Tags: News-Microsoft-Internet-Explorer-JobsInYangon
Internet Explorer 11 ပေါ်တွင် “Microsoft Teams” ဟာ ဆက်လက်၍ Operate ပြုလုပ်ခြင်းကို ရပ်တန့်ခဲ့
Express UK မှ နိုဝင်ဘာလ ၃၀ရက်နေ့တွင် ရေးသားထားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်အရ “Microsoft Teams” ဟာ ကြီးမားသောပြောင်းလဲမှုများကို ပြုလုပ်လျှက်ရှိနေပြီး နိုဝင်ဘာလ ၃၀ ရက်နေ့တွင် Microsoft Teams ရဲ့ web based version များဟာ IE11 တွင် Operate ပြုလုပ်ခြင်းအား ရပ်တန့်ခဲ့ပြီပဲဖြစ်ပါတယ်။
အကယ်၍ သင်ဟာ Internet Explorer ကို အသုံးပြုနေသူတစ်ဦးဖြစ်ပြီး “Microsoft Teams” ကို အသုံးပြုရန် လိုအပ်ပါက သင့်အနေနဲ့ Microsoft Edge Browser ကို ပြောင်းလဲ၍ အသုံးပြုရတော့မှာဖြစ်ပါတယ်။ Microsoft မှ ယခုနှစ် အစောပိုင်းတွင် ကြီးမားသော Microsoft Teams ၏ အပြောင်းအလဲများကို ကြေငြာပေးခဲ့ပြီး ဒီအရာဟာ Internet Explorer အသုံးပြုသူများကို Microsoft Edge အား ပြောင်းလဲအသုံးပြုရန်အတွက် စီစဉ်နေသောအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။
Microsoft Teams ရဲ့ support ကို နိုဝင်ဘာလကုန်တွင် ရရှိနိုင်တော့မှာ မဟုတ်တဲ့အပြင် Microsoft 365 ဝန်ဆောင်မှုများကိုလည်း အနာဂါတ်တွင် Internet Explorer ပေါ်တွင် တွေ့မြင်ရတော့မှာမဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်၊ ‘ဩဂုတ်လ ၁၇ ရက်နေ့တွင် ကျန်ရှိနေသေးသော Microsoft 365 ဝန်ဆောင်မှုများဟာလည်း IE11 ပေါ်တွင် Operate ပြုလုပ်ခြင်းကို ရပ်တန့်သွားတော့မှာပဲဖြစ်ပါတယ်။ ဒီအပြောင်းအလဲများကို Microsoft ရဲ့ blogpost တစ်ခုတွင် ရေးသားထားခဲ့ပြီး အသေးစိတ်ကိုတော့ link ကို နှိပ်၍ ဝင်ရောက်ဖတ်ရှုကြည့်နိုင်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.