ချိတ်ဆွဲရန်စာတန်း: News-Nvidia-ARM-Acquisition-JobsInYangon
ကန်ဒေါ်လာ ဘီလျံ ၄၀ ဖြင့် Nvidia မှ ARM ကို ဝယ်ယူရန် ဆောင်ရွက်နေမှုအား ဖျက်သိမ်းခဲ့
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအတွင်း ကြေငြာမှုပြုလုပ်ခဲ့တဲ့ ကွန်ပျူတာချစ်ပ်ထုတ်လုပ်ရေးလောကတွင် အကြီးဆုံးဝယ်ယူမှုတစ်ခု ဖြစ်လာနိုင်ခြေရှိသော Nvidia မှ ARM ကို ကန်ဒေါ်လာ ဘီလျံ ၄၀ ဖြင့် ဝယ်ယူရန်ကြိုးပမ်းမှုဟာ ယခုအခါတွင် ဖျက်သိမ်းလိုက်ရပြီပဲဖြစ်ပါတယ်။
ARM ရဲ့ ပင်ရင်းကုမ္ပဏီ SoftBank မှ ရေးသားခဲ့တဲ့ ကြေငြာစာတစ်စောင်တွင် ၎င်းတို့ဟာ ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် အဆိုပါဝယ်ယူ/ရောင်းချမှုကို ပြုလုပ်နိုင်ရန်ကြိုးပမ်းခဲ့ကြတာဖြစ်သော်လည်း ဥပဒေကြောင်းအရ အတားအဆီးများရှိနေပြီး အပြီးသတ်နိုင်ရန် ခက်ခဲနေတဲ့အတွက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် အဆိုပါသဘောတူညီချက်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းခဲ့ပါတယ်ဟူ၍ ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။
အဆိုပါဝယ်ယူမှုကို ပြုလုပ်ရန် ပျက်ကွက်ခဲ့တဲ့အတွက် Nvidia မှ Softbank ကို ကန်ဒေါ်လာ ၁.၂၅ ဘီလျံ ပေးဆောင်ရမှာဖြစ်ပြီး ARM ရဲ့ CEO ဖြစ်သူ Simon Segars ကတော့ CEO အဖြစ်မှ နှုတ်ထွက်ခဲ့ပါတယ်။ ယခုအခါတွင် ARM ရဲ့ head of IP ဖြစ်သူ Rene Haas က CEO နေရာတွင် အစားထိုးဆက်ခံသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။