Jobs In Myanmar
Load...

What Are Not Work-Life Balance?

by www.jobsinyangon.com


Tags: Knowledge-Work-Life-Balance-JobsInYangon



ဘယ်အရာများက “အလုပ်နှင့် ဘဝမျှခြေ” မဖြစ်လာနိုင်ဘူးလဲ? 

 

Business Dictionary တွင်ဖော်ပြရှင်းလင်းထားချက်တစ်ခုအရ work-life balance (အလုပ်နှင့် ဘဝ မျှခြေ) ဆိုတာဟာ ဝန်ထမ်းတစ်ဦးအနေနဲ့ သူတို့ရဲ့ ရာထူးအလိုက် ဦးစားပေးလုပ်ဆောင်ရမည့် အရာများနှင့် သူတို့ရဲ့ ကိုယ်ပိုင်ဘဝနေထိုင်မှုပုံစံအကြား သက်တောင့်သက်သာရှိစေမည့် မျှခြေတစ်ခုကို ဆိုလိုတာဖြစ်ပါတယ်။ ဒါကတော့ ရိုးရှင်းတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ပဲဖြစ်ပါတယ်။  

အဆိုပါ Dictionary အတွင်းတွင် ဝန်ထမ်းတစ်ဦးရဲ့ career မှ တောင်းဆိုလာမည့် လိုအပ်ချက်များဟာ လုပ်ငန်းခွင်ပြင်ပရှိ ပတ်ဝန်းကျင်တွင် ထိုသူရဲ့ စိတ်ကျေနပ်ဖွယ် ကိုယ်ပိုင်ဘဝကို ရရှိခံစားနိုင်စွမ်းကို အနှောက်အယှက်မဖြစ်စေသင့်ဘူးဟူ၍ စိတ်ပညာရှင်အများစုမှ သဘောတူလက်ခံထားကြောင်းကိုလည်း ဆက်လက်၍ ရှင်းပြထားခဲ့ပါတယ်။

ဒီအယူအဆနဲ့ပတ်သက်၍ အားသာချက်နဲ့ အားနည်းချက်များကို ဆွေးနွေးထားတဲ့ မတူကွဲပြားတဲ့ ယုံကြည်မှုများ အတွေးအခေါ်များလည်း များစွာရှိနေပြီး အချို့ကတော့ ဒီလို အလုပ်နှင့် ဘဝမျှခြေရရှိဖို့ မဖြစ်နိုင်ဘူးဟု ဆိုကြပြီး အချို့ကတော့ organisation များအနေနဲ့ ဒီအရာကိုအားပေးသင့်ပြီး ဒီအရာက ဝန်ထမ်းများရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ကာ လုပ်ငန်းခွင်စိတ်ပင်ပန်းမှုများကို လျှော့ချပေးနိုင်ကြောင်း ဆိုထားကြပါတယ်။ 

မည်သို့ပင်ဆိုစေကာမူ ဒီအယူအဆဟာ လက်တွေ့မှာ အမှန်တကယ်ရရှိနိုင်မလား/ မရရှိနိုင်ဘူးလား ဆိုတာတွေထက် ဒီဆောင်းပါးလေးမှာတော့ ဘယ်အရာတွေက “work-life balance” ဖြစ်မလာနိုင်ဘူးလဲ ဆိုတာကို ကျွန်တော်တို့အတူတကွ လေ့လာကြည့်ကြရမှာဖြစ်ပါတယ်။ 

 

