ချိတ်ဆွဲရန်စာတန်း: News-Life360-Acquired-Tile-JobsInYangon
Tracking device company တစ်ခုဖြစ်တဲ့ Tile ကို Life360 မှ ဝယ်ယူမှုပြုလုပ်ခဲ့
တည်နေရာပြ accessory တစ်မျိုးကိုစတင်တီထွင်ခဲ့တဲ့ Tile လို့ အမည်ရတဲ့ ကုမ္ပဏီကို Life360 ဆိုတဲ့ မိသားစုဝင်များအနေနဲ့ တစ်ဦးနဲ့ တစ်ဦးရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကို ခြေရာခံစောင့်ကြည့်နိုင်ဖို့ ဝန်ဆောင်မှုပေးလျှက်ရှိနေတဲ့ ကုမ္ပဏီတစ်ခုမှ ဝယ်ယူလိုက်ပြီဖြစ်တယ်လို့ သိရှိရပါတယ်။
အဆိုပါဝယ်ယူမှုဟာ ကန်ဒေါ်လာ ၂၀၅ သန်း ကျသင့်မှာဖြစ်ပြီး ၎င်းကို လာမည့် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် အတည်ပြုနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ Tile ရဲ့ လက်ရှိ CEO ဖြစ်တဲ့ C.J.Prober ကတော့ Tile ကို ဆက်လက်၍ စီမံခန့်ခွဲမှုပြုလုပ်သွားရဦးမှာဖြစ်ပြီး ၎င်းတို့ရဲ့ ကိုယ်ပိုင် branding ကိုလည်း ဆက်လက်၍ ထိန်းသိမ်းထားနိုင်မှာဖြစ်သလို ဝန်ထမ်းများကိုလည်း ဆက်လက်၍ ခန့်အပ်ထားရှိမှာဖြစ်တယ်လို့သိရှိရပြီး Prober အနေနဲ့ Life360 ရဲ့ board of director အဖွဲ့သို့ ဝင်ရောက်လာမှာဖြစ်ပါတယ်။
Life360 တွင် မိသားစုဝင်များအနေနဲ့ တစ်ယောက်ရဲ့ တည်နေရာကို တစ်ယောက် သိရှိနိုင်စေမယ့် လူသုံးများတဲ့ app တစ်ခုလည်း ရှိနေပြီဖြစ်ပြီး ၎င်း app မှတဆင့် မတော်တဆဖြစ်ပွားမှုများနဲ့ အခြားသောကိစ္စများကို အသိပေးမှုများကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Tile ကို ဝယ်ယူလိုက်ခြင်းအားဖြင့် Life360 အနေနဲ့ ၎င်းတို့ရဲ့ အသုံးပြုသူများကို အရာဝတ္ထုများနှင့် အိမ်မွေးတိရိစ္ဆာန်များအထိပါ ခြေရာခံမှုပြုလုပ်နိုင်တော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။