Jobs In Myanmar
Load...

7 Must Have Leadership Skills At The Workplace

by www.jobsinyangon.com


Tags: Knowledge-Workplace-Leadership-Skills-JobsInYangon



လုပ်ငန်းခွင်အတွင်းတွင် ရှိထားသင့်သော ခေါင်းဆောင်မှုဆိုင်ရာ အရည်အချင်း (၇) မျိုး 

 

ဝန်ထမ်းများအနေနဲ့ ဘယ်သူကမှတော့ မိမိတို့ရဲ့ ဘဝတစ်လျှောက်လုံးနေထိုင်သွားလိုကြမှာမဟုတ်ပါဘူး။ ဒီအတွက်လည်း ကျွန်တော်တို့ ကြိုးစားကြရပါတယ်။ ပိုမိုမြင့်မားတဲ့ ရာထူးနေရာတစ်ခုကိုရနိုင်ဖို့၊ ပိုမိုကောင်းမွန်တဲ့ လစာငွေ၊ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုအခြေအနေ ဒါတွေအားလုံးကို ရရှိနိုင်ဖို့အတွက်ဟာ သာမန်ဝန်ထမ်းတစ်ဦးရဲ့ ဘဝနဲ့တော့ မဖြစ်နိုင်ပါဘူး။ ဒီအတွက် ပို၍ ပို၍မြင့်မားပြီး ခက်ခဲတဲ့အလုပ်တာဝန်များကို မိမိတို့ဘက်က လိုလိုလားလားနဲ့ ထမ်းဆောင်ကြရပါတယ်။ 

ရာထူးနေရာ မြင့်မားလာတာနဲ့အမျှ မိမိတို့ဟာ ဦးဆောင်သူ၊ ခေါင်းဆောင်နေရာသို့ ရောက်မှန်းမသိ ရောက်လာမှာဖြစ်ပါတယ်။ ဒီသို့ရောက်လာရာတွင် အဆိုပါရာထူးနေရာနဲ့ ထိုက်တန်တဲ့ ကျွမ်းကျင်မှုမျိုး၊ စိတ်အခြေအနေ (mindset) မျိုးလည်း မိမိမှာ ရှိနေဖို့ အလွန်အရေးကြီးလှပါတယ်။ ကောင်းမွန်စွာအုပ်ချုပ်နိုင်စွမ်းမရှိပဲ ညံ့ဖျင်းတဲ့ ခေါင်းဆောင်များအောက်ကို ရောက်သွားရတဲ့ လုပ်ငန်းများနဲ့ ဝန်ထမ်းများအတွက် အလွန်နစ်နာသလို ထိုသူတို့ကိုယ်တိုင်ရဲ့ Career လမ်းကြောင်းကိုလည်း ထိခိုက်စေနိုင်တဲ့အတွက် ရာထူးနေရာမြင့်မားလာတာနဲ့အမျှ ခေါင်းဆောင်သူများတွင် ရှိထားသင့်တဲ့ အရည်အချင်း (၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ 


၁။ ပူးပေါင်းဆောင်ရွက်တတ်မှု 
၂၁ ရာစု လုပ်ငန်းခွင်များတွင် အများနှင့်ပူးပေါင်းဆောင်ရွက်တတ်ခြင်းဟာ အရေးကြီးတဲ့ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်များထဲက တစ်ခုပဲဖြစ်ပါတယ်။ ထိုသို့ပြုလုပ်နိုင်စွမ်းရှိပါက အရေးကြီးတဲ့ဆက်ဆံရေးများကိုတည်ဆောက်နိုင်ပြီး မိမိတို့ရဲ့ Team အတွင်းမှာ ယုံကြည်မှုများကို တည်ဆောက်နိုင်မှာဖြစ်သလို လုပ်ငန်းအဖွဲ့အစည်းအတွင်းတွင်လည်း အဖွဲ့အစည်းဆိုင်ရာ ရည်မှန်းချက်များ ပြည့်မှီအောင် ဆောင်ရွက်လာနိုင်စေမှာပဲဖြစ်ပါတယ်။ တစ်ဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ ပူးပေါင်းဆောင်ရွက်မှုများနဲ့ တည်ဆောက်ထားတဲ့ဆက်ဆံရေးများဟာ ကောင်းမွန်တဲ့ လုပ်ငန်းခွင်အတွေ့အကြုံကို ပေးစွမ်းနိုင်စေတဲ့အပြင် ကောင်းမွန်တဲ့ လုပ်ငန်းခွင်အစဉ်အလာများကိုလည်း ဖော်ဆောင်ပေးနိုင်စွမ်းရှိကြပါတယ်။ တစ်ဦးနဲ့တစ်ဦးအကြား ပြောဆိုဆက်သွယ်မှုများရှိလာခြင်းအားဖြင့် အဖွဲ့သားများအနေနဲ့ ပိုမိုတက်ကြွပြီး လက်ရှိလုပ်နေရတဲ့အလုပ်များ၊ အနာဂါတ်တွင်လုပ်ရမည့်အလုပ်များကို ပိုမိုကောင်းမွန်စွာဆောင်ရွက်လာနိုင်ကြမှာဖြစ်ပါတယ်။ 