Work-Life Balance ဆိုသည်မှာ တူညီစွာအချိန်ပေးခြင်းကို ဆိုလိုတာမဟုတ်ပါဘူး 

“အလုပ်နှင့် ဘဝ မျှခြေ” ဆိုတဲ့ အယူအဆကို စဉ်းစားကြည့်ပါက တစ်ဖက်တွင် “အလုပ်” ဆိုသည့်စကားလုံးကို တွေ့မြင်ရမှာဖြစ်ပြီး ထိုအရာက သင့်ရဲ့အလုပ်၊ Career နဲ့ ပရော်ဖက်ရှင်နယ်ဘဝ ကိုဆိုလိုတာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ “ဘဝ” ဆိုတဲ့ စကားလုံးကို တွေ့မြင်ရမှာဖြစ်ပြီး ဒီအရာကတော့ သင့်ရဲ့ လူမှုဘဝ၊ မိသားစုနဲ့ အလုပ်ခွင်ပြင်ပရှိ သင့်ရဲ့ တစ်ကိုယ်ရည်ဘဝနေထိုင်မှုပုံစံ ကို ကိုယ်စားပြုနေပါတယ်။ ဒီအရာနဲ့ပတ်သက်ပြီး အတွေ့များတဲ့ မှားယွင်းနေတဲ့ အယူအဆတစ်ခုကတော့ “အလုပ်နှင့် ဘဝ မျှခြေ” ဆိုသည်မှာ နှစ်ဖက်စလုံးအတွက် အချိန်ကို ညီမျှစွာခွဲဝေပေးခြင်းဖြစ်တယ်ဆိုတဲ့ အယူအဆပဲဖြစ်ပါတယ်။ တစ်ကယ်တမ်းမှာတော့ ဒါဟာမှားနေပါတယ်။ 

သင့်ရဲ့ အလုပ်ချိန်များနဲ့ အလုပ်ချိန်ပြင်ပက ဘဝနေထိုင်မှုပုံစံတို့အတွက် ညီမျှတဲ့အချိန်ကို ခွဲဝေသတ်မှတ်နိုင်ဖို့ဆိုတာဟာ တစ်ကယ်တန်းတွင်တော့ လက်တွေ့မဆန်တဲ့အယူအဆတစ်ခုဖြစ်ပြီး ထိုအယူအဆအတိုင်း လိုက်နာနေထိုင်ဖို့ ကြိုးစားနေရင်တော့ သင့်အနေနဲ့ ဆိုးရွားတဲ့ အတွေ့အကြုံများကို ရရှိလာနိုင်ပါတယ်။ 

 

အမြဲတမ်း “ဟုတ်ကဲ့” လို့ပြောနေခြင်း 

“အလုပ်နဲ့ ဘဝမျှခြေ” ဆိုသည်မှာ သင့်အနေနဲ့ လုပ်ငန်းခွင်အတွင်းမှ တောင်းဆိုချက်များ/ လိုအပ်ချက်များအားလုံးကို အမြဲတမ်း “ဟုတ်ကဲ့” လို့ပြော၍ လိုက်လုပ်ပေးနေစရာမလိုတာကို ဆိုလိုခြင်းဖြစ်သလို သင့်ရဲ့တစ်ကိုယ်ရည်ဘဝတွင်လည်း ထိုနည်းတူပဲဖြစ်ပါတယ်။ ဒါပေမယ့် “အလုပ်နဲ့ ဘဝ မျှခြေ” ဆိုတဲ့အဓိပ္ပါယ်ဟာ ဒီအရာတစ်ခုတည်းကို ဆိုလိုတာတော့ မဟုတ်ပါဘူး။ ထိုအစား သင့်အနေနဲ့ နှစ်ဖက်စလုံးတွင် ညီမျှစွာကြိုးစားအားထုတ်ပေးဖို့ လိုအပ်ပါတယ်။ သင့်အနေနဲ့ အရေးကြီးတဲ့ လုပ်စရာကိစ္စများနဲ့ အရေးမကြီးတဲ့ လုပ်စရာကိစ္စများအကြား ရှင်းလင်းတိကျတဲ့ စည်းတစ်ခုသတ်မှတ်ထားသင့်ပြီး ဒီအရာက သင့်အလုပ်ရှင်မှ သင့်အပေါ်ပေးအပ်ထားတဲ့ လုပ်ဆောင်စရာကိစ္စများကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်စေဖို့ အကူအညီပေးနိုင်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ စွမ်းဆောင်ပေးနိုင်တယ်လို့ သိထားတဲ့ အလုပ်များနဲ့ တာဝန်များဖြစ်နေရင်တော့ သင်လုပ်ဆောင်ပေးမယ်လို့ ကတိပေးမထားနိုင်ပေမယ့်လည်း ထိုကဲ့သို့သောကိစ္စများကို မိမိဘက်မှ တတ်နိုင်ပါက ပြုလုပ်ပေးလိုက်နိုင်ပါတယ်။ 


အရေးကြီးသည့်အချိန်များတွင် ရုံးဆင်းသွားခြင်း 

အရေးတကြီးလုပ်ကိုင်ရမည့်အလုပ်များ ဆိုတဲ့ခေါင်းစဉ်အောက်တွင် ပါဝင်နေသည့် e-mail များ၊ ဖုန်းခေါ်ဆိုမှုများနဲ့၊ အလုပ်ချိန်ပြင်ပရောက်ပြီးချိန်တွင်မှ တောင်းဆိုလာသည့် တောင်းဆိုချက်များရှိလာသည့်အခါတွင် “အလုပ်နှင့် ဘဝ မျှခြေ” ကို တည်ဆောက်ရန်ဆိုတဲ့အကြောင်းပြချက်နဲ့ ရုံးဆင်းသွားခြင်း (ဝါ) ထွက်ပြေးခြင်းကို သင့်အနေနဲ့ မပြုလုပ်သင့်ပါဘူး။ အထူးသဖြင့် သင်လုပ်ကိုင်နေတဲ့လုပ်ငန်းခွင်ဟာ “အလုပ်နှင့် ဘဝမျှခြေ” ရှိဖို့လိုအပ်တယ်ဆိုတဲ့ အယူအဆကို ထောက်ခံအားပေးတဲ့ လုပ်ငန်းခွင်မျိုးတွင် ဖြစ်နေပါက ဒီအရာက ပို၍ရှုပ်ထွေးမှုရှိလာနိုင်ပါတယ်။ သင့်အနေနဲ့ တစ်ခုခုကို အရေးတကြီးလုပ်ကိုင်ပေးဖို့ လိုအပ်တဲ့အတွက် အလုပ်မှထွက်ခွာခွင့်/ ရုံးဆင်းခွင့် မရနိုင်တဲ့ အခြေအနေများတွင် ထိုအလုပ်ကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်စွမ်းရှိသည့် တစ်စုံတစ်ဦးကို ပြန်လည်လွှဲပြောင်းခြင်း (သို့) reassign ပြုလုပ်ခြင်းတို့ကို ပြုလုပ်ပေး၍ရနိုင်ပါတယ်။ 

ကိုယ်ချင်းစာနာစိတ်ရှိပြီး ခေါင်းဆောင်မှုဆိုင်ရာအရည်အချင်းများရှိတဲ့သူတစ်ဦးအနေနဲ့ စောင့်ဆိုင်း၍မရနိုင်တဲ့ အရေးတကြီးဆောင်ရွက်စရာကိစ္စရပ်များရှိလာတဲ့အခါမှာတော့ လိုအပ်လာတဲ့အခါမှာ သင့်ဘက်ကဆောင်ရွက်ပေးသင့်ပါတယ်။ ထိုသို့အရေးတကြီးကိစ္စများ ပေါ်ပေါက်လာတဲ့ အချိန်ဟာ သင့်ထံတွင် ကြိုတင်စီစဉ်ထားတဲ့ အစီအစဉ်များရှိနေခဲ့ပါက စိတ်တိုစရာကောင်းနိုင်တာကို နားလည်ပေးနိုင်ပါတယ်။ သို့ပေမယ့် “အလုပ်နှင့် ဘဝ မျှခြေ” ရရှိရေးကို အကြောင်းပြပြီး သင့်ကိုယ်သင် သင်အလုပ်လုပ်နေတဲ့ organization ကနေ ခွဲထွက်မနေမိစေဖို့ သတိပြုသင့်ပါတယ်။ 

 

“အလုပ်နှင့် ဘဝမျှခြေ” ဆိုတာဟာ အထိန်းအကွပ်မဲ့ လုပ်ချင်ရာလုပ်နိုင်ဖို့ မဟုတ်ပါဘူး

သင့်အလုပ်ရှင်ရဲ့ Employee retention strategy ဟာ ဒီ အယူအဆကို အားပေးထောက်ခံတယ်ဆိုရင်တောင်မှ “အလုပ်နှင့် ဘဝမျှခြေ” ရရှိနိုင်ဖို့ဆိုသည်မှာ သင့်ကို အထိန်းအကွပ်မဲ့ လုပ်ချင်ရာလုပ်နိုင်ဖို့ကို ဆိုလိုတာမဟုတ်ပါဘူး။ ဒီနေရာမှာ မိမိဘက်က အလုပ်ရှင်ဖက်သို့ အသိပေးသင့်တဲ့ စည်းများရှိနေပါသေးတယ်။ ထို့အပြင် “အလုပ်နှင့် ဘဝမျှခြေ” ကိုရရှိနိုင်စေဖို့ အတွက် သင့် boss နဲ့ သင့်ရဲ့ အခြားသောအဖွဲ့ဝင်များနဲ့ ဆက်ဆံရာတွင် လိမ္မာပါးနပ်စွာ ဆက်ဆံရေးကို တည်ဆောက်တတ်ဖို့ လိုအပ်ပါတယ်။ 

သင့်ကိုပေးအပ်ထားတဲ့ အလုပ်တာဝန်များကို ပြီးစီးအောင် မဆောင်ရွက်နိုင်သေးပဲ မိမိရဲ့ ကိုယ်ပိုင်အချိန်အတွက် အစီအစဉ်များဆွဲမထားပါနဲ့ သင့်ဘက်က လုပ်ဆောင်စရာရှိနေတဲ့ အရာများ ပြီးစီးမှုမရှိတဲ့အခါမှာလည်း သင့်ရဲ့တစ်ကိုယ်ရည်ကိစ္စများနဲ့ အခြားသော ကြိုတင်မသိနိုင်တဲ့ အကြောင်းကိစ္စများကြောင့် မဖြစ်ပါစေနဲ့ (တစ်နည်းအားဖြင့်) ထိုအရာများကို လွှဲမချပါနဲ့။ 


နည်းပညာကိုအသုံးပြုခြင်းဟာ “အလုပ်နှင့် ဘဝ မျှခြေ” မဟုတ်ပါဘူး 

သင့်ကိုပေးအပ်ထားတဲ့ အလုပ်များ/ လုပ်စရာကိစ္စများအား နည်းပညာကို အသုံးပြု၍ဖြေရှင်းနိုင်ခြင်းဟာ “အလုပ်နှင့် ဘဝ မျှခြေ” မဟုတ်ပါဘူး။ သင့်ရဲ့အလုပ်မှာသော်၎င်း၊ သင့်ရဲ့တစ်ကိုယ်ရည်ဘဝအတွင်းတွင်သော်၎င်း နည်းပညာကိုအသုံးပြုခြင်းဟာ “အလုပ်နဲ့ ဘဝ မျှခြေ” ကိုရရှိစေနိုင်မယ့် အချက်များထဲတွင် ပါဝင်ကောင်းပါဝင်နေမှာဖြစ်ပေမယ့် ဒီအရာကိုအသုံးပြုခြင်း သီးသန့်ကတော့ “အလုပ်နှင့် ဘဝမျှခြေ” မဟုတ်ပါဘူး။ နည်းပညာများရဲ့ အကူအညီဖြင့် သင့်အနေနဲ့ ပိုမိုစွမ်းဆောင်လာနိုင်မှာဖြစ်သော်လည်း ဒီအရာက သင့်ရဲ့ ကိုယ်ပိုင်အချိန် (သို့) လုပ်ငန်းခွင်ဘဝများကို ထိန်းချုပ်သွားပြီး အနှောင့်အယှက်ဖြစ်မလာစေဖို့ကိုလည်း သင့်အနေနဲ့ သတိထားသင့်ပါတယ်။ 


အိမ်မှ (သို့) အဝေးမှ အလုပ်လုပ်ခြင်း (Working Remotely) 

Remote work ဆိုသည်မှာ ရုံးတက်စရာမလိုခြင်းကို ဆိုလိုတာဖြစ်ပြီး သွားရင်း လာရင်း၊ ခရီးသွားရင်း (သို့) သင့်အိမ် ဧည့်ခန်းထဲမှတဆင့် အလုပ်လုပ်နိုင်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ အဝေးမှ အလုပ်လုပ်နိုင်ခြင်းဟာလည်း “အလုပ်နှင့် ဘဝ မျှခြေ” ကိုရရှိနိုင်ဖို့ အာမခံချက်မပေးနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သင့်ရဲ့ personal (သို့) private life အတွင်းရှိ အဖြစ်အပျက်များနှင့် သင့်ရဲ့ work life တို့ဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် အနှောင့်အယှက်ပေးနိုင်စွမ်း ရှိနေလို့ပါပဲ။ 


နိဂုံးချုပ်အနေနဲ့ကတော့ “အလုပ်နှင့် ဘဝမျှခြေ” ကိုတည်ဆောက်နိုင်စေဖို့ ဆိုတဲ့ အယူအဆကို အလုပ်ရှင်တိုင်း/ organization တိုင်းက လက်ခံထားကြတာမဟုတ်သော်လည်း ထိုအရာက အလုပ်အတွင်းရှိ သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်လာစေနိုင်ပြီး သင့်ဘဝရဲ့ အခြားသော အစိတ်အပိုင်းများအပေါ်တွင်လည်း အာရုံစိုက်နိုင်စေမှာဖြစ်တဲ့အတွက် အားပေးထောက်ခံသင့်တဲ့ အချက်တစ်ခုဖြစ်နေတာကိုတော့ ထောက်ပြလိုပါတယ်။ 

သင့်ကို “အလုပ်နှင့် ဘဝ မျှခြေ” ရရှိနိုင်ရန်အတွက် ကူညီပေးနိုင်တဲ့ အရာများကို သိရှိနားလည်ပြီး နည်းဗျူဟာကျကျ အစီအစဉ်ရေးဆွဲ၍ ဆောင်ရွက်သင့်ပါတယ်လို့ ကျွန်တော်တို့က မှာကြားလိုပါတယ်။ 


ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Toyota Aye and Sons Co., Ltd.

Toyota Aye and Sons Co., Ltd.

Our Vision To become the most reliable and respected automotive-dealer group in Myanmar. Our Mission '' To attract and attain customers with high-valued products and services and the most satis...
Show the postings (25)
Host Link IT Solution

Host Link IT Solution

..Wireless Point to Point Connection Satellite Remote Site Installation and Maintenance Network Infrastructure Installation System and Design Implementation Hardware and Network Installation and M...
Show the postings (9)
SOE MYINT & SONS Stainless Steel Trading Co., Ltd.

SOE MYINT & SONS Stainless Steel Trading Co., Ltd.

URC (Myanmar) Co., Ltd.

URC (Myanmar) Co., Ltd.

URC is engaged in a wide range of food-related businesses, including the manufacture and distribution of branded consumer foods and is also in commodities. URC is the leading branded snackfoods and be...
Show the postings (5)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS