ချိတ်ဆွဲရန်စာတန်း: News-Twitter-Restored-Nigeria-JobsInYangon
Twitter ကို ban ထားခြင်းကို Nigeria မှ ပြန်လည်ဖြေလျှော့ပေးခဲ့
ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် စတင်အတည်ပြုခဲ့သော Nigeria နိုင်ငံမှ Twitter ကို ban ထားခြင်းအား Nigeria နိုင်ငံအစိုးရမှာ Twitter ဟာ ၎င်းတို့ရဲ့တောင်းဆိုချက်များအားလုံးကို လိုက်လျောပေးလိုက်ပြီဖြစ်တဲ့အတွက် ပြန်လည်၍ဖြေလျှော့ပေးလိုက်ပြီဖြစ်တယ်လို့ CNN မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။
အဆိုပါတောင်းဆိုချက်များတွင် Twitter မှ Nigeria နိုင်ငံအတွင်းတွင် Local office တစ်ခုကိုဖွင့်လှစ်ရန်၊ ၎င်းနှင့် သက်ဆိုင်သော အခွန်ကိစ္စရပ်များနှင့်စပ်လျင်းသည့်ကိစ္စများကို ဖြေရှင်းရန်နှင့် Nigeria နိုင်ငံဥပဒေနှင့်အညီ တားမြစ်ထားသည့် content များကို ကောင်းမွန်စွာစီမံခန့်ခွဲရန် အစရှိသည့်တောင်းဆိုချက်များ ပါဝင်နေပါတယ်။
အဆိုပါအချက်များတွင် “Nigeria နိုင်ငံဥပဒေနှင့်အညီ တားမြစ်ထားသည့် content များကို ကောင်းမွန်စွာစီမံခန့်ခွဲရန်” ဆိုသည့်အချက်မှာ အထူးသဖြင့်အရေးပါမှုရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ဇွန်လ ၅ ရက်နေ့က Twitter ကို ban လိုက်ခြင်းဟာ Nigeria နိုင်ငံသမ္မတ Muhammadu Buhari ရဲ့ tweet တစ်ခုအား Twitter မှ ဖြုတ်ချခဲ့ခြင်းနဲ့ ဆက်စပ်မှုရှိနေလို့ဖြစ်တယ်လို့ CNN မှ သတင်းများအရ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။