၂။နားထောင်ခြင်း 
ခေါင်းဆောင်တစ်ဦးအနေနဲ့ နားထောင်ပေးခြင်းအားဖြင့် သာမာန်အဖွဲ့ဝင်များကိုတောင်မှ စွမ်းဆောင်ရည်ကောင်းမွန်သူများအဖြစ် ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ ဒါဟာ အရေးမပါလှဘူးလို့ထင်ကောင်းထင်နိုင်ပေမယ့် တစ်ချို့သောအခါများတွင် မိမိဘက်က အာရုံစိုက်၍ နားထောင်ပေးခြင်း မပြုလုပ်မိတဲ့အတွက် အကြောင်းအရာအတော်များများတွင် လွဲချော်မှုများဖြစ်လာတတ်ပါတယ်။ နားထောင်ခြင်းဆိုရာတွင် ပြောဆိုလာတဲ့ စကားများအပြင် အမူအယာများကိုပါ အကဲခတ်နိုင်တဲ့သူတစ်ဦးဖြစ်နေရပါမယ်။ ကျွန်ုပ်တို့ရဲ့စိတ်အခြေအနေဟာ ကျွန်ုပ်တို့ ပြောဆိုဆက်ဆံမှုများပြုလုပ်တဲ့အခါများတွင် ပေါ်လွင်လာလေ့ရှိပါတယ်။ ခေါင်းဆောင်သူတစ်ယောက်အနေနဲ့ ဒီလိုအချက်လေးများကို ရိပ်မိသိရှိပြီး မိမိတို့ရဲ့အဖွဲ့ဝင်များအား စိတ်အားတက်ကြွမှုရှိလာစေရန် မည်သို့လုပ်ဆောင်နိုင်မလဲဆိုသည်အား သိရှိနိုင်ဖို့ အရေးကြီးလှပါတယ်။ ထိုကျွမ်းကျင်မှုကို အသုံးချ၍ အလုပ်များကို အကောင်းဆုံးနဲ့ ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြီးမြောက်နိုင်ဖို့အတွက် တွန်းအားပေးနိုင်မှာ ဖြစ်ပါတယ်။ 


၃။သင်ကြားပေးခြင်း 
 “သင်မြန်မြန်သွားလိုပါက တစ်ယောက်တည်းသွားပါ၊ ပို၍ ဝေးဝေးသွားလိုရင်တော့ အတူတူသွားပါ” ဆိုတဲ့ အာဖရိက စကားပုံတစ်ခုလိုပါပဲ - သင်ကြားပေးခြင်းဟာ လုပ်ငန်းခွင်အတွင်း အလွန်အရေးပါတဲ့ ခေါင်းဆောင်မှုဆိုင်ရာ စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။ ရေတိုအလုပ်များတွင်ဖြစ်စေ၊ ရေရှည်လုပ်ငန်းများတွင်ဖြစ်စေ သင်ကြားပေးနိုင်ခြင်းဟာ အမြဲတမ်းပြောင်းလဲနေတဲ့ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများအဖို့ ကောင်းမွန်စွာလုပ်ကိုင်လှုပ်ရှားနိုင်စေဖို့အတွက် ပဲ့ကိုင်ပေးနိုင်မယ့် အကောင်းဆုံးကျွမ်းကျင်မှုတစ်ခုပဲဖြစ်ပါတယ်။ 


၎။လွှမ်းမိုးနိုင်ခြင်း 
လွှမ်းမိုးနိုင်ခြင်းစွမ်းရည်ဆိုသည်မှာ အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးခြင်းဖြစ်စေ ဖျောင့်ဖျပြောဆိုခြင်း၊ စိတ်အားထက်သန်လာစေရန် အားပေးခြင်း၊ ကောင်းမွန်တဲ့အမူအကျင့်များကို မွေးမြူပေးနိုင်ခြင်း အစရှိသည်တို့ကို ဆိုလိုတာဖြစ်ပါတယ်။ အဆိုပါစွမ်းရည်ဟာ သင့်ဝန်ထမ်းများအား အလုပ်လုပ်ကိုင်ရာတွင် မိမိတို့ရဲ့ အလုပ်အပေါ် အပြည့်အဝအာရုံစူးစိုက်၍ ပိုမိုကောင်းမွန်တဲ့ ရလာဒ်များကို ရရှိလာနိုင်စေမှာဖြစ်တဲ့အတွက် အရေးကြီးတဲ့ ခေါင်းဆောင်မှုဆိုင်ရာ စွမ်းရည်တစ်ခုအဖြစ် ဖော်ပြပေးလိုက်ပါတယ်။  


၅။တာဝန်ယူမှု/ တာဝန်ခံမှု 
သင်လုပ်ရမယ့်အလုပ်များအပေါ် တာဝန်ယူမှုအပြည့်ရှိခြင်းဟာ ၂၀၂၁ ခုနှစ်လုပ်ငန်းခွင်မှာ အရေးကြီးလှပါတယ်။ သင့်အနေနဲ့ အခြားသူများက သင့်ကို အသုံးမကျတဲ့သူတစ်ဦး (သို့) အခြေခံခေါင်းဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုဖြစ်တဲ့ တာဝန်ယူမှုအပြည့်နဲ့ ပြောဆိုနိုင်ခြင်းမရှိသူတစ်ဦးဟူ၍ မြင်သွားစေလိုမှာမဟုတ်ပါဘူး။ မိမိလုပ်ရမယ့်အလုပ်အပေါ် တာဝန်ယူမှုနဲ့ တာဝန်ခံမှုအပြည့်ရှိခြင်းအားဖြင့် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်စရာမလိုပဲ အလုပ်ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပြီး သင့်ရဲ့ အလုပ်အပေါ်စိတ်ကျေနပ်မှုရှိခြင်းဟာလည်း ပို၍မြင့်မားလာမှာဖြစ်တဲ့အပြင် သင့်ရဲ့အထက်လူကြီးများကလည်း သင့်ကိုစိတ်ချယုံကြည်အားကိုးလာကြမှာဖြစ်ပါတယ်။ 


၆။Multitasking ပြုလုပ်နိုင်ခြင်း 
တစ်ချို့သောကျောင်းများတွင်တော့ Multitasking ပြုလုပ်ခြင်းဟာ မိမိတို့လုပ်ကိုင်နေရတဲ့ အလုပ်များအပေါ် အာရုံစူးစိုက်မှုကို လျော့ကျစေနိုင်ကြောင်း အဆိုပြုချက်များရှိနေသော်လည်း ယနေ့ကဲ့သို့ နည်းပညာခေတ်အတွင်းတွင် များစွာသော tool များနဲ့အလုပ်လုပ်ကိုင်ရပြီး ထိုအရာများအကြား အပြန်အလှန် သွားလာလုပ်ကိုင်ရခြင်းနဲ့ ကျွန်ုပ်တို့ဟာ အသားကျပြီးဖြစ်ပါတယ်။ အလားတူပဲ ခေါင်းဆောင်သူများအနေနဲ့ ဥပမာအားဖြင့် - မိမိတို့ကိုယ်ပိုင်အလုပ်များအပေါ် အာရုံစိုက်ရခြင်းအပြင် အခြားသောဝန်ထမ်းများအား လမ်းညွှန်ပဲ့ပြင်ပေးခြင်း၊ ညွှန်ကြားခြင်း၊ ဆုံးဖြတ်ချက်များချမှတ်ခြင်းတို့ကို အချိန်ပြည့်ပြုလုပ်နေရနိုင်တဲ့အတွက် Multitasking ပြုလုပ်နိုင်စွမ်းရှိနေဖို့ဟာ ခေါင်းဆောင်သူများအတွက် အရေးပါတဲ့စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။ 


၇။နည်းစနစ်ကျကျတွေးခေါ်နိုင်ခြင်း 
နည်းစနစ်တကျတွေးခေါ်နိုင်သူတစ်ဦးဖြစ်ဖို့အတွက် သင့်အနေနဲ့ လူကဲခတ်ကောင်းမွန်ရမှာဖြစ်သလို အမျှော်အမြင်လည်းရှိရမှာဖြစ်ပါတယ်။ ခန့်မှန်းမှုများထက် လုပ်ငန်းခွင်အတွင်း ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်များဟာ အချက်အလက်များအပေါ်သာ အခြေခံထားသင့်ပါတယ်။ နည်းစနစ်တကျတွေးခေါ်နိုင်ခြင်းအားဖြင့် အသင်းအဖွဲ့အလိုက်လုပ်ဆောင်ရမည့် အလုပ်များနဲ့ လုပ်ငန်းပရောဂျက်များကို စီမံ၍ အစီအစဉ်များရေးဆွဲရာတွင် ပိုမို၍တိတိကျကျရေးဆွဲဆောင်ရွက်နိုင်မှာဖြစ်သလို အဆုံးသတ်ရလာဒ်များကိုလည်း ပိုမိုတိကျစွာခန့်မှန်းကြည့်နိုင်မှာလည်းဖြစ်ပါတယ်။ 


အဆုံးသတ်အနေနဲ့ မှာကြားလိုတာကတော့ သင့်အနေနဲ့ Team တစ်ခု (သို့) လုပ်ငန်းအဖွဲ့အစည်းတစ်ခုလုံးကို ဦးဆောင်ရတဲ့အခါတွင်မှ သင်ဟာခေါင်းဆောင်သူတစ်ဦး/ ခေါင်းဆောင်နိုင်သူတစ်ဦးဖြစ်လာတာမဟုတ်ပါဘူး အကယ်၍လုပ်ငန်းခွင်အတွင်း သင့်အားကိစ္စတစ်ခုခုအား တာဝန်ယူခိုင်းစေခြင်းခံရတဲ့အခါတိုင်းတွင် တာဝန်ယူမှုအပြည့်နဲ့ ဦးဆောင်၍ဆောင်ရွက်နိုင်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် မိမိတို့အတွက် အနာဂါတ်အခွင့်အလမ်းများကို လက်ရှိအလုပ်အတွင်းတွင်ဖြစ်စေ အလုပ်ခွင်ပြင်ပတွင်ဖြစ်စေ ပွင့်လန်းလာစေမှာပဲဖြစ်ပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 


ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Diebold Nixdorf Myanmar Ltd

Diebold Nixdorf Myanmar Ltd

With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)
I.E.M Co., Ltd.

I.E.M Co., Ltd.

Vision “ One Stop Solution for Power, Generation, Drive & Control” Mission * Deliver quality products & services by meeting customer needs and expectations. * Dedicated with applicab...
Show the postings (1)
Victory Myanmar Group  Co., Ltd.

Victory Myanmar Group Co., Ltd.

..The Victory Myanmar Group (VMG) was created in 2009 based on organic growth and the acquisition of Mandalay Rum which was established in 1886 which now sells over 1.8 million cartons per year. Our p...
Show the postings (1)
Host Link IT Solution

Host Link IT Solution

..Wireless Point to Point Connection Satellite Remote Site Installation and Maintenance Network Infrastructure Installation System and Design Implementation Hardware and Network Installation and M...
Show the postings (9)
Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (8)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS