by www.jobsinyangon.com
Tags: Knowledge-Sales-Management-HR-JobsinYangon
အရောင်းအဖွဲ့အား စိတ်ခွန်အားပေးခြင်း
အရောင်းပရော်ဖက်ရှင်နယ်တွေဟာ အဖွဲ့အစည်းအတွက် ဝင်ငွေရရှိအောင်ပြုလုပ်တဲ့ နေရာမှာ အချက်အချာကျတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ သူတို့ဟာ ထုတ်ကုန်ကြော်ငြာရေးနဲ့ ထုတ်ကုန်တစ်ခုကို အသုံးပြုသူတွေအကြားမှာ ရေပန်းစားကျော်ကြားလာအောင် ပြုလုပ်ဖို့အတွက် တာဝန်ရှိသူတွေဘဲ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင်တော့ အရောင်းကိုယ်စားလှယ်တွေဟာ အဖွဲ့အစည်းတစ်ခုရဲ့ အစစ်အမှန်ကိုယ်စားပြုသူတွေ ဖြစ်ပါတယ်။
အရောင်းနှင့် ဈေးကွက်ဖော်ဆောင်ရေးကို ကိုယ်စားပြုသူတွေဟာ ၎င်းတို့ရဲ့ အဖွဲ့အစည်းနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုရှိဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်ဟာ မိမိနဲ့ သက်ဆိုင်မှုရှိတယ်ဆိုတဲ့ ခံစားရမှုဟာ အရေးကြီးပါတယ်။
အထက်လူကြီးတွေအနေနဲ့ အရောင်းတာဝန်ယူရတဲ့ အဖွဲ့ကနေ အကောင်းဆုံးစွမ်း ဆောင်ရည်တွေ ရရှိနိုင်ဖို့အတွက် သူတို့ကို မကြာခဏအားပေးသင့်ပါတယ်။
အရောင်းအဖွဲ့ကို စိတ်ဓါတ်ခွန်အားပေးဖို့အတွက် ပြုလုပ်နိုင်တဲ့ နည်းလမ်းအမျိုးမျိုး ကို လေ့လာကြည့်လိုက်ရအောင်။
၁။ အမြဲမှန်မှန် ပြောဆိုဆက်ဆံ ဆွေးနွေးမှု
- စီမံခန့်ခွဲရေးအနေနဲ့ အရောင်းအဖွဲ့(Sales Team)ရဲ့ အဖွဲ့အစည်းဆီကနေ လိုအပ်ချက်တွေ ၊ မျှော်လင့်ထားမှုတွေနဲ့ ပတ်သက်ပြီးနားလည်နိုင်ဖို့အတွက် သူတို့နဲ့ မကြာခဏပြောဆိုဆွေးနွေးသင့်ပါတယ်။
- အရောင်းကိုယ်စားလှယ်တွေ အနေနဲ့ မေးမြန်းမှုတွေပြုလုပ်လိုတဲ့ အချိန်မှာ အလုပ်ရှင်နဲ့ တွေ့ဆုံခွင့်ကို အလွယ်တကူရရှိရမှာ ဖြစ်ပါတယ်။ လုပ်ငန်းစဉ်အဆင့်တိုင်းမှာ ပွင့်လင်းမြင်သာမှု ရှိဖို့ မဖြစ်မနေလိုအပ်ပါတယ်။]
- အရောင်းဝန်ထမ်းတွေသူတို့ရဲ့ မကျေနပ်ချက်တွေကို ဖော်ပြခွင့်ရဖို့အတွက် အရောင်းမန်နေဂျာဟာ သူ့ရဲ့အဖွဲ့နဲ့ တစ်ပါတ်ကိုတစ်ခါ တွေ့ဆုံဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဘယ် အခက်အခဲ (ပြဿနာ) မှ မဆွေးနွေးဘဲကျန်ရှိသွားတယ် ဆို တာမျိုး မရှိသင့်ပါ။
- စီမံခန့်ခွဲရေးနှင့် အရောင်းအဖွဲ့(Sale Team) တို့အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိထားခြင်းက ဝန်ထမ်းတွေကို စိတ်ဓါတ်ခွန်အားပေးနိုင်ပါ တယ်။ အရောင်းကိုယ်စားလှယ်တွေအနေနဲ့ လုပ်ငန်းခွင်မှာရှိတဲ့ နောက်ဆုံး ဖွံ့ဖြိုတိုးတက်မှု (လုပ်ဆောင်မှု) တွေအားလုံးကိုသိရှိထားဖို့ လိုအပ်ပါတယ်။
- အရောင်းဝန်ထမ်းတွေအတွက် ပျော်ပွဲစားထွက်တာမျိုးတွေ၊ အပြင်သွား တာမျိုးတွေ၊ ညစာစားပွဲတွေ မကြာခဏစီစဉ်ပေးသင့်ပါတယ်။ အဲ့ဒီလို လုပ်ဆောင်ချက်တွေဟာ အဖွဲ့ဝင်တွေကို တစ်ဦးနှင့်တစ်ဦးပိုမိုရင်းနှီး ညီညွတ် စေနိုင်ပြီး အဖွဲ့တစ်ခုတည်းအဖြစ်အတူတကွ လက်တွဲလုပ်ဆောင်နိုင်ဖို့ စိတ်ဓါတ် ခွန်အားပေးနိုင်ပါတယ်။
၂။ ရာထူးကဏ္ဍများ နှင့် တာဝန်ဝတ္တရားများ
- အဖွဲ့ဝင်တွေအပေါ်မှာ ရာထူးကဏ္ဍများ နှင့် တာဝန်ဝတ္တရားတွေ အတင်းအကျပ် သတ်မှတ်မပေးသင့်ပါ။ သူတို့ကိုယ်တိုင် တာဝန်ယူပါစေ။ ဘယ်ဝန်ထမ်းဟာ ဘယ်လိုအလုပ်တွေကို အကောင်းဆုံးဆောင်ရွက်နိုင်တယ်ဆိုတာကို သိရှိနား လည်ဖို့ကတော့ အထက်လူကြီးတွေရဲ့ တာဝန်ဘဲဖြစ်ပါတယ်။ သင့်တော်ကိုက် ညီမှုမရှိတဲ့ အလုပ်တာဝန်တွေဟာ ဝန်ထမ်းတွေကို စိတ်ဓါတ်ကျစေနိုင်ပါတယ်။
- အရောင်းအဖွဲ့ဝင်တွေအနေနဲ့ သူတို့ရဲ့ KRAs( အဓိက တာဝန်ရှိတဲ့လုပ်ငန်း ကဏ္ဍ) တွေကို အစကတည်းက သိရှိထားသင့်ပါတယ်။ စီမံခန့်ခွဲရေးအနေနဲ့ အရောင်းကိုယ်စားလှယ်တစ်ယောက်ကို အပြင်သွားပြီး ဖောက်သည်တွေနဲ့ တွေ့ဖို့အတွက် မျှော်လင့်ထားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောပြထားသင့် ပါတယ်။ ဘယ်သူမှ လက်တွေ့မကျတဲ့ တောင်းဆိုမှုတွေမရှိသင့်ပါဘူး။ အဲ့ဒီလို မျှော်လင့်ထားခြင်းက နောက်ပိုင်းမှာ ပြဿနာတွေနဲ့ ရှုပ်ထွေးမှုတွေ ဖြစ်လာစေ နိုင်ပါတယ်။
- အရောင်းပရော်ဖက်ရှင်နယ်တစ်ယောက်ဟာ တက်ကြွထက်မြက်ပြီးတော့ ပါးနပ်လိမ္မာရမှာ ဖြစ်ပါတယ်။ သူတို့ဟာ follow ups( သုံးစွဲသူတွေကို ထပ်မံ ဆက်သွယ်တာ) တွေ လုပ်တဲ့နေရာမှာ ကျွမ်းကျင်ရမှာ ဖြစ်ပါတယ်။ စိတ်မရှည် သူတွေဟာ အရောင်းကဏ္ဍမှာ ကောင်းကောင်းစွမ်းဆောင်နိုင်ဖို့အတွက် ခက်ခဲနိုင်ပါတယ်။
၃။လက်တွေ့ကျတဲ့ ရည်မှန်းချက်များ
- အရောင်းအဖွဲ့အတွက် ရည်မှန်းချက်တွေဟာ လက်တွေ့ကျပြီး ဖြစ်နိုင်ချေရှိရ မှာဖြစ်ပါတယ်။သင့်ကိုယ်တိုင် မဖြစ်နိုင်ဘူးဆိုတာကို သိထားတဲ့ဘယ်အရာကိုမှ မတောင်းဆိုပါနဲ့။
- အံ့သြလောက်စရာ ၊မယုံနိုင်လောက်စရာကောင်တဲ့အရာတွေ ချက်ချင်းလက်ငင်း (ညတွင်းချင်း) ဖြစ်လာမယ်လို့ မျှော်လင့်မထားပါနဲ့။
၎။ အကျိုခံစားခွင့်(မက်လုံး)များ နှင့် ငွေကြေးဆိုင်ရာ အကျိုးအမြတ်များ
- အရောင်းပရော်ဖက်ရှင်နယ်တွေကို စိတ်ဓါတ်ခွန်အားတက်ကြွအောင်ပြု လုပ်တဲ့ နေရမှာ မက်လောက်စရာကောင်းတဲ့ အကျိုးခံစားခွင့် အစီအစဉ်တွေက အရေးပါ ပါတယ်။ငွေကြေးနဲ့ ဆွဲဆောင်တာထက် ပိုပြီးအလုပ်ဖြစ်တဲ့အရာ မရှိပါ။ ဆွဲဆောင်မှုအားကောင်းတဲ့(မက်လောက်စရာကောင်းတဲ့) အကျိုးခံစားခွင့်တွေ ဟာ ဝန်ထမ်းတွေကို အလုပ်ကြိုးစားဖို့ နဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်ကိုအမြင့်မား ဆုံး အသုံးချဖို့အတွက် တွန်းအားပေးနိုင်ပါတယ်။
- စိတ်ဓါတ်တက်ကြွဖို့ နဲ့ တူညီတဲ့ စွမ်းဆောင်ရည်မျိုးတွေကို အမြဲတမ်းဆောင်ရွက်နိုင်ဖို့အတွက် စွမ်းဆောင်ရည်ကောင်းသူတွေကို လက်ဆောင်တွေ၊ ကူပွန်တွေ၊ ငွေကြေးချီးမြင့်မှုတွေ သို့မဟုတ် အသိအမှတ်ပြုလက်မှတ် (Certificate)တွေ ချီးမြှင့်ပြီး အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
- ဝန်ထမ်းတွေရဲ့ အလုပ်ကြိုးစားမှုကို အသိအမှတ်ပြုပါ။
၅။ အသိအမှတ်ပြုခြင်း
- အသိအမှတ်ပြုခြင်းဟာ ဝန်ထမ်းတွေကို စိတ်ဓါတ်ခွန်အားပေးတဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အလုပ်ကို အခြားသူတွေထက် ထူးခြားသာလွန်ကောင်းမွန်အောင် ပြုလုပ်သူတွေကို ချီးကျူးပါ။ သူတို့ကို ကျောသပ်မြှောက်ပင့်ပေးမှုဟာ အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်တဲ့ အရာတွေ ဖြစ်လာစေနိုင်ပါတယ်။ သူတို့ဟာ အဖွဲ့အစည်းတစ်ခုလုံး အတွက်ကော Team အတွက်ပါ မရှိမဖြစ်အရေးပါသူတွေဖြစ်တယ်လို့ ခံစားရပါစေ။ သူတို့နဲ့ ထိုက်တန်တဲ့ လေးစားမှု(ချီုးကျူးမှု) ပေးပါ။
- သူတို့ရဲ့နာမည်တွေကို လူတိုင်းမြင်ရဖို့အတွက် ကြော်ငြာဘုတ်(Notice Borad) တွေမှာ ပြသထားပါ။ သူတို့အနေနဲ့ အခြားသူတွေကို ကြွားလို့ရနိုင်မယ့် (အမှတ်သင်္ကေတ)တံဆိပ် လေးတွေပေးပါ။
၆။ ပါဝင်ပတ်သက်မှု
- ကုမ္ပဏီရဲ့ နည်းဗျူဟာတွေမှာ အဖွဲ့ဝင်တွေကို ပါဝင်ပတ်သက်စေပါ။ အရေးကြီး တဲ့ ဆွေးနွေးမှုတွေကို သူတို့ကို ပါဝင်ဆွေးနွေးစေပါ။ သူတို့ရဲ့ အတွေးအမြင်တွေ အကြံဥာဏ်တွေနဲ့ ပတ်သက်ပြီး မဝေဖန်ပါနဲ့။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Tokyo Metropolitan Institute of Technology
To recruit and develop of our country’s most promising students and
most outstanding staff and be a truly global institute.
To Focus on highest international standards and teaching methods.
Prod...
Show the postings (5)
World Wide Fund for Nature (WWF Myanmar)
To stop the degradation of the planet's natural environment and to build a future in which humans live in harmony with nature, by: conserving the world's biological diversity; ensuring that the use of...
Show the postings (8)
LOTTE MGS Beverage Co.,Ltd
Lotte Group’s mission : “ We enrich people’s lives by providing superior products and services that our customers love and trust.”LOTTE MGS Beverage (Myanmar) Co., Ltd was incorporated in the ...
Show the postings (5)