 International Mathematics School

A4 International Mathematics School

Saya A4 and teacher A4 taught mathematics for the children who learned Grade 5 to Grade 12 from International School since 2003. When Saya A4 depart from Myanmar, most of parents send their children t...
Show the postings (5)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS