Tags: News-Microsoft-Office2021-JobsInYangon
Microsoft မှ Office 2021 တွင်ပါဝင်လာမည့်လုပ်ဆောင်ချက်များနှင့် ဈေးနှုန်းများကို တရားဝင်ကြေငြာခဲ့
Microsoft မှ Office 2021 ကို အောက်တိုဘာလ ၅ ရက်နေ့တွင်စတင်ထုတ်လွှင့်ပေးတော့မှာဖြစ်ကြောင်းနှင့်အတူ ၎င်းတို့ပါဝင်လာမည့်လုပ်ဆောင်ချက်များနှင့် ဈေးနှုန်းများကို အောက်တိုဘာလ ၁ ရက်နေ့က ကြေငြာပေးခဲ့ပါတယ်။
အဆိုပါကြေငြာချက်အရ - Office Home and Student 2021 အတွက် ကန်ဒေါ်လာ ၁၄၉.၉၉ ကျသင့်မှာဖြစ်ပြီး Word, Excel, PowerPoint, OneNote နှင့် Microsoft Teams တို့ကို PC နှင့် Mac အတွက် ရရှိနိုင်မှာဖြစ်ပါတယ်။
Office Home and Business 2021 ကိုတော့ ကန်ဒေါ်လာ ၂၄၉.၉၉ အဖြစ် ဈေးနှုန်းသတ်မှတ်ထားပြီး ၎င်းတွင်တော့ PC နှင့် Mac အတွက် Home version တွင်ပါဝင်မည့် လုပ်ဆောင်ချက်များအားလုံးနှင့် Outlook တို့အပြင် Office app များအားလုံးကို စီးပွားရေးလုပ်ငန်းများအတွက် အသုံးချပိုင်ခွင့် မူပိုင်ခွင့်ကိုပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။
Microsoft မှ အချို့သော Microsoft 365 လုပ်ဆောင်ချက်အချို့ကိုလည်း Office 2021 အတွင်းသို့ထည့်သွင်းပေးခဲ့ပြီး ၎င်းတို့တွင် - Modern Excel features များ၊ အဆင့်မြှင့်တင်ထားတဲ့ PowerPoint နှင့် Office apps များတွင် Office app များအတွင်း ပိုမိုကောင်းမွန်စွာ မှတ်သားမှုများပြုလုပ်နိုင်လာခြင်းတို့နှင့် Outlook translation support အစရှိတဲ့လုပ်ဆောင်ချက်များကိုလည်း တွေ့မြင်ရတော့မှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